Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေဖြူမြို့တွင် စစ်ကောင်စီကားအား တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရဟု PDF ထုတ်ပြန်
ရေဖြူမြို့တွင် စစ်ကောင်စီကားအား တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရဟု PDF ထုတ်ပြန်MTOတနင်္သာရီတိုင်း၊ရေဖြူမြို့တွင် စစ်ကောင်စီ မော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သေနတ် လေးလက်နှင့် ခဲယမ်းများမျာသိမ်းဆည်းရရှိခဲ့ကြောင်း Yephyu People Defense Force (YPPDF)က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ဇူလိုင်လ ၂၂ ရက်နေ့ က ရေဖြူမြို့၊ ခလရ (၄၀၆)မှ ထွက်လာသည့် အဆိုပါ ကားကို ရေဖြူမြို့ပေါ် တနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YPPDF တာဝန်ရှိသူတဦးက ပြောသည်။၎င်းက “ ပတ်လည်မှာဂိတ်တွေ၊ တပ်ရင်းတွေနဲ့ဝိုင်းနေတာမျိုးဆိုတော့အသေးစိတ်အစီအစဉ်ချပြီး စွန့်စွန့်စားစားလုပ်ခဲ့ရတယ်။ ကားကိုပစ်ခတ်ရာမှာလည်းအရပ်သားကားနဲ့မှားမှာစိုးလို့ ရဲဘော်တွေကိုယ်တိုင်ပဲရှေ့ထိ တက်ပြီး ပစ်ခတ်ခဲ့တာမျိုးပါ” ဟုပြောသည်။တိုက်ခိုက်မှုအတွင်းအပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။ ” ဖြစ်စဉ်ဖြစ်ပွားပြီးမှ စကစတပ်သားငါးဦးပါတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။ တဦးကတော့ အပြန်အလှန်ပစ်ခတ်ရင်းထွက်ပြေးလွတ်မြောက်သွားတယ်။ ပစ်ခတ်နေစဉ်အတွင်းမှာလည်း အနီးနားက စကစတပ်စွဲရာနေရာတွေကနေ လက်နက်ကြီးပစ်ကူပစ်ပေးတာမျိုးရှိခဲ့ပါတယ်” ဟု YPPDF တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရရှိသေးပေ။ စစ်ကောင်စီတပ်ဖွဲ့ကားကို ထားခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းခဲ့ရာ MA3 လေးလက် ၊ ကျည်ဘောက် ၁၂ဘောက် ၊ ကျဉ်ဆံ ၄၀၀ တောင့် ၊ အီနာဂါ ခုနစ် လုံး ၊ လက်ပစ်ဗုံး လေးလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း YPPDF က ထုတ်ပြန်ထားသည်။YPPDFနှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ(၁)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိဟုဆိုသည်။ရေဖြူမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်းYPPDF ထုတ်ပြန်ချက်အရသိရသည်။စာတည်း -အေးချမ်း#ရေဖြူမြို့#တိုက်ခိုက်မှု#YPPDFVideo Link >> https://youtu.be/cnZxj4dImBU-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/mOvRSe0
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FcnZxj4dImBU&h=AT2LkAR5cTVrTMs-eSLG6iaGJ8149rhlw9nfoZ70icMOIhe6YLOCdTlQNRM8JxrnWUrh7Y22zJDvdWakqhNEhnvW6YzgML2lCpmrFDKBwQe1D_KdtGs8iy5AvV3CYd-F&s=1
❤16👍7🥴2