Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြာသပတေးညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်ရလဒ်များ
​​အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၃၀ ဦးကို ပြန်လည်ပို့ဆောင်

ပါခွီး

(မဇ္စျိမ) ။   á‹ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့တိုက်ပွဲအတွင်း ထွက်ပြေး၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သား အယောက် ၃၀ကို မြန်မာပြည်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း All India Radio (Aizawl) က နိုဝင်ဘာလ ၂၉ရက်နေ့တွင် ကြေညာသည်။

လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ (၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၉ရက် ညမှစတင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် စခန်းကိုသိမ်းပိုက်ရခဲ့ခြင်း ဖြစ်သည်။

စခန်းကိုစွန့်ခွာ၍ တောထဲသို့ ထွက်ပြေးခဲ့သည့် ဗိုလ်ကြီး ရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေခဲ့သော်လည်း နိုဝင်ဘာလ ၂၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်ရှိ အာသံရိုင်ဖယ်စစ်တပ်ထံသို့ လက်နက်ချ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆိုင်ဟားခရိုင် သွီပန်းရွာတွင် တပ်စွဲထားသည့် အာသံရိုင်ဖယ်တပ်က စစ်ကောင်စီတပ်သားများကို စစ်ဆေးမေးမြန်းပြီး ရဟတ်ယာဥ်ဖြင့် မြန်မာပြည်ဖက်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာစစ်သားတွေကို ရဟတ်ယာဥ်နဲ့ပြန်ပို့နေတာ နှစ်သုတ်ခွဲပြီးတော့ မိုးရေးဖက်ကို ပို့မယ်လို့ကြားတယ်” ဟု ရဟတ်ယာဥ်ကွင်းအနီးရှိ မြန်မာစစ်ဘေးရှောင်တဦးက မဇ္စျိမကိုပြောသည်။

နိုဝင်ဘာ ၂၉ရက် မနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ၁၅ဦး၊ မနက် ၁၀နာရီ ၃၀မိနစ်တွင် နောက်ထပ် ၁၅ဦး နှစ်သုတ်ခွဲ၍ ၎င်းတို့ကိုင်ဆောင်သော လက်နက်များနှင့်အတူ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း AIR (Aizawl) ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့ကို မီဇိုရမ်ပြည်နယ် သွီပန်း ရဟတ်ယာဥ်ကွင်းမှ မဏိပူရပြည်နယ် ၊ မိုးရေးမြို့သို့ပို့ဆောင်ပြီး ယင်းမှတဆင့် တမူးမြို့သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်းဆိုသည်။

နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တမူးမြို့နယ် ဝိတုတ် ၊ ခါမ်းပါတ် ၊ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ် ၊ သွီးဘွာလ် နှင့် ယခု လိုင်လင်းပီးစခန်းများကို တော်လှန်ရေးတပ်သားများက တိုက်ခိုက်စဥ် ယင်းစခန်းရှိ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ပြီး ပြန်လည် ပို့ဆောင်ခဲ့သူ ၁၇၀ကျော်ရှိပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်အများအရ သိရသည်။

ပုံအညွှန်း - ပြန်ပို့မည့် စစ်ကောင်စီတပ်သားများကို တင်ဆောင်နေစဥ်
ဓါတ်ပုံ - ပေးပို

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လိုင်လင်းပီမြို့တိုက်ပွဲ
#မတူပီမြို့နယ်
#အိန္ဒိယနိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8💩2👏1😱1
​​ရခိုင်ပြည်နယ် မြို့အချို့ ဆန်ပြတ်လပ်မှုများကြုံနေရ

ဓါတု

(မဇ္ဈိမ)။  á‹ ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင် ဆန်ရိက္ခာများပြတ်လပ်မှုများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့်မြို့များတွင် ဆန်ပြတ်လပ်မှုများရှိလာသဖြင့် လက်ကျန်ဆန်များသာ လျှော့စားနေရသည့်အနေအထားဖြစ်နေ၍ မောင်တောမြို့တွင်မူ လက်ကျန်ဆန်ပါ ပြတ်လပ်သည့်အထိ ဝယ်ယူရန်မရတော့ကြောင်း ဒေသခံများကဆိုသည်။

"ဆန်မရှိတော့ဘူး ပြတ်ပြီ၊ မနေ့က စပြတ်တာ။ ဝယ်ဖို့ဆိုင်မှာကို မရှိတော့တာ။ တခြားစားသောက်စရာ လက်ကျန်လည်း ဘာမှမရှိတော့ဘူး။ ကြက်ဥလည်း ဝယ်မရတော့ဘူး။ ဆင်းရဲသားတွေဆို အရင်ရက်ထဲက ဝယ်မစားနိုင်တော့ဘူး "ဟု မောင်တောမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ မောင်တောဒေသတွင် ယခင်ရက်များက လက်ကျန်ဆန်များရောင်းချခဲ့ရာ ပေါ်ဆန်းမွှေးတအိတ်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်မှ ၂၂၀,၀၀၀ ၊ စားဆီိဖြစ်သည့် စားအုန်းဆီ တပိဿာ ကျပ် ၈,၀၀၀ ကျော်မှ ၂၀,၀၀၀ကျပ်၊ ကြက်ဥတလုံး ၂၅၀ မှ ၉၀၀ ကျပ်အအထိ စျေးမြင့်တက်သွားခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်မှစကာ ယနေ့အချိန်ထိ ဝယ်ယူ၍မရတော့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့နှင့်အနီးကျေးရွာများတွင်လည်း ဆန်များပြတ်လပ်လာသောကြောင့် လက်ကျန်ဆန်များအားလျှော့စားနေရကြောင်း ပေါက်တောမြို့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ဆိုသည်။

"ဆန်တွေပြတ်နေပြီ။ အခြေခံစားသောက်ကုန် အကုန်နီးနီး ဘာမှမရှိတော့ဘူး။ အဓိကလမ်းပိတ်ထားလို့ စစ်တွေဘက်လည်း သွားဝယ်မရတော့ဘူး။ အရင်က ဆန်တဘူးချက်ကို အရင်လိုစားလို့ မရတော့ဘူး။ ထမင်းတပန်းကန်ဆို ပန်းကန်တဝက်ပဲစားရတယ်။ စစ်ရှောင်တွေ ဟင်းရွက်တွေခူးစားနေရတယ်။ တချို့ဆို ဟင်းတောင်မပါဘဲ ထမင်းနည်းနည်းလေးပဲ မျှစားနေရတယ် မလောက်ငှဘူး။ ဖုန်းလိုင်းတွေပြတ်တော့ တောင်ပေါ်တက်ပြီးသုံးရတယ် "ဟု ၎င်းကပြောသည်။

အလားတူပုဏ္ဏားကျွန်းနှင့် ကျောက်တော်ရှိ ကျေးရွာအများစုတွင်လည်း ဆန်ပြတ်လပ်လာသောကြောင့် á€œá€€á€şá€€á€ťá€”်ဆန်မဝဏးဥဏး ဝေမျှလျှော့စားနေရကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်သတ္တပတ်က စက်သုံးဆီပြတ်လပ်သွားသဖြင့် စပါးစိုက်ပျိုးမြေများတွင် လယ်ထွန်ရန် စက်သုံးဆီမရှိသောကြောင့် ဆန်များပြတ်လပ်လာသလို တမြို့နှင့်တမြို့ အဝင်အထွက်လမ်းကြောင်းများအား စစ်ကောင်စီမှပိတ်ဆို့ထားမှုကြောင့် ယခုလိုဆန်ရိက္ခာများပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြသုံးသပ်သည်။

 á€…စ်က္ဏင်စဎဥန္ဖဟငအ် ယခုလိုကုန်စည်စီးဆင်းမှု လမ်းကြောင်းများအပြင်မြို့အဝင်အထွက်များ ဆက်လက်ပိတ်ဆို့ထားပါက ဒေသတွင်းအရပ်သားပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

ရခိုင်ပြည်နယ်တွင် အဓိကအားထားရာကုန်ပစ္စည်းနှင့် အခြေခံစားသောက်ကုန်များကို စစ်တွေမြို့ပေါ်သို့ လက်ကျန်များဝယ်ယူရန် စစ်ကောင်စီဘက်မှာမြို့အဝင်အထွက်ဂိတ်များတွင် သွားလာမှုများ ကန့်သတ်ပိတ်ဆို့ထားမှုနှင့်အတူ ယာဥ်များဖြင့်သွားဝယ်ရန် စက်သုံးဆီပြတ်လပ်မှုကြောင့် ဝယ်ယူရန်ခက်ခဲနေကြောင်း လူမှုကူညီရေးအသင်းတသင်းမှ တာဝန်ခံကပြောသည်။

အခြေခံစားသောက်ကုန်များ အဓိကဝင်သည့် ပြည်မလမ်းကြောင်းများကိုလည်း စစ်ကောင်စီတပ်မှကုန်းကြောင်း၊ ရေကြောင်းလမ်းပန်း ဆက်သွယ်ရေးများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိပိတ်ဆို့နေဆဲဖြစ်သောကြောင့် ဒေသတွင်းပြည်သူများ ဒုက္ခရောက်နေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၏ ရက်ပေါင်း ၁၇ ရက်ကြာ ပိတ်ဆို့မှုများကြောင့် á€’á€ąá€žá€á€śá€™á€ťá€Źá€¸áá€Ąá€†á€­á€Żá€Ąá€› ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်သွားသဖြင့် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT တာဝါတိုင်များမှာ ဆီကုန်ခမ်းလာသောကြောင့် ရခိုင်ပြည်နယ်မြို့အများစုတွင် MPT လိုင်းများပြတ်တောက်သွားခြင်း၊ ကုန်သွယ်စီးဆင်းမှုရပ်တန့်သွားခြင်းကြောင့်စားသောက်ကုန်များ ပြတ်လပ်လာခြင်းများ ဖြစ်ပေါ်လာသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

ပေါက်တောမြို့တွင်း တိုက်ပွဲများပြင်းထန်သကဲ့သို့ ပလက်ဝဒေသရှိ “နှုံးဘူးဗျူဟာ” နှင့် “တရွန်အိုင်ဗျူဟာ” ကုန်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

Photo -EPA/NYUNT WIN

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရခိုင်ပြည်နယ်
#က္ခိုင့်တပ်တော်
#ဆန်ပြတ်လပ်မှု
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢7😁1
​​တောင်သာမြို့ ပျူအဖွဲ့အားပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိ လက်နက် ၅ လက် သိမ်းဆည်းရမိ

ဓါတု

(မဇ္ဈိမ)။   á‹ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာတွင် ပျူစောထီးအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် တဦးသေဆုံး၍ လက်နက် ငါးလက် သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် á€”á€ąá€ˇá€œá€šá€ş ၁၂နာရီ အချိန်ဝန်းကျင်၌ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရွာထိပ်ကင်းစောင့်နေသည့် ပျူလေးဦးအား ပစ်ခတ်ခဲ့ရာ တန်ပြန်ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" သူတို့ဘက်က ၁၁ ယောက်၊ ကျွန်တော်တို့ဘက်က ရှစ်ယောက် နှစ်ကြောင်းခွဲပြီး ရွာထိပ်ကပျူအဖွဲ့ ကင်းစောင့်တဲ့ လေးယောက်နဲ့ ကျွန်တော်တို့အဖွဲ့က á€œá€ąá€¸á€šá€ąá€Źá€€á€ş ထိတွေ့ ဆိုင်တယ်။ အပြန်အလှန်ပစ်ခတ်ပြီး အိမ်ရောက်တဲ့အထိပစ်တာ ကျည်လေးရာကျော်ကုန်တယ်။ á€œá€ąá€¸á€šá€ąá€Źá€€á€şá€€á€á€ąá€Źá€ˇá€‘ွက်ပဟ္းသွဏးတယ်။ အိမ်ထဲပစ်တော့ ဖိုးအေးကထွက်ပြေးသွားတယ် သူ့တူကတော့သေသွားတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်၊ သူတို့ဆီက စစ်ကောင်စီကချပေးထားတဲ့ သေနတ် ငါးလက် လက်ဝယ်တွေ့တယ်"ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)မှတာဝန်ခံက မဇ္စျိမကိုဖြေကြားသည်။

ထိုသိုပစ်ခတ်​ပြီးနောက် အဆိုပါကင်းအဖွဲ့မှာ ထွက်ပြေးသွား၍ ပျူခေါင်းဆောင်ဖိုး‌အေးအိမ်သို့ ဆက်ပြီး ဝင်ရောက်ပစ်ခတ်ရာ ဖိုးအေးမှာထွက်ပြေးသွား၍ ၎င်း၏ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိပြီး တူတော်စပ်သူ ပျူအဖွဲ့ဝင် နေဗလအောင်သေဆုံးသွားခဲ့သည်။ ထို့နောက်ယင်းနေအိမ်မှ ကာဘိုင် သုံးလက်၊ ပါရီ တလက် ၊ ကိုးလုံး တလက် ရရှိခဲ့ကြောင်းသိရသည်။

ယင်းထိတွေ့မှုဖြစ်ပြီးချိန် အထိုင်ချတပ်စွဲထားသော သံမဏိစက်ရုံနှင့်ကျောဇီရွာရဲစခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ လက်ဦးမှုရယူနိုင်ခဲ့သဖြင့် စစ်ကောင်စီများနှင့် ထိပ်တိုက်မတွေ့ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို အပြန်အလှန်ပစ်ခတ်မှုတွင် မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)မှ ပစ်ခတ်ခဲ့၍ မြေပြင်ကင်းထောက်လုပ်ငန်းစဥ်များကို တောင်သာမြို့နယ် (ပကဖ)၊ BGF (မြင်းခြံ)၊မလှိုင်မြို့နယ် (ပကဖ)တို့မှ ပူးပေါင်းပါဝင်ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

ပျူခေါင်းဆောင်ဖိုးအေးနှင့်အဖွဲ့သည် စစ်ကောင်စီမှပေးထားသည့်လက်နက်များကိုင်ဆောင်ကာ တောင်သာမြို့တမိုက်သာကျေးရွာရှိ ပြည်သူများအား နိုင်ထက်စီးနင်းဆက်ဆံခြင်း၊ ညှဥ်းဆဲနှိပ်စက်မှုများပြုလုပ်နေကြောင်း ရွာခံများ၏အဆိုအရ သိရသည်။

ဓါတ်ပုံ- တမိုက်သာကျေးရွာမှ ပျူစောထီးအဖွဲ့ထံသိမ်းဆည်းရရှိသည်လက်နက်များ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောင်သာမြို့
#တမိုက်သာကျေးရွာ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🥴1
​​ဘုတလင်မြို့ပေါ် ၂နေရာမှ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို

ပါခွီး

(မဇ္စျိမ) ။   á‹á€…စ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ရဲစခန်းနှင့် CB ဘဏ်၌ တပ်စွဲထားသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားကြောင်း Chindwin Brothers ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အထက်ပါ နှစ်နေရာကို ဒရုန်းအသုံးပြု၍ Shar Htoo Waw နည်းပညာဖြင့် နိုဝင်ဘာလ ၂၉ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Chindwin Brothers တာဝန်ရှိသူက
" မြေပြင်ကသတင်းပို့ပေးတဲ့အပေါ်မှာ စစ်ဆေးအတည်ပြုထားတာပါ” ဟု á€™á€‡á€šá€…ဝိမကိုပဟ္ဏသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brother (DGF တပ်ခွဲ)နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကနီ B21၊ တပင်ရွှေထီး၊ အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း(၁၄) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဟုသိရသည်။

ထို့အပြင် ဒေသတွင်း၌ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်မှုအရှိန်မြှင့်ရန်နှင့် တော်လှန်ရေးအင်အားစုများ စုစည်းအားပိုမိုကောင်းမွန်စေရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့ ၁၇ဖွဲ့မှ သင်တန်းသား ၄၂ဦးကို Chindwin Brothers က Shar Htoo Waw နည်းပညာသင်တန်း မကြာသေးမီက ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

Shar Htoo Waw နည်းပညာဆိုသည်မှာ မောင်းသူမဲ့ လေယာဥ်ငယ်ပေါ်တွင် ဗုံးသီး ချိတ်ဆွဲ၍ မြေပြင်မှ ထိန်းကျောင်းမောင်းနှင်ကာ ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#ဘုတလင်မြို့
#စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့
#ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်
#Chindwin Brothers
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏3🥴1