တကျော့ပြန် ကိုဗစ်ကြောင့် KIO ဌာနချုပ်လိုင်ဇာ တွင် မတ်လ အတွင်း လူ ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် နေ့စဉ် COVID-19 ကူးစက်ခံနေရသူ အယောက် ၃၀ အထက်ရှိနေပြီး မတ်လအတွင်း သေဆုံးလူနာ နှစ်ဦးရှိခဲ့သည်ဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရသည်။
မတ်လ (ယခုလ) အတွင်း သေဆုံးသွားသူ အမျိုးသားနှစ်ဦးသည် အသက် ၃၀ အရွယ်များဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။
“ဒီတစ်လ အတောအတွင်းမှာဘဲ ဆုံးတာ ၂ ယောက်ရှိသွားပြီခင်ဗျ။ အဲ့ပြီးတော့ သူတို့က တစ်ခြား ဒီတစ်ခြား ရောဂါတွေလည်း ရှိတယ်။ ရှိတဲ့လူတွေဘဲ” ဟု ပြောသည်။
မတ်လအတွင်းသေဆုံးသွားသည့် COVID-19 အတည်ပြုလူနာနှစ်ဦးစလုံးသည် အခြားရောဂါအခံအသီးသီး လည်း ရှိကြပြီး နှစ်ဦးစလုံး အပြင်းဖျားဖျားရာမှ ဆေးရုံသို့ရောက်ရှိလာကာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိပြီနောက် သေဆုံးသွားခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးသည် COVID-19 ကာကွယ်ဆေးများလည်း Full dose ထိုးထားသူဖြစ်ပြီး ကျန် တစ်ဦးမှာ ကာကွယ်ဆေး မထိုးထားဘူးဟု သိရသည်။
လိုင်ဇာမြို့အတွင်း COVID-19 ပိုးတွေ့လူနာများ နေ့စဉ်တိုးလျှက်ရှိပြီး တစ်ရက်လျှင် လူဦးရေ အနည်းဆုံး ၅၀၀ ခန့် ကို ဆေးစစ်ပေးလျှက်ရှိရာ ပိုးတွေ့အတည်ပြုလူနာ လူဦးရေ ၁၀ ဦးမှ ၅၀ ဦး အထိ ကူးစက်မှု ရှိနေသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။
“အခုလောလောဆယ်တော့ ကျနော်တို့ လိုင်ဇာရပ်ကွက်မှာဘဲ ဖြစ်တဲ့အခါကျရင် တစ်ဆယ်ကျော် ငါးဆယ်ဝန်း ကျင်တော့ ရှိတယ်ခင်ဗျ။ ပြီးတော့အခုလောလောဆယ်က အိုမီခရွန် တွေဘဲ ဖြစ်တယ်ဆိုတော့ တစ်ယောက် ပြီး တစ်ယောက်ဆိုရင် ဖြစ်ပြီဆိုလို့ရှိရင် တော်တော် ကူးစက် မြန်တယ်ဆိုတော့ အားလုံးကို တစ်ခါတည်း တစ် အိမ်သားလုံး တစ်မိသားစုလုံး ဌာနတစ်ခုလုံး အဲ့လိုဖြစ်တာ များတယ်ခင်ဗျ။ ကျနော်တို့ စစ်ဆေးတာလည်း ဒီ ၅၀၀ အောက်ဘဲ စစ်ဆေးတာ ဆိုတော့ အဲလောက်ရှိတယ် ခင်ဗျ။”
ထို့အပြင် ယခုရက်ပိုင်း လိုင်ဇာမြို့က COVID-19 အတည်ပြု ပိုးတွေ့လူနာအများစုသည်လည်း KIO ၏ ကျန်း မာရေးဌာနက ထိုးပေးထားသည့် ကာကွယ်ဆေးထိုးထားသူများ ဖြစ်ကြသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။
လိုင်ဇာမြို့အတွင်း တစ်ကျော့ပြန် COVID-19 ရောဂါကူးစက်မှုများကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၀ ရက်နေ့ နောက် ပိုင်းမှစတင်၍ တွေ့ရှိလာခြင်းဖြစ်ပြီး ယခု မတ်လ ၂၅ ရက်နေ့အထိ နှစ်လကျော်အတွင်း အတည်ပြုလူနာ ၁၀၀၀ ကျော်သွားပြီဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ တာဝန်ရှိသူ၏ ပြော ပြချက်အရ သိရသည်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တဖန်ဖြစ်ပွားလာခဲ့သည့် COVID-19 ကူးစက်မှုသည် လိုင်ဇာ ဒေသခံများထံမှ မဟုတ်ပဲ အပြင်မှာဝင်ရောက်လာသူများထံမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ယနေ့အချိန်ထိ လိုင်ဇာမြို့ အဝင်အထွက်နေရာများတွင် ရောဂါပိုးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဲဖြစ်သည်။
COVID-19 ကူးစက်မှုများ နေ့စဉ်တွေ့ရှိနေရသော်လည်း လိုက်ဇာပြည်သူများ၏ နေထိုင်လုပ်ကိုင်စားသောက် ရေး ခက်ခဲမှု တောင်းဆိုချက်များအရ မြို့ကို Lockdown ချသည့်ပုံစံမျိုးမဟုတ်ပဲ ပြည်သူများ အနေဖြင့် လိုက် နာရမည့် စည်းကမ်းပိုင်းတို့ကိုသာ အဓိကလိုက်နာကြဖို့ တိုက်တွန်းပြောဆိုထားသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်း ဝေါမ်က ပြောသည်။
ဓါတ်ပုံ - The Kachin Net
#MizzimaTV
#ကိုဗစ်၁၉
#KIO
#လိုင်ဇာ

😢3👍1
ဆဒုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့်ရဲများ နုတ်ထွက်ကြရန် KIO ထုတ်ပြန်
ကချင်လေး
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲများ အားလုံး ဇွန်လ ၃၀ ရက် နောက်ဆုံးထား နုတ်ထွက်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ ၂၀ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လက်အောက်ခံ ဖြစ်သော ဒူးလေး ပြည်သူ့စစ်နှင့် ရဲများ နုတ်ထွက်ခြင်း မရှိဘဲ ဆက်လက် တာဝန် ထမ်းဆောင်သူ မည်သူ မဆို ဖြစ်ပေါ်လာသည့် တာဝန်သည် မိမိ တာဝန်သာ ဖြစ်ကြောင်း ကချင်ဘာသာဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆဒုံံးမြို့နှင့် ၁၀ မိုင်အကွာရှိ စင်ကြိုင်ရွာတွင် စစ်ကောင်စီ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် တည်ရှိသည်။
ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်များ ( ပုံအဟောင်း)
#Mizzima
#ကချင်ပြည်နယ်
#ဆဒုံးခရိုင်
#KIO
#ဒူးလေးပြည်သူ့စစ်

❤2
KIO/KIA ခေါင်းဆောင်သစ်နှင့် ကချင်စစ်မျက်နှာအလားအလာ
==================
အဂမ်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIO)၏ ခေါင်းဆောင်ရာထူးအပြောင်းအလဲကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့သည်။
KIO ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ "စစ်ကောင်စီဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ရန်သူတာဖြစ်တာကြောင့် ပြတ်သားစွာနဲ့ ရန်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းရမယ်"ဟု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မိန့်ခွန်း ပြောဆိုမှုအပြီး နောက်တစ်နေ့မှာပဲ KIO ဗဟိုကော်မတီတွင် ယခုလိုအပြောင်းအလဲပေါ်ပေါက်လာခဲ့သည်။
KIO ဥက္ကဌရာထူး အပြောင်းအလဲအပြင် ကချင်လွတ်မြောက်ရေးကောင်စီ (KIC) အတွင်းရေးမှူးရာထူး၊ တိုင်းဒေသဗဟိုကော်မတီဥက္ကဋ္ဌရာထူးနှင့် လက်ထောက်ဥက္ကဋ္ဌရာထူးများတွင် အပြောင်းအလဲများဖြစ်ခဲ့သည်။
ဥက္ကဌ အင်ဘန်လနေရာမှာ ယခင် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ယာယီဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းရယူလိုက်သည်။ ထူးခြားချက်မှာ KIO တစ်ခုလုံး၏ ခေါင်းဆောင်ကို ယာယီအပြောင်းအလဲသာ ပြုလုပ်ထားခြင်းဖြစ်သည်။
ထို့အပြင် စစ်ဦးစီးချုပ်အပါအဝင်စစ်ဘက်ရာထူးများတွင်လည်း အပြောင်းအလဲများလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ စစ်ဦးစီးချုပ်ရာထူးကိုတော့ ယ ခင်က ဒုတိယစစ်ဦးစီးချုပ် (၁) ဖြစ်သည့် ဒုတိယဗိုလ် ချုပ်ကြီးခေါင်လွမ်းကို ရာထူးတိုးမြှင့်ကာ ခန့်အပ်ခဲ့သည်။
နောက်ထပ်ထူးခြားချက်အဖြစ် ယခုတစ်ခေါက်မှာ KIOအစိုးရ၏ ရာထူးအပြောင်းအလဲတွင် စစ်ရေးအပိုင်း တာဝန်ယူနေသည့်သူများကိုသာ အဓိကတာဝန်များရယူစေခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ရာထူးအပြောင်းအလဲလုပ်စဉ်က ရာထူး ငါးနေရာကို အ ပြောင်းအလဲလုပ်ခဲ့သည်ကို မဇ္ဈိမက ရရှိထားသည့် အမိန့်စာများအရသိရသည်။
ထိုစဉ်က ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ဥက္ကဋ္ဌ ရာထူး၊ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ KIOရဲ့ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ရာထူးကို ပူးတွဲတာဝန်ယူရပြီး ဆရာကြီး ဆွမ်လွတ်ဂန်ကတော့ KIO ၏ ဒုဥက္ကဋ္ဌ (၂) ရာထူး ၊ ဗိုလ်ချုပ် ဂွန်မော်က KIC ၏ ဒုဥက္ကဋ္ဌ ( ၁ ) ရာထူးများရလာခဲ့သည်။
တောင်ပိုင်းတိုင်း စစ်မျက်နှာသစ် KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တည်ထောင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးပါတီအဖြစ် ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့သည်။
KIO ဦးဆောင်လမ်းညွန်မူအောက်တွင် စစ်ရေး၊နိုင် ငံရေး၊ အုပ်ချုပ်ရေး အစရှိသည်တို့ကို စီမံအုပ်ချုပ်ခန့်ခွဲရန် ကချင်လွတ်မြောက်ရေးကောင်စီ (Kachin Indepedence Council-KIC) ကို ဖွဲ့စည်းထားသည်။
KIC သည် လက်အောက်မှာ စစ်တပ်နှင့်ပြည်ထဲရေးအပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရှိသည်။
၁၉၆၉ လမ်းစဥ်အရ KIO ဗဟိုကော်မတီ KIOCC သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်လာခဲ့သည်။ KIOCC မှာ ဗဟို ကော်မတီဝင် ၁၁ ဦး သို့မဟုတ် ၁၂ ဦးပါ ဝင်သည်။ ဗဟိုကော်မီတီဝင်တစ်ဦးစီသည် စစ်တပ်၊ ပြည် ထဲရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးအစရှိသည့်ဝန်ကြီးဌာနများနှင့်နိုင်ငံတော်အဆင့် ဗဟိုလုပ်ငန်းဌာနကြီးတွေကို အသီးသီးတာဝန်ယူကြရသည်။
KIOCC ၏ ဦးဆောင်လမ်းညွန်မူကိုခံယူပြီး၊ ဝန်ကြီးဌာနနှင့် ဗဟိုလုပ်ငန်းဌာနအသီးသီးသည် KIC ၏အုပ်ချုပ်စီမံမူ အောက်မှာရှိကြသည်။
ယခုတစ်ခါ KIOဗဟိုကော်မတီ၏ ရာထူးအပြောင်း အလဲမှာ လူအများဝင်စိတ်ဝင်စားမှုနည်းသော်လည်း စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ စစ်ရေးအတွက် အရေးပါဆုံးရာထူးအပြောင်းအလဲနေရာတစ်ခု ပါဝင်လာခဲ့သည်ကို တွေ့ရသည်။
KIO အစိုးရ၏ ရှမ်း - sub-State ဖြစ်သော ရှမ်း ပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ နမ့်မတ လားရှိုး၊ သိန္နီ၊ကွတ်ခိုင်နှင့် ကွန်လုံဒေသများတွင် စစ်ရေးလှုပ်ရှားနေသော KIA တပ်ဖွဲ့များကို တိုက်ရိုက်အုပ်ချုပ်သည့် တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဌ နေရာအပြောင်းအလဲ ဖြစ်သည်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲစစ်မျက်နှာများ ဆင်နွဲနေသော တောင်ပိုင်းတိုင်း ဗဟို တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးလဖိုင်ဇော်ရော်ကိုဥက္ကဌ ရာထူး ရုပ်သိမ်းခဲ့ပြီး၊ သူ့နေရာတွင် လက်ရှိတပ်မဟာ (၄) ၏ တပ်မမှူးဖြစ်တဲ့ ဖော်ဂျေလတောင်ကို ခန့်အပ်လိုက်သည်။ လက် ထောက်ဥက္ကဌ (၁) ရာထူးကနေ ဗဟိုကော်မတီ ဥက္ကဌကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။
တောင်ပိုင်းတိုင်းဒေသ၏ ဗဟို အုပ်ချုပ်ရေးပိုင်းဆိုင် ရာ အကြီးအကဲဖြစ်သော ဆလန်ကဘာ ဦးလရှီးဆိုင်းနော်ကိုလည်း တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ၏ လက်ထောက် ဥက္ကဋ္ဌ (၂) ရာထူးကနေ တောင်ပိုင်းတိုင်းဒေသ ဗဟိုအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြပါရှိသည်။
#KIO
#KIA
#ဗိုလ်ချုပ်ဂွန်မော်
#ဗိုလ်ချုပ်ကြီး ဂမ်ရှောင်

Facebook
#kio – Explore
explore #kio at Facebook
👍23❤3😁1🥴1
ဆယ်ဇင်းရွာပျက်သွားစေတဲ့နေ့ သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
===================
အဂမ်
၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်နေ့ညသည် ဆယ်ဇင်းရွာသူရွာသားများအတွက်တော့ မေ့မရနိုင်သည့် ကမ္ဘာပျက်ခဲ့တဲ့ ညတစ်ည။ အလျှံငြီးငြီး တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေကြားထဲမှ ပြေးလွှားအော်ဟစ် ငိုယိုသံများစွာနှင့် သေနတ်သံတွေဆူပွက်သွားခဲ့သည်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်သော CDM လှုပ်ရှားမှုမှာပါဝင်ပြီး ဆယ်ဇင်းရွာမှာ လာရောက်ခိုလှုံနေကြသည့် CDM ဆရာဝန် ဇနီးမောင်နှံရှိသည်။ ထိုနေ့က ကချင်အမျိုးသမီးဆရာဝန်မလေးကို ဗုံးဆန်မှန်ကာ နေရာမှာတင်သေဆုံးသွားခဲ့ရချိန်တွင် ဇနီးသည်အလောင်းကိုထွက်ဆွဲသော ခင်ပွန်းသည်ဆရာဝန်ကို စစ်ကောင်စီတပ်က သေနတ်နှင့်ပစ်ကာဖမ်းဆီးသွားခဲ့သည်။ သေဆုံးသူ၏အလောင်းလည်းပြန်မရ၊ အဖမ်းခံရသူလည်း သတင်းအစပျောက်သွားရာမှ နောက်ပိုင်းတွင် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း အသိစိတ်ကင်းလွတ်နေသော ဆရာဝန်လေးကို တွေ့လိုက်ရသည်ဟု ဆယ်ဇင်ရွာဖြစ်ရပ်အခြေအနေကို ရေးသားခဲ့သော CDM ခွဲစိတ်ပါရဂူကြီး ဒေါက်တာစိုးမင်း၏ ကိုယ်တွေ့မှတ်တမ်းတွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ် ရွာကိုစီးနင်းတိုက်ခိုက်မှုတွင် မဲမဲမြင်သမျှပစ်ခတ်မှုပြုခြင်းကြောင့် အလောင်းပြန်ရကာအမည်ဖော်နိင်သော သေဆုံးသူ ခြောက်ဦးရှိပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်သည်။
ဆယ်ဇင်းရွာဆိုသည်က ကချင်ပြည်နယ်၏ တစ်ခုတည်းသော ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ နယ်အတွင်းမှာပါဝင်ပြီး ဥရုချောင်းဘေးတွင် တည်ရှိသည်။ ဖားကန့်မြို့၏ အနောက် တောင်ဘက် မိုင် ၄၀ ခန့်ဝေးပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသောနေရာတစ်ခုဖြစ်သည်။ မြန်မာပြည်ကို နှစ်စဉ်ဒေါ်လာ ဘီလီယံနှင့်ချီပြီးဝင်ငွေရှာပေးသော၊ ကျောက်စိမ်းတူးဖော်မှုနှင့် ရွှေတူးဖော်ခြင်းတွေကြောင့် အမြဲလိုလို ရေနောက်ကျိနေတတ်သည့်ဥ ရုချောင်း၏ အရှေ့ဘက်ကမ်းက ရှမ်းရွာကြီး ဖြစ်သည်။ ရွာ၏ တောင်ဘက်မှာတော့ နမ့်ပုတ်ချောင်းရှိနေပြီး၊ အမြဲစိမ်းစိုနေသော တောင်တောင်များက ပတ်လည်ဝန်းရံထားသည်။
ဆယ်ဇင်းရွာအနီးမှာ ရွှေမှော်များရှိနေသည့်အတွက် မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေတူးဖော်သူများ လာရောက်လုပ်ကိုင်ကြပြီး၊ ရွာထဲမှာပင် ရွှေပန်တိမ်ဆိုင်ပေါင်းက ၄၀ ခန့်ရှိသည်။
ဆယ်ဇင်းက ရှမ်းရွာမကြီးဖြစ်ပေမယ့် မူရင်းဒေသခံများကတော့ ခေတ်ကာလအခြေအနေအမျိုးမျိုးကြောင့် အနည်ငယ်သာနေထိုင်ကြတော့တာဖြစ်ပြီး၊ အများစုကတော့ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကနေ ရွှေ့ ပြောင်း အခြေချနေထိုင်လာသူ အညာဇာတိသားများဖြစ်ကြသည်။
ဒီရွာကို ရွာကြီးတစ်ရွာအနေနှင့်သာ သိကြသော်လည်း ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဇိမ်ခန်း၊ KTV လုပ်ငန်းများနှင့် စည်ကားနေသည့် တောခေါင်ခေါင်ကြီးထဲက မြို့ကြီးတစ်မြို့ဟု ရောက်ဖူးသူတိုင်းက သတ်မှတ်ဖြစ်တတ်ကြသည်။
ရွှေအရောင်းအဝယ်လုပ်သည့် ဤရွာကိုရွာပျက်ကြီးအဖြစ် ဘယ်နေရာကြည့်ကြည့်မီးလောင်ပြင်ဟောင်းအဖြစ်မြင်ရမည့်၊ ပြောင်းလဲပေးမည့်အကြောင်း တရားများက ၂၀၂၂ ခုနှစ်ရဲ့ ဇွန်လအတွင်း စတင်လာခဲ့သည်။
ဇွန်လ ၂၈၊ ၂၉ ရက်များတွင် ဆယ်ဇင်းရွာအတွင်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များ ဝင်ရောက်လာရာမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး (PDF)တို့ ပူးပေါင်းအဖွဲ့နှင့်စစ်ရေးတင်းမာလာခဲ့သည်။ (SNA သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူအများစုဖြစ်သော ရှမ်းနီ လူမျိုးများအရေးအတွက် လှုပ်ရှားနေသည့် လက်နက် ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတဝိုက်တွင် စစ်ရေး လှုပ်ရှားမှုများရှိသည်။ ထိုတပ်ဖွဲ့သည် ခရစ်ယာန် ဘာသာအဓိကကိုးကွယ်တဲ့ ကချင်ပြည်နယ်ရှိ အင်အားအကြီးဆုံး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နေပြည်တော်က စစ်ကောင်စီတပ်တို့အကြားဖြစ်သော ပဋိပက္ခတွင် မြန်မာစစ်တပ်ဖက်က ပါဝင်မှုရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ မဟာမိတ်အဖွဲ့ဟု ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲခံရသည်။)
ဇူလိုင်လ ၁၆ ရက်နေ့မှာ ဆယ်ဇင်းရွာအနီးဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၂၆)တပ်က ပိတ်ဆို့တိုက်ခိုက်လိုက်ခြင်းမှစကာ တိုက်ပွဲများက ဆယ်ဇင်ရွာဘက်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။
ဩဂုတ် ၈ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ရွာအနီးရှိ စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းနှင့် SNA ၏ ဂိတ်စခန်းတစ်ခုကို သာလွန်အင်အားဖြင့် တိုက်ခိုက်ကာ သိမ်းပိုက်လိုက်သည်။ နောက်တစ်နေ့မှာလည်း ဆယ်ဇင်းရွာက စစ်ကောင်စီတပ်များ အထိုင်ချထားသော ရဲစခန်းကို တိုက်ခိုက်လိုက်ပြန်သည်။
#ဆယ်ဇင်းရွာ
#KIO
#SNA
#စစ်ဘေးရှောင်
#CDM

#ဆယ်ဇင်းရွာ – Explore
explore #ဆယ်ဇင်းရွာ at Facebook
👍15❤2😁1
ဆယ်ဇင်းရွာပျက်သွားစေတဲ့နေ့ သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
====================

👍14😢6❤1👎1🥰1
ထိုဘွဲ့နှင်းသဘင်အခမ်းအနားကို ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ Sinpraw Majoi ခမ်းမတွင်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ဂွမ်မော်က "ကျွန်ုပ်တို့နိုင်ငံသားများအနေဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားနေကြရဆဲဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တစ်ခဲနက် ပြိုင်တူဆင်နွှဲနေကြသော တော်လှန်ရေးကြီး၌ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူငယ်များ၊ CDM ဝန်ထမ်းများ ကြီးမားကျယ်ပြန့်စွာ ပါဝင်နေကြသည်။ သင်တို့သည်လည်း သမိုင်းပေးတာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်ပေသည်” ဟု မိန်းခွန်းပြောကြားခဲ့သည်။
ယနေ့ဘွဲ့ယူခဲ့ကြသူများမှာ မဟာဝိဇ္ဇာဘွဲ့ မြန်မာစာအထူးပြု တစ်ဦး၊ သိပ္ပံဘွဲ့ဖြစ်သည့် ဓာတုဗေဒအထူးပြု တစ်ဦး၊ ဝိဇ္ဇာဘွဲ့များဖြစ်သည့် မြန်မာစာအထူးပြု ခြောက်ဦး၊ အင်္ဂလိပ်စာအထူးပြု ကိုးဦး၊ သမိုင်းအထူးပြု ၁၇ ဦး ၊ ပထဝီအထူးပြု ခြောက်ဦး၊ စိတ်ပညာအထူးပြု ၁၈ ဦး၊ ဒဿနိက ဗေဒအထူးပြု နှစ်ဦး၊ ဥပဒေပညာအထူးပြု သုံးဦးနှင့် စီးပွားရေးပညာအထူးပြု တစ်ဦး စုစုပေါင်း ၆၄ ဦး တို့ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကချင်ပြည်နယ်
#KIO
#NUG
#ပညာရပ်စုံတက္ကသိုလ်
#ဘွဲ့နှင်းသဘင်

👍15❤7🔥2😁1
KIO ထိန်းချုပ်နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
=================
အဂမ်
(မဇ္ဈိမ)။ ။ကေအိုင်အိုအစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ မေလ ၆ ရက်နေ့တွင် ကေအိုင်အိုအစိုးရ ပညာရေးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။
ကေအိုင်အိုအစိုးရ၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူ/သားပေါင်း ၂,၇၃၅ ဦးဖြေဆိုခဲ့ကြပြီး၊ ကျောင်းသူကျောင်းသားပေါင်း ၁,၄၃၇ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက် ၅၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း ကေအိုင်အိုပညာရေးဌာန အချက်အလက်အရ သိရသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခုနှစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စာမေးပွဲကို ကေအိုင်အိုအစိုးရ၏ ဗဟိုစာစစ်ဌာန လေးခုက စာစစ်ဌာနနေရာ ၁၀ ခုကျော်ကို ဖွင့်လှစ်ကာ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ ရူပဗေဒဘာ သာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သင်္ချာဘာသာရပ် အစရှိသည့် မြန်မာကျောင်းတွင် ဖြေဆိုရသော ဘာသာရပ်အားလုံးကိုဖြေဆိုကြရသည့်အပြင် မိခင်တိုင်းရင်းသား ကချင်ဘာသာရပ်ကိုပါ ဖြေဆိုကြရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သောကျောင်းသား/သူများသည် Mai Ja Yang College,Mai Ja Yang Institute Of Education (IED),Institute of English Program,Federal Law Academy အစရှိသော တက္ကသိုလ်များအပြင် ကေအိုင်အိုအစိုးရနှင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်သည်။
ကေအိုင်အိုအစိုးရ၏ ပြီးခဲ့သော ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ဖြေဆိုသူ ၂,၁၈၈ ဦးရှိခဲ့ရာ ယင်းထဲမှ အောင်မြင်ခဲ့သူ ၁,၆၀၈ ဦး ရှိခဲ့သည့် အတွက် အောင်ချက် ၇၀ ရာခိုင်နှုန်းရှိခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KIO
#ထိန်းချုပ်နယ်မြေ
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ
#အောင်စာရင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍11🔥1
ဖားကန့်တွင် KIO မြို့နယ်အဆင့်အရာရှိနှင့် မိသားစုဝင်များကို စစ်ကောင်စီ ဖမ်းဆီး၊ နေအိမ်ကို ချိတ်ပိတ်ပြီး ကျောက်စိမ်းတုံးများ သိမ်းယူသွားဟုဆို
အဂမ်
(မဇ္ဈိမ)။ ။ဖားကန့်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် မိသားစုဝင်များကို ကျောက်စိမ်းအရိုင်းတုံးအမြောက်အများနှင့်အတူ စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။
မေလ ၂၅ ရက်နေ့ နံနက်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ် ကွက်(၃) ရှိ KlO လက်အောက်ခံပြည်သူ့လုံခြုံရေးအဖွဲ့မှ ဗိုလ်အဆင့်ရှိသူ လဘုန်(ခ)ဒေါ့ဖုန်း၏ အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခြင်းဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
" သူ့(လဘုန်)မိန်းမနဲ့ ကလေးတွေကိုလည်း ခေါ်သွားတယ်လို့ ပြောတယ်။ နောက်ပြီး အခုဝင်ဖမ်းတဲ့ အိမ်ကိုလည်း သူတို့ (စစ်တပ်) ချိတ်ပိတ်လိုက်ပြီ"ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူများတွင် လဘုန်၏ကိုယ်ရေးအရာရှိဒိုင်ခေါင်းဆိုသူလည်းပါဝင်သည်ဟု သိရသည်။ လဘုန်၏ အိမ်ကို စီးနင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းသွားသူအရေအတွက်ကို မဇ္ဓျိမအနေဖြင့် အသေးစိတ်သတင်းအချက်အလက်မရရှိသေးပေ။
လဘုန်နှင့်အတူ မိသားစုဝင်အချို့၊လဘုန်၏ကိုယ်ရေးအရာရှိတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA
စစ်ရေးချုပ်ရုံးမှ အမည်မဖော်လိုသည့် သတင်းရင်း မြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။
ထို့အပြင် လဘုန်၏ နေအိမ်မှ ကျောက်စိမ်းအရိုင်းတုံးအမြောက်အများကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ လဘုန်အားကျောက်စိမ်းတုံးများနှင့်အတူဖမ်းမိကြောင်းကို စစ်ကောင်စီက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ မေလ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဖားကန့်ဒေသ ကျောက်စိမ်းတူးဖောက်ရေးလုပ်ငန်းများတွင် စစ်ကောင်စီရော KIO/KIA ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ပြစ်တင်ဝေဖန်နေသည်။
လဘုန်အား စစ်ကောင်စီက ဖမ်းဆီးသွားခြင်းနှင့် လဘုန်ထံမှ ကျောက်စိမ်းတုံးအမြောက်အများပါ သိမ်းမိထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်အပေါ် အသေးစိတ်မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မဇ္ဈိမက ယနေ့မေလ ၂၇ရက် နံနက်တွင် ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းကိုင်ဆောင်သော်လည်း ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အဖြေမရခဲ့ပေ။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် KIA၊PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ
မကြာခဏ ပြုလုပ်နေကြကြောင်း ဒေသခံများကပြောသည်။
စာတည်း -မောင်ကြီး
#mizzima
#ဖားကန့်
#KIOအုပ်ချုပ်ရေးအရာရှိ
#ကျောက်စိမ်း
#ဖမ်းဆီး
------------------------

🤬19👍9👏2🔥1😁1
KIO နှင့် PSLF တို့ တွေ့ဆုံဆွေးနွေးပြီး ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းရန် သဘောတူကြောင်း ထုတ်ပြန်
ကချင်လေး
(မဇ္ဈိမ)။ ။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ နှစ်ရက်တာ အထူးတွေ့ဆုံမှု အပြီး ထာဝရမဟာမိတ်စာချုပ်အား ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် သဘောတူကြောင်း ယနေ့ မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် အချို့ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ် အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲ နေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်း စကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။
ကချင်နိုင်ငံရေးလေ့လာသုံးသူ သတင်းရင်းမြစ်တစ်ဦးက "ရှမ်းမြောက် ဒေသ ( Kachin Sub-State )မှာ နှစ်ဖက်အတွက် နာမးလည်နိင်မှုတွေ တိုးပွားလာရင် အခြေအနေမကောင်း အကြောင်းမလှတဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာနိင်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီထုတ်ပြန်ချက်မှာထက် ပိုပြီး လေးနက်တဲ့ အကြောင်းအရာများကို ဆွေးနွေးထားပြီးလောက်ပြီလို့ သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ဒေသတွင်းရှိ ဒေသခံများဖြစ်ကြသည့် ကချင်၊ တအာင်း(ပလောင်)၊ ရှမ်း လူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်အချက်များလည်း ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် သတင်းဖလှယ် အသိအမှတ်ပြု အားပေးရန်နှင့် အခြားလိုအပ်သည့် ကိစ္စများကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထာဝရ မဟာမိတ်စာချုပ်
#KIO
#PSLF

👍19🔥2😁1
မြစ်ကြီးနားမြို့က တည်းခိုခန်းမှာ ကေအိုင်အေ အရာရှိ ၂ ဦး အဖမ်းခံရ
====================
အဂမ်
မဇ္ဈိမ။ ။မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အရာရှိ နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။
မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်က ကချင်ပြည်နယ်လွတ်တော်ရုံးနဲ့ ပေ ၁၀၀ ကျော်သာဝေးသည့် ရွှေလိပ်ပြာတည်းခိုခန်းတွင် ကေအိုင်အေတပ်အရာရှိနှစ်ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ရုံးက ဦးဆောင်သည့် တပ်နဲ့ ရဲ လှည့်ကင်းအဖွဲ့က ဇွန်လ ၅ ရက်နေ့ ညသန်းခေါင်ယံ အချိန်လောက်တွင် တည်းခိုခန်းသို့လာရောက်ကာ ဧည့်စာရင်းစစ်ရာမှ ကေအိုင်အေအရာရှိ နှစ်ဦး၏ လက်ကိုင်ဖုန်းပါ အချက်အလက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က အခုလိုဆိုသည်။
“ ဟုတ်ပါတယ်။ ဧည့်စာရင်းစစ်တဲ့အချိန်မှာ ဖုန်းကိုစစ်တဲ့အချိန် ဖမ်းမိသွားတာပါ။ ရဲနဲ့ စစ်သားတွေပေါင်းထားတဲ့ ပတ်ကင်းအဖွဲ့က ဖမ်းခေါ်သွားတယ်။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကေအိုင်အို အုပ်ချုပ်ရေးရုံးမှ အရာရှိနှစ်ဦးဖြစ်ပြီး၊ ကေအိုင်အေ တပ်ရင်း (၁၁) မှ အုပ်ချုပ်ရေးအရာခံဗိုလ် အဒေါင် နှင့် မြစ်ကြီးနားတိုက်နယ် မလိဇုံနယ်ခွဲ (Mali Ginwang daw)မှ အရာခံဗိုလ် အင်ခွမ်လ တို့ ဖြစ်ကြောင်း ကေအိုင်အေတပ်နဲ့ နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုသော်လည်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က သီးခြားအတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားငါးဦး ဖမ်းဆီးခံရသေးသည်။
မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ (KIO/ KIA) အရာရှိများသည် KTVနှင့် တည်းခိုခန်း၊ ဟိုတယ်ခန်းတို့၌ မကြာခဏ ဖမ်းဆီးခံရလေ့ရှိနေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြစ်ကြီးနားမြို့နယ်
#တည်းခိုခန်း
#ဖားကန့်မြို့နယ်

👍9👏1😁1🤬1
ဖားကန့်တွင် စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်း၊ သေဆုံးနှင့် ဖမ်းဆီးခံရသူများရှိ
=================
အဂမ်
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့၍ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃)ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးတိုက်နယ်ရုံးကို ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ရုံးအစောင့်အပြင် အနီးပတ်ဝန်း ကျင်ရှိ ပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဖားကန့်မြို့မှ KIA အရာရှိတဦးက ဆိုသည်။
“ ဒီမနက်မှ ရုံးကိုမီးရှို့လိုက်တာ။ စစ်သားတွေဝင်စီးတဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ရုံးအတွင်းမှာ ရှိတဲ့သူတွေအပြင် အနီးတဝိုက်မှာနေတဲ့ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက ထိခိုက်ထားတဲ့သူတွေကို လာသယ်သွားတာ” ဟု ၎င်းကပြောသည်။
တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သူနှင့် သေဆုံးသူ ၁၂ ဦးခန့်ရှိခဲ့ကာ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရ ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ ကနဦးစုံစမ်းသိရှိထားပြီး အတိအကျကို အတည်ပြုဖော်ပြနိုင် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စီးနင်းမှုအပြီးတွင် KIA ကဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင် သွားကြောင်း KIA သတင်းရင်းမြစ်က ပြောကြားသည်။
“KIA ကဖြေရှင်းရမယ့် အကျဉ်းသား တွေရှိတယ်လေ။ သူတို့ခေါ်ထားတာ။ သတင်းက အကုန်မရသေးဘူး။ သေတဲ့သူလည်းရှိတယ်လို့ပြောတယ်။ သေချာတော့ မသိသေးဘူး။ အဲဒီမှာစစ်သားတွေရှိနေသေးတော့ သတင်းသေချာယူဖို့က ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးအတွင်း အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ကဝင်ရောက်စီးနင်ခဲ့၍ KIA အရာရှိများအပါအဝင် အရပ် သား ၃၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသေးသည်။
Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#KIO
#အုပ်ချုပ်ရေးရုံး
#မီးရှို့

🤬11👍3🔥2👏1
KIO ရုံး စီးနင်းခံရပြီးနောက် ဆိုင်းတောင်တွင် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး
=====================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတဦးကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားသည် ကျောက်အရောင်း အဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်းတောင်ကျေးရွာရှိ KIO အုပ်ချုပ်ရေးတိုက်နယ်ရုံး ဝင်ရောက်စီးနင်းခံရမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်ကိုဆိုသူကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့ ည ၅ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင် တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။
“ကလေး ကျူရှင်သွားကြိုမယ်ဆိုပြီး ထွက်လာတဲ့ချိန်မှာဖမ်းသွားတာ၊ လမ်းမပေါ်မှာကို ဖမ်းခံလိုက်ရတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့်အမျိုးသားအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေး သကဲ့သို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။
ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃) ရှိ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် တိုက်နယ်ရုံးအတွင်း ဖမ်းဆီးထားသည့် အကျဉ်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ သုံးဦး သေဆုံးခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဆိုင်းတောင်
#ဖားကန့်
#KIOအုပ်ချုပ်ရေးရုံး

🤬10👍6❤1👏1🥴1
ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲပြင်းထန်လျက်ရှိ
=========================
အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဆဒုံးဒေသတွင် ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေပြီး စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် နေ့စဥ်နီးပါးလာရောက်တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။
ဇွန်လ ၂၅ ရက် နံနက် ၉ နာရီခန့်မှစတင်ကာ ကေအိုင်အေတပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) ထိန်းချုပ်ရာရှေ့တန်းဂိတ်သို့ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲရေးခြေမြန်တပ်ဖွဲ့ဝင်များက အလုံးအရင်းနှင့် စစ်ကြောင်းလှုပ်ရှားရာမှ တိုက်ပွဲဖြစ်ခဲ့ခြင်းဟုဆိုသည်။
စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ခိုက်ရေး ဂျက်လေယာဥ် များသုံးစွဲကာ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်နေခြင်းဟုသိရသည်။
လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်ပြီး ရက်ဆက်ဖြစ်ပွားနေသောကြောင့် တိုက်ပွဲဖြစ်ရာအနီးရှိ အင်ဝမ့်ကောင်မူလွန်ကျောင်းကို ယာယီပိတ်ထားရကြောင်းလည်း သိရသည်။
“ကချင်ပြည်နယ်မှာ စစ်ရှောင်တွေကို နေရပ်ပြန်လည်နေရာချထားမှု အတည်တကျ အခြေချနိုင်ခြင်း မရှိ သေးချိန်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် တဖန်ပြန်စစ်ရှောင်ရခြင်းနှင့် စစ်ပွဲကြောင့် စစ်ရှောင်တွေ ပိုမို များပြားလာမှုမဖြစ်စေဖို့ နိုင်ငံရေးနဲ့ စစ်ရေးနည်းဗျူဟာများအရ အင်အားသုံးပစ်ခတ်ဖို့ မလိုအပ်သေး တာကြောင့် အောက်ခြေတပ်ရင်းများရဲ့ ရှေတန်းကင်းစခန်းများနဲ့သာ ထိန်းထားသေးတဲ့ အခြေအနေ ဖြစ် ပါတယ်” ဟု KIO/KIA နှင့်နီးစပ်သည့် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်း လီဆူဌာနေပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လေ ကြောင်းပစ်ကူဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း ဆိုသည်။
KIA တပ်ရင်း(၃)သည် KIO ဌာနချုပ်၊ လိုင်ဇာ၏ဝင်ပေါက်ကိုကာကွယ်နေသည့် တပ်မဟာဌာနချုပ် အောက်မှတပ်ရင်းတရင်းဖြစ်သောကြောင့် လိုအပ်သည့်လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အမြန် ဆုံးဖြည့်တင်းကာ လိုအပ်သလို ရွှေ့ပြောင်းစစ်ရေးလှုပ်ရှားနိုင်သည့် တပ်ရင်းဖြစ်ကာ ယင်းတပ်ရင်းနှင့် ထိတွေ့မှုဖြစ်သည့် တိုက်ပွဲများက ပြင်းထန်ကာ ကြာရှည်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဆဒုံးဒေသ
#တိုက်ပွဲပြင်းထန်
#ဂျက်တိုက်လေယာဉ်
#KIO/KIA

👍13👏6
ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်နေရ
==========================
ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာသို့ ပြန်လည်တိမ်းရှောင်နေရကြောင်း သိရသည်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာနှင့် အောင်ဂျာကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် နမ်ဆန်ယန်မှ အိမ်ထောင်စု ၂၀၀ ကျော်မှာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ လုံခြုံ မည်ထင်သည့် နေရာများသို့ထွက်ပြေးနေကြသည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။
“စစ်တပ်ဘက်က နမ်ဆန်ယန်မှာ ပြန်ပြီးနေရာယူချင်သလို လုပ်နေတယ်။ အခုက ထွက်ပြေးတဲ့သူက ပြေး၊ တချို့ကျတော့ ရွာထဲက (ဘုရားကျောင်းဝင်း) မှာ နေ နေကြသေးတယ်။ အခုချိန်ထိတော့ ရွာ အစွန် ဘက်မှာ ပစ်နေကြတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံကပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ချင်ဒေသတွင်းတကျော့ပြန်တိုက်ပွဲများ ပြန်လည်းဖြစ်ပွားခဲ့စဥ်က နမ်ဆန်ယန် ကျေးရွာသည် စစ်တပ်နှင့် KIA တပ်တို့၏ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။
ထိုစဉ်ကနမ်ဆန်ယန်ကျေးရွာနေဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နှစ်ဖက်တပ်များ၏သဘောတူညီမှုဖြင့် ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် နေရပ်ပြန် စံပြကျေးရွာကြီး ဖြစ်သည်။
နမ်ဆန်ယန်ကျေးရွာအနီး နှစ်ဖက်လက်နက်ကိုများမှ ဝင်ရောက်တပ်စွဲခြင်းမပြုကြရန် သဘောတူညီထား သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲနေရာယူရန် ကြိုးစားနေခြင်းဟုသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာတံတားနှင့် ဒေါ့ဖုန်း ယန်ကျေးရွာနှစ်ခုလုံးကို ပိတ်ထားလိုက်ပြီဟုဆိုသည်။
ထို့ကြောင့် နမ်ဆန်ယန်ဒေသခံများသာမက ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားဘက်မှ ဆင်းလာသူ အား လုံးဖြတ်သန်းသွားလာ၍မရတော့ကြောင်း မဇ္ဈိမသတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်မှ နမ်ဆန်ယန်ကျေးရွာသို့ လာ သည့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးတွင် KIA ဘက်မှ တားဆီပစ်ခတ်ခဲ့သေးသည်။
ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေနှင့်ပက်သက်ပြီး နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရန်လီ နှင့် KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ထံ မဇ္ဈိမကဆက်သွယ်နေသော်လည်းအဆက်အသွယ် မရသေးပေ။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဝိုင်းမော်မြို့နယ်
#နမ်ဆန်ယန်ကျေးရွာ

👍11🔥2😁1😢1
စစ်ရေးတင်းမာနေသည့်အတွက် ပြည်သူများ အသွားအလာသတိပြုကြရန် KIO အစိုးရက သတိပေးထုတ်ပြန်
==================
ကချင်လေး
(မဇ္ဈိမ) ။ ။ ကေအိုင်အိုဌာနချုပ်အနီး စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအသွားအလာ သတိပြုရန် ကေအိုင်အိုဗဟိုကော်မတီက ဒီနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
KIO(ကချင်လွတ်မြောက်ရေးအဖွဲ့) အစိုးရရဲ့ လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေဒေသအတွင်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများရှိလာနေ၍ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများ သတိထားဆင်ခြင်သွားလာနိုင်ဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးမှ ယနေ့ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကချင်ဘာသာဖြင့် ရေးသားထုတ်ပြန်ချက်အရ ဗန်းမော် - မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကား၊ ဆိုင်ကယ်၊ ခြေကျင်ခရီးများဖြင့် မလွဲမရှောင်သာ သွားလာရမည့် အကြောင်းကိစ္စများပေါ်လာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန်၊ စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများသို့ သွားလာခြင်း မပြုရန်၊ တိုက်ပွဲဖြစ်ပွားနိုင်သည့်နေရာနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများသို့ သွားလာခြင်းမပြုရန်နှင့် စစ်တပ်၏ အသုံးချခံရခြင်း မခံရရန်အတွက် ရှောင်ရှားကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကေအိုင်အိုအစိုးရ၏ လိုင်ဇာခရိုင်အုပ်ချုပ်ရေးနယ် မြေအတွင်း ပါဝင်နေသည့် ဗန်းမော် - မြစ်ကြီးနားလမ်း ဘေးက နမ်ဆန်ယန်ကျေးရွာအနီးမှာ ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည့်အတွက် ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ပြန်လည်ထွက်ပြေးကြရပြီ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KIO
#အစိုးရ
#သတိပေး #လိုင်ဇာခရိုင်
#အုပ်ချုပ်မှုနယ်မြေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကချင်လေး
(မဇ္ဈိမ) ။ ။ ကေအိုင်အိုဌာနချုပ်အနီး စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအသွားအလာ သတိပြုရန် ကေအိုင်အိုဗဟိုကော်မတီက ဒီနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
KIO(ကချင်လွတ်မြောက်ရေးအဖွဲ့) အစိုးရရဲ့ လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေဒေသအတွင်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများရှိလာနေ၍ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများ သတိထားဆင်ခြင်သွားလာနိုင်ဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးမှ ယနေ့ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကချင်ဘာသာဖြင့် ရေးသားထုတ်ပြန်ချက်အရ ဗန်းမော် - မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကား၊ ဆိုင်ကယ်၊ ခြေကျင်ခရီးများဖြင့် မလွဲမရှောင်သာ သွားလာရမည့် အကြောင်းကိစ္စများပေါ်လာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန်၊ စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများသို့ သွားလာခြင်း မပြုရန်၊ တိုက်ပွဲဖြစ်ပွားနိုင်သည့်နေရာနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများသို့ သွားလာခြင်းမပြုရန်နှင့် စစ်တပ်၏ အသုံးချခံရခြင်း မခံရရန်အတွက် ရှောင်ရှားကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကေအိုင်အိုအစိုးရ၏ လိုင်ဇာခရိုင်အုပ်ချုပ်ရေးနယ် မြေအတွင်း ပါဝင်နေသည့် ဗန်းမော် - မြစ်ကြီးနားလမ်း ဘေးက နမ်ဆန်ယန်ကျေးရွာအနီးမှာ ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည့်အတွက် ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ပြန်လည်ထွက်ပြေးကြရပြီ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KIO
#အစိုးရ
#သတိပေး #လိုင်ဇာခရိုင်
#အုပ်ချုပ်မှုနယ်မြေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥2
This media is not supported in your browser
VIEW IN TELEGRAM
လိုင်ဇာမြို့တွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်နေပြီဖြစ်ကြောင်း ဗီဒီယိုအဟောင်းဖြင့် သတင်းတုဖြန့်
သတင်းအပြည့်အစုံဖတ်ရန် --- https://buff.ly/44U8yNZ
#Misinformation_Buster #Fake_News #Shorts #Reels #KIA #KIO #လိုင်ဇာ

😁12🥴3🍌1
စစ်ကောင်စီ ကျဉ်းထဲကျပ်ထဲ အခက်တွေ့နေပြီး ကျဆုံးတော့မည်ဟု KIO ပြော
===================
အဂမ်
(မဇ္ဈိမ) ။ ။ မြန်မာပြည်တစ်ဝန်း စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် တစ်နေ့ထက်တစ်နေ့ ကျဆုံးနေပြီဖြစ်၍ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်က ပြောသည်။
ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်သည့် ကချင်အာဇာနည်နေ့မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအစား KIO ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
လက်ရှိမှာ စစ်ကောင်စီကို မြန်မာပြည်သူအားလုံးကလည်း တစ်ပြိုင်နက်တည်း ခုခံတော်လှန်နေကြစဉ် ဗမာပြည်သူများ ကိုယ်တိုင်ကလည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး တော်လှန်တိုက်ပွဲဝင်နေကြ သကဲ့သို့ KIO အနေဖြင့်လည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သော အဖွဲ့များအစည်းများဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် စစ်ကောင်စီနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် စစ်ပွဲဖြစ်၍ စစ်ကောင်စီက ပြည်သူ့ဘက်ကို စစ်မျက်နှာဖွင့်ပြီး လက်နက်မဲ့ အရပ်သားပြည်သူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များကိုပါမကျန် နှိပ်စက်၊ သတ်ဖြတ်ချေမှုန်း၊ ဖျက်ဆီးနေသည့် စစ်ရာဇဝတ်မှု (War Crime) ကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါမှာ စစ်ကောင်စီက ကျဉ်းထဲကျပ်ထဲရောက်နေပြီး အခက်တွေ့ကာ ကျဆုံးလာနေချိန် အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့၏ ကိုယ်ကျိုးအတွက်ပဲ စစ်ကောင်စီကို ထောက်ခံအားပေးသည့် လုပ်ရပ်ကြောင့် နိုင်ငံရေးထွက်ပေါက် ရသွားမည့် စစ်ကောင်စီ၏ ခြေလှမ်းကို သတိထားကြရန်လည်း ပြောသည်။
KIO/KIA အမှုထမ်းများနှင့် ပြည်သူများအနေဖြင့် KIO ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်မှုရှိရှိနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် KIO ဒုဥက္ကဋ္ဌကြီးက တိုက်တွန်းထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို စတင်တည်ထောင်ခဲ့သော ဥက္ကဋ္ဌ GOC Lahtaw Zau Seng သည် ထိုင်းနိုင်ငံမြောက်ပိုင်း Htang Ngawp Bum တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကချင်အာဇာနည်နေ့
#KIO
#KIA
#စစ်ကောင်စီကျဆုံး
#Mizzima
Photo - KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်

👍21❤8😁2🤮1
KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
=====================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးနှင့်အတူ ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကေအိုင်အိုအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကြာရာပတ္တီးရပ်ကွက်မှ ပြန်လာသော အရပ်သား နှစ်ဦးကို ထီဝန်းလမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးလိုက်ပြီးနောက် ၎င်းအရပ်သား နှစ်ဦးမှတဆင့် KIO အစိုးရ၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေးအရာရှိ နှစ်ဦး ကွင်းဆက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ဖမ်းခံသွားရတာ အရပ်သား နှစ်ယောက်က KIO / A က ဝန်ထမ်းတော့မဟုတ်ဘူး၊ ရုံးဘက်ကလိုရင် ခေါ်ခိုင်းတဲ့သူတွေ ဟုတ်တယ်၊ အခုလည်း ဖမ်းခံတဲ့ထဲ ပါသွားတဲ့အရာရှိတယောက်က ကြာရာပတ္တီးဘက်ကို အဖော်ခေါ်သွားရင်း ပြန်လာတဲ့အချိန် ထီဝန်းလမ်းဆုံမှာ စစ်တပ်က စောင့်ဖမ်းသွားတာ၊ အဲကနေ ကွင်းဆက်လိုက်ပြီးတော့ KIO အရာရှိ နှစ်ယောက်ကို သူတို့ရဲ့အိမ်မှာပဲ ဝင်ဖမ်းသွား တာလို့ သိရတယ်” ဟု KIO အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်က ပြောသည်။
ဖမ်းဆီးခံရသည့် KIO အုပ်ချုပ်ရေးအရာရှိ နှစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး မရန်လှရိန်တို့ဖြစ်ပြီး ကျန်ဖမ်းဆီးခံ အရပ်သာားနှစ်ဦး၏ အမည်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ယခုဖမ်းဆီးခံထားရသော ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်သည် ယခင်ဖမ်း ဆီးခံလိုက်ရသည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး အဒေါင် နေရာတွင် အစားထိုးထားသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လူမှုကွန်ယက်အသုံးပြုနေကြသည့် ကချင်လူထုကြား KIO အရာရှိ နှစ်ဦး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
KIO အုပ်ချုပ်ရေး အရာရှိနှစ်ဦး အဖမ်းခံရပြီး နောက်တနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း အေမြသာယာရပ်ကွက်က KIO အုပ်ချုပ်ရေးရုံးများ၏ ဝန်ထမ်း (ဆပ်သား) ခြောက်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ကနဦး စုံစမ်းသိရှိရသည်။
ထိုသို့ KIO အရာရှိများနှင့် အမှုထမ်းများ အဖမ်းခံရမှုနှင့် ပက်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်ကြပ်ချထားသကဲ့သို့ အချို့နေရာများတွင် နေ့ရောညပါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV (ယခု Smile KTV ဟု အမည်ပြောင်းထား) မှာ KIO အုပ်ချုပ်ရေးအရာရှိများနှင့် အမှုထမ်း ၁၃ ဦးဖမ်းဆီးခံခဲ့ရသည်။
ထို့ပြင် ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နှင့် မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
#မြစ်ကြီးနား
#KIO
#အုပ်ချုပ်ရေးအရာရှိ
#ဖမ်းဆီးခံရ
#hardnews

👍9🤬3❤1
ဗန်းမော်မှာ စစ်တပ်က ကေအိုင်အိုအရာရှိဟောင်းနှင့် မိသားစုဝင်များကိုဖမ်းဆီးပြီး နေအိမ်ကို ဗုံးခွဲ
======•===========
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိဟောင်းတဦးနှင့် မိသားစုဝင်များကိုဖမ်းဆီးပြီးနောက် နေ အိမ်ကို ဗုံးခွဲဖျက်ဆီးပစ်လိုက်ကြောင်း ဒေသခံတွေထံက သိရသည်။
ဗန်းမော်မြို့ ညောင်ပင်ရပ် ရပ်ကွက်မှာ နေထိုင်သည့် ကေအိုင်အိုအရာရှိဟောင်းကို မိသားစုနှင့်အတူ ယမန်နေ့ ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ဖမ်းဆီးသွားပြီးနောက်၊ ၎င်းနှစ်ထပ် (RC) တိုက်အိမ်မှ တန်ဖိုးကြီး ပစ္စည်းများကို ကားဖြင့် သယ်ယူသွားပြီးနောက်တွင် နေအိမ်ကို ဗုံးများတပ်ဆင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ခံ အ မျိုးသားတဦးက ယခုလိုဆိုသည်။
" သူတို့ (စစ်တပ်) ယူချင်တာယူပြီးသွားတဲ့အခါ အခုလို အိမ်အလွတ်ကြီးကိုတောင် ခွဲခဲ့တာဟုတ်တယ်။ ဘေးက ခြံစည်းရိုး အုတ်နံရံတောင် ပွင့်ထွက်သွားတယ်။ အိမ်က ရစရာမရှိတော့ဘူး။ မိသားစုတွေကိုက အရင်ရက်ကတည်းနေ လာဖမ်းသွားတာဟုတ်တယ်။ ” ဟု ဗန်းမော်မြို့ခံ သတင်းရင်းမြစ်က ပြောသည်။
ကေအိုင်အို အရာရှိဟောင်းဖြစ်သူ ဦးဒါရှီလဒွဲ နှင့် မိန်းမဖြစ်သူအပါအဝင် မိသားစုဝင်များကို စစ်တပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းနေ လာရောက်ဖမ်းဆီးသွားပြီး မည်သည့်အကြောင်းကြောင့် နေအိမ်ဖောက်ခွဲခံရသည်ကို မသိရှိရဘူးလို့ သတင်းရင်းမြစ်က ဆက်ပြောပြသည်။
“အိမ်ရှင်အမျိုးသားရယ်၊ သူ့မိန်းမရယ်၊ နောက်ပြီး သူ့တူမရယ် သူတို့သုံးယောက်ကို အရင်ဖမ်းသွားတာ။ မနေ့က တနေ့လုံး သူတို့ (စစ်တပ်)က နေအိမ်ကပစ္စည်းတွေ အကုန်သယ်ယူသွားတာပဲ။ ပြီးတော့မှ အခုလို ဖောက်ခွဲပစ်လိုက်တာ။ ဦးဒရှီလဒွဲက ကေအိုင်အိုအစိုးရကနေ DC (အဖွဲ့အစည်းမှအနား)ယူထားသူဟုတ်တယ်။ ယူလိုက်တာကလည်း ကြာပြီကော၊ လေးနှစ်လောက်ရှိပြီ။ ဘာကြောင့် အခုမှ ဒီလို လာဖောက်ခွဲပစ် လိုက်တယ်ဆိုတာ မသိရသေးတာ” ဟု ဆိုသည်။
ယခုလို ကေအိုင်အိုအရာရှိဟောင်းအဖမ်းခံရပြီး နေအိမ်ဖျက်ဆီးခံရသည့်ဖြစ်ရပ်က ဗန်းမော်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်မိသားစုအမျိုးအနွယ်များက ဖမ်းဆီးသွားသည့် ဦးဒါရှိလဒွဲတို့ကို စစ်တပ်က မည်သည့်နေရာ ဖမ်းဆီးထားသည်ကို စုံစမ်းလို့မရသေးဟု ဆိုကြပေမယ့် လက်ရှိ ကေအိုင်အေတပ်ရင်းတပ်ဖွဲ့များနှင့် စစ်ရေးပြင်းထန်နေသည့် စစ်တပ်က ၎င်းတို့ဖမ်းဆီးလာသည့် ကေအိုင်အိုအရာရှိနှင့် မိသားစုဝင်များကို ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၂၁)) ၏ စစ်ကြောရေးတွင်သာ ဖမ်းဆီး စစ်ဆေးနေနိုင်သည်ဟု ကချင်သတင်းရင်းမြစ်များက သုံးသပ်နေကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဗန်းမော်မြို့
#KIO
#ကချင်ပြည်နယ်
#မြန်မာသတင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======•===========
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိဟောင်းတဦးနှင့် မိသားစုဝင်များကိုဖမ်းဆီးပြီးနောက် နေ အိမ်ကို ဗုံးခွဲဖျက်ဆီးပစ်လိုက်ကြောင်း ဒေသခံတွေထံက သိရသည်။
ဗန်းမော်မြို့ ညောင်ပင်ရပ် ရပ်ကွက်မှာ နေထိုင်သည့် ကေအိုင်အိုအရာရှိဟောင်းကို မိသားစုနှင့်အတူ ယမန်နေ့ ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ဖမ်းဆီးသွားပြီးနောက်၊ ၎င်းနှစ်ထပ် (RC) တိုက်အိမ်မှ တန်ဖိုးကြီး ပစ္စည်းများကို ကားဖြင့် သယ်ယူသွားပြီးနောက်တွင် နေအိမ်ကို ဗုံးများတပ်ဆင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ခံ အ မျိုးသားတဦးက ယခုလိုဆိုသည်။
" သူတို့ (စစ်တပ်) ယူချင်တာယူပြီးသွားတဲ့အခါ အခုလို အိမ်အလွတ်ကြီးကိုတောင် ခွဲခဲ့တာဟုတ်တယ်။ ဘေးက ခြံစည်းရိုး အုတ်နံရံတောင် ပွင့်ထွက်သွားတယ်။ အိမ်က ရစရာမရှိတော့ဘူး။ မိသားစုတွေကိုက အရင်ရက်ကတည်းနေ လာဖမ်းသွားတာဟုတ်တယ်။ ” ဟု ဗန်းမော်မြို့ခံ သတင်းရင်းမြစ်က ပြောသည်။
ကေအိုင်အို အရာရှိဟောင်းဖြစ်သူ ဦးဒါရှီလဒွဲ နှင့် မိန်းမဖြစ်သူအပါအဝင် မိသားစုဝင်များကို စစ်တပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းနေ လာရောက်ဖမ်းဆီးသွားပြီး မည်သည့်အကြောင်းကြောင့် နေအိမ်ဖောက်ခွဲခံရသည်ကို မသိရှိရဘူးလို့ သတင်းရင်းမြစ်က ဆက်ပြောပြသည်။
“အိမ်ရှင်အမျိုးသားရယ်၊ သူ့မိန်းမရယ်၊ နောက်ပြီး သူ့တူမရယ် သူတို့သုံးယောက်ကို အရင်ဖမ်းသွားတာ။ မနေ့က တနေ့လုံး သူတို့ (စစ်တပ်)က နေအိမ်ကပစ္စည်းတွေ အကုန်သယ်ယူသွားတာပဲ။ ပြီးတော့မှ အခုလို ဖောက်ခွဲပစ်လိုက်တာ။ ဦးဒရှီလဒွဲက ကေအိုင်အိုအစိုးရကနေ DC (အဖွဲ့အစည်းမှအနား)ယူထားသူဟုတ်တယ်။ ယူလိုက်တာကလည်း ကြာပြီကော၊ လေးနှစ်လောက်ရှိပြီ။ ဘာကြောင့် အခုမှ ဒီလို လာဖောက်ခွဲပစ် လိုက်တယ်ဆိုတာ မသိရသေးတာ” ဟု ဆိုသည်။
ယခုလို ကေအိုင်အိုအရာရှိဟောင်းအဖမ်းခံရပြီး နေအိမ်ဖျက်ဆီးခံရသည့်ဖြစ်ရပ်က ဗန်းမော်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်မိသားစုအမျိုးအနွယ်များက ဖမ်းဆီးသွားသည့် ဦးဒါရှိလဒွဲတို့ကို စစ်တပ်က မည်သည့်နေရာ ဖမ်းဆီးထားသည်ကို စုံစမ်းလို့မရသေးဟု ဆိုကြပေမယ့် လက်ရှိ ကေအိုင်အေတပ်ရင်းတပ်ဖွဲ့များနှင့် စစ်ရေးပြင်းထန်နေသည့် စစ်တပ်က ၎င်းတို့ဖမ်းဆီးလာသည့် ကေအိုင်အိုအရာရှိနှင့် မိသားစုဝင်များကို ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၂၁)) ၏ စစ်ကြောရေးတွင်သာ ဖမ်းဆီး စစ်ဆေးနေနိုင်သည်ဟု ကချင်သတင်းရင်းမြစ်များက သုံးသပ်နေကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဗန်းမော်မြို့
#KIO
#ကချင်ပြည်နယ်
#မြန်မာသတင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🤬9👍5❤2👏1
New report from #Shanan Foundation explores governance of #rareearth mining by #KIO
https://eng.mizzima.com/2025/03/27/20503

👍2❤1