UEC ဒုညွှန်ချုပ်အား ရှင်းလင်းခဲ့သည့် YRF အဖွဲ့ဝင်များ ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန် မြေပြင်သပိတ်တော်လှန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းဌာနများနှင့် သတင်းစာများတွင် မေလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
ထိုထဲတွင် ဦးစိုင်းကျော်သူအား အမှန်တကယ် ပစ်ခတ်ရှင်းလင်းခဲ့သည့် For The Yangon မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင် သုံးဦးလည်းပါဝင်ပြီး စစ်ကောင်စီက ၎င်းတို့အား YRF အဖွဲ့ဝင်များဟုသာ ခေါင်းစဉ်တပ်၍ ထုတ်ပြန်သွားသည်ကို တွေ့ရသည်။
“For The Yangon ကရဲဘော် သုံးဦးဖမ်းဆီခံရတာဟုတ်ပါတယ်ဗျ။ စကစရဲ့ကြေညာချက်တွေမှာတော့ တွေ့ရာလူဖမ်းပြီး အမှုဆင်ထားတာမျိုးတွေပါ။ အဓိကက သူတို့ရဲ့ ဌာနအတွင်း ဖိအားတွေကို လိမ်ညာလှည့်ဖျားကောင်းရုံနဲ့ ပြည်သူတွေကို ဝါဒဖြန့်ကောင်းရုံသက်သက် ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်ပါပဲ ” ဟု For The Yangon အဖွဲ့တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။
ဖမ်းဆီးခံရသူများမှာ ဇင်မျိုးဦး(ခ) Flash (ခ) သားငယ် ၊ စိုးသူ (ခ) Red (ခ) ကောင်းဝေ ၊ မင်းဆက် (ခ) အောင်သူဟန် ၊ အာကာထက်ကျော် (ခ) အောင်သုခ ၊ ရဲကျော်ပိုင် (ခ) မောင်ကြီး ၊ ငြိမ်းမောင် (ခ) ငြိမ်းချမ်းအောင် ၊ ချစ်ကိုကို ၊ ကျော်လွင်ဦး ၊ ပန်းအေး (ခ) ကိုမျိုး နှင့်် လပြည့်အိမ် (ခ) ကိုရှိုင်း တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံရသူများနှင့်ဆက်လျဉ်း၍ Yangon Revolution Force (YRF) နှင့် For The Yangon အဖွဲ့တို့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက်က ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ကြောင်းကိုလည်း အတည်ပြုပြောကြားခြင်းမရှိပေ။
ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် YRF အဖွဲ့ဝင် ဆယ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးရမိထားသည့် ခေါင်းစဉ်အောက်တွင် For The Yangon အဖွဲ့ဝင်များပါဝင်နေခြင်းနှင့်ပတ်သက်၍ အဖွဲ့နှစ်ဖွဲ့၏ ပတ်သက်ဆက်နွယ်မှုကို မေးမြန်းရာ “ အဲ့ဒါကိုတော့ ပြောပြရခက်မယ်ဗျ။ သေချာတာကတော့ ရန်ကုန်အတွက် လုပ်နေကြတဲ့အဖွဲ့တွေပေါ့” ဟု For The Yangon အဖွဲ့တာဝန်ခံက ဆက်ပြောသည်။
ယခု ရက်ပိုင်းအတွင်း ရန်ကုန်၌ လူငယ် ၃၀ ဦးထက်မနည်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌက မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။ ထို့ပြင် ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ ဖမ်းဆီးရမိသည့်သတင်းများနှင့် အခြားသော ကိစ္စရပ်များတွင် အမှုဆင်ကာ စွပ်စွဲဖမ်းဆီးထားသည့် သတင်းများလည်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ယခုတွင်လည်း Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ဖမ်းဆီးရမိထားသည့်သတင်းနှင့်ပတ်သက်၍ YRF အဖွဲ့ခေါင်းဆောင်က “ကျနော်တိုအနေနဲ့တော့ မအံ့ဩတော့ပါဘူး။ စကစ အနေနဲ့ကလည်း ဖမ်းဆီးခံရတဲ့ ကေ့စ်တွေကို သူတိုအလုပ်လုပ်ပြချင်သယောင် ဇာတ်လမ်းဆင်ရေးသားနေကြတာတွေက အသားကျနေပါပြီ”ဟု မဇ္ဈိမ ကိုပြောသည်။
ဦးစိုင်းကျော်သူမှာ ဧပြီလ ၂၂ ရက်နေ့က For The Yangon အဖွဲ့၏ ရှင်းလင်းမှုဖြင့် သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများဟူ၍ အမျိုးသား ဆယ်ဦးကို YRF အဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးထားသည်။ ထို့အတူ မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် သာကေတမြို့နယ်ရှိ ကြယ်စင်လင်း စိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများဟုလည်း စွပ်စွဲကာ အမျိုးသား ရှစ်ဦးအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီအနေဖြင့် မေလ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#Yangon Revolution Force (YRF)
#ForTheYangon
#UECဒုညွှန်ချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍21😢4👏2😁1
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်
Misinformation_Buster #Fake_News #Old_Photo #Yangon #reels #shorts ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=chT84qKPcOI

YouTube
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်
#Misinformation_Buster #Fake_News #Old_Photo #Yangon #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…

👍4🍌1
Forwarded from Mizzima+ TV Channel
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်ZZ မဇ္ဈိမ ။ ။ ရန်ကုန်မှာ တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့သူကို ဖမ်းဆီးရမိခဲ့တဲ့ပုံတွေ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေပါတယ်။ "ဂျမဒါ မင်းဒင်" ဆိုတဲ့အကောင့်ကနေ မတ် ၁၁ ရက်နေ့က “ဟိုတနေ့ကလှည်းတန်းကတို့ဆေး ကောင်ပြန်လွတ်လာပါတယ်။ဒီမနက်ပဲ ၇ မိုင် မီးပွိုင့်က ဈေးရောင်းနေတဲ့ကလေးမလေးကို တို့ဆေးနဲ့ဖမ်းသွားပါတယ်။ ကံကောင်းတာက ၆မိုင်ခွဲအရောက်မှာကလေးမရဲ့ဦးလေးနဲ့တိုးပြီး ဟိုကောင်ထွက်ပြေးတာ အဲ့နားရပ်ကွက်ကအကိုတွေဝိုင်းဖမ်းလို့မိပါတယ်။” လို့ (မူရင်းအရေးအသားအတိုင်း) ဓာတ်ပုံ နှစ်ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့ပါတယ်။ ပုံထဲမှာတော့ လက်နောက်ပစ် ကြိုးချည်ထားပြီး လည်ပင်းကိုလည်း ကြိုးပတ်ထားတဲ့ သူတစ်ဦးကို ကားပေါ်မှာ ဆိုင်ကယ်တစီးနဲ့အတူ တွေ့ရတာပါ။ ဒီပို့ကို ပြန်လည်မျှဝေသူ ၁၈၀၀ ကျော်ရှိနေပါပြီ။ အခြားသော ဖေ့ဘုတ်အကောင့်တွေကနေလည်း ဒီပုံနဲ့ စာသားကို ပြန်လည်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတာတွေကြောင့် ဒီအကြောင်းအရာဟာ ယနေ့အထိ ပျံ့နှံ့နေတာတွေ ရှိနေပါတယ်။ မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေဟာ ဒီပို့စ်မှာပါဝင်တဲ့ပုံကို စစ်ဆေးကြည့်ခဲ့တဲ့အခါမှာ ၂၀၁၈ ခုနှစ်က ပုံအဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ၂၀၁၈ခုနှစ် မေလမှာ တောင်ကြီးမြို့နယ် ပေါမူရွာမှာ အိမ်တံခါးကို ဖျက်ပြီး ပစ္စည်းနဲ့ ကားခိုးယူတဲ့ သူခိုးကို ရွာသားတွေက ဝိုင်းဖမ်းမိပြီး ရဲလက်ထဲ အပ်လိုက်တဲ့ ဖြစ်စဉ်က တရားခံရဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီသတင်းကို သစ်ထူးလွင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားသလို themeltinpot4you ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာလဲ ဖော်ပြထားပါတယ်။ လင့် - https://ift.tt/U7o01Hu , https://ift.tt/0CYbA2y ဒါ့အပြင် အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တခုဖြစ်တဲ့ Boom Myanmar ကနေလည်း "တို့ဆေးသုံးပြီး ကလေးဖမ်းသူမိတယ်ဆိုတဲ့ သတင်းအမှား" ဆိုပြီး ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်းကို ဖော်ထုတ်ထားပါတယ်။ လင့် - https://ift.tt/p0FXVmJ ဒါ့ကြောင့် တို့ဆေးသုံးပြီးကလေးဖမ်းတဲ့ သူရဲ့ပုံဆိုတာ ၂၀၁၈ ခုနှစ်က တောင်ကြီးမြို့ကဖြစ်စဉ်မှာ အဖမ်းခံခဲ့ရတဲ့ တရားခံရဲ့ ပုံဖြစ်နေတာကြောင့် ဒီသတင်းဟာ အရင်ကပုံအဟောင်းကိုယူသုံးပြီးဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ တို့ဆေးကိစ္စဟာလဲ ပြည်သူလူထုကြားမှာ စိုးရိမ်စရာကိစ္စတစ်ခုလိုဖြစ်နေတာကို ဖေ့စ်ဘုတ်ပေါ်မှာ တကယ်ကြုံတွေ့ရသူတွေက ဖြန့်ဝေကြပေမယ့် ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဖမ်းထားတယ်လို့တော့ မတွေ့ရသေးပါဘူး။မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် " t.ly/AjFbz " သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ #Misinformation_Buster #Fake_News #Old_Photo#Yangonဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/N_M8qmWMU3A------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FN_M8qmWMU3A&h=AT36JHi1yXgfVVjaf1pmM0TQxWwoxmbImzX61t5yw4taBLZH9OyUwtcuw7fMloaiClSZEu7o-ut7m9cbr9CIvq39RiU9G_FRnsg5HrB3f72Q5Ct1SW99NsKkozTeUe2N&s=1

THIT HTOO LWIN (Daily News)
အိမ်တံခါးသော့ဖျက်ပြီး ပစ္စည်းနှင့်ကားခိုးသည့် သူခိုးကို ရွာသား များဖမ်းမိ
သစ်ထူးလွင်နေ့စဉ်သတင်း
👍10
#Yangon faces unhealthy #air #pollution; #doctors urge precautions
https://eng.mizzima.com/2025/01/29/18668

Suspect who set three people on fire in #Yangon’s #Dawbon Township remains at large:
https://eng.mizzima.com/2025/02/15/19215

👍6
Toxic Skies: High #Pollution Levels Plague #Yangon
Commuters make their way on a street through early morning fog and high levels of air pollution in Yangon on February 14, 2025. Photos by Sai Aung MAIN / AFP

👍3❤2
#Yangon PDF member dies in custody after arrest by another #PDF group in #Bago #Yoma: https://eng.mizzima.com/2025/03/01/19643
👍4
#Hepatitis A spreading rapidly in #Yangon, amid lack of awareness and #healthcare response: https://eng.mizzima.com/2025/03/01/19652
👍4
#Yangon’s #CID office attacked with remote-controlled #mine; police officer injured
https://eng.mizzima.com/2025/03/22/20343

❤3🥴1