Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအ....
https://ift.tt/WMaLyYB
😁5👍1
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သ....
https://ift.tt/fh4lTZp
👍7🔥1
ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံ....
https://ift.tt/P93aJRf
👍7😁1
ပုလဲမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ဦး သေ ၅ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်...
https://ift.tt/9TVlI13
👍4😁2
အမျိုးသမီးကဏ္ဍအစီအစဉ်
Hand to Hand charity နွေရာသီသင်တန်းကျောင်းကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေခြားထဲက ကြိုးစားရုန်းကန်ဖွင့်လှစ်ပေးခ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeZ9mmi8VSeU&h=AT1oyGcG4wT-oFu1LmnCwIi_VwZg4MV00-5_qpYVkRCVVJHTlOHXb7meowg-35kZSX-sUxM8VQBYqI0DU9_EGwnn3N3_HvKVwlTMXdrMTJTcaSLj_80wBiK2vmQMvY7f&s=1
👍3🤮1
​​လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအတွင်းသို့ နိုဝင်ဘာ၂၈ရက် ယနေ့တွင် ဝင်ရောက်ခိုလှုံခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ(၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၉ရက် ည ၉ နာရီကျော်မှ စတင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် သိမ်းပိုက်ရခဲ့ကြောင်း သိရသည်။
စခန်းကိုစွန့်ခွာပြီး တောထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေရာမှ ယခုကဲ့သို့ အိန္ဒိယနိုင်ငံ ၊ ဆိုင်ဟားခရိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
“လူအယောက် ၃၀မှာ ဒဏ်ရာရထားတဲ့ သုံးယောက်ကို တံပိုးနဲ့ထမ်းပြီး ဒီနေ့မနက်ပိုင်းက အာသံရိုင်ဖယ်တပ်မှာ ဝင်ရောက်သွားတယ်၊ အဲဒီကနေတဆင့် နေလယ် ၁နာရီမှာ ဗျူဟာမှူးထိုင်တဲ့နေရာကို ထပ်ပို့တယ်လို့ သိရတယ်” ဟု CDF – Mara တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
၎င်းတို့နှင့်အတူ စစ်ကောင်စီတပ်သားများကိုင်ဆောင်သည့် မောင်းပြန်ရိုင်ဖယ် ၂၉လက်နှင့် ပစ္စတိုတလက်တို့ကိုအပ်နှံပြီး ၎င်းတို့၏ စခန်းကိုဝင်တိုက်စဥ် မိသားစုအရေး စိုးရိမ်သည့်အတွက် လက်နက်မချခဲ့ခြင်းဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်နှင့် နီးစပ်သူထံက သိရသည်။
ဝင်ရောက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သားများကို မွန်းလွဲ ၁နာရီအချိန်တွင် အာသံ ရိုင်ဖယ်ဗျူဟာမှူးရုံးထိုင်သည့် ဆိုင်ဟားခရိုင် သွီပန်းရွာသို့ ကားဖြင့်ပို့ဆောင်သည်ဟု ၎င်းက ဆိုသည်။
လိုင်လင်းပီစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားများ ဖွက်ထားသည့် လက်နက်ကြီး ငါးလက် ထပ်မံသိမ်းဆည်းရခဲ့ကြောင်း CDF – Mara တာဝန်ရှိသူက ဆက်ပြောသည်။
ငါးရက်အကြာ တိုက်ခိုက်ခဲ့ရသည့် လိုင်လင်ပီစခန်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး စိုးထိုက်အပါအဝင် ရုပ်အလောင်းသုံးလောင်းတွေ့ရှိရပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့ က နိုဝင်ဘာ ၂၅ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက်မနည်း လာရောက်ပြီး ၂၉ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅၀အရွယ် ဒေသခံအမျိုးသားသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကာ လူနေအိမ် ၁၆လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ကညှိထားပြီးသားဖြစ်မှာပါ ၊ ဒီဖက်ကနေ သူတို့ကို ပြန်ပို့မှာလို့ပဲထင်တယ် ၊ အရေးယူတာတွေ လုပ်မှာမဟုတ်ပါဘူး” ဟု မီဇိုရမ်ပြည်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တဦးက သုံးသပ်ပြောဆိုသည်။
အိန္ဒိယ - မြန်မာနယ်စပ်မျဥ်းအနီးရှိ စစ်ကောင်စီတပ်သားများ စခန်းလက်လွှတ်ရပါက အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံရန် ၎င်းတို့ကိုအသိပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။
နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သော တမူးမြို့နယ် ဝိတုတ် ၊ခါမ်းပါတ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါရ် နှင့် သီးဘွာလ်စခန်းများကို တော်လှန်ရေးတပ်သားများက တိုက်ခိုက်စဥ် ယင်းစခန်းများရှိ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရပြည်နယ်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးမသီရန်မခ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ်
#မတူပီမြို့နယ်
#CDF

Website Link - https://www.mizzimaburmese.com/article/136042

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏2😁2❤1🔥1
လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအ....
https://ift.tt/2GnxoKy
😁4
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သ....
https://ift.tt/z1LQoWt
👍5😁2❤1🤮1
ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံ....
https://ift.tt/p4Cm0xA
😁2
ပုလဲမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ဦး သေ ၅ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်...
https://ift.tt/6TcIxmb
👍2😁2
အမျိုးသမီးကဏ္ဍအစီအစဉ်
Hand to Hand charity နွေရာသီသင်တန်းကျောင်းကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေခြားထဲက ကြိုးစားရုန်းကန်ဖွင့်လှစ်ပေးခ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeZ9mmi8VSeU&h=AT0IjYJDk6gxH0Hcd4_m-u9KBDcTSjA9M1N8GhrW-a05uKbvPVc3TMaD_seG0b_m__xoOeBRAUM9F4QZP92rTk-p8n-TzEGJm5rThbbUEepKMdVmB88lyB1xvStYAJkn&s=1
👍3🔥1
လုံခြုံရေး စိုးရိမ်မှုကြား တရုတ်ရေတပ်သင်္ဘောများ မြန်မာဆီ လာရောက်
တရုတ်နယ်စပ်အနီး မြန်မာ အာဏာသိမ်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲများ အရှိန်မြင့...
https://ift.tt/Cd8DZsh
😁3👍1
နိုဝင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပါပြီ ၊ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FV0D6tQoF-6Y&h=AT11BkaHu9JQc2Bl4JosSu4gztVXitlB_PbLRl8EETgQZnzwZehF-Mu9wmY1rHZB8ErlyRzRoHlK6ywqF_vEfjQqNXANjg3Ad1IBXOGp_JeDoEqHszbxLm05ADtR8S7K&s=1
🔥2
ဘင်္ဂလားဒေ့ရှ်၌ ရွေးကောက်ပွဲ မတိုင်ခင် ဖြိုခွင်းမှုများအတွင်း လူထောင်ပေါင်းများစွာကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ မတိုင်ခင် “ယှဉ်ပြိုင်ဘက်များကို ရှင်းလင်းဖယ်ရှားခြင်....
https://ift.tt/zfSnOPd
🔥2👏2
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
❤6😁2🤮1
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
=================

ကိုခင်မောင်
(မဇ္စျိမ)။ ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သည့် Freedom Tattoo Campaignကို ဒီဇင်ဘာလ ၃ရက်နေ့တွင် ကျင်းပမည်ဟုHelping Hands for Burma- H2B ထံမှ သိရသည်။

Freedom Tattoo Campaignသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ နှစ်သန်းကျော်အတွက် အရေးပေါ်အကူအညီများပေးအပ်နိုင်ရန်နှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး၏အမည်နှင့် နဂါးရုပ်ကို ကိုထိန်လင်းက ၎င်း၏လက်မောင်းတွင်ရေးထိုး၍ ပါဝင်ထားသော ကမ်ပိန်းဖြစ်သည်။

“အမေစုရဲ့သားငယ်ကင်မ်ရဲ့ Freedom Tattoo Campaign အောင်မြင်ရန်အတွက် နယူးယောက်မှ မြန်မာပြည်ဖွား ညီအကိုမောင်နှမအားလုံးကိုတတ်အားသရွေ့ ပူးပေါင်းကူညီပေးကြပါရန် လေးစားစွာဖိတ်ခေါ်ပါရစေ။ ကြိုတင်လှူဒါန်းလိုသူများအနေနဲ့လည်း H2B messenger ကနေဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟု H2Bမှ တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

နယူးယောက်မြို့တွင် ပြုလုပ်မည့် အဆိုပါကမ်ပိန်းအခမ်းအနားတွင် ယာယီတက်တူးစတစ်ကာများအား H2B အဖွဲ့မှ ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကမ်ပိန်းပွဲနေ့တွင် ငွေ လှူဒါန်းသူများအားလုံးကို ကိုထိန်လင်းလက်မှတ်ပါရှိသော ဒီဂျစ်တယ်ဂုဏ်ပြုလွှာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Helping Hands For Burma - H2B အဖွဲ့သည် နွေဦးတော်လှန်ရေးအတွက် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများနှင့် စစ်ဘေးဒုက္ခသည်များအားထောက်ပံ့နိုင်ရန်အတွက် အလှူငွေရှာဖွေပေးနေသော အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့အခြေစိုက်ထောက်ပို့အဖွဲ့အစည်းဖြစ်သည်။

Freedom Tattoo Campaignပွဲအား နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပခဲ့စဉ် ထိုင်းအာဏာပိုင်များ၏ တားမြစ်ခြင်းခံခဲ့ရသည်။

စာတည်း - အေးချမ်း

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ကိုထိန်လင်း
#Freedom Tattoo Campaign
#နယူးယောက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤5😁3🤮1
​​ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ
=================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံရ၍ ဝန်ထမ်းတဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်က မြောက်ပိုင်းရပ်ကွက်၊ ငါးပိစစ်ပိုင်း အဝင်လမ်းဘေးရှိ မြေစာရင်းရုံးအတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်၍ ရုံးအတွင်းသို့ ဗုံးသီးပစ်ခတ်ကာ တိုက်ခိုက်သွားခြင်းဖြစ်သည်။

" ဆိုင်ကယ်နှစ်စီးနဲ့ ကောင်လေးတွေလာပြီး ဗုံးပစ်ထည့်သွားတာ။ ခြံစည်းရိုးနဲ့ ရုံးက အရမ်းတော့ မကွာဘူး၊ ခြံကလည်း လမ်းနဲ့ ကပ်နေတာဆိုတော့လေ၊ အဲ့ဒီဗုံးက ရုံးနား ပေါက်သွားတာ။ နေ့စားတယောက် ဒဏ်ရာရသွားတယ်၊ အရမ်းတော့ မပြင်းဘူး" ဟု မြေစာရင်းရုံးအနီး နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်ခံရချိန်တွင် ရုံးအတွင်း၌ ဝန်ထမ်းများ ရှိနေကြပြီး အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် မြေစာရင်းရုံးမှ ဝန်ထမ်းအမျိုးသားတဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ရုံးအဆောက်အဦတိုင်တလုံး ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

မြေစာရင်းရုံး ဗုံးသီးဖြင့် တိုက်ခိုက်ခံရအပြီးတွင် အဆိုပါရုံးသို့ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်ကောင်စီတပ်သားများ၊ ထွေအုပ်ဝန်ထမ်းများ အပါအဝင် ရပ်ကွက်လူကြီးများပါ လာရောက်ခဲ့ကြပြီး အနီးတဝိုက်ရှိ နေအိမ်များ၊ မြေစာရင်းရုံးဘေး လမ်းကြားအတွင်းရှိ နေအိမ်များကိုပါ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

" ဘယ်လောက်မှ မကြာဘူး အသံအကျယ်ကြီးကြားပြီး ခဏနေတော့ ရဲတွေရော စစ်သားတွေရော ရုံးဘက်ကို ရောက်လာတာပဲ။ ရုံးရှေ့နားက ကွမ်းယာဆိုင်လည်း အစစ်ခံရတယ်၊ တဝိုက်လုံး အကုန်လိုက်မေးတာ။ ဘာတွေမေးလဲဆိုတော့ လူနှစ်ယောက် ဆိုင်ကယ်တွေနဲ့ သွားတာတွေ့လိုက်လားတို့ ၊နင်တို့ဆီ ဝင်လာသေးလားတို့၊ နင်တို့ PDF တွေကို လက်ခံထားလားတို့ပေါ့" ဟု မြောက်ပိုင်းရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

မြေစာရင်းရုံးအား ဗုံးသီးပစ်ခတ်တိုက်ခိုက်ခြင်းအား မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးချေ။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရား ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီနှင့် တွဲဖက်အလုပ်လုပ်နေသူများ စစ်ကောင်စီတပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိကြောင်း သိရသည်။

စာတည်း -သန့်ဇော်(သန်လျင်)

#mizzima
#မြေစာရင်းရုံး
#ကျိုက်ထိုမြို့နယ်
#မြန်မာသတင်း
#ဗုံးသီးပစ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏1😁1
​​ပုလဲမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ဦး သေ ၅ဦးဒဏ်ရာရ
===================

008
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက​ ပြောသည်။
ပု
လဲမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၂၇ရက်၊ည ၁၁နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"လက်နက်ကြီးနက်ပစ်ခဲ့တာ နှစ်ယောက်သေတယ်။ငါးဦးလောက်ထိတယ်။သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ကျွန်တော်ဘက်က ထိခိုက် မှုမရှိပါဘူး"ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
‌
စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသည်ကိုမြေပြင်ကင်းထောက်အဖွဲ့ထံက သိရသည်ဟု ၎င်းကဆိုသည်။

ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုလဲဆေးရုံကြီးတွင် ကုသပေးနေ​ပြီး ဆေးရုံကြီးဝန်းအတွင်းတွင်လည်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တူမီးတပ်ဦး Chindwin Toe Na Yar PDF၊ တူမီးတပ်ဦး SKY၊ တူမီးတပ်ဦး Real Hero၊ တူမီးတပ်ဦး တော်လှန်‌ေပြာက်ကျား၊ မျိုးဆက်သစ်၊ Yinmarbin Local PDFတို့ပူးပေါင်းလုပ်ဆောင်ခဲ့​​ကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍17😁3👏1