Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“တန်းတူညီမျှခြင်း - မညီမျှခြင်းကို လျှော့ချလို့ လူ့အခွင့်အရေးကို မြှင့်တင်စို့ စကားဝိုင်း"
..............................

ဒီစကားဝိုင်းကိုတော့ ဒီဇင်ဘာ(၁၀)ရက်နေ့ ည(၇)နာရီကနေ (၈)နာရီထိ Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမည့်သူများကတော့...........

Panelists အဖြစ်
- ဦးအောင်ကျော်မိုး (အကြံပေး၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန)

-မမူစဲ (ကျေးလက်မြေအမျိုးသမီးအဖွဲ့)

-စိုင်းလောဝ်ဆိုင် (လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ - GSCN)

-စိန်နန်းကြည်(ခ)ဘိုစိန် (Executive Director, Founder, Ayeyarwaddy Youth Network)


Moderator
-ပိုင်ဖြိုးသု (သရုပ်ဆောင်)

https://youtu.be/x_dFi3hj4Lc

#MizzimaTV
#MOD
#PVTV
#MOWYC
#DDayChannel
#WMP
#MOHR
#GSCN
#ဖက်ဒရယ်FM
လက်နက်ချ အညံ့ခံ သူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့် ရမည့်ကျင့်ဝတ်များ
====================

အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို တာဝန်တစ်ရပ်အနေဖြင့် ခုခံကာကွယ်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးစစ်သည်များဟာ ပြဌာန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ်များအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းတွေကိုလည်း စနစ်တကျ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေရှိပါတယ်။

ယနေ့မှာတော့ စစ်သည်များနှင့်အရာရှိများအားလုံး သေချာစွာနားလည်သဘောပေါက်ထားဖို့ လိုအပ်ပြီး အမှန်တကယ် လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်တဲ့ "လက်နက်ချ အညံ့ခံ သူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့် ရမည့်ကျင့်ဝတ်များ” ဆိုတဲ့ စစ်ဘက်ဆိုင်ရာစည်းကမ်း (Code of Conduct) ကို animation Video အဖြစ် ပြန်လည်ဖန်တီးပြီး ပြည်သူနဲ့တကွ စစ်သည်တော်များအားလုံးပိုမို သိရှိစေဖို့ တင်ဆက်လိုက်ရပါတယ်။

https://youtu.be/lTPF6L97tYQ

#CodeofConducts
#MOD
#MOHR
#EQMM
#publicawareness
#engagingpeoplewhosurrenderedandprisonersofwar
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1😁1
လက်နက်ချ အညံ့ခံ သူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့် ရမည့်ကျင့်ဝတ်များ (အပိုင်း - ၄)
========================

အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို တာဝန်တစ်ရပ်အနေဖြင့် ခုခံကာကွယ်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးစစ်သည်များဟာ ပြဌာန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ်များအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းတွေကိုလည်း စနစ်တကျ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေရှိပါတယ်။

ယနေ့မှာတော့ စစ်သည်များနှင့်အရာရှိများအားလုံး သေချာစွာနားလည်သဘောပေါက်ထားဖို့ လိုအပ်ပြီး တိကျစွာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်တဲ့ "စစ်ရေးဆိုင်ရာ ပစ်မှတ် သတ်မှတ်ချက်” ဆိုတဲ့ စစ်ဘက်ဆိုင်ရာစည်းကမ်း (Code of Conduct) ကို animation Video အဖြစ် ပြန်လည်ဖန်တီးပြီး ပြည်သူနဲ့တကွ စစ်သည်တော်များအားလုံးပိုမို သိရှိစေဖို့ တင်ဆက်လိုက်ရပါတယ်။

https://youtu.be/QdH3cAJGPfY

#CodeofConducts
#MOD
#MOHR
#EQMM
#publicawareness
#Militarytargetspecification
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4
စစ်သည်တော် ကျင့်ဝတ်စည်းကမ်းများ” (အပိုင်း - ၅)
===============

စစ်သည်တော် ကျင့်ဝတ်စည်းကမ်းများ”

အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို တာဝန်တစ်ရပ်အနေဖြင့် ခုခံကာကွယ်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးစစ်သည်များဟာ ပြဌာန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ်များအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းတွေကိုလည်း စနစ်တကျ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေရှိပါတယ်။
ယနေ့မှာတော့ စစ်သည်များနှင့်အရာရှိများအားလုံး သေချာစွာနားလည်သဘောပေါက်ထားဖို့ လိုအပ်ပြီး တိကျစွာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်တဲ့အပြင် စစ်သည်တော်ဆိုတဲ့ ဂုဏ်ပုဒ်အတွက် အရေးကြီးဆုံး ကျင့်ဝတ်တစ်ခုဖြစ်တဲ့ "စစ်သည်တော် ကျင့်ဝတ်စည်းကမ်းများ “ ဆိုတဲ့ စစ်ဘက်ဆိုင်ရာစည်းကမ်း (Code of Conduct) ကို animation Video အဖြစ် ပြန်လည်ဖန်တီးပြီး ပြည်သူနဲ့တကွ စစ်သည်တော်များအားလုံးပိုမို သိရှိစေဖို့ တင်ဆက်လိုက်ရပါတယ်။

https://youtu.be/Bti0BJIvK3k

#CodeofConducts
#MOD
#MOHR
#EQMM
#publicawareness
#ethics

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2🔥1
မိုးကုတ်ဒေသတပ်ရင်းတပ်ဖွဲ့များအား NUG မှ လက်နက်တပ်ဆင်
===============

ရွှေနွယ်
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မိုးကုတ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအား ဧပြီလ ၁၆ ရက်နေ့တွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF)၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိကြောင်းနှင့် လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့်သွားမည်ဖြစ် ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်တပ်ဆင်ပေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ မိုးကုတ်ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေဖြင့် အတိုင်းမသိဝမ်းမြောက်ကြောင်း မိုးကုတ်ဗျူဟာ တပ်ရင်း 1221 မှ တပ်ထောက်ဗိုလ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အခုလို လက်နက်တပ်ဆင်ပေးတာနဲ့ပတ်သက်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အချိန်ကာလ တစ် ခုကြာတဲ့အထိ ကျွန်တော်တို့အနေနဲ့လည်း စောင့်ဆိုင်းပေးခဲ့တယ်။ MOD ဘက်ကလည်း အများကြီး ကြိုး စားပေးနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ တစ်လက်ရရ၊ နှစ်လက်ရရ ဒီလိုရလာတဲ့အပေါ်မှာ ဝမ်း မြောက်မိပါတယ်” ဟု တပ်ထောက်ဗိုလ်မှ ပြောသည်။

NUG ၏ MOD အနေဖြင့် ယခုထောက်ပံ့ပေးသောလက်နက်များသည် မိုးကုတ်ဗျူဟာတပ်ရင်း (၃) အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

မိုးကုတ်ဒေသကာကွယ်ရေးတပ်ဖွဲ့ မိုးကုတ်ဗျူဟာတပ်ရင်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တပ် ထောက်ဗိုလ်၏ ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့က အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီလကစပြီး တပ်ရင်းတပ်ခွဲနာမည် တပ်မခံရခင်ကတည်းက ကိုယ့်ဘာသာ သင်တန်းတက်ကြ စုဆောင်းဖွဲ့စည်းခဲ့ကြတာပါ။ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။

NUG နဲ့လက်တွဲဆောင်ရွက်ခဲ့တာတော့ တစ်နှစ်ကျော်ကြာပါပြီ၊ လက်တွဲဆောင်ရွက်ပြီးနောက်မှာတော့ ရိက္ခာ အရဖြစ်စေ လက်နက်အင်အားအရဖြစ်စေ အပြည့်အဝမဟုတ်တောင် အထိုက်အလျောက်ရလာပါတယ်” ဟု တပ်ရင်း1221 မှ တပ်ထောက်ဗိုလ်က ရှင်းလင်းပြောပြသည်။

NUG ၏ MOD နှင့် လက်တွဲဆောင်ရွက်ပြီးနောက်တွင် မိုးကုတ်ဗျူဟာအနေဖြင့် မိုးကုတ်၊ စဉ့်ကူး၊ သပိတ် ကျင်းနှင့် နောင်ချိုတို့ပါဝင်သည့် တပ်ရင်း 1221 ၊ 1222 နှင့် 1223 တပ်ရင်းနံပါတ်များဖြင့် ဆောင်ရွက်လာ ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးကုတ်ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်ဒေသတွင်း စစ်ကောင်စီ၏ တပ်စခန်းများ တပ်ရင်းတပ်မများအား ရင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် တတ်အားသ၍ ကြိုးစားအားထုတ် နေကာ မပြည့်စုံမှုများစွာဖြင့် ခိုင်မာသောတပ်ရင်းတပ်ဖွဲ့များဖြစ်လာသည်အထိ ရပ်တည်ကြိုးစားနေ ကြောင်းနှင့် ပြည်သူ့အားပေးထောက်ပံ့မှုများဖြင့် နောက်မဆုတ်တန်း ဆက်လက်ကြိုးစားသွားမည်ဖြစ် ကြောင်း ပြည်သူအား အသိပေးစကားဆိုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#NUG
#MOD
#မိုးကုတ်ဒေသတပ်ရင်းတပ်ဖွဲ့များ
#လက်နက်တပ်ဆင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1👏1
ရန်ကုန် PDF တပ်ရင်း (၅၁၀၁) ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထုတ်ပြန်
=================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် (၅၁ဝ၁) တပ်ဖွဲ့ဝင်များသည် တောတွင်းနှင့် မြို့ပြ စစ်ဆင်ရေးများအတွက် မဟာမိတ်စစ်ကြောင်းများနှင့် ပူးပေါင်းလေ့ကျင့်နေကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တပ်ရင်း (၅၁၀၁) သည် တိုက်ရည်ခိုက်ရည်နှင့် အမိန့်နာခံမှု အားကောင်းသည့် စစ်သည်တော်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားအထူးမွမ်းမံသင်တန်းတွေကိုပါ တက်ရောက်ထားသည့် စစ်သည်တော်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုလို လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲ ဌာနချုပ်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားသော်လည်း လတ်တလောတွင် အင်တာဗျူး လက်ခံ ဖြေကြားနိုင်ခြင်းမရှိသေးဟု ဆိုသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲအနေဖြင့် ၂ဝ၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂ဝ၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မြို့ပြစ်စစ်ဆင်ရေး နှစ်ထောင်ကျော်တွင် စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဝဝ ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များ နှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်တိုင်း
#စစ်ဒေသခွဲ
#MOD
#NUG
#စစ်သည်တော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4😁2🔥1
​​ဆိပ်ဖြူမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ဦးသေဆုံး ၃၀ဦးထက်မနည်း ဒဏ်ရာရဟု MOD ထုတ်ပြန်
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ဇွန်လ ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်ဆက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၂၀ဦးသေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)ကသတင်းထုတ်ပြန်သည်။

ဇွန်လ၂၀ရက်နေ့ တိုက်ခိုက်မှုတွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီကားနှစ်စီးကို နံနက် ၇နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ‌၉နာရီတွင် တစ်ကြိမ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထိုနေ့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ၂၅ ဦး ခန့် ဒဏ်ရာရသွားသည်ဟု MOD က ထုတ်ပြန်ထားသည်။

ဇွန်လ၂၀ရက်နေ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဇွန်လ ၂၁ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် လာကောက်စဉ် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ငါး ဦးခန့်ရှိခဲ့သည်ဟု MOD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ရန်သူ့တပ်၏ စစ်ကားတစ် စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား ၂၀ဦးသေဆုံးကာ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်" ဟု MOD ကထုတ်ပြန်သည်။
တစ်ဆက်တည်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့သည် အသိပေးထားသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း ဆိပ်ဖြူ -ဆောလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီအလွန်အထိနာသွားသည်ဟု ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

၎င်းက " ပခုက္ကူဘက်က အဖွဲ့တွေ ချကြတာ။ တ်ိုက်ပွဲက ကြမ်းတယ်။ အခုထိ လမ်းမပွင့်သေးဘူး။ ဟိုဘက်ကရော ဒီဘက်ကရော ပိတ်ထားပါတယ်" ဟု ယနေ့ ဇွန်လ ၂၃ ရက် ညနေတွင် ပြောသည်။
ဆိပ်ဖြူမြို့နယ်အတွင်း နှစ်ရက်ဆက် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟု MOD ကထုတ်ပြန်ထားသည်။

ပုံ-မကွေးတိုင်းမှ PDF ရဲဘော်များ
စာတည်း - မောင်ကြီး

#mizzima
#ဆိပ်ဖြူမြို့နယ်
#ပဒေသာမိုင်း
#MOD
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏7❤5🥰4😁2
​​တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက် ၊ လက်နက် နှင့်ခဲယမ်းအမြောက်အမြားသိမ်ဆည်းရမိကြောင်း NUG ထုတ်ပြန်
==================

MTO
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ၊ တောင်အင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းကို မော်လိုက်ခရိုင်တပ်ရင်း (၂ ) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး သေဆုံးသွားပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။

ခမရ ၃၆၅ (မော်လိုက်/စကခ၁၀) နှင့် ခမရ ၃၆၆ (မော်လိုက်/စကခ၁၀) စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀ခန့်ရှိ ရန်သူ့ စခန်းကုန်းအား ဇွန်လ ၃၀ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၆ နာရီ မိနစ် ၃၀ အထိကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi-35 ဖြင့် သုံးကြိမ်၊ A-5 ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်ဖြင့် တစ်ကြိမ် စုစုပေါင်း လေးကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း MOD က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထံ မှ MA-7 ၆၀ မမ စိန်ပြောင်းအရှည် ၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၊ MA-10 RPG ၊ MA 1 ၊ MA 2 ၊ BA-64 ၊ 30 M1 ကာဘိုင် တစ်လက်စီနှင့် 30 M1 ကာဘိုင်ကျည် ၂၇ တောင့်၊ ၅.၅၆ ကျည် ၅၁၂တောင့်၊ ၇.၆၂ ကျည် ၃၀၈ တောင့်၊၅.၅၆ MA ကျည်အိမ် ၁၂ ခု၊ ၇.၆၂ BA-64 ကျည်အိမ် နှစ်ခု၊ .30 Mကာဘိုင်ကျည်အိမ် တစ်ခု၊ BA 109 လက်ပစ်ဗုံးသီး ၁၅ လုံး ၊ MM-5ရှေ့ထွက်မိုင်း နှစ်လုံး ၊M-14 နင်းမိုင်း ၁၅ လုံး၊ MM-1 တိုက်မိုင်း ၃၄ လုံး ၊ တိုက်မိုင်းကြိုး ၂၇ ခု၊ Detonator ၂၁ ခု ၆၀ မမ ပို့ယမ်း ၉၀ ခု၊ RPG ဗုံးသီး ၂၀ လုံး၊ RPG ပို့ကျည် ၁၈ ခု ၊အဝေးကြည့် မှန်ပြောင်း တစ်ခု၊ Jammer တစ်ခု ၊ ယူနီဖောင်း ၁၈ ထည် ၊ ဦးထုပ် ခြောက်လုံး၊ လုံးကျောပိုးအိတ် ခုနစ်လုံး၊ ကျည်ကာ နှစ်ခု၊ ခါးပတ်ကြိုး လေးခု၊ ခုတ်ဓါးရှည် ခုနစ်ချောင်း အထိုင်ဖုန်း နှစ်လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#MOD
#မော်လိုက်ခရိုင်တပ်ရင်း
#တောင်အင်းကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍54❤10👏2🔥1🥴1
​​ကျောက်တံခါးတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးဟု MOD ထုတ်ပြန်
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကာ ၄၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ရုံးချုပ်က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးပူးပေါင်းအင်အား ၄၀၀ ခန့်သည် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးသို့ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်လာခဲ့ရာ ည ၁၂ နာရီအချိန်ခန့်မှစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၃၃ ဦး နေရာတွင်ပင်သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးကိုထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၄၈ ဦးကိုတောင်ငူဆေးရုံ၌ ကုသနေစဉ် ရှစ်ဦးထပ်မံသေဆုံးသွားကြောင်း MOD က ထုတ်ပြန်ထားသည်။ ထို့ကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့သည်ဟု MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နံနက်အထိ ရရှိသော သတင်းများအရ စစ်ကောင်စီဘက်တွင် ၄၁ဦးအထိသေဆုံးကြောင်း အမှတ်(၂)စစ်ဒေသခွဲ(ပဲခူးတိုင်း) ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ထပ်မံအတည်ပြုပြီး စစ်ရေးအရှိန်မြှင့်နေသည့်ကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေးပိုမိုသတိပြုရန်နှင့်ပိုမိုပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း‌ပြောကြားသည်။

အဆိုပါတိုက်ပွဲတွင် KNLA/PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု MOD က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် နံဇရွာအားစတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ နေအိမ် ခုနစ်လုံးမီးလောင်ပျက်စီးကာ ဒေသခံ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟုကျောက်တံခါးမြို့မှ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နှင့်ဇူလိုင်လ ၂၃ ရက်နေ့ တွင် နံဇကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“ရွာသူရွာသားအားလုံးက ဘေးလွတ်ရာကိုရှောင်နေကြရတာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို သူတို့စိတ်ကြိုက်ယူပြီး ကျန်နေတဲ့အိမ်တွေကိုမီးဆက်ရှို့တာပါ” ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်မှပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်သည့် နေအိမ်အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျား ၁၃၁၇ ဦး၊ မ ၁၄၂၂ ဦး စုစုပေါင်း ၂၇၃၉ ဦးနေထိုင်နေ့သည့် ကျေးရွာဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် နံဇကျေးရွာအပါအဝင် ကျောက်တံခါးမြို့နယ်အရှေ့ဘက်ကျေးရွာများမှ ပြည်သူ ၅,၀၀၀ ခန့်သည် စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ကျောက်တံခါးမြို့နယ်
#နံဇကျေးရွာ
#KNLA
#PDF
#MOD

KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ
Photo - NUG/MOD Facebook
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤2😁1
​​MOD အောက်ပြန်ရောက် တပ်ရင်း ၄ ရင်း ကိစ္စ “ဒွိဟမပွားကြရန်” ဗိုလ်နဂါး ပြော
======================

မင်းထက်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်းမဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ (၄) ၊ (၅) နှင့် (၆) တပ်ရင်း လေးရင်းသည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မသက်ဆိုင်ဘဲ MOD တွင်သာ ဆက်လက်ရပ်တည်မည်ဟု ထိုတပ်ရင်း လေးရင်းက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် တပ်ရင်းမှူး လေးဦးက အသီးသီးလက်မှတ် ရေးထိုးကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်အပေါ် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့သွားမယ့် တော်လှန်ရေးတပ်မတော်မှာ အားလျော့သွားခြင်းမဟုတ်ပါ၊ ဒီဘက်မှာ ပူးပေါင်းလာတဲ့ မြို့နယ် ၁၀ ခုအထက်မှ Local အင်အားများဖြင့် ဆက်လက်တိုးနေဆဲပါ၊ MOD ဌာနမှ ယမန်နေ့က ထုတ်ပယ်ထားသည့် ရင်း လေးရင်းကို ပြန်လည်စာရင်းသွင်းခြင်းသာ ဖြစ်ပါတယ်” ဟု ဗိုလ်နဂါးက ယနေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

ပုလဲမြို့နယ်တွင် အခြေပြုလှုပ်ရှားသော မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA)၏ တပ်ရင်း လေးရင်းကို ဗိုလ်နဂါးက NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက်သို့ ပေးအပ်ခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမှု MRDA က ပေးသည့် တပ်ရင်းလေးရင်းကို PDF တပ်ရင်းများအဖြစ် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း RFA သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ပြောဆိုထားသည်။

အဆိုပါ တပ်ရင်း လေးရင်းသည် မြေပြင်စစ်ရေးလှုပ်ရှားရာတွင် MOD ၏ COC ‌အောက်တွင်ထက် နဂါးတပ်တော် MRDA အဖြစ်ပဲ လှုပ်ရှားဆောင်ရွက်နေခြင်းကြောင့် MRDA အနေဖြင့်သာ သီးသန့်ရပ်တည်ရန် MOD က ထုတ်ပယ်လိုက်သည်။

ထိုယင်းမာပင်ခရိုင် တပ်ရင်းလေးရင်းအနေဖြင့် NUG ကာကွယ်ရေးဌာန၏ ထိန်းချုပ်အောက်တွင် ဆက်လက်ရပ်တည်လိုပါက ဗိုလ်နဂါးက ၎င်းဦးဆောင် ဝယ်ယူထားသော တိုက်ပွဲဝင် လက်နက်ခဲယမ်းများကို အပ်နှံရမည်ဟု ဆုံးဖြတ်ခဲ့ရာ ယင်းအပေါ် တပ်ရင်းလေးရင်းက သဘောတူခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထိုသို့ဆုံးဖြတ်ပြီးနောက် NUG ကာကွယ်ရေးဌာကလည်း ထိုတပ်ရင်းလေးရင်းကို MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖြစ် ဆက်လက်အသိ အမှတ်ပြုကြောင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

"ထိုရင်း လေးရင်းမှ ရဲဘော်များပင် တော်လှန်ရေးတပ်မတော်တွင် ပူးပေါင်းပါဝင်လာဆဲဖြစ်ပါ၍ ပြည်သူများ ဒွိဟမပွားကြစေရန် လေးစားစွာတင်ပြအပ်ပါတယ်" ဟု MRDA ခေါင်းဆောင် ဗိုလ်နဂါးက ရေးသားထားသည်။

နွေဦးတော်လှန်ရေး၌ လက်နက်ကိုင်ခုခံမှု အားကောင်းရာ အညာဒေသ စစ်ကိုင်းတိုင်းတွင် ခေတ်မီလက်နက်များ တပ်ဆင်ထားသော အာဏာသိမ်း စစ်တပ်နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော NUG အစိုးရ လက်အောက်ခံ PDF များ၊ Local PDF တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- MRDA ခေါင်းဆောင် ဗိုလ်နဂါး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ယင်းမာပင်ခရိုင်
#တပ်ရင်းလေးရင်း
#MOD
#‌ဗိုလ်နဂါး
#Mizzima
#Hardnews
👍28❤7🤣3🥰2😁1
​​ကျောက်ကြီးနှင့်ဖြူးမှ စစ်ရေးပစ်မှတ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေ၊ ၃ဦး ဒဏ်ရာရဟု MOD ထုတ်ပြန်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ကျောက်ကြီးနှင့် ဖြူးမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားရာနေရာများကို နယ်မြေရှင်းလင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ လေးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်၊ မုန်းနယ်မှကရင်ကျ၊ သမန်းကျင်းတာဆုံ၊ အုတ်ဖြတ်တံတားအရှေ့ပိုင်းနှင့် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဩဂုတ်လ ၂၅ရက်တွင် PDF အထူးကွန်မန်ဒိုတပ်ရင်းရိုးမစစ်ကြောင်း (၂)၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ခြင်းဟု MODက ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ည ၉ နာရီ ၁၅ မိနစ်ခန့်အထိ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း၊ မွန်းလွဲ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းရာနေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ရာတွင် စစ်ဗိုလ်တဦးသေဆုံး၍ သုံးဦးဒဏ်ရာရသွားကြောင်း သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက်ပိုင်းတွင် အဆိုပါ ဒေသများကို စစ်ကောင်စီတပ်က လက်နက်ကြီးမကြာခဏ ပစ်ခတ်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းမှ ကင်းထောက်နေကြောင်း အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

ရန်ကုန်−မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိသည့် ဖြူး၊ ကျောက်ကြီး၊ မုန်းနှင့် ကျောက်တံခါးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။ ဒေသတွင်း၌ စစ်ရှောင်ဦးရေများပြားလာပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအချို့လည်းရှိနေသည်ဟု သိရသည်။ လက်ရှိတွင် ဒေသအတွင်း အချို့သောကျေးရွာများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ နယ်မြေစိုးမိုးနိုင်သည့်အနေအထားရှိလာပြီဟု အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူကပြောသည်။

" စစ်ကောင်စီက မုန်းနဲ့ အုတ်ဖြတ်အနောက်ဘက်ကမ်းမှာပဲစိုးမိုးထားနိုင်တာပါ။ အချို့ကျေးလတ်နေရာတော်တော်များများတော့ PDF တွေလှုပ်ရှားသွားလာနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ - အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း
စာတည်း - အေးချမ်း

#mizzima
#ကျောက်ကြီး
#ဖြူး
#နယ်မြေရှင်းလင်း
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
စစ်ကောင်စီတပ် ဗိုလ်မှူးချုပ်၏ လက်နက်ခဲယမ်းအချို့နှင့်ပစ္စည်းများ PDF ဖမ်းမိ
=====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။လွိုင်ကော်မှတနိုင်းသို့ ပြောင်းရွေ့မည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ ဩဂုတ်လ ၂၈ရက်တွင် ထုတ်ပြန်သည်။

သေနတ်ကျည်ဆန်များအပါအဝင် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးစဉ် သြဂုတ်လ (၉) ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

လူကိုယ်တိုင်လိုက်ပါလာခြင်းမရှိဘဲ ပစ္စည်းများကိုသာ ကုန်ကားဖြင့် တင်ပို့ခြင်းဟု မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

" ပစ္စည်း‌တွေပဲ မိတာ။ လူမရလိုက်ဘူး" ဟု ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဗိုလ်မှူးချုပ်မြတ်မင်းမိုးသည် ကရင်နီဒေသ၊ လွိုင်ကော်ဒကစမှူးအဖြစ်မှ ကချင်ပြည်နယ်၊တနိုင်းမြို့တွင် ဒကစမှူးအဖြစ်ပြောင်းရွှေ့မည့်သူဟု MOD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းနိုင်ခဲ့သည့် ပစ္စည်းများတွင် စစ်ယူနီဖောင်းအစုံ ၇၀၊ သေနတ် ကျည် (၄၆၅) တောင့်၊ လက်ပစ်ဗုံးငါး လုံး၊ သယ်ဆောင်ခဲ့သည့် ၁၂ ဘီးကားနှင့် ဆက်သွယ်ရေးပစ္စည်းများ၊စစ်ရေးအသုံးအဆောင်ပစ္စည်းအချို့ပါဝင်သည်ဟု သိရသည်။

ပုံစာ - ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ လက်နက်ခဲယမ်းအချို့နှင့်အသုံးအဆောင်ပစ္စည်းများ (ပုံ - NUG MOD)
စာတည်း - အေးချမ်း

#mizzima
#ဗိုလ်မှူးချုပ်မြတ်မင်းမိုး
#ဒကစမှူး
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏3❤2😁2🥰1
​​ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ပြော
=========================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီအင်အား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။

ထိုအခြေအနေကို ကြည့်ပါက နှစ်နှစ်အတွင်း စစ်ကောင်စီသည် အင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြုန်းတီးခဲ့သည်ဟု NUG- MOD ကသုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီး ခုနစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲခေါ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )တွင် PDF တပ်ရင်း ၂၉၃ ရင်းရှိနေပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့တယ်ဟု NUG - MOD ပြန်ကြားရေးကဆိုသည်။

ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ မွန်ပြည်နယ်၊ မကွေးတိုင်း (တောင်ပိုင်း) နှင့် နေပြည်တော်တို့တွင် စစ်ဆင်ရေးနယ်မြေများ တိုးချဲ့ဖော်ဆောင်နိုင်ခဲ့တယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင်လည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေသာမက PDF တွေပါ ထူထောင်နိုင်ခဲ့တယ်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#NUG
#MOD
#ခုခံတွန်းလှန်စစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🔥1
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ် 
=================

ရောင်နီ 

(မဇ္စျိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက နယ်မြေစိုးမိုးမှုထိန်းချုပ်ထားသည့် အမှတ်(၁)စစ်ဒေသ တနေရာ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။

စစ်ပညာမွမ်းမံသင်တန်းအပတ်စဥ်(၁) သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် MODက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

PDFရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ(Code of Conduct)များ သင်ကြားခြင်းနှင့် စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများသင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်း တာဝန်ခံနှင့်ခရိုင်ရေးထောက်တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ကဏ္ဍအလိုက်ထွန်းချွန်ဆုရသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဒေသသုံးခုရှိပြီး အမှတ် (၁) စစ်ဒေသ၌ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

အမှတ် (၂) စစ်ဒေသတွင် ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တိုင်းတို့ ပါဝင်သည်။ အမှတ် (၃) စစ်ဒေသတွင်နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများပါဝင်သည်ဟု MOD က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#MODအမှတ်(၁)စစ်ဒေသ
#စစ်ပညာမွမ်းမံသင်တန်း

MODက ထုတ်ပြန်ထားသည့် စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲမှတ်တမ်း (Photo - NUG/MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈၀ ဦးကျော် သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။

NUG အစိုးရထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၄၀ မိနစ်မှစတင်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု မြေပြင်မှကာကွယ် ရေးရဲဘော်အချ်ို့ကပြောသည်။

" ကျွန်းလှဘက်က‌​‌နေလာတာ။ အရင်ရက်ကတည်းက သတင်းရတယ်။ ဒါကြောင့် စစ်ရေးအရ အသာစီးယူတိုက်ခိုက်ခဲ့တာ" ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MOD က ယနေ့ည ထုတ်ပြန်ထားသည်။

" ရန်သူ့ တပ်သား ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်"ဟုMOD ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိမရှိကို မသိရသေးပေ။
ယနေ့တိုက်ပွဲ၌ အထိအခိုက်များခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတွင် ကန်ဘလူနှင့် ကျွန်းလှမြို့နယ်တို့၌ အခြေစိုက်သော ပျူစောထီးဘုန်းကြီးဦးဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် ရုတ်တရက်တိုက်ခိုက်ခံရပြီးနောက် ဦးတည်ရာထွက်ပြေးကြရာ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သိမ်းနိုင်ခဲ့တဲ့သေနတ်တွေက ရဲ‌တွေနဲ့ ပျုတွေ ကိုင်တဲ့သေနတ်‌တွေ။ စစ်တပ်မှာ လူမရှိ‌တော့ ပျုတွေနဲ့ ရဲတွေကို ခေါ်လာတာနေမယ်" ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကောလင်းမြို့သည် ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယခုအခါ စစ်ကောင်စီတပ်က ကျွန်းလှနှင့် ကန့်ဘလူမြို့ဘက်မှ မြေပြင်စစ်ကြောင်းထိုးလာခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်ဟု NUG အစိုးရ သတင်းထုတ်ပြန်ထားသည်။ ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက ကြိုးစားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#ကောလင်းမြို့
#ကန့်ဘလူမြို့
#စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤7🤣3🔥1👏1
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်
=====================

မောင်ခက်နွေ(မဇ္ဈိမ)
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန(MOD)က ယမန်နေ့ နိုဝင်ဘာလ ၂၈ရက်ညတွင် သတင်းထုတ်ပြန်သည်။

ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၂၁ရက်၊ နံနက် ၆နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၂၂) ရက်၊ ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြို့ကိုသိမ်းယူပြီး ခုနစ်ရက်အကြာမှ MOD က တရားဝင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ရန်သူ့တပ်သား ရှစ်ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ရွှေပြည်အေးမြို့ လတ်တလောအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက " " မြို့ထဲမှာ ဘာစစ်စခန်းမှမရှိ‌‌တော့ဘူး။ ကျနော်တို့ ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီကတော့ လေကြောင်းကနေ နေ့တိုင်း လာပစ်နေပါတယ်"ဟုယနေ့ နေ့လယ်တွင် ပြောသည်။

ရွှေပြည်အေးမြို့တွင် ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ ၃ရက်က တိုက်ပွဲ၌ စစ်ကောင်စီရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချတိုက်ခိုက်နိုင်ခဲ့သည်။

ကောလင်းမြို့နှင့် ခမ်းပတ်မြို့ကို နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာ ယခု ရွှေပြည်​အေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့ သုံး မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်ဟု MOD ၏ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - အေးချမ်း

#Mizzima
#ရွှေပြည်အေးမြို့
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူ
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2
​​မုန်း စစ်ကောင်စီစခန်းအားလုံး ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်၊ တိုက်ပွဲဆက်ပြင်းထန်
===============

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားနိုင်ပြီး ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

“မုန်းရဲ့အဓိက နေရာအားလုံးကို ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပါပြီ။ မုန်းကို ရှင်းလင်းရေးကတော့ ဆက်ပြီးတော့လုပ်နေပါတယ်"ဟု ရဲဘော်တင်ဦးက ယနေ့ ဒီဇင်ဘာ ၄ရက် နံနက်တွင် ပြောသည်။
မုန်းဒေသအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချရာ တပ်စခန်းများဖြစ်သော ခြေမြန်တပ်ရင်း ခမရ(၅၉၉)၊ ခမရ (၅၉၀)၊ မုန်းမြို့မ ရဲစခန်းနှင့် မုန်းသံတံတားစစ်ကောင်စီဂိတ်တို့ကို ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA) နှင့် တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်‌ကောင်စီစခန်းအချို့ကို ယင်းနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ အဓိကစခန်းများကို သိမ်းပိုက်ထား နိုင်ပြီဟု ရဲဘော်တင်ဦးကပြောသည်။

ယနေ့ နံနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသလို စစ်ကောင်စီတပ်ဘက်မှလည်း စစ်ကူများထပ်မံလာရောက်နေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

"မုန်းဘက်ကို အင်အားတွေထပ်ပို့တယ်လို့ သတင်းရပါတယ်။ ကျွန်တော်တို့လည်း မြေပြင်မှာလည်း သတင်းတွေရရှိထားတာတွေရှိပါတယ်။ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေများစွာပြုလုပ်နေကြောင်း သတင်းရရှိသည်။
ခြေမြန်တပ်ရင်း ခမရ (၅၉၉)အား ယမန်နေ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းပစ်ကူတိုက်ခိုက်မှု အကြိမ် ၃၀ကျော်ပြုလုပ်ခဲ့သည်​ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ယမန်နေ့ ဒီဇင်ဘာလ ၃ရက်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်းမြိုနယ်၌ တယ်လီဖုန်းလိုင်းများပြတ်တောက်နေ၍ ဒေသခံများအား ဆက်သွယ်၍မရသေးပေ။
မုန်းမြို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းပါဝင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နယ်မြေပိုင်းခြားသတ်မှတ်မှုအရ ကော်သူးလေအုပ်ချုပ်နယ်မြေလက်အောက်ရှိ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃) မူးမြို့နယ်ဖြစ်သည်။

စာတည်း - အေးချမ်း

#မုန်းမြို့
#စစ်ကောင်စီတပ်စခန်းများ
#ထိန်းချုပ်
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁4❤1
NUG ကာကွယ်ရေးဒုဝန်ကြီး ရေးအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် မြေပြင်ကွင်းဆင်းတွေ့ဆုံ 
==================

YT 

(မဇ္ဈိမ)။     ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ဒုတိယဝန်ကြီးနိုင်ကောင်းရွက်သည် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ် (YGF) ၊ Ye Defence Force (YDF) ၊ Mon State Revolutions Organization (MSRO) ၊ Ye Air Force (YAF) စသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်းဟု MODက ယနေ့ ဒီဇင်ဘာလ ၁၄ရင်နေ့လယ်တွင် သတင်းထုတ်ပြန်သည်။

ဝန်ကြီးတဦးက ယခုကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းများရှ်ိရာ မြေပြင်သို့ဆင်း၍ တွေ့ဆုံခြင်းသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား စိတ်ခွန်အားတက်ကြွစေကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတလနိုင်က မဇ္ဈိမကိုပြောသည်။

" ဒါ( တွေ့ဆုံမှု)က ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ကောင်းတဲ့ လက္ခဏာလို့ပြောလို့ရတယ်။ နောက်တခုက နှစ်နှစ်ကျော် သုံးနှစ်ကာလ နီးပါးထဲမှာ ရဲဘော်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ ခံစားရတာတွေ အများကြီးရှိတယ်။ ဒီလိုမျိုး ရဲဘော်တွေနဲ့ လာတွေ့တယ်၊ ရဲဘော်တွေကို အားပေးစကားတွေပြောတယ်ဆိုတော့ ရဲဘော်တွေအနေနဲ့လည်း စိတ်ဓါတ်တက်ကြွတယ်။ စိတ်ခွန်အားတွေ ဖြစ်စေတယ်" ဟုဗိုလ်ကြီးတလနိုင်ကပြောသည်။

၎င်းက ဆက်လက်၍ " ရှေ့လျှောက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးဖြစ်တယ်" ဟု ဆိုသည်။

မြေပြင်စစ်ဆင်ရေးကိစ္စများ၊PDFများ​၏ တပ် ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်​ (PRF) ၏ အရေးပါပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး မြေပြင်ရဲဘော်များကလည်း တော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်း ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်နှင့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း MOD က ထုတ်ပြန်ထားသည်။ 

တွေ့ဆုံပွဲတွင် ပြည်သူ့တော်လှန်ရေးအလံတော်ကို အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုများတွင် ကျဆုံးခဲ့ရသူများကို ဂုဏ်ပြုဦးညွှတ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် ယခု တွေ့ဆုံခဲ့သည့် တော်လှန်ရေးအင်အားစုများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မဟာမိတ်တပ်ပေါင်းစုများအနေဖြင့် ပေါင်းစည်းခဲ့သည့်အဖွဲ့များဖြစ်သည်။
 
မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် အသက် ၇၁ နှစ် အရွယ်နိုင်ကောင်းရွက်သည် 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ၁၆ရက်နေ့တွင် တာဝန်ယူခဲ့သည်။

ပုံအညွှန်း- NUG၊ MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက် ရေးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံပုံ (ဓါတ်ပုံ- MOD)

စာတည်း- အေးချမ်း

#NUG
#MODဒုတိယဝန်ကြီး
#ရေးမြို့နယ်
#တော်လှန်ရေးအဖွဲ့အစည်းများ
#တွေ့ဆုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1😁1
🌐 မင်းဘူးတွင် စစ်အုပ်စုထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ ၃ ဦး ဖမ်းဆီးရမိဟု NUG ထုတ်ပြန်

📰 Summary of the published web article: ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာန ဖမ်းဆီးရမိသည့် စစ်အုပ်စုတပ်သားများနှင့် သိမ်းဆည်းရမိသည့် လက်နက်များ။ မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်အုပ်စု၏ ထောက်ပို့စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး သုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက…
The post မင်းဘူးတွင် စစ်အုပ်စုထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ ၃ ဦး ဖမ်းဆီးရမိဟု NUG ထုတ်ပြန် appeared first on BUR.MIZZIMA.COM.

🔗 Find more details at the link below:
Open Web Article

မူရင်း: Mizzima News (Burmese)

#မြန်မာသတင်း #သတင်း #mizzima #MOD #NUG #ထောက်ပို့ကား #ပကဖ #မင်းဘူး #မဇ္ဈိမ #မိုင်းဆွဲတိုက်ခိုက်မှု #မြန်မာ့အရေးသတင်း
👍6