မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်များ စစ်ဆေးမှု ပြုလုပ်
=======================
စစ်ကိုင်းတိုင်းရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဖြတ်သန်း သွားလာနေသူများကို ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်သည်။
နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များ ဖြစ်သည့် Yoma Figther (Yinmarbin PDF) နှင့် Spring Guerrilla Platoon (နွေဦးပြောက်ကျားတပ်စု) တို့ ယနေ့ မေလ ၈ ရက်နေ့တွင် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။
ဘန့်ဘွေးရွာမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က အရပ်သား ပြည်သူ တစ်ဦးကို ဈေးဝယ်ယူရန် စေလွှတ်လိုက်ကြောင်း စစ်ဆေး တွေ့ရှိခြင်းကြောင့် နောက်နောင် စခများ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၏ စေခိုင်းခြင်းကို လုံးဝ မလုပ်ပေးကြရန် သတိပေးကာ စစ်ဆေး မေးမြန်းပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ကြောင်း နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) က ဆိုသည်။
ပြည်သူများ စစ်ကောင်စီတပ်နှင့် ခပ်ဝေးဝေး နေကြရန်လည်း ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မေတ္တာ ရပ်ခံထားသည်။
နဂါးညီနောင် အထူးတပ်ဖွဲ့ (Dragon Brothers Task Force - DBTF) သည် မေလ ၆ ရက်နေ့မှ စတင်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများနှင့် မုံရွာ - ယာကြီး - ကလေး၀ လမ်းပိုင်းတွင် နယ်မြေ စိုးမိုးရေးနှင့် နယ်မြေ ရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ချင်းတွင်းမြစ်ရိုးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခွာလာသည့် ရေယာဉ်သုံးစီးပေါ်တွင် ကနီရှိ စစ်ကောင်စီတပ်ကို သွားရောက် ထောက်ပံ့မည့် ကုန်ပစ္စည်းများ သယ်ဆောင်လာကြောင်း တပ်တွင်း သတင်းပေး၏ သတင်းပေးချက်အရ ၎င်းတို့အဖွဲ့က သွားရောက် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့သည်။
#Mizzima
#မုံရွာ-ယာကြီး-ကလေးဝ
#နဂါးညီနောင် အထူးတပ်ဖွဲ့ (Dragon Brothers Task Force - DBTF)
#Yoma Figther (Yinmarbin PDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8
#Yangon PDF member dies in custody after arrest by another #PDF group in #Bago #Yoma: https://eng.mizzima.com/2025/03/01/19643
👍4