ပင်လောင်းနှင့် ဖယ်ခုံတွင် စစ်ကောင်စီတပ်စစ်ဆင်ရေးအတွင်း ပြည်သူ အနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံရဟု SHRF ထုတ်ပြန်
001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် (SHRF)က မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
SHRF၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၃ ဦးတွင် မိုးဗြဲမြို့နယ်တွင် ငါးဦး၊ ပင်လောင်းမြို့နယ်တွင် နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံမှု ဖြစ်စဥ်အပါအဝင် ၂၆ ဦးနှင့် ဖယ်ခုံမြို့နယ်တွင် နှစ်ဦး ပါဝင်သည်။
စစ်ကောင်စီတပ်က အရပ်သားဒေသများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး ရှစ်ဦးမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း SHRFက ထုတ်ပြန်ပြောဆိုသည်။
သေဆုံးသူများတွင် အသက် ၈၁ နှစ်အရွယ်မှ ၁၅ နှစ်အရွယ်အထိ ပါဝင်ပြီး ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာရှိ အသက် ၁၉ နှစ်နှင့် ၁၅ နှစ်အရွယ် ညီအစ်ကို နှစ်ဦးမှာလည်း ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဖေဖော်ဝါရီလကုန်ပိုင်းက ပင်လောင်းမြို့နယ် တောင်မဲတင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌ ပျောက်ဆုံးသွားသည့် ကျေးရွာသား လေးဦးရှိပြီး မတ်လအတွင်းက နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဥ်တွင်လည်း ကျန်ရှိသည့် သံဃာ သုံးပါး ပျောက်ဆုံးလျက်ရှိကြောင်း SHRFကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုနှစ်ဦးမှစတင်ပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်အဖွဲ့ (SHRF) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူပေါင်း ၇၆၆ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG ) လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
#ပင်လောင်းမြို့
#ဖယ်ခုံမြို့
#SHRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬7👍6❤1
ပင်လောင်းနှင့် ဖယ်ခုံတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ
====================
001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်ပြီးခဲ့သည့် ဖေဖော်ဝါရီလကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုဧပြီလတွင်လည်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကာ စစ်ရေးတင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဖယ်ခုံမြို့နယ် မြောက်စလုံးနှင့် တောင်စလုံးတို့တွင် တနေ့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)က ပြောသည်။
“လေးရက်နေ့မှာ မြောက်စလုံးမှာ မနက် ငါးနာရီကနေစပြီး တစ်နေကုန်နီးပါးဖြစ်တယ်။ တိုက်ပွဲပြင်းထန်တယ်။ စကစ ကနေ လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ၄ ရက်နေ့ ညကိုးနာရီခွဲမှာလည်း ထပ်မံပြီး တိုက်လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ၄ ရက်နေ့မှာ မြောက်စလုံးမှာဖြစ်ပြီးတော့ ၅ ရက်နေ့မှာ တောင်စလုံးမှာ စကစက လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဗုံးလာကြဲပစ်ခတ်တဲ့အခါ တောင်စလုံးမှာရှိတဲ့ နေအိမ်တွေထိခိုက်ပျက်စီးမှုတွေ များစွာ ပျက်စီးလောင်ကျွမ်းခဲ့တယ်”ဟု PNDF (KK)မြေပြင်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ထို့နောက် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် အခြေအနေ စောင့်ကြည့်နေသည့် အနေအထားပြန်ဖြစ်နေသော်လည်း ထိတွေ့တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ဒီရက်ပိုင်းက သတင်းတွေ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်မထွက်ဘူးဆိုပေမယ့် ရှမ်းပြည်ပဲပေါ့နော်။ ဖယ်ခုံနဲ့ အဲ့ဒီ တောင်စလုံးတို့ ဘာတို့ဆိုတာက ရှမ်းပြည်နယ်ဘက်မှာလည်း စစ်ရေးက ဘယ်အချိန်ဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အရမ်းတင်းမာနေတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။
ဒီမော့ဆိုဘက်မှာလည်း စစ်ရေးအတင်းမာဆုံး အခြေအနေဖြစ်နေတယ်” ဟု ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
၂၀၂၃ ခုနှစ် မတ်လ တစ်လတာကာလအတွင်း ကယားပြည်နယ်( ကရင်နီ )၊ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် ငါးခုဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDFက ဖော်ပြသည်။
ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ်အတွင်း တောင်မဲသင်း၊ လုံးပျဉ် ၊ ပင်ပုံ၊ နမ့်နိန်းကျေးရွာများ အပါအဝင် ရွာရှစ်ရွာခန့် စစ်ဘေးရှောင်နေရပြီး ပင်လောင်းမြို့နယ်မြောက်ဘက်ခြမ်းတွင် ရွာလေးရွာမှ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
“စစ်ရှောင်တွေက လောလောဆယ်က ဆန်၊ ဆီ၊ ဆေး၊ ဆားတွေက အလှူရှင်တွေက သိပ်မလာကြတော့လေ နောက်တစ်လလောက်ဆိုရင် ဆန် တစ်လစာလောက်ပဲ ရှိတော့တယ်။ အဝေးက အလှူရှင်တွေလည်း မလာကြတော့ ကျွန်တော်တို့ ဒေသခံတွေပဲ အလှူခံဖို့ အစည်းအဝေးခေါ်လိုက်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UN OCHA Myanmar က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ
#ပင်လောင်းမြို့နယ်
#ဖယ်ခုံမြို့နယ်

👍19❤1👎1🔥1🥰1
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကြောင့် ၂ ပတ်အတွင်း ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးဟု SHRFထုတ်ပြန်
======================
001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီကြောင့် နှစ်ပတ်အတွင်း အသက် ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်( SHRF )က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ အသက် ၂၅ နှစ်အရွယ်မှ အသက် ၆၀ အရွယ်အထိ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လ ပထမပတ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့အဓမ္မကျင့်မှုပြုလုပ်ခဲ့ကြောင်း SHRF က ပြောသည်။
သေဆုံးသူများထဲမှ မူဆယ်မြို့နယ်၊ ဆိုင်းခေါင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးအိုက်လောနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် မန်ဟိုင်းကျေးရွာအုပ်စု တီးမကျေးရွာ ကချင်နှစ်ခြင်းအသင်းတော်မှ တူးဂျာနှင့် ဘရန်အောင်တို့၏ ရုပ်အလောင်းများကို စစ်ကောင်စီက TNLA တပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ပြီး ၎င်းတို့၏ ဝါဒဖြန့် လူမှုကွန်ရက်များတွင် TNLAတပ်သားသုံးဦးကို အသေဖမ်းမိကြောင်း ဖော်ပြခဲ့သည်ဟု SHRFက ဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီ၏ ခမရ (၅၆၉) တပ်မှ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ်ရှိ ဆွန်လုံကျေးရွာသို့ ရောက်ရှိလာပြီး ညပိုင်းတွင် အဆိုပါ စစ်ကြောင်းမှ တပ်သားလေးဦးမှာ ကျေးရွာအတွင်းသို့ နှစ်ဦးစီအုပ်စုခွဲကာ ဝင်ရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကို မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း SHRFကဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးတွင် တစ်ဦးမှာ ကိုယ်ဝန်သုံးလရှိသည့် အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးမှာ ကလေးနှစ်ဦးရှိသည့် အသက် ၃၁နှစ်အရွယ် မိခင်တစ်ဦးဖြစ်ကြောင်း သိရသည်။
“သိရသလောက်ကတော့ အဲ့ဒီစစ်သားတွေကို ရွာရှေ့မှာ လူရှေ့မှာ ထိုးကြိတ်တာတွေရှိတယ်ပေါ့။ အဲ့လို ထိုးကြိတ်ပြီးနောက်ပိုင်း ဘာမှဆက်ပြီး မလုပ်ဘူး။ ထိုးကြိတ်ပြီးသူတို့ (စစ်ကောင်စီ စစ်ကြောင်းမှူးနှင့်အဖွဲ့)ပြန်ခေါ်သွားတယ်။ အဲ့တာကလွဲရင် ဘာမှအရေးယူမှုမရှိဘူးလို့သိရတယ်။ ကျွန်မတို့အနေနဲ့ ပြောချင်တာကတော့ တချိန်ကျရင် စစ်ကောင်စီရဲ့ ဒီရာဇဝတ်မှုတွေ ဒီလိုမျိုးရှမ်းပြည်ထဲမှာဖြစ်ဖြစ် စစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ကျွန်မတို့မှတ်တမ်းတင်ထားတယ်။ ဒီကာလတွေ လွန်မြောက်သွားရင် သေချာပေါက် စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ လူတွေကို အရေးယူနိုင်ဖို့ ကျွန်မတို့ကြိုးစားသွားပါ့မယ်”ဟု SHRF၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကပြောသည်။
စစ်ကောင်စီတပ်သားများမှာ အဆိုပါ ကျေးရွာမှ ပြန်လည်မထွက်ခွာမီ ရွာလူကြီးအား အဓမ္မပြုကျင့်မှုဖြစ်စဉ်ကို သတင်းမီဒီယာများထံပြောကြားပါက ရွာကိုလက်နက်ကြီးဖြင့် ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံရမှုအပါအဝင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုအချက်အလက်များကို ယုံကြည်စိတ်ချရသည့် ဒေသခံများထံက ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း SHRFမှ ယိင်းလျန်းဟန်က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ကျေးရွာများတွင် KIAနှင့်TNLAတပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ပြုလုပ်ခဲ့ကြောင်း SHRFက ဖော်ပြထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#SHRF
#စစ်ရာဇဝတ်မှု
ပုံအညွှန်း- စစ်ကောင်စီတပ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် နေရာများ (ဓာတ်ပုံ-SHRF)
---------------------

👍12🤬5🔥1😁1
#Rareearth mining increases near #China border, #SHRF warns of severe contamination
Read more: https://eng.mizzima.com/2025/06/23/23687

👍8