ကနီမြို့မရဲစခန်းက စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
===============
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် ခလရ(၈၇)မှ တပ်သား ဖိုးလပြည့်( တ/၅×××၁၅) သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်း၌ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ဖြင့် ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF ထံမှ သိရခြင်း ဖြစ်သည်။
“ ကနီမြို့ပေါ် စခန်းကနေ စထွက်ထွက်ချင်း ရဲတွေနဲ့ ကျနော် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲကင်းစခန်းနားကို အီနာဂါ နှစ်လုံးပစ်ပြီး ကျနော် ထွက်ပြေးခဲ့တယ်။ ကျနော်ကို လိုက်ရှင်းတဲ့ စုပေါင်းစပ်ပေါင်း ၁၀ ယောက်နဲ့ နှစ်နာရီနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ တရက်ကျော်လောက် အစာရေစာ ငတ်ခံပြီးမှ ကနီနယ်ခံ တယောက်က ချိတ်ဆက်ပေးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ရောက်ရှိခဲ့တာ ဖြစ်တယ်” ဟု CDM တပ်သား
ဖိုးလပြည့်က မဇ္ဈိမကို ပြောသည်။
အဆိုပါ တပ်သားသည် MA2 တလက် ၊ ကျည်ဘောက် ငါးခု နှင့် ကျည် ၁၄၀ တို့ဖြင့် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) တပ်ဖွဲ့ကို ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့တာဖြစ်ကြောင်း KLG PDF ထံမှ သိရသည်။
စစ်သက် ရှစ်နှစ်တာအတွင်း အာဏာသိမ်းပြီးနောက် စစ်ဆင်ရေး ထွက်ခဲ့သည့် အခြေအနေများကို CDM တပ်သားက အခုလိုပြောပြပါသည်။
“ ကလေးမြို့ အင်အား ၁၀၀ ကျော်နဲ့ တပ်ထိုင်စဉ်က တာဟန်းဘက်မှာ PDF ထောက်ပို့ လုပ်နေသူတွေ ၊ PDF နဲ့ဆက်စပ်တယ် ထင်သူတွေကို ဒကစ မှူးရဲ့ အမိန့်နဲ့ သွားဖမ်းပြီး စစ်ဆေးတာတွေရှိတယ်။ ဒကစ က စစ်လို့မရတဲ့သူတွေကို တပ်ရင်းတွေ ဆီပို့တယ်။ ကျနော်သိရသလောက် ရိုက်စစ်ရင်း သေဆုံးသွားတဲ့ ပြည်သူ ခုနစ်ယောက်ရှိပါတယ်။
စစ်ဆင်ရေးကာလတွေမှာလည်း ရှမ်းနီနဲ့ ပေါင်းပြီး ဟုမ္မလင်းဘက်က ပင်ခုတ်ရွာက နေအိမ်မီးရှို့ခဲ့တာတွေ ရှိတယ်” ဟု CDM တပ်သား ဖိုးလပြည့်က ဆိုသည်။
အဆိုပါ CDM ပြုလုပ်လာသည့် တပ်သားကို KLG PDF မှ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၊ လက်ရှိကာလတွင် တိုက်ပွဲများဆက်တိုက် ဖော်ဆောင်နေရသည့်အတွက် ငွေကြေး အခက်အခဲ ရှိနေကြောင်း KLG PDF ထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကနီမြို့မရဲစခန်း
#KLGPDF
#CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19😁2
CDM ပြုလုပ်တဲ့ ဆင်ဦးစီးနဲ့ဆင်တွေ ဘယ်လိုကျော်ဖြတ်နေကြလဲ
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ...
https://www.youtube.com/watch?v=LvCsPQW5psE

YouTube
CDM ပြုလုပ်တဲ့ ဆင်ဦးစီးနဲ့ဆင်တွေ ဘယ်လိုကျော်ဖြတ်နေကြလဲ
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုမှာ ဆင်ဦးစီးနဲ့ မိသားစုဝင်တွေအပါအဝင် ဆင်တွေပါ ပါဝင်လာကြပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးအတွက် ဒီနေ့အချိန်အထိ တော်လှန်ရေးရဲ့တထောင့်တနေရာကနေ…

👍4
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်က CDMပြုလုပ်ထားသူများ
လွှမ်းမိုး (မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် အလောင်းတော်ကဿပ ...
https://www.youtube.com/watch?v=tbQEfs7078Y

လွှမ်းမိုး (မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဘေးမဲ့သစ်တောထဲက ဆင်ဦးစီးတွေ၊ ဆင်ထိန်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာကြပါတယ်။
ဆင်ဦးစီး ၃၃ ဦးဟာ ဆင်တွေကို ထိန်းကျောင်းရင်း CDM ပြုလုပ်နေတာဖြစ်ပြီး မ…

❤8👍3
https://www.youtube.com/watch?v=xUV7mCPjPbM
CDM တွေရဲ့ လူမူ ဘဝအခြေအနေ ဘယ်လိုရှိနေလဲ
CDM တွေရဲ့ လူမူ ဘဝအခြေအနေ ဘယ်လိုရှိနေလဲ
YouTube
CDM တွေရဲ့ လူမူ ဘဝအခြေအနေ ဘယ်လိုရှိနေလဲ
CDM တွေရဲ့ လူမူ ဘဝအခြေအနေ ဘယ်လိုရှိနေလဲ#CDM#နွေဦးတော်လှန်ရေး#ရေန...
👍15❤1
https://www.youtube.com/watch?v=cjiLfLvBMDE
“ တော်လှန်ရေး အာဏာပိုင်ဆိုတဲ့အမြင် ပြည်သူတွေမြင်မလာအောင်ကြိုးစားရမယ် ” လို့ CDM ကထိက ပြော

#ဆူးခင်းလမ်းကပန်းသတင်း#စည်းလုံးညီညွှတ်#CDM#reel#shorts-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူည...
👍9❤3
https://www.youtube.com/watch?v=DNmQiXh4X-A
“CDM နဲ့ နိုင်ငံရေးသမားတွေ ကြားထဲ LGBT ကို လက်ခံနိုင်ဖို့ အရမ်းအားနည်းနေတာကို တွေ့ရတယ်”

👍10
https://www.youtube.com/watch?v=PEumUVK92UI
မြန်မာရွေးကောက်ပွဲမှာ ကြိုတင်မဲက ဘယ်လိုမျိုးလဲ I Common Ground

Full Video link - https://youtu.be/QwRE5EQnt8Q#မြန်မာရွေးကောက်ပွဲ#ကြိုတင်မဲ#CDM#reel#shorts-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ...
👍8❤1
https://www.youtube.com/watch?v=xTjgUrPe-Yc
တော်လှန်လူငယ်တွေ စိတ်ပင်ပန်းမှုဒဏ် ဘယ်လိုဖြတ်ကျော်နေလဲ

တော်လှန်လူငယ်တွေ စိတ်ပင်ပန်းမှုဒဏ် ဘယ်လိုဖြတ်ကျော်နေလဲ#shorts#တော်လှန်ရေးလူငယ်#စိတ်ဓာတ်ခွန်အား#CDM#စစ်အာဏာရှင်တော်လှန်ရေး#မြန်မာ့နွေဦး-----------------------...
👍7🥰1
https://www.youtube.com/watch?v=wDly4Z7cLFU
“ နစ်နာသူတွေအတွက် တရားမျှတမှုရရှိရေး ရှုထောင့်ကနေ ရပ်တည်ရေး လုပ်ခဲ့ကြတယ်” ကိုနောင်ချို (ICCSO)

Full Video link - https://youtu.be/Lqp_Ub9Vu4A#ဒေါ်ကြည်ပြာ#ဆွေမျိုးကောင်းစားရေး#ICCSO#တရားမျှတမှု#CDM#reel #shorts-----------------------------------------လွ...
🥰5👍1
https://www.youtube.com/watch?v=v9wEJCnjrkw
စက်တင်ဘာလ ၂၅ ရက် ၊ ည ၇ နာရီ မဇ္ဈိမ သတင်းအစီအစဉ်

#7pmnews #themizzimaprimetime #CDM#စစ်မှုထမ်း#စစ်ရေယာဉ်သုံးစီး...
👍5🍌2❤1🥰1
https://www.youtube.com/watch?v=RYJA-v6sTCo
အောက်တိုဘာလ ၅ ရက် ၊ ည ၇ နာရီ မဇ္ဈိမ သတင်းအစီအစဉ်

#7pmnews #themizzimaprimetime #CDMဆရာမ#စစ်ကြောင်းထိုး#မြိုင်-...
👍5❤1