မင်းကင်းမြို့နယ် ကျော်ရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး ဟုဆို
.=====================
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ အနောက်တောင်ဘက် ၁၅ မိုင်ခန့် အကွာရှိ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ မတ်လ ၂၆ ရက် နံနက် ၈ နာရီ ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ခုနှစ်ဦး သေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ် KLG PDF ဗျူဟာမှူးက ပြောသည်။
”တိုက်ပွဲကတော့ နံနက် ၈ နာရီ လောက်က စဖြစ်တာ၊ တိုက်ပွဲ ကြာချိန်က တစ်နာရီ လောက်တော့ ရှိမယ်၊ လုပ်တာတော့ အပိုင် လုပ်ခဲ့ကြတာ၊ စစ်ကောင်စီ တပ်ဘက်က ခုနှစ်ဦး အသေ ရှိတယ်၊ ထိခိုက် ဒဏ်ရာ ရသူလည်း များမယ်၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေး ဘက်မှာတော့ အထိအခိုက် မရှိဘူး၊ လက်နက် အသေးတွေနဲ့ဘဲ ဝင်ပစ်ခဲ့ကြတာ” ဟု ၎င်းကဆိုသည်။
ယင်းတိုက်ပွဲကို KLG PDF(Kani)၊ ရွှေတြိဂံ PDF ၊ မင်းကင်း PDF တပ်ရင်း (၂) နှင့် ဒေသတွင်း မဟာမိတ် ကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း KLG PDF အနေဖြင့် ဆက်လက်တိုက်ပွဲ ဝင်နိုင်ရန် ကျည်ဆံ အရေးတကြီး လိုအပ်နေ သဖြင့် ကူညီပေး စေလိုကြောင်း ၎င်းက ဆက်ပြောသည်။
#Mizzima
#မင်းကင်းမြို့နယ်
#KLGPDF(Kani)
#မင်းကင်းPDF
#ကျော်ရွာ
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

👍2
မင်းကင်းမြို့နယ် ထုံးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရ၍ ၁၀ ဦးကျော်သေဆုံးဟုဆို
=====================
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၏တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ထုံးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပူးပေါင်းအဖွဲ့များက ယမန်နေ့ ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးကြောင်း KLG PDFထံမှ သိရသည်။
ယမန်နေ့နေ့လည်က စစ်ကောင်စီတပ်တွေကို ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခက်သည့် ထိတွေ့တိုက်ပွဲ မိနစ် ၃၀ကျော် ကြာခဲ့သည်ဟု ဆိုသည်။
"လားပို့ရွာမှာရှိတဲ့ ဆက်သွယ်ရေးတပ်စခန်းကို ရိက္ခာထောက်ပို့လုပ်ပြီးပြန်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကားလေးစီးကို ထုံးကြီးကျေးရွာအနီးမှာ မိုင်းသုံးလုံးစပြီး ထိထိမိမိခွဲလိုက်နိုင်တယ်။ ခွဲပြီးတာနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျနော်တို့ဘက်က တရစပ်ပစ်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးမှု ရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုအနည်းငယ်ရှိခဲ့တယ် ”ဟု KLG ရဲဘော်တစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲကို KLG PDF ၊ မင်းကင်းတပ်ရင်း (၂) ၊ ရွှေသမင်မုဆိုးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မှ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့သော်လည်း အသက်အန္တရာယ် စ်ိုးရိမ်စရာမရှိကြောင်း KLG ရဲဘော်တစ်ဦးက ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်များက ထုံးကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်ငါးလုံးကို မီးရှို့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
#Mizzima
#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့
#ထုံးကြီးကျေးရွာ
#KLGPDF
#မိုင်းဆွဲတိုက်ခိုက်
#မီးရှို့ဖျက်ဆီး

👍7
ကနီမြို့နယ် သင့်ဝင်ကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးဟုဆို
======================
စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ သင့်ဝင်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KLG PDF ရဲဘော်က မဇ္ဈိမကို ပြောသည်။
“ နံနက် ၁ဝ နာရီ လောက်မှာ ချောင်းမကျေးရွာကနေ သင့်ဝင်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း စထွက်လာပါတယ်၊ ချောင်းမကျေးရွာအထွက်မှာ တစ်ကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။ နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ၊ ဗိုလ်တွေနေထိုင်တဲ့နေရာကို အတိတကျ သတင်းရတာနဲ့ လက်နက်ကြီးငယ်တွေနဲ့ အချီကြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီတပ်သား ၁ဝ ဦး အထက်မှာ အသေဆုံး ရှိပါမယ်” ဟု KLG PDF ရဲဘော်က ဆိုသည်။
ယင်းတိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF )၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊ MPDF ၊ Dragon Brothers Task Force ၊ ကနီမြို့နယ် ပကဖ ၊ ချင်းတွင်းတော်လှန်ရေးတပ်နှင့် ကနီ-ယင်းမာပင် မဟာမိတ်များအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးဟုဆိုကာ စစ်ကြောင်းထိုးမှုများကြောင့် ကနီ မြို့နယ် ချောင်းမ၊ သင့်ဝင်၊ သမင်ခြံ၊ အောင်မင်္ဂလာ စသည့်ကျေးရွာများနေ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
https://youtu.be/9ktNoyB3Jzc
#Mizzima
#ကနီမြို့နယ်
#သင့်ဝင်ကျေးရွာ
#KLGPDF
#မြန်မာ့တော်ဝင်နဂါးတပ်တော်
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ကနီမြို့နယ် သင့်ဝင်ကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးဟုဆို
ကနီမြို့နယ် သင့်ဝင်ကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးဟုဆို
======================
စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ သင့်ဝင်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တို…

👍7❤2
ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
===================
လွှမ်းမိုး
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ပန်းစိုင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF ထံမှ သိရပါသည်။
အဆိုပါ တိုက်ပွဲသည် ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း KLG PDF သတင်း နှင့် ပြန်ကြားရေး တာဝန်ရှိသူ က ပြောသည်။
“ ရေကြောင်းစမ်းတဲ့ စက်လှေ ( Speed Boat)နဲ့ ရှေ့ကင်းပွိုင့် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အလစ်အငိုက် တိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန်ကတော့ တစ်နာရီခွဲလောက် ရှိမယ်ဗျ။ စစ်ကောင်စီတပ်သား လေးဦးသေဆုံးတယ် ၊ စစ်သား အလောင်းသုံးလောင်း တွေ့တယ်။ တစ်ဦးပဲ အသက်ရှင်လျက် လွတ်သွားတာဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ယင်းတိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ၊ ဆရာစံ PDF နှင့် DRPA တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
ယမန်နေ့တွင်လည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် KLG PDF ကို ချိတ်ဆက်၍ CDM ပြုလုပ်လာကြောင်း ၎င်းက မဇ္စျိမကို ပြောသည်။
https://youtu.be/qyCW5SVbf2A
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီစစ်ကြောင်း
#KLGPDF
#ကနီမြို့
#ချင်းတွင်းမြစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ပန်းစိုင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ဒေသခံပြည်သ…

👍9❤2😁2
“စကစထောက်ပို့သင်္ဘော သုံးစီးကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်နိုင်ခဲ့တယ်”
=====================
မဇ္စျိမ။ ။ ကျောက်လုံးကြီး KLG တပ်မဟာ ဦးဆောင်ဆရာတော်နှင့်တွေ့ဆုံးမေးမြန်းခြင်း။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည(၇)နာရီခန့်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊သပြေတောရွာအနီး ချင်းတွင်းမြစ်ထဲမှာ သောင်တင်နေတဲ့ စစ်ကောင်စီ ထောက်ပို့သင်္ဘောတစ်စီးကို ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ချိုမိုင်မိုင်အဖွဲ့၊မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း(၁)၊ ခရိုင်း ရင်း(၂)၊နှင့် ကနီ၊ယင်းမာပင်၊ဆားလင်းကြီးမဟာမိတ်ညီနောင်များ စတဲ့အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီသိမ်းပိုက်မှုမှာ စစ်ကောင်စီ တပ်သား(၂၀)နဲ့အထက် သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရ သူတွေဟာ သင်္ဘောတစ်စီးနဲ့ထွက်ပြေးလွက်မြောက်သွားခဲ့ပါတယ်။
စစ်ကောင်စီ သင်္ဘောပေါ်ကနေ ဒီဇယ်ဆီပေပါ သုံးထောင်ကျော်နဲ့ ဆန်၊ဆီ၊ဆားတွေအပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပြီး ခရိုင်ကွပ်ကဲရေးဆီမှာ အပ်နှံထားတယ်လို့ကျောက်လုံးကြီး KLG တပ်မဟာက ဒီကနေ့ ဖေဖော်ဝါရီလ (၁၀ )ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ထောက်ပို့သင်္ဘောက်ု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုအခြေအနေ၊ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မဇ္စျိမသတင်းထောက် ကိုလွှမ်းမိုးက ကျောက်လုံးကြီး KLG တပ်မဟာဦးဆောင်ဆရာတော်ကိုတွေ့ဆုံမေးမြန်းထားပါတယ်။
https://youtu.be/DWfokF5BucE
ရုပ်သံတည်းဖြတ် - KMN
#mizzima
#KLGPDF
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည(၇)နာရီခန့်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊သပြေတောရွာအနီး ချင်းတွင်းမြစ်ထဲမှာ…

👍18👏3😁3🔥2
ကနီမြို့မရဲစခန်းက စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
===============
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် ခလရ(၈၇)မှ တပ်သား ဖိုးလပြည့်( တ/၅×××၁၅) သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်း၌ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ဖြင့် ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF ထံမှ သိရခြင်း ဖြစ်သည်။
“ ကနီမြို့ပေါ် စခန်းကနေ စထွက်ထွက်ချင်း ရဲတွေနဲ့ ကျနော် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲကင်းစခန်းနားကို အီနာဂါ နှစ်လုံးပစ်ပြီး ကျနော် ထွက်ပြေးခဲ့တယ်။ ကျနော်ကို လိုက်ရှင်းတဲ့ စုပေါင်းစပ်ပေါင်း ၁၀ ယောက်နဲ့ နှစ်နာရီနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ တရက်ကျော်လောက် အစာရေစာ ငတ်ခံပြီးမှ ကနီနယ်ခံ တယောက်က ချိတ်ဆက်ပေးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ရောက်ရှိခဲ့တာ ဖြစ်တယ်” ဟု CDM တပ်သား
ဖိုးလပြည့်က မဇ္ဈိမကို ပြောသည်။
အဆိုပါ တပ်သားသည် MA2 တလက် ၊ ကျည်ဘောက် ငါးခု နှင့် ကျည် ၁၄၀ တို့ဖြင့် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) တပ်ဖွဲ့ကို ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့တာဖြစ်ကြောင်း KLG PDF ထံမှ သိရသည်။
စစ်သက် ရှစ်နှစ်တာအတွင်း အာဏာသိမ်းပြီးနောက် စစ်ဆင်ရေး ထွက်ခဲ့သည့် အခြေအနေများကို CDM တပ်သားက အခုလိုပြောပြပါသည်။
“ ကလေးမြို့ အင်အား ၁၀၀ ကျော်နဲ့ တပ်ထိုင်စဉ်က တာဟန်းဘက်မှာ PDF ထောက်ပို့ လုပ်နေသူတွေ ၊ PDF နဲ့ဆက်စပ်တယ် ထင်သူတွေကို ဒကစ မှူးရဲ့ အမိန့်နဲ့ သွားဖမ်းပြီး စစ်ဆေးတာတွေရှိတယ်။ ဒကစ က စစ်လို့မရတဲ့သူတွေကို တပ်ရင်းတွေ ဆီပို့တယ်။ ကျနော်သိရသလောက် ရိုက်စစ်ရင်း သေဆုံးသွားတဲ့ ပြည်သူ ခုနစ်ယောက်ရှိပါတယ်။
စစ်ဆင်ရေးကာလတွေမှာလည်း ရှမ်းနီနဲ့ ပေါင်းပြီး ဟုမ္မလင်းဘက်က ပင်ခုတ်ရွာက နေအိမ်မီးရှို့ခဲ့တာတွေ ရှိတယ်” ဟု CDM တပ်သား ဖိုးလပြည့်က ဆိုသည်။
အဆိုပါ CDM ပြုလုပ်လာသည့် တပ်သားကို KLG PDF မှ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၊ လက်ရှိကာလတွင် တိုက်ပွဲများဆက်တိုက် ဖော်ဆောင်နေရသည့်အတွက် ငွေကြေး အခက်အခဲ ရှိနေကြောင်း KLG PDF ထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကနီမြို့မရဲစခန်း
#KLGPDF
#CDM

👍19😁2