Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အချက်အလက် စစ်ဆေးခြင်း - ဗီဒီယိုဖိုင်အဟောင်းအသုံးပြုပြီး Non-CDM ဆရာမအား PDF မှရိုက်နှက်ဆိုသည့် သတင်းမှားဖြန့်ဝေမှုရှိနေ
-----------
ဆရာမ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က အနိုင်ကျင့် နှိပ်စက်နေကြောင်း ရေးသားထားသည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ထိုရုပ်သံဖိုင်သည် ၂၀၁၇ ခုနှစ်တည်းက ရှိနေသည့် ဗီဒီယိုအဟောင်းတစ်ခုသာဖြစ်သည်။
"မြန်မာ့သွေး"ဆိုသည့် ဖေ့ဘုတ်စ်အကောင့်တစ်ခုမှ " Non CDM ဝန်ထမ်းဆရာမကို PDF ကလည်ပင်းကြိုးချည် အနိုင်ကျင့် နှိပ်စက်နေတာပါ၊လက်နက်အားကိုးနှင့်မိုက်ရိုင်းစော်ကားနေတာ" ဟု ဆိုပြီး ရေးသားကာ ဗီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့သည်။အဲ့ဒီဗီဒီယိုဟာ လက်ရှိ "ကြည့်ရှုသူ ရှစ်ရာကျော်ရှိပြီး ပြန်လည်မျှဝေသူ တစ်ရာ့လေးဆယ်ကျော်" ရှိသည်။
အဆိုပါ ဗီဒီယိုတွင် အမျိူးသမီးတစ်ဦးအား လက်နက်ကိုင်ထားသည့်အမျိူးသား တစ်ဦးမှ သေနတ်နှင့်ချိန်ပြီး ကျန်တစ်ဦးမှ ရိုက်နှက်နေသည်ကိုတွေ့ရသည်။
မဇ္ဈိမမှ ဗီဒီယိုကို အချက်အလက်စစ်ဆေးကြည့်ရာပြီးခဲ့သည့် ၂၀၁၇ ခုနစ်တုန်းက ပါကစ္စတန် ဖေ့ဘုတ်စ်ပေ့ချ်တစ်ခုမှ တင်ထားသည် ဗီဒီယိုဖြစ်သည်ကို တွေ့ရသည်။ "ကိုယ်ဝန်ဆောင် မွတ်စလင်အမျိူးသမီးတစ်ဦး မြန်မာနိုင်ငံတွင် နှိပ်စက်ခံနေရကြောင်း " အဲ့ဒီပေ့ချ်တွင်ရေးသားဖော်ပြထားသည်။ ဒီဗီဒီယိုဖြစ်ရပ်၊နေရာ၊အပြည့်အစုံကိုတော့ စုံစမ်းနိုင်ခြင်းမရှိသေးပါဖူး။
ဒါကြောင့်လက်ရှိပျံ့နှံ့နေသည့် PDF မှ Non-CDM ဆရာမအား နှိပ်စက်နေသည်ဆိုသည်မှာ ၂၀၁၇ တုန်းကဗီဒီယိုအဟောင်းသုံးပြီး PDF များအား လုပ်ကြံပုံဖျက်ထားသည့် သတင်းအမှားသာဖြစ်သည်။

#factcheck #ဗီဒီယိုဖိုင်အဟောင်း
👍18🤬1
ယူကရိန်းသမ္မတ ဇယ်လင်စကီး ရှေ့တန်းစခန်းများသို့ လတ်တလောသွားရောက်သော ဓာတ်ပုံများမဟုတ်
----------
ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် လက်ရှိဖြစ်ပွားနေသော ယူကရိန်း-ရုရှား တိုက်ပွဲ၏ရှေ့တန်းတွင် ယူကရိန်းစစ်သည်များနှင့်အတူ လတ်တလောရောက်ရှိနေသော ဓာတ်ပုံများဆိုပြီး Facebook ပို့စ်အတော်များများတွင် ပြန်လည်မျှဝေနေကြသည်ကို တွေ့ရသည်။ သို့သော် ၎င်းအဆိုမှာ မှားယွင်းပါသည်။ ထိုဓာတ်ပုံများသည် လွန်ခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်ကတည်းက ယူကရိန်းသမ္မတရုံးက ဖြန့်ဝေသော ဓာတ်ပုံများဖြစ်သည်။
" ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို ရေရှည်ထိန်းထားဖို့ မလွယ်ပါဘူး။" (မူရင်းသတ်ပုံအတိုင်း) ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မျှဝေထားသော " Nay Thway" ဆိုသည့် အကောင့်ပိုင်ရှင်၏ ပို့စ်တွင်ပါရှိသည်။
ယခုရေးသားအချိန်အထိ ၎င်းပို့စ်ကို လူပေါင်း ၂၆,၀၀၀ ကျော်က ကြိုက်နှစ်သက်ကြောင်းပြထားပြီး ၈,၀၀၀ ကျော်က ပြန်လည်ဝေမျှခဲ့သည်ကိုတွေ့ရသည်။
ရုရှားသမ္မတပူတင်က စစ်ဆင်ရေးလုပ်မည်ဟု ကြေညာပြီးနောက် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်အာရုံတက်ချိန်တွင် ရုရှားကပဲ့ထိန်းဒုံးကျည်များဖြင့် ယူကရိန်း၏အခြေခံအဆောက်အဦများနှင့် စစ်ဘက်ပစ်မှတ်များကိုပစ်ခတ်ခဲ့ကာ ယူကရိန်းနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့တို့တွင် ကြည်း၊ ရေ၊ လေ ဝင်ရောက်မှုများလုပ်လာခဲ့သည်။ ကျူးကျော်ဝင်ရောက်မှု ဒုတိယနေ့မြောက်သည့် မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်တွင် ထိုဓာတ်ပုံများပျံ့နှံ့လာခြင်းဖြစ်သည်။
သို့သော် အဆိုပါဓာတ်ပုံများသည် အသက် ၄၄ နှစ်အရွယ် ယူကရိန်းသမ္မတ ဇယ်လင်စကီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်းက ရှေ့တန်းရောက်နေသောဓာတ်ပုံများမဟုတ်ကြပါ။
ဓာတ်ပုံရာဇဝင်ကို Google တွင်ရှာကြည့်သည့်အခါ ဓာတ်ပုံများသည် သမ္မတ ဇယ်လင်စကီးအနေဖြင့် ၂၀၂၁ ခုနစ်၊ဧပြီလ ၈ ရက်က ယူကရိန်းနယ်စပ်မြို့ဖြစ်သည့် ဒွန်းဘက်စ်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုအား သွားရောက်ခဲ့စဉ်က ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ခဲ့သည့်သတင်းဓာတ်ပုံများဖြစ်သည်ကို မဇ္ဈိမ၏ Misinformation Buster အစီအစဉ်က တွေ့ရှိခဲ့သည်။
အလားတူပင် အခြားသောဓာတ်ပုံနှစ်ခုကိုလည်း သမ္မတရုံးကဖြန့်ဝေခဲ့ပြီး သတင်းမီဒီယာများတွင်ဖော်ပြထားခဲ့ပြီးဖြစ်သည်။
ဓာတ်ပုံညွှန်းစာသားတစ်ခုတွင် " Ukrainian president, Volodymyr Zelensky, visiting troops on the frontline with pro-Russian separatists in the Donbas region. EPA/EFE/Presidential press service handout" ဟု ပါရှိသည်။ (ဘာသာပြန်- ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ဒွန်ဘက်စ်ဒေသတွင် ရုရှားလိုလားသောခွဲထွက်ရေးသမားများနှင့် ရင်ဆိုင်နေရသည့် ရှေ့တန်းနယ်မြေရှိ တပ်ဖွဲ့များသို့ အလည်အပတ်သွားရောက်နေစဉ်။ EPA/EFE/သမ္မတရုံးလက်ကမ်းစာစဉ်ဖြန့်ဝေမှု)
နားလည်မှုလွဲနေစေနိုင်သည့် ပို့စ်ကဓာတ်ပုံများကို (ဘယ်)ကို ယူကရိန်းသမ္မတရုံးကဖြန့်ဝေသောဓာတ်ပုံများ (ညာ)နှင့် နှိုင်းယှဉ်ထားသော screenshots များကို တွေ့မြင်ရမှာဖြစ်သည်။
ရုရှားက ယူကရိန်းကိုကျူးကျော်ဝင်ရောက်မှုပထမနေ့တွင် သေဆုံးသူ ၁၃၇ ယောက်ရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လင်စကီးက ထုတ်ဖော်ပြောကြားလိုက်သည်။ ရုရှားနိုင်ငံတလွှားစစ်ဆန့်ကျင်သူ ၁၅၀၀ ကျော်အဖမ်းခံရပြီး အခြားနိုင်ငံမြို့ကြီးများတွင်လည်း စစ်ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်နေခဲ့သည်။

#FactCheck
#ယူကရိန်းသမ္မတ
#ရှေ့တန်းစခန်
#MisinformationBuster
👍5
​​ပအိုဝ်း PDF တွေက လူထုက လက်မခံသည့်သဘော ဗီဒီယို အမှား ဖြန့်ဝေ
----------------
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်။
ပအိုဝ်းရွာထဲဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဒေသခံ ပအိုဝ်းရွာသားတွေက မောင်းထုတ် တယ် ဆိုတဲ့ ရုပ်သံ သတင်းပို့စ်တစ်ခုကို Shwe Eing Si ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီ ၇ မိနစ်မှာ တင်ထားတာကို တွေ့ရပါတယ်။
လူတစ်စုက တခြားလူတစ်စုကို မောင်းထုတ်ပြီး ဆိုင်ကယ်တွေကို ရိုက်ချိုးဖျက်ဆီးနေတဲ့ ရုပ်သံတစ်ခုကို စာတွေ နဲ့ တွဲပြီး Shwe Eing Si က ရေးတင်ထားတာဖြစ်ပါတယ်။
Shwe Eing Si ဆိုသူက “ပအိုဝ်းဒေသကိုရောက်ရှိလာကြတဲ့ PDF အကြမ်းဖက်သမားများကို ဒေသခံ ပအို့ဝ်ရွာ သားများမှ မောင်းထုတ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရုပ်သံနဲ့တွဲပြီ စာကို ရေးတင်ထားပါတယ်။
အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီရုပ်သံဟာ ပအိုဝ်းရွာသားတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို မောင်းထုတ် နေတဲ့ ရုပ်သံမဟုတ်ပဲ ပအိုဝ်းလူငယ်အချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိန်းပြီး ရန်ဖြစ်နေတဲ့ ရုပ်သံဖြစ်လို့ပဲဖြစ် ပါ တယ်။
အဲဒီရုပ်သံကို Shwe Eing Si ဆိုသူက မဟုတ်မမှန်တဲ့ စာအရေးအသားတွေနဲ့ တွဲပြီး ရေးတင်ထားကို တွေ့ရပါတယ်။
ပအို့ဝ်လူငယ်တွေ အချင်းချင်း ရန်ဖြစ်နေတဲ့ အဲဒီရုပ်သံကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်း U Khun Tun HLaing ဆိုသူက 3537 ဆိုတဲ့ ပအိုဝ်း လူငယ်အဖွဲ့ရဲ့ Facebook Group ထဲမှာ ရုပ်သံကို စာတွေနဲ့အတူ တွဲတင် ထားပါတယ်။
U Khun Tun HLaing က “3537 တေ ... အလောက်ကြောက် နာလား မင်းတိုအလဲရောက် မပြေးရတာလား..... ငါတို့ကျ 1v1 ထိုးပေးခဲတာနော် အခြောက်ဘောဖိနပ်ကောင်” (မူရင်းအရေးအသားအတိုင်း) ဆို ပြီး ရုပ်သံနဲ့အတူ စာကို အဲလို ရေးပြီး တင်ထားတာဖြစ်ပါတယ်။
U Khun Tun HLaing ဆိုသူ တင်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3t76kcD တွေ့နိုင်ပါတယ်။

#FactCheck
#ပအိုဝ်း
#PDF
#MizzimaTV
👍10😁4👎1
ငလျင်လှုပ်ခတ်စဉ် ရယ်မောစရာဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်မှာ အဟောင်းသာဖြစ်

Zee Teeမဇ္ဈိမ။ ။ ငလျင်လှုပ်ခတ်ချိန်မှာ ရုန်းရင်းဆန် ခတ်ဖြစ်ရင်း ရယ်မောစရာဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ ရဲခေါင်ထွဋ်ဆိုတဲ့အကောင့်ကနေ မေ ၁၈ ရက်မှာ “ကြည့်နေရင်း နောက်ဆုံးမှာ အူတက်”လို့ရေးသားကာ ငလျင်လှုပ်ခတ်ချိန် ကြုံတွေ့ရတဲ့ မိသားစုရဲ့ရုပ်သံဖိုင်ကို မျှဝေထားတာပါ။ဒီဖြန့်ဝေမှုမှာ…
The post ငလျင်လှုပ်ခတ်စဉ် ရယ်မောစရာဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်မှာ အဟောင်းသာဖြစ် appeared first on BUR.MIZZIMA.COM.

မူရင်း: Mizzima News (Burmese)

#FactCheck #တီဗွီ #မြန်မာသတင်း #ရုပ်သံသတင်းအစီအစဉ် #သတင်း #Earthquake #Fake_News #Misinformation_Buster #Mizzima_Media #Myanmar #မဇ္ဈိမမီဒီယာ
👍6
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster

မင်္ဂလာပါ။ မဇ္ဈိမရဲ့ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း Misinformation Buster အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာ မဇ္ဈိမက တပတ်အတွင်း စိစစ်တွေ့ရှိထားတဲ့ သတင်းတု၊ သတင်းမှားတွေကို အချက်အလက်တွေနဲ့တကွ စုစည်းဖော်ပြပေသွားမှာပါ။ ဒီတပတ်မှာတော့–     …
The post သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster appeared first on BUR.MIZZIMA.COM.

မူရင်း: Mizzima News (Burmese)

#FactCheck #တီဗွီ #မြန်မာသတင်း #ရုပ်သံသတင်းအစီအစဉ် #သတင်း #Fake_News #Misinformation_Buster #Mizzima_Media #Weekly_Package #မဇ္ဈိမမီဒီယာ
👍7