Bioscope Streaming 1.0
2.03K subscribers
152 photos
153 links
Download Telegram
Les Misérables (2012)

၁၉ ရာစု ပြင်သစ်နိုင်ငံရဲ့ တော်လှန်ရေး ကာလကို နောက်ခံထားပြီး ပေါင်မုန့်တစ်တုံး ခိုးယူမှုနဲ့ ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရတဲ့ ဂျွန်ဗောဂျွန် ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထောင်က လွတ်လာပြီးနောက် နာမည်ပြောင်း ကောင်းမွန်စွာ နေထိုင်ရင်း မြို့တော်ဝန် ဖြစ်လာခဲ့ပေမဲ့ ဥပဒေကို တင်းကြပ်စွာ ကိုင်စွဲထားတဲ့ ရဲအရာရှိ ဂျာဗတ် ရဲ့ လိုက်လံ ဖမ်းဆီးမှုကို ဆက်တိုက် ရင်ဆိုင်ရပါတယ်။ ဂျွန်ဗောဂျွန်ဟာ ဒုက္ခရောက်နေတဲ့ အမျိုးသမီး ဖွန်တင်း ရဲ့ သမီးလေး ကော့ဆက် ကို စောင့်ရှောက်ဖို့ ကတိပေးခဲ့ပြီး ကြီးပြင်းလာအောင် မေတ္တာနဲ့ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်

Movie Link

https://t.me/bioscopecommunity/302

Join And Share 👆
Southbound (2015)

အမေရိကန် တောင်ပိုင်း ကန္တာရ အဝေးပြိုင် လမ်းမကြီးတစ်ခုပေါ်မှာ ဆက်နွယ်နေတဲ့ ထိတ်လန့်ဖွယ် ဇာတ်လမ်းတို ၅ ခုကို ပေါင်းစည်း ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်ကား ဖြစ်ပါတယ်။ အတိတ်က နာကျင်စရာ အမှားတွေနဲ့ မကောင်းဆိုးဝါးတွေဆီကနေ ထွက်ပြေးနေကြတဲ့ ခရီးသွားတွေ၊ လမ်းဘေးမှာ ကားပျက်ပြီး ဒုက္ခရောက်နေတဲ့ တေးဂီတအဖွဲ့ဝင် မိန်းကလေးတွေ၊ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို လိုက်ရှာနေတဲ့ အမျိုးသားတစ်ဦးနဲ့ ဓားပြတိုက်ဖို့ ကြံစည်နေတဲ့ မိသားစုတစ်စုတို့ဟာ လမ်းမကြီးပေါ်မှာ မမျှော်လင့်ထားတဲ့ ငရဲခန်းဆိုးတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ အောက်လမ်း ပယောဂတွေ၊ ဆန်းကြယ်လှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ သွေးပျက်စရာ ကံကြမ္မာတွေ ဝိုင်းရံနေတဲ့ အဆိုပါ လမ်းမကြီးပေါ်ကနေ သူတို့တစ်တွေ လွတ်မြောက်အောင် ဘယ်လို ရုန်းကန်ကြမလဲ

Movie Link

https://t.me/bioscopecommunity/302

Join And Share 👆
The Money Maker (2026)

ဒုတိယကမ္ဘာစစ်အပြီး ပိုလန်နိုင်ငံကနေ ပြင်သစ်ဆီကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံလာတဲ့ လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ Jan Bojarski ဟာ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာပညာရပ်နဲ့ အနုပညာမျက်စိရှိသူတစ်ဦး ဖြစ်ပါတယ်။သူဟာ ဘဝရပ်တည်ဖို့အတွက် သူ့ရဲ့အိမ်နောက်ဖေးက လျှို့ဝှက်ခန်းလေးထဲမှာ ပြင်သစ်ငွေစက္ကူ တွေကို တတ်ထားတဲ့ပညာသုံးပြီး စတင်အတုပြုလုပ်ပါတော့တယ်။ထူးခြားတာက Bojarski လုပ်တဲ့ ငွေစက္ကူအတုတွေဟာ သာမန်အတုတွေလို မဟုတ်ဘဲ လုံးဝကို စစ်ဆေးရခက်လောက်အောင် ပြီးပြည့်စုံလွန်းနေလို့ ပြင်သစ်ဗဟိုဘဏ် ကိုယ်တိုင်တောင် အစစ်လို့ ထင်မှတ်မှားပြီး အလိမ်ခံခဲ့ရပါတယ်။ သူဟာ ဒီလိုမျိုး ငွေတုတွေကို နှစ်ပေါင်း ၁၄ နှစ်ကျော်ကြာအောင် သန်းနဲ့ချီ ထုတ်လုပ်ခဲ့လို့ သူ့ရဲ့ အနုပညာဆန်လှတဲ့ လက်ရာကြောင့် "ငွေတုလောက၏ စီဇန်း " လို့တောင် အမည်ပြောင်ရခဲ့ပါတယ်။ဒါပေမဲ့ ဒီလိုပြီးပြည့်စုံတဲ့ ငွေတုတွေ စျေးကွက်ထဲ ရောက်လာတာကို ရိပ်မိသွားတဲ့ ဝါရင့်ရဲစုံထောက်မင်းကြီး Matteiကတော့ Bojarski နောက်ကို ခြေရာခံ လိုက်ပါတော့တယ်။Bojarski တစ်ယောက် ရဲတွေကိုဘယ်လိုမျိုး အကွက်ကျကျ ဉာဏ်ကစားမလဲ

Movie Link

https://t.me/bioscopecommunity/279

Join And Share 👆
One Of A Kind Romance (2026)

အလုပ်အကိုင် ရှာဖွေနေရာကနေ မထင်မှတ်ဘဲ ထိပ်တန်းမင်းသား ထက်မူအီ ရဲ့ မန်နေဂျာ ဖြစ်လာတဲ့ ဂုံယူအီး။ဂုံယူအီးဟာ ဘဝမှာ ရုန်းကန်နေရသူဖြစ်ပေမဲ့ အမြဲတမ်း တက်ကြွပြီး အကောင်းမြင်တတ်သူလေး ဖြစ်ပါတယ်။ထက်မူအီကတော့ အပြင်ပန်းမှာ ပြီးပြည့်စုံနေပေမဲ့ စိတ်ဒဏ်ရာရနေသူပေါ့။တကယ်တော့ တစ်ချိန်က သူ့ဘဝရဲ့ အခက်ခဲဆုံးအချိန်မှာ ယူအီးက သူ့အတွက် နားခိုရာလေး ဖြစ်နေခဲ့တာပါ။တစ်ဖက်မှာလည်း လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စားဖိုမှူး ဂန်ဟီးဆူနဲ့ ထက်မူအီကို ကြာမြင့်စွာကတည်းက သဘောကျခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဂျူဒါဟုန်းတို့လည်း ပါဝင်တာဖြစ်လို့သူတို့အားလုံးရဲ့ ဆက်ဆံရေးကြားမှာ ဘယ်လို စိတ်ဝင်စားစရာ အလှည့်အပြောင်းတွေ ဆက်ဖြစ်လာမလဲ

Series Link

https://t.me/homietvmyanmar/525

Join And Share 👆
The Wonderfools (2026)

၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့ ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်

Series Link

https://t.me/homietvmyanmar/527

Join And Share 👆
Zomvivor (2025)

ထိုင်းနိုင်ငံ မြို့ပြအတွင်း ဆန်းကြယ်တဲ့ မကောင်းဆိုးဝါး ဗိုင်းရပ်စ်တစ်မျိုး စတင် ကူးစက်ပြန့်ပွားလာပြီးနောက် လူတွေဟာ ဇွန်ဘီများအဖြစ် ပြောင်းလဲသွားကြတဲ့ သဲထိတ်ရင်ဖို ထိုင်းဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အနုပညာ တက္ကသိုလ်ကျောင်းဝင်းအတွင်း ပိတ်မိနေကြတဲ့ နန်း ၊ ဆန်း နဲ့ ကျောင်းသား ရောဂါလွတ် မြို့ပြလူငယ်တစ်စုဟာ အပြင်ဘက်က ဇွန်ဘီ ဘေးအန္တရာယ်ကနေ သက်သာရာရဖို့ ကျောင်းအဆောက်အအုံအတွင်း ပုန်းခိုရင်း အသက်ဘေးကနေ လွတ်မြောက်အောင် ကြိုးပမ်းကြရပါတယ်။ ၎င်းတို့ဟာ ရှင်သန်ကျန်ရစ်ဖို့ စည်းလုံးစွာ ကြိုးစားကြရင်း သူငယ်ချင်းများစွာကို ဆုံးရှုံးရခြင်း၊ သစ္စာဖောက်မှုများနဲ့ ရင်ဆိုင်ရုံမက ဗိုင်းရပ်စ် စတင်ဖြစ်ပွားရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ဆိုးများကိုပါ စုံစမ်းတွေ့ရှိသွားကြပါတယ်

Series Link

https://t.me/bioscopecommunity/276

Join And Share 👆
❤4