Bioscope Streaming 1.0
2.03K subscribers
152 photos
153 links
Download Telegram
50 First Dates (2004)

ဟာဝိုင်ယီမှာနေထိုင်တဲ့ တိရစ္ဆာန်ဆရာဝန် ဟင်နရီဟာ ချစ်စရာကောင်းတဲ့ မိန်းကလေး လူစီကို တွေ့ဆုံပြီး တကယ်ချစ်မိသွားပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကတော့ လူစီဟာ ယာဉ်မတော်တဆမှုတစ်ခုကြောင့်ထူးဆန်းတဲ့ မှတ်ဉာဏ်ရောဂါ ခံစားနေရသူပါ။ ညအိပ်လိုက်တိုင်း အဲ့ဒီနေ့ကအဖြစ်အပျက်တွေအားလုံးကို သူမ မေ့သွားပါတယ်။ဒါကြောင့် ဟင်နရီဟာ လူစီအတွက် နေ့တိုင်းမနက်တိုင်းမှာ "လူစိမ်းတစ်ယောက်" ပြန်ဖြစ်နေပါတယ်။ ဒီတော့ ဟင်နရီတစ်ယောက်၊ သူ့ကို နေ့တိုင်းမေ့နေတဲ့ မိန်းကလေးတစ်ယောက်ကို နေ့သစ်တိုင်းမှာ အစကနေပြန်ပြီး ချစ်လာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရပါတော့တယ်

Movie Link

https://t.me/bioscopecommunity/285

Join And Share 👆
❤1
Joy Ride (2001)

ကောလိပ်ကျောင်းသား Lewis ဟာ နွေရာသီ အားလပ်ရက်မှာ သူချစ်ရတဲ့ မိန်းကလေး Venna ကို ကားနဲ့ သွားကြိုပြီး အိမ်ပြန်ဖို့ ခရီးစတင်ခဲ့ပါတယ်။ လမ်းခုလတ်မှာ ထောင်ကလွတ်လာတဲ့ ဒုက္ခရှာတတ်သူ အစ်ကိုဖြစ်သူ Fuller ကို ဝင်ကြိုခဲ့ပြီးနောက်မှာတော့ ကားပေါ်ပါလာတဲ့ ရေဒီယိုကနေတစ်ဆင့် "Rusty Nail" ဆိုတဲ့ ကုန်ကားမောင်းသမားတစ်ယောက်ကို အမျိုးသမီး အသံနဲ့ နောက်ပြောင် ကျီစယ်ခဲ့ကြပါတော့တယ်။အပြစ်မဲ့တဲ့ နောက်ပြောင်မှုတစ်ခုကနေ စိတ္တဇရိုက်ဆိုးလှတဲ့ ကုန်ကားမောင်းသမားရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့ပြီး သူတို့နောက်ကို တောက်လျှောက် လိုက်လံ အညှိုးအတေးထား တိုက်ခိုက်ပါတော့တယ်

Movie Link

https://t.me/bioscopecommunity/286

Join And Share 👆
Joy Ride 2: Dead Ahead (2008)

မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေကြတဲ့ စေ့စပ်ထားသူ စုံတွဲ Melissa နဲ့ Bobby တို့ဟာ အစ်မဖြစ်သူ Kay၊ အပေါင်းအသင်း Nik တို့နဲ့အတူ Las Vegas မြို့ဆီ ကားမောင်းထွက်ခွာလာခဲ့ကြပါတယ်။ လမ်းခုလတ် သဲကန္တာရလမ်းမကြီးပေါ်မှာ သူတို့ရဲ့ ကားစက်ပျက်သွားခဲ့တာကြောင့် အနီးအနားရှိ စွန့်ပစ်ထားတဲ့ အိမ်တစ်အိမ်မှာ တွေ့ရတဲ့ ခရီးဆောင်ကားတစ်စီးကို ခွင့်ပြုချက်မရှိဘဲ ခဏယူမောင်းနှင်ခဲ့ကြပါတော့တယ်။ဒါပေမဲ့ အဲဒီကားဟာ စိတ္တဇရိုက်ဆိုးလှတဲ့ ကုန်ကားမောင်းသမားကြီး Rusty Nail ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေခဲ့ပါတယ်။ သူပိုင်တဲ့ ကားကို ယူသွားတာကြောင့် ဒေါသထွက်သွားတဲ့ Rusty Nail ဟာ လူငယ်လေးယောက်နောက်ကို လိုက်လံ အငြိုးအတေးထားပြီး ရက်စက်လှတဲ့ ညှင်းပန်းနှိပ်စက်မှုများ၊ ကစားပွဲများနဲ့ အသက်လုပြေးရအောင် ခြိမ်းခြောက် တိုက်ခိုက်ပုံတွေကြည့်ရှုရမှာပါ

Movie Link

https://t.me/bioscopecommunity/286

Join And Share 👆
Joy Ride 3: Road Kill (2014)

လမ်းဘေး ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ကနေဒါနိုင်ငံဆီ ဦးတည်မောင်းနှင်လာကြတဲ့ လမ်းဘေးပြိုင်ကားမောင်းသမား လူငယ်တစ်စုဟာ အချိန်တိုအတွင်း ရောက်ရှိဖို့အတွက် "Highway 17" ဆိုတဲ့ စွန့်ပစ်ထားတဲ့ လမ်းဟောင်းအတိုင်း ဖြတ်မောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ လမ်းမကြီးဟာ စိတ္တဇ ကုန်ကားမောင်းသမားကြီး Rusty Nail ရဲ့ နယ်မြေ ဖြစ်နေခဲ့ပါတော့တယ်။လမ်းခုလတ်မှာ အလျှော့မပေးဘဲ ကားချင်း ယှဉ်ပြိုင်မောင်းနှင်ခဲ့ကြတာကြောင့် ဒေါသထွက်သွားတဲ့ Rusty Nail ဟာ လူငယ်ပြိုင်ကားမောင်းသမားများကို တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ လိုက်လံ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပါတော့တယ်

Movie Link

https://t.me/bioscopecommunity/286

Join And Share 👆
Fall (2022)

အလွန်မြင့်မားတဲ့ တောင်တက်ခရီးစဉ်တစ်ခုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပူဆွေးဝမ်းနည်းမှုတွေနဲ့ သေကြောင်းကြံစည်ချင်သည်အထိ ဘဝပျက်နေတဲ့ ဘက်ကီကို သူမရဲ့ ရဲဘော်ရဲဘက်သူငယ်ချင်းမလေး ဟန်းနားက စိတ်ဓာတ်ခွန်အား ပြန်လည် မြှင့်တင်ပေးဖို့ ကြိုးစားခဲ့ပါတယ်အတိတ်က နာကျင်စရာ ဒဏ်ရာတွေကို ကျော်လွန်နိုင်ဖို့အတွက် သူတို့နှစ်ယောက်ဟာ တောအုပ်ကြီးထဲမှာ စွန့်ပစ်ထားတဲ့ အမြင့်ပေ ၂,၀၀၀ နီးပါးရှိတဲ့ စကားပြောရေဒီယိုတာဝါတိုင်ဟောင်းကြီးပေါ်ကို အတူတူ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့။တာဝါတိုင် ထိပ်ဆုံးကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပေမဲ့၊ ပြန်အဆင်းမှာတော့ ဆုတ်ယုတ်နေတဲ့ လှေကားဟောင်းကြီး ပြုတ်ကျသွားခဲ့တာကြောင့် ဘက်ကီနဲ့ ဟန်းနားတို့ဟာ မြေပြင်နဲ့ မိုင်ပေါင်းများစွာအကွာ၊ လေထုထဲက သေးငယ်တဲ့ စင်မြင့်လေးပေါ်မှာ အကူအညီမဲ့စွာ ပိတ်မိသွားခဲ့ရပါတော့တယ်။ဖုန်းလိုင်းမမိ၊ သောက်ရေနဲ့ အစားအစာလည်း ကင်းမဲ့နေတဲ့အပြင်၊ အပူချိန်လွန်ကဲမှုနဲ့ လင်းတကောင်တွေရဲ့ ခြိမ်းခြောက်မှုကြားမှာ အသက်ရှင်ကျန်ရစ်ဖို့အတွက်စွန့်စားရပါတော့တယ်

Movie Link

https://t.me/bioscopecommunity/279

Join And Share 👆
❤1
Fall 2: Deadpoint (2026)

ပထမကားမှာ သေဆုံးသွားခဲ့တဲ့ Shiloh ရဲ့ ညီမဖြစ်သူ Jax နဲ့ သူ့သူငယ်ချင်း Luce တို့ ထိုင်းနိုင်ငံက Mount Kwan တောင်ကို သွားရောက်ရာကနေ စတင်ပါတယ်။ သူတို့ဟာ လမ်းပြဖြစ်တဲ့ Tom နဲ့အတူ တောင်ကမ်းပါးယံက Devil's Elbow လို့ခေါ်တဲ့ ဟောင်းနွမ်းနေတဲ့ သစ်သားလမ်းလေးပေါ် လမ်းလျှောက်ဖို့ ကြိုးစားကြပါတယ်။ မထင်မှတ်ဘဲ ငလျင်လှုပ်ပြီး ကျောက်တုံးတွေ ပြိုကျလာတဲ့အခါ လမ်းလေး ပျက်စီးသွားပြီး သူတို့တွေ ပေထောင်ချီ မြင့်တဲ့ နေရာမှာ ပိတ်မိသွားပါတော့တယ်။ အရင်ကားလိုပဲ သူတို့ဆီမှာ ပါလာတဲ့ ပစ္စည်းအနည်းငယ်ကို သုံးပြီး ရာသီဥတုဒဏ်ရော၊ ကြောက်ရွံ့ထိတ်လန့်တာတွေကိုရော ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ

Movie Link

https://t.me/bioscopecommunity/279

Join And Share 👆
❤4
Les Misérables (2012)

၁၉ ရာစု ပြင်သစ်နိုင်ငံရဲ့ တော်လှန်ရေး ကာလကို နောက်ခံထားပြီး ပေါင်မုန့်တစ်တုံး ခိုးယူမှုနဲ့ ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရတဲ့ ဂျွန်ဗောဂျွန် ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထောင်က လွတ်လာပြီးနောက် နာမည်ပြောင်း ကောင်းမွန်စွာ နေထိုင်ရင်း မြို့တော်ဝန် ဖြစ်လာခဲ့ပေမဲ့ ဥပဒေကို တင်းကြပ်စွာ ကိုင်စွဲထားတဲ့ ရဲအရာရှိ ဂျာဗတ် ရဲ့ လိုက်လံ ဖမ်းဆီးမှုကို ဆက်တိုက် ရင်ဆိုင်ရပါတယ်။ ဂျွန်ဗောဂျွန်ဟာ ဒုက္ခရောက်နေတဲ့ အမျိုးသမီး ဖွန်တင်း ရဲ့ သမီးလေး ကော့ဆက် ကို စောင့်ရှောက်ဖို့ ကတိပေးခဲ့ပြီး ကြီးပြင်းလာအောင် မေတ္တာနဲ့ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်

Movie Link

https://t.me/bioscopecommunity/302

Join And Share 👆
Southbound (2015)

အမေရိကန် တောင်ပိုင်း ကန္တာရ အဝေးပြိုင် လမ်းမကြီးတစ်ခုပေါ်မှာ ဆက်နွယ်နေတဲ့ ထိတ်လန့်ဖွယ် ဇာတ်လမ်းတို ၅ ခုကို ပေါင်းစည်း ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်ကား ဖြစ်ပါတယ်။ အတိတ်က နာကျင်စရာ အမှားတွေနဲ့ မကောင်းဆိုးဝါးတွေဆီကနေ ထွက်ပြေးနေကြတဲ့ ခရီးသွားတွေ၊ လမ်းဘေးမှာ ကားပျက်ပြီး ဒုက္ခရောက်နေတဲ့ တေးဂီတအဖွဲ့ဝင် မိန်းကလေးတွေ၊ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို လိုက်ရှာနေတဲ့ အမျိုးသားတစ်ဦးနဲ့ ဓားပြတိုက်ဖို့ ကြံစည်နေတဲ့ မိသားစုတစ်စုတို့ဟာ လမ်းမကြီးပေါ်မှာ မမျှော်လင့်ထားတဲ့ ငရဲခန်းဆိုးတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ အောက်လမ်း ပယောဂတွေ၊ ဆန်းကြယ်လှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ သွေးပျက်စရာ ကံကြမ္မာတွေ ဝိုင်းရံနေတဲ့ အဆိုပါ လမ်းမကြီးပေါ်ကနေ သူတို့တစ်တွေ လွတ်မြောက်အောင် ဘယ်လို ရုန်းကန်ကြမလဲ

Movie Link

https://t.me/bioscopecommunity/302

Join And Share 👆
The Money Maker (2026)

ဒုတိယကမ္ဘာစစ်အပြီး ပိုလန်နိုင်ငံကနေ ပြင်သစ်ဆီကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံလာတဲ့ လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ Jan Bojarski ဟာ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာပညာရပ်နဲ့ အနုပညာမျက်စိရှိသူတစ်ဦး ဖြစ်ပါတယ်။သူဟာ ဘဝရပ်တည်ဖို့အတွက် သူ့ရဲ့အိမ်နောက်ဖေးက လျှို့ဝှက်ခန်းလေးထဲမှာ ပြင်သစ်ငွေစက္ကူ တွေကို တတ်ထားတဲ့ပညာသုံးပြီး စတင်အတုပြုလုပ်ပါတော့တယ်။ထူးခြားတာက Bojarski လုပ်တဲ့ ငွေစက္ကူအတုတွေဟာ သာမန်အတုတွေလို မဟုတ်ဘဲ လုံးဝကို စစ်ဆေးရခက်လောက်အောင် ပြီးပြည့်စုံလွန်းနေလို့ ပြင်သစ်ဗဟိုဘဏ် ကိုယ်တိုင်တောင် အစစ်လို့ ထင်မှတ်မှားပြီး အလိမ်ခံခဲ့ရပါတယ်။ သူဟာ ဒီလိုမျိုး ငွေတုတွေကို နှစ်ပေါင်း ၁၄ နှစ်ကျော်ကြာအောင် သန်းနဲ့ချီ ထုတ်လုပ်ခဲ့လို့ သူ့ရဲ့ အနုပညာဆန်လှတဲ့ လက်ရာကြောင့် "ငွေတုလောက၏ စီဇန်း " လို့တောင် အမည်ပြောင်ရခဲ့ပါတယ်။ဒါပေမဲ့ ဒီလိုပြီးပြည့်စုံတဲ့ ငွေတုတွေ စျေးကွက်ထဲ ရောက်လာတာကို ရိပ်မိသွားတဲ့ ဝါရင့်ရဲစုံထောက်မင်းကြီး Matteiကတော့ Bojarski နောက်ကို ခြေရာခံ လိုက်ပါတော့တယ်။Bojarski တစ်ယောက် ရဲတွေကိုဘယ်လိုမျိုး အကွက်ကျကျ ဉာဏ်ကစားမလဲ

Movie Link

https://t.me/bioscopecommunity/279

Join And Share 👆
One Of A Kind Romance (2026)

အလုပ်အကိုင် ရှာဖွေနေရာကနေ မထင်မှတ်ဘဲ ထိပ်တန်းမင်းသား ထက်မူအီ ရဲ့ မန်နေဂျာ ဖြစ်လာတဲ့ ဂုံယူအီး။ဂုံယူအီးဟာ ဘဝမှာ ရုန်းကန်နေရသူဖြစ်ပေမဲ့ အမြဲတမ်း တက်ကြွပြီး အကောင်းမြင်တတ်သူလေး ဖြစ်ပါတယ်။ထက်မူအီကတော့ အပြင်ပန်းမှာ ပြီးပြည့်စုံနေပေမဲ့ စိတ်ဒဏ်ရာရနေသူပေါ့။တကယ်တော့ တစ်ချိန်က သူ့ဘဝရဲ့ အခက်ခဲဆုံးအချိန်မှာ ယူအီးက သူ့အတွက် နားခိုရာလေး ဖြစ်နေခဲ့တာပါ။တစ်ဖက်မှာလည်း လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စားဖိုမှူး ဂန်ဟီးဆူနဲ့ ထက်မူအီကို ကြာမြင့်စွာကတည်းက သဘောကျခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဂျူဒါဟုန်းတို့လည်း ပါဝင်တာဖြစ်လို့သူတို့အားလုံးရဲ့ ဆက်ဆံရေးကြားမှာ ဘယ်လို စိတ်ဝင်စားစရာ အလှည့်အပြောင်းတွေ ဆက်ဖြစ်လာမလဲ

Series Link

https://t.me/homietvmyanmar/525

Join And Share 👆
The Wonderfools (2026)

၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့ ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်

Series Link

https://t.me/homietvmyanmar/527

Join And Share 👆
Zomvivor (2025)

ထိုင်းနိုင်ငံ မြို့ပြအတွင်း ဆန်းကြယ်တဲ့ မကောင်းဆိုးဝါး ဗိုင်းရပ်စ်တစ်မျိုး စတင် ကူးစက်ပြန့်ပွားလာပြီးနောက် လူတွေဟာ ဇွန်ဘီများအဖြစ် ပြောင်းလဲသွားကြတဲ့ သဲထိတ်ရင်ဖို ထိုင်းဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အနုပညာ တက္ကသိုလ်ကျောင်းဝင်းအတွင်း ပိတ်မိနေကြတဲ့ နန်း ၊ ဆန်း နဲ့ ကျောင်းသား ရောဂါလွတ် မြို့ပြလူငယ်တစ်စုဟာ အပြင်ဘက်က ဇွန်ဘီ ဘေးအန္တရာယ်ကနေ သက်သာရာရဖို့ ကျောင်းအဆောက်အအုံအတွင်း ပုန်းခိုရင်း အသက်ဘေးကနေ လွတ်မြောက်အောင် ကြိုးပမ်းကြရပါတယ်။ ၎င်းတို့ဟာ ရှင်သန်ကျန်ရစ်ဖို့ စည်းလုံးစွာ ကြိုးစားကြရင်း သူငယ်ချင်းများစွာကို ဆုံးရှုံးရခြင်း၊ သစ္စာဖောက်မှုများနဲ့ ရင်ဆိုင်ရုံမက ဗိုင်းရပ်စ် စတင်ဖြစ်ပွားရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ဆိုးများကိုပါ စုံစမ်းတွေ့ရှိသွားကြပါတယ်

Series Link

https://t.me/bioscopecommunity/276

Join And Share 👆
❤4