ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၃ ဦး သေဆုံး
👍9

==================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် တောင်ကလေးကျေးရွာရှိ စစ်ကောင်စီစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ကျောက်ကွဲကျေးရွာကြားတွင် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
" မုဒုံကနေ စထွက်လာတာက အင်အား ရာဂဏာန်းရှိပါတယ်။ စစ်ကြောင်းတိုးလာတာက ၁၀၀ နီးပါးပါ။ တိုက်ပွဲက တောင်ကလေးရွာ နဲ့ ကျောက်ကွဲရွာ ကြားမှာ ဖြစ်တာပါ။ update အနေနဲ့ စစ်ကောင်စီဘက်က စုစုပေါင်း ၁၃ ယောက် ကျပါတယ်" ဟု နဂါးနီစစ်ကြောင်း ဒု- စစ်ကြောင်းမှူးက မဇ္ဈိမကိုပြောသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲလေးနာရီကြာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ ဗိုလ်ကြီးတဦး၊ BGF တပ်နယ် (၄)မှ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် ၁၃ ဦး သေဆုံး၍ စစ်ကောင်စီတပ်စစ်ကြောင်း ပိုင်ဆိုင်သည့် လက်နက် ၁၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား လေးဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ၍ အလင်းဝင်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံက သိရသည်။
စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတွင် စစ်ကောင်စီ တပ်မ (၂၂)၊ တပ်မ (၄၄)တို့မှ စစ်ကောင်စီတပ်သားများ၊ အမှတ် (၂) တန်းမြင့်လေ့ကျင့်ရေးမှ သင်တန်းသားများ၊ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စသည်တို့ ပါဝင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၆)၊ နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့ တို့ ပါဝင်ကြောင်း သိရသည်။
ချောင်းနှစ်ခွဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၈ ရက်ကြာ စစ်ကောင်စီတပ်နှင့် တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးများလည်း ရှိနေကြောင်းသိရသည်။
ထို့ပြင် အဆိုပါ တိုက်ပွဲများအတွင်း အတ္ထရံတံတား (ချောင်းနှစ်ခွ) သည်လည်း ဖျက်ဆီးခံခဲ့ရပြီး တောင်ကလေး၊ ကျောက်ကွဲ၊ လှကဇိုင်း၊ မယ်တရို၊ ဖက်တေးကုန်း၊ ချောင်းနှစ်ခွစသည့် ကျေးရွာများမှ ဒေသခံများ ၁၈ ရက်ကြာသည်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဓါတ်ပုံ- နဂါးနီစစ်ကြောင်း
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အတ္ထရံတံတား
#ကျိုက်မရောမြို့နယ်
#KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍10❤1
ကမ္ဘောဒီးယားတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းကို ဖျက်သိမ်း
=========================
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဒူဘိုင်း၌ ကျင်းပစဉ် ကမ္ဘောဒီးယားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းတခုအတွက် အစီအစဉ်များကို ဖျက်သိမ်းပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးက နိုဝင်ဘာ ၂၉ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဒူဘိုင်း၌ ကျင်းပစဉ် ကမ္ဘောဒီးယားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းတခုအတွက် အစီအစဉ်များကို ဖျက်သိမ်းပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးက နိုဝင်ဘာ ၂၉ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
ကျန်ရှိသေးသည့် ပေါက်တောဒေသခံများအား AA က ထပ်မံကယ်ထုတ်
===================
ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ကျန်ရှိနေသေးသော ပေါက်တောဒေသခံများအား ရက္ခိုင့်တပ်တော်(AA)က ထပ်မံကယ်ထုတ်နိုင်ကြောင်း ယနေ့နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းခံရသည့် ကျန်ရှိသေးသောအရပ်သားများကို AA က ထပ်မံကယ်ထုတ်နိုင်ခဲ့၍ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များအား ကယ်ထုတ်နေသည်ကို ထုတ်ပြန်ထားသည့်ဗွီဒီယိုဖိုင်ထဲတွင် တွေ့ရသည်။
စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသော လူပေါင်း ၁၈၀ ကျော်အနက် ၁၂၀ ဦးအား နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၂၃ ရက်တွင် အရပ်သား ၁၀၄ ဦးအား ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ်စစ်ကောင်စီမှ ပြန်ပေးဆွဲဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် AA မှ ယနေ့ထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် ပေါက်တောမြို့မစျေးတခုလုံး စစ်ကောင်စီတပ်မှမီးရှို့သဖြင့် ပြာကျသွားပြီဖြစ်ကြောင်း ရက္ခိုင်ဘာသာဖြင့် ပြောဆိုထားသည်။
"ခုနကတောင်မီးခိုးလုံးတွေလှမ်းမြင်နေရတယ်။ နေ့တိုင်းလိုလို မီးလောင်နေတာပါပဲ။ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ၊ လေကြောင်းကနေလည်း ပစ်ကူနေတယ်။ လေယာဥ်တွေ ဝဲနေတာတွေ့ရတယ်။ ဒီလိုသာဆက်သွားမယ်ဆိုရင် မြို့က နောက် ၁၅ ရက်လောက်ဆိုတမြို့လုံးပြာကျသွားနိုင်တယ် ။ နောက်ပြီးမြို့ကနေအနီးနားကို ခိုလှုံဖို့ပြေးကြရတော့ ကျေးရွာတွေကလည်း သေးသေးလေးတွေဆိုတော့ ရွာခံတွေလည်း မနိုင်မနင်းနဲ့ လူဦးရေလည်းများတော့ စားဝတ်နေရေး ကျန်းမာရေးအကုန်ခက်ခဲနေတယ်"ဟု ပေါက်တောမြို့ဒေသခံ တဦးကမဇ္စျိမကိုပြောသည်။
အဆိုပါ ပေါက်တောမြို့အားယနေ့ နိုဝင်ဘာလ ၂၉ ရက်အထိ စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေတပ်များဖြင့် တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်း၊ စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ နေဗွီတပ်များမှ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်နေခြင်းကို တွေ့ရကြောင်း မြို့နှင့်အနီးနားရှိဒေသခံများ၏ အဆိုအရသိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့ရှိရပ်ကွက်များ၊နေအိမ်များ မီးလောင်ပျက်စီးဆုံးရှူံးမှုများရှိနေ၍ မြို့မဈေးလည်း မီးလောင်ပြာကျသွားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ယင်းဒေသတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ပိတ်မိနေသည့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာများရရှိသွားကြကြောင်း ပိတ်မိနေသူများနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကဆိုသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။
ပေါက်တောမြို့တွင်းတိုက်ပွဲများ ပြင်းထန်သကဲ့သို့ ပလက်ဝဒေသရှိ “နှုံးဘူးဗျူဟာ” နှင့် “တရွန်အိုင်ဗျူဟာ” ကုန်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရက္ခိုင့်တပ်တော်
#ပေါက်တောမြို့
#လူသားဒိုင်းကာ
ပုံအညွှန်း - ကျန်ရှိသည့်ဒေသခံများအား AA မှကယ်ထုတ်ပေးနေပုံနှင့် ပေါက်တောမြို့ထဲမီးလောင်နေပုံများ(photos- AA)

Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
👍11❤1
တောင်တရုတ်ပင်လယ်တွင် “လုံခြုံရေးခြိမ်းခြောက်သူ” အဖြစ် တရုတ်စွပ်စွဲချက်အား အမေရိကန် တုံ့ပြန်
====================
WION
အမေရိကန် ဒုံးဖျက်စစ်သင်္ဘော (USS Hopper) သည် တောင်တရုတ်ပင်လယ်ရှိ ရှီဟွာ ကျွန်းစုများ၏ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် တရုတ် စစ်သင်္ဘော မှ ပြင်းပြင်းထန်ထန် သတိပေးချက်ကို အမေရိကန်က နိုဝင်ဘာ ၂၆ တွင် တုံ့ပြန်လိုက်သည်။
တရုတ်၏ သတိပေးချက်ကို တုံ့ပြန်သည့်အနေဖြင့် “Hopper သည် ပါဆယ်ကျွန်းစုများ အနီး တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံတကာဥပဒေနှင့်အညီ ရေကြောင်း သွားလာခွင့် ဆိုင်ရာ အခွင့်အရေးများ အရ သွားလာခြင်းဖြစ်ကြောင်း” အမေရိကန်ရေတပ်မှ အခိုင်အမာ ပြောကြားလိုက်သည်။
အမေရိကန် ကျူးကျော်ဝင်ရောက်မှုသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြင်းထန်စွာ ချိုးဖောက်မှုဖြစ်ကြောင်း တရုတ် တောင်ပိုင်း စစ်ဒေသမှ အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွန်းလီ က ကန့်ကွက် သတိပေးပြီးနောက် ယခုကဲ့သို့ အမေရိကန်ဘက်မှ တုံ့ပြန်လာခြင်းဖြစ်သည်။
အမေရိကန်သည် "ရေကြောင်းဆိုင်ရာ သြဇာလွှမ်းမိုးမှု" ရရန် ကြိုးစားနေပြီး "တောင်တရုတ်ပင်လယ်တွင် စစ်ရေးပြင်ဆင်မှု" လုပ်ဆောင်နေသည် ဟုလည်း ၎င်း ကစွပ်စွဲသည်။
တရုတ်တောင်ပိုင်းစစ်ဒေသ သည် USS Hopper ကို စောင့်ကြည့် ရန် လေကြောင်းနှင့် ရေကြောင်း တပ်ဖွဲ့များ ဖြန့်ကျက်ထားသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လိုအပ်သည်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သတိရှိရှိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အမေရိကန်ကို “တောင်တရုတ်ပင်လယ်အတွင်း လုံခြုံရေး ခြိမ်းခြောက်သူ” အဖြစ် သတ်မှတ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးမားဆုံး ဖျက်ဆီးသူဟု ၎င်းက စွပ်စွဲသည်။
အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဖိလစ်ပိုင်နှင့် အမေရိကန်တပ်များသည် ထိုင်ဝမ်အနီးရှိ ရေပြင်တွင် နိုဝင်ဘာ ၂၁ က ပူးတွဲ ကင်းလှည့်ခဲ့သည်။ ယင်းနောက် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်ရန် "နိုင်ငံခြားတပ်ဖွဲ့များ" နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု တရုတ်က စွပ်စွဲသည်။
"ကမ္ဘာတဝန်းမှာ ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်ဆိုင်ရာ တောင်းဆိုမှု အများအပြား အတွက် တောင်းဆိုသူ မည်သူမည်ဝါ ဖြစ်ပါစေ အမေရိကန်အနေနဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်ရပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရားမ၀င် ရေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုမှုတွေက ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာစေတယ်” ဟု အမေရိကန် အမှတ်(၇)ရေတပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ခရစ်စတီးနား ဝီဒီမန်း က ဆိုသည်။
ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့သည် ရေကြောင်း နှင့် လေကြောင်း ပူးတွဲ ကင်းလှည့်ခြင်းများကို စတင် လုပ်ဆောင်ခဲ့ပြီး ယင်းဧရိယာအတွင်း ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေကာ စွပ်စွဲမှုများနှင့် တန်ပြန်စွပ်စွဲမှုများလည်း အများအပြားရှိခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် “အန္တရာယ်ရှိသော တရုတ်၏ ဥပဒေမဲ့ လုပ်ရပ်များ” နှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့သည် ရေကြောင်းဆိုင်ရာ ပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်တွင် အမြဲတမ်း အနုညာတခုံသမာဓိရုံးမှ ပယ်ချခဲ့သည့် အငြင်းပွားမှု ဖြစ်ခဲ့သော ဒေသတခုလုံးနီးပါးကို တရုတ်က တောင်းဆိုထားသည်။
#တောင်တရုတ်
#လုံခြုံရေးခြိမ်းခြောက်သူ
#Mizzima
Photograph: Reuters

👍8👎1
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
==================
ရွှေနွယ်၊၀၀၁
မဇ္ဈိမ။ ။ ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် ဒုတိယဗိုလ်မှူးကြီးဟောင်းဦးရဲထွဋ်အား ဖမ်းဆီးပြီး တလခန့်အကြာတွင် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
ဦးရဲထွဋ်အား နိုင်ငံ့ဝန်ထမ်းကို အနှောင့်အယှက်ပြုမှုရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (ဃ)ဖြင့် ထောင်ဒဏ် ခုနှစ်နှစ်၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - ကဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းတရားရုံးနှင့်နီးစပ်သည့်တရားရေးဝန်ထမ်းတဦးကပြောသည်။
" ဒီနေ့(နိုဝင်ဘာလ ၂၉ ရက်) မှာ ခရိုင်ရုံးက ခုနစ် နှစ်၊ မြို့နယ်က သုံးနှစ် ချမှတ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ် ၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အောက်တိုဘာ ၂၈ ရက် ညတွင်ဖမ်းဆီးခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတဦးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဟုသိရသည်။ဦးရဲထွဋ်သည် ရှေ့နေငှားရမ်းခြင်းမပြုဘဲ အမှုများကို ကိုယ်တိုင်ရင်ဆိုင်ခဲ့သည့်အတွက် အမိန့်ချမှတ်မှု မြန်ဆန်သွားခြင်းဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သည့် ဝန်ထမ်းတဦးက ပြောသည်။
“အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာဖွင့်တဲ့ အထူးတရားရုံးပေါ့နော်။ အလုံခရိုင်တရားရုံးကနေပြီးမှ တရားသူကြီး ဦးလင်းမင်းထွန်းကနေ အမိန့်ချတာဖြစ်ပါတယ်”ဟု အဆိုပါ ဝန်ထမ်းကဆိုသည်။
ဦးရဲထွဋ်သည် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအပြင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
စာတည်း - အေးချမ်း
#Mizzima
#ဦးရဲထွဋ်
#ပြန်ကြားရေးဝန်ကြီးဟောင်း
#ဒုဗိုလ်မှူးကြီးဟောင်း
#ထောင်ဒဏ် ၁၀နှစ်
#ချမှတ်ခံရ

👍15😨2😁1
ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် အိန္ဒိယ၏ ရှေ့ခြေလှမ်းက ဘာဖြစ်သင့်သလဲ
MNDAA၊ TNLA နှင့် AA တို့ ပူးပေါင်းထားသော ‘ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့’ သည် မြန်မာမြောက်ပိုင်းတွင် အကြီးစား ထိုးစ.....
https://ift.tt/iLX84yh

👍2
နိုဝင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်တွေ တိုက.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fm3SGgBynghs&h=AT0xoRJx2z8JpoUJmsHx2JjrFc6_b_ybd9gYbT9eEcfgIr63Onq541v8MBiDwdmOOnTFspfZhPfuc1X9jSLJ80TJjpB6riE3B04YnIX6Id_sOeIMfSJTgWa9EI5fevT-&s=1

https://ift.tt/tAImRpL
MNDAA၊ TNLA နှင့် AA တို့ ပူးပေါင်းထားသော ‘ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့’ သည် မြန်မာမြောက်ပိုင်းတွင် အကြီးစား ထိုးစ.....
https://ift.tt/tAImRpL
👍1
နိုဝင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်တွေ တိုက.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fm3SGgBynghs&h=AT0WxjPooZLcnX7ExJfsrbO5t981EZrI2_SCBmTD65ifD_Lq8UOF5YvfDp7Wcqeq-I33uEZTe95WhwrIXHVlYq6J9yIxbqEvyUF12FiWi4y3bO0k4S6dDkVCKuP43fs7&s=1