ကသာမြို့နယ် အင်းကြီးတိုက်နယ်အတွင်းရှိ နေအိမ် ၄၀၀ကျာ်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ကိုခင်မောင်
(မဇ္ဈိမ)။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းကြီးတိုက်နယ်အတွင်းရှိ ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၄၄၈လုံးကို စစ်ကောင်စီတပ်စစ်ကြောင်းမှ လေးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၁) နှင့် တပ်မ (၃၃) စစ်ကြောင်းက မယ်ညိုကျေးရွာကို မီးရှို့ပြီးနောက် တက်တူလယ်ကျေးရွာ၊ သာယာကုန်းရွာနှင့် အင်းကြီးကျေးရွာတို့ကို ဖေဖော်ဝါရီ ၁၂ရက်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၃ရက်နှင့် ၁၄ရက်များတွင်လည်း ဘုရားတောင်ရွာနှင့် ရွှေဘိုလှရွာများကိုလည်း နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“၁၁ရက်နေ့ညက ရှို့ခံရတယ်။ ရွာမရှို့ခံရခင် စခ(စကစတပ်သား) အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ မယ်ညို ပကဖတွေနဲ့ ထိတွေ့မှု သုံးကြိမ်ဖြစ် ဖြစ်ပွားခဲ့တယ်။ မျက်မြင် ပကဖတစ်ယောက်ရဲ့ ပြောပြချက်အရ ထိတွေ့မှုမှာ စခ လေးကောင်ကျတယ်။ မယ်ညိုပကဖ တစ်ယောက် အောက်ပိုင်းထိတယ်၊ အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒီနောက် ၁၂၊ ၁၃၊၁၄ ရက်တွေမှာ အင်းကြီးအုပ်စုထဲက ရွာတွေ ဆက်တိုက်ရှို့သွားတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းက မီးရှို့မှုကြောင့် မယ်ညိုရွာမှ အိမ်ခြေ ၂၅လုံး၊ တက်တူလယ် အခင်းစုမှ အိမ်ခြေ ရှစ်လုံး၊ သာယာကုန်းရွာမှ အိမ်ခြေ ငါးလုံး၊ ဘုရားတောင်ရွာမှ ခန့်မှန်းအိမ်ခြေ ၁၀ လုံးဝန်းကျင်၊ အင်းကြီးရွာမှ အိမ်ခြေ ၃၀၀လုံးဝန်းကျင်နှင့် လှေဘိုရွာမှ အိမ်ခြေ ၁၀၀၀န်းကျင် စုစုပေါင်း ၄၄၈လုံးဝန်းကျင် မီးလောင်ပြာကျသွားကြောင်း ၎င်းဒေသခံကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးသည့်အတွက် အိမ်ခြေ ၃၀၀ကျော်ရှိသည့် အင်းကြီးကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရသလို ဘုရားတောင်ရွာအတွင်း စစ်ကောင်စီတပ်မှ နင်းမိုင်းများထောင်ခဲ့၍ မီးလောင်မှု အတိအကျမသိရသေးကြောင်းလည်းဆိုသည်။
အဆိုပါရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအသေးစိတ်က နယ်မြေရှင်းလင်းရေး လုပ်နေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဖုန်းလိုင်း အခြေအနေကြောင့် အသေးစိတ်ကို အတည်မပြုရသေးကြောင်း၊ ယနေ့ ဖေဖော်ဝါရီ ၁၇ရက် နေ့လယ်ပိုင်းနောက်ဆုံးရသတင်းအရ အင်းကြီးရွာနားတွင် ပစ်သတ်ခံထားရသည့် ရွာသား နှစ်ယောက်၏ အလောင်းများတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံထံမှ သိရသည်။
လတ်တလောတွင် အဆိုပါကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ နှစ်ထောင်ကျော်မှာ စစ်ကောင်စီတပ်များနှင့် လွတ်ကင်းမည်ထင်သည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မီးလောင်ပျက်စီးမှုကို လေ့လာစောင့်ကြည့်နေသည့် သုတေသနအဖွဲ့တစ်ခုဖြစ်သော Data for Myanmar၏ စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကသာမြို့နယ်
#မီးရှို့ဖျက်ဆီး
#အင်းကြီးတိုက်နယ်
#Data for Myanmar
#စစ်ကောင်စီတပ်
ပုံ-မီးရှို့ခံရသည့် မယ်ညိုရွာမှ နေအိမ်များ

🤬6👍4🔥3😁1