Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းမှာ AFP သတင်းထောက် အသတ်ခံရမှုအတွက် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ရှုတ်ချ

https://www.facebook.com/reel/262980799632195

#internationalnews #reels #shorts #Ukraine #AFP
👍5😁3🤬3
​​AFP ပါတီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးကို “လွှတ်သင့်ပြီ” ဟု ဒေါက်တာအေးမောင် ပြော
===================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားသော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးရန် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ၊ ပါတီဒု- ဥက္ကဋ္ဌ ဦးကျော်ဇောဦးနှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့ နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ပြစ်မှုတစ်စုံတစ်ရာ ချိုးဖောက်ကျူးလွန်ခြင်း မရှိဘဲ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းမျိုး ဆိုပါက "လွှတ်ပေးသင့်ပြီ" ဟု AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“လက်နက်ကိုင် တော်လှန်ရေးမှသာလျှင်ဆိုရင်တော့ဖြင့် ကျွန်တော်တို့သွားနေတဲ့ ညှိနှိုင်းမယ်။ ရပိုင်ခွင့်တွေတောင်းမယ် စသဖြင့် ကဏ္ဍနဲ့တော့ နည်းနည်း ကွဲပြား တာပေါ့ဗျ။ မတူလို့ ညီညီညာညာ ဦးတည်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလိုမျိုး ခေါ်ယူပြီးတော့ အကြာကြီး ထားတာမျိုးက မဖြစ်သင့်ဘူး။ ပြစ်မှုတခုခု ကျုးလွန်ခဲ့တယ်ဆိုရင် စစ်တာဆေးတာ လုပ်အပ်တာပေါ့။ မရှိဘူးဆိုရင် ခေါ်ယူမေးမြန်းတာမျိုးဆိုရင် လုံလောက်ပြီ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းတို့နှစ်ဦး မိသားစုနှင့် အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေး ၊ ၎င်းတို့ကိုယ်တိုင် ဦးဆောင်တည်ထောင်ခဲ့ကြသော ရခိုင့်ဦးဆောင်ပါတီ၊ ပါတီထုနှင့် အမြန်ဆုံးတွေ့ဆုံခွင့် ရရှိရေးအတွက် ခေါ်ဆောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်ကောင်စီတပ်နှင့် ULA/AA တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် အပစ်အခတ်ရပ်စဲထားခြင်းနှင့် လက်ရှိကာလအထိ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုရှိနေကြသည်ကို AFP ပါတီမှ ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

“တရားဝင် ပါတီအနေနဲ့ ဆရာတော် ဦးဥတ္တမနေ့မှာ ထုတ်ပြန်သင့်တယ် ဆိုတဲ့သဘောနဲ့ ထုတ်ပြန်တာပါ၊ မတရားမှုတွေကို ဆရာတော်ဦးဥတ္တမက အစဥ်ဆန့်ကျင်ခဲ့တာကိုး။ မြန်မာ့လွတ်လပ်ရေးနဲ့ အတူပေါ့။ အထင်ကရ နေ့ရက်မှာ အားလုံးရဲ့ အာရုံစူးစိုက်မှုလည်း ရှိတယ်လေ” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်သည် ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့နှင့် ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီးမှု ခံလိုက်ရခြင်းဖြစ်ကြောင်း AFP ပါတီက ပြောသည်။
ထိုသို့ AFP ပါတီ၏ တောင်းဆိုမှုအပေါ် “ကျွန်တော်က ခရီးသွားနေလို့ဗျ။ ကျွန်တော်ဘာမှ မသိရသေးတဲ့အခါကျတော့ ဘာမှပြောစရာမရှိဘူး” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

စစ်မက်ဖြစ်ပွားနေဆဲ တော်လှန်ရေးကာလအတွင်း လူထုကို စိတ်ဝမ်းကွဲပြား စေသော လှုံ့ဆော်မှုများကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် AA ‌သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

ရခိုင့်ဦးဆောင်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်တို့အတွက် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းကို မဆန့်ကျင်သော်လည်း လူမျိုးတမျိုးအတွက် တရားဝင်နိုင်ငံရေး လှုပ်ရှားမှုကို လက်ခံယုံကြည်ကာ ဦးဆောင်ကြိုးပမ်းနေသည့် ပါတီဖြစ်ကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#AFP
#ဦးကျော်ဇောဦး
#Mizzima
#ပြန်လွှတ်ပေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁8👏1
#Trump advisor seeks to cut #AFP, other news agency contracts

https://eng.mizzima.com/2025/03/14/20050
👍4