Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Dark Shadow UG တပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံမှုများရှိနေဟုဆို

ဂန္ဓမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Dark Shadow UG အဖွဲ့၏ အမည်ကိုအသုံးချကာ လိမ်လည်အလှူခံမှုများရှိကြောင်း ယင်းအဖွဲ့၏သတင်းပြန်ကြားရေးတာဝန်ခံ စီဂျီ က မဇ္ဈိမသို့ ပြောသည်။
“ Dark Shadow အဖွဲ့အနေနဲ့ အလှူခံတာမျိုးလည်းရှိသလို၊ ကျနော်တို့လက်အောက်က အဖွဲ့အစည်းဆို ပြီး လိမ်ညာအလှူခံတာမျိုးတွေရှိပါတယ်။ ကျနော်တို့အခုလက်ရှိ ဘယ်အဖွဲ့အစည်းနဲ့မှ မဟာမိတ်မဖွဲ့ သလို ချိတ်ဆက်ထားခြင်းလည်းမရှိပါဘူး ”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ တပ်ဖွဲ့အမည်ကိုအသုံးချကာ လိမ်လည်နေမှုများရှိနေသည်ကို အသိရဲဘော်ရဲဘက်များနှင့် ပြည်သူများထံမှတစ်ဆင့် ပြန်လည်သိရှိခဲ့ခြင်းဟု တာဝန်ခံစီဂျီက ပြောသည်။ ထိုသူများသည် Dark Shadow UG အတွက် အမြဲကူညီပေးနေသူများဖြစ်သောကြောင့် လိမ်လည်နေသောအဖွဲ့အစည်းမှာ Dark Shadow အဖွဲ့၏ လက်အောက်ခံအဖွဲ့ ဟုတ်၊ မဟုတ် အတည်ပြုရာမှ သိရှိရကြောင်းဆိုသည်။
“ကျွန်တော်တို့ကိုယ်တိုင်လည်း ဘယ်သူ့လက်အောက်မှမဝင်ပါဘူး။ ကျနော်တို့ရဲ လုပ်ဆောင်ချက်တိုင်း က စစ်အာဏာရှင်စနစ်ကျဆုံးဖို့ပါပဲ။ ဒီတော်လှန်ရေးပြီးရင် ကျွန်တော်တို့နဲ့ သက်ဆိုင်ရာအလုပ်တွေ ပြန် လုပ်မယ်။ ကျောင်းတတ်တဲ့သူက ကျောင်းပြန်တတ်မယ် ဒါပါပဲ။ ကျနော်တို့ Dark Shadow ကို အမြဲ ယုံယုံ ကြည်ကြည်နဲ့ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေရဲ့အင်အားနဲ့ပဲ သွားနေတာပါ ” ဟု သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
ထို့ကြောင့် တော်လှန်ရေးဗန်းပြ အလှူခံသည်သူများ နေရာတိုင်းတွင်ရှိသည့်အတွက် အထူးသတိထားစေ လိုပြီး ပြည်သူများအနေဖြင့် သေချာသည့်အဖွဲ့အစည်းကို စုံစမ်းပြီးမှ တိုက်ရိုက်ထောက်ပံ့ပေးစေလို ကြောင်းဆိုသည်။
Dark Shadow UG တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ တစ်နှစ်ကျော်ကာလအတွင်း စစ်ရေးတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် တွင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။
Dark Shadow UG အဖွဲ့အမည်ဖြင့် လိမ်လည်အလှူခံနေမှုများကိုတွေ့ရှိ၍ သတင်းပေးလိုပါက @CGDarkShadowYgnUG အမည်ရှိ တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေး ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#Dark_Shadow_UG
#တော်လှန်ရေး
#အလှူငွေ
#လိမ်လည်
👍7😁2
​​ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့အမည် အသုံးချကာ ထုတ်ပြန်ချက်အတုများ ထုတ်ပြန်နေ
=========================

ZZ
(မဇ္ဈိမ) ။ ။ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ် တစ်ခုထွက်ပေါ်နေပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်နေသည်။ ထိုပေ့ချ်နှင့် ထုတ်ပြန်ချက်များမှာ အတုသာ ဖြစ်သည်။

ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် အမည်တူပေ့ချ်မှ ဧပြီလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် စစ်ကောင်စီကကြီးမှူးကျင်းပသည့် သင်္ကြန်မဏ္ဍပ်များ၏ တစ်မိုင်ပတ်ချာလည်တွင် နေထိုင်ခြင်းမပြုရန် နှင့် ထိုနေရာမှပြည်သူများ အမြန်ဆုံးပြောင်းရွှေ့ကြရန် သတိပေးထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁၀၀ ကျော် ရှိနေသည်။

အဆိုပါထုတ်ပြန်ချက်ကိုပင် အသန်း (ICG) နှင့် The Fighter Media တယ်လီဂရမ် ချန်နယ်တို့တွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

မဇ္ဈိမအနေဖြင့် ယင်းထုတ်ပြန်ချက်နှင့် ပေ့ချ်ကို အချက်အလက်စစ်ဆေးခဲ့ရာ အတုများဖြစ်နေကြောင်း တွေ့ရသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dark Shadow အဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာနှင့် တယ်လီဂရမ် တို့တွင် “ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့ အစည်းနဲ့မှလည်း ချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ” ဟု ထုတ်ပြန်ချက်အတုသာဖြစ်ကြောင်း‌ ဖော်ပြ ထားသည်။

တယ်လီဂရမ်လင့် - https://t.me/DarkShadowYgnUG/22
ဖေ့ဘုတ်လင့် - t.ly/reNb
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ဘူးသီးကလည်း ပြည်သူများကို ခြိမ်းခြောက်ထားသည့် ထုတ် ပြန်ချက်ကို Dark Shadow မှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ဆိုထားသည်။

လင့် - t.ly/UwzvF
ထိုပေ့ချ်အတုသည် ၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် “မြန်မာ့သတင်း” အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ "Dark Shadow" ဟု အမည်ပြောင်းထားခြင်းဖြစ်သည်။ ထိုပေ့ချ်ကို ကြိုက်နှစ် သက်သူ ၂၀၀ ကျော်ရှိနေသည်။

အဆိုပါပေ့ချ်တွင် ထုတ်ပြန်ချက်သုံးစောင်ကို ဖြန့်ဝေထားသည်။ ထုတ်ပြန်ချက်ထဲမှ နှစ်စောင်မှာ အမှန် တကယ်လှုပ်ရှားသည့် Dark Shadow အဖွဲ့မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို ပြန်လည်ဖြန့်ဝေ ထားခြင်းဖြစ်သည်။ ကျန်တစ်စောင်မှာ ထုတ်ပြန်ချက် အတုဖြစ်သည်။

Dark Shadow အဖွဲ့၏ တရားဝင် စာမျက်နှာမှလည်း ထိုပေ့ချ်အတုဖြစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။ လင့် - t.ly/6IjQ

စာမျက်နှာအစစ် - https://bit.ly/41itZWZ
စာမျက်နှာအတု - https://bit.ly/43nvlRZ

ထို့ကြောင့် ရန်ကုန်ရှိမြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dark shadow အမည်အား အသုံးချ ကာ အမည်တူပေ့ချ်အတုရှိနေသည့်အပြင် ထိုပေ့ချ်မှထုတ်ပြန်သည့် ထုတ်ပြန်ချက်သည်လည်း အတုသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#PDF_Fake_Page
#Dark_Shadow
Dark Shadow (Ygn-UG)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤2😁1
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ အမည်ကို အသုံးချပြီး ပေ့ချ်အတုနဲ့ ထုတ်ပြန်ချက်အတုတွေ ထုတ်ပြန်နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6591291454239037/

#Misinformation_Buster #Reels #Fake_News #Shorts #Dark_Shadow #Yangon #Mizzima
👍8👎1😁1
မြေပြင်လိုအပ်ချက်များ ရှိနေ၍ မြို့ပြမစ်ရှင်များ ရပ်နားထားရဟု DSRB အဖွဲ့ပြော
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ခိုက်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် Dark Side Revolution Burma (DSRB) အဖွဲ့အနေဖြင့် မြေပြင်လိုအပ်ချက်များ မဖြည့်ဆည်းနိုင်မှုကြောင့် လတ်တလောတွင် ရပ်နားထားရသည့် မြို့ပြမစ်ရှင်များရှိကြောင်း DSRB တပ်ဖွဲ့ တာဝန်ခံ Seven က မဇ္ဈိမ ကို ပြောသည်။

"မြေပြင်လိုအပ်ချက်ဆိုတာတော့ Safe Houseတွေ၊ သိုလှောင်ရုံတွေ၊ မြေပြင်မှာ သွားလာလှုပ်ရှားဖို့စရိတ်တွေ၊ ပစ္စည်းခဲယမ်းဖြည့်တင်းဖို့၊ သယ်ဆောင်ဖို့စရိတ်၊ အရေးပေါ်အသုံးစရိတ်တွေကို ပြောတာပါ" ဟု ၎င်းကဆိုသည်။

မြို့ပြပြောက်ကျားအဖွဲ့များအတွက် မြေပြင်လှုပ်ရှားမှု စရိတ် ၊ လစဥ် အသုံးငွေနှင့် အရေးပေါ်ကုန်ကျစရိတ်များ ရှိပြီး အရေးပေါ်ဘတ်ဂျက်ငွေ မလုံလောက်၍ ဖမ်းဆီးခံရသည့် ဖြစ်စဥ်များ ယခုနောက်ပိုင်းတွင် အမြောက်အမြားဖြစ်ပေါ်နေကြောင်း သိရသည်။
"မြို့ပြမှာ ရန်သူကိုထိရောက်တဲ့ တုံ့ပြန်မှုတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ်တိုင် ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။ ကိုယ်လုပ်မယ့် စစ်ရေးပစ်မှတ်တွေပေါ်မူတည်ပြီး ဘတ်ဂျတ် က လိုအပ်ပါတယ်။ တောတွင်းဘက်ကိုပဲ ဘတ်ဂျက်တွေကသွားနေတော့ မြို့ပြက ငုတ်တုတ်ဖြစ်နေပါတယ်" ဟု DSRB တပ်ဖွဲ့ တာဝန်ခံ Seven က ပြောသည်။

ထို့ကြောင့် DSRB ၊ Myothit Dagon People Defense Force (MDPDF) နှင့် Justice Urban Guerilla Force (JUGF) အဖွဲ့တို့ ပူးပေါင်းကာ “ မြို့ပြပြောက်ကျား ၄၅ ရက် “ အမည်ရ ကမ်ပိန်းတစ်ခုကို မေလ ၂၆ ရက်မှစတင်ကာ ပြုလုပ်နေကြောင်းသိရသည်။
ထိုကမ်ပိန်းတွင် မဲအစောင်ရေ ၄၀၀ ရောင်းချရန် သတ်မှတ်ထားသော်လည်း ကမ်ပိန်း ရက် ၂၀ ကြာသည်အထိ မဲ၂၁ စောင်သာ ရောင်းချရသေး၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု နည်းပါးနေသးကြောင်း ကမ်ပိန်းပြုလုပ်သူများက ဆိုသည်။ မဲတစ်စောင်လျှင်် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး ဆုမဲများအဖြစ် ဘတ် ၆,၀၀၀ တန် ရွှေဆွဲကြိုးအပါအဝင် ပန်းချီကားများကို ပေးအပ်မည်ဖြစ်သည်။ မဲဝယ်လိုသူများသည် DSRB အဖွဲ့ ဖေ့ဘွတ်မှ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြို့ပြပြောက်ကျားများအနေဖြင့် အွန်လိုင်းပေါ်တွင် အလှူခံနေခြင်းမှာ ကျင့်ဝတ်စည်းမျဉ်းနှင့်မညီသော်လည်း လျို့ဝှက်စွာ လုပ်ဆောင်နေသည့်အဖွဲ့များအဖို့ မြို့ပြတွင် ရပ်တည်ရန်ခက်ခဲလာသည့်အတွက်ကြောင့် အလှူခံရခြင်းဖြစ်ကြောင်း DSRB တပ်ဖွဲ့ တာဝန်ခံ Seven က ပြောသည်။

Dark Side Revolution Burma အဖွဲ့အနေဖြင့် အာဏာသိမ်းကာလ အစ ၂၀၂၁ မှစတင်ကာ အရှေ့ပိုင်းခရိုင် ပကဖ အထူးတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်မှုများပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းရှိ တောင်ဥက္ကလာနှင့် မြောက်ဒဂုံနယ်မြေတွင် တိုက်ခိုက်မှုများပြုလုပ်ကာ အကြိမ် ၂၀ ထက်မနည်း မစ်ရှင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြို့ပြမစ်ရှင်များ
#Dark Side Revolution Burma
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😢3😁1