Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီဒေသက စစ်ဘေးရှောင်တွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများ
=========================

ဂျူချန်း (အင်တာဗျူး)

မဇ္ဈိမ ။ ။ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် HOPE- The Humanitarian Organization အဖွဲ့၏ ဒါရိုက်တာ ကိုစတီဗင်ကို ဆက်သွယ်မေးမြန်းထားသည်။

စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကြောင်းထိုးကာ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း အစရှိသည့် လုပ်ရပ်များ ပြုလုပ်နေသဖြင့် ကရင်နီပြည်နယ်တွင် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းနီးပါးရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRGက ဖော်ပြထားသည်။

https://youtu.be/uJVeVjUcuXw


#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#weeklyinterviews

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3😢3👎1
“မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို သေချာစနစ်တကျနဲ့ စီစစ်ပြီး ထောက်ပံ့သင့်တာတွေကို ထောက်ပံ့စေချင်တယ်။မောင်းပြန်သေနတ်တွေမထောက်ပံံ့ပေးနိုင်ရင်တောင် လက်နက်ခဲယမ်းလေးတွေ ကူညီပေးစေချင်ပါတယ်” Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲ (အင်တာဗျူး)
============================

မောင်ခက်နွေ (မဇ္ဈိမ) 

တော်လှန်ရေးကို စတင်ချိန်မှာ လူ ၇ ယောက်တည်းနဲ့ စတင် ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ယခုဆိုရင် တပ်ဖွဲ့ဝင်အင်းအား ရာနဲ့ချီရှိနေပါပြီ။ 

လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေးကလဲ ၂ နှစ်ကျော်နေသလို သူတို့ အဖွဲ့ရဲ့ အာဏာရှင်ကို တွန်းလှန်နေတာဟာလဲ တစ်နှစ်ကျော်သက်တမ်းရှိနေပါပြီ။ 

ဒီလို အချိန်ကာလ ကြာမြင့်လာတဲ့ အချိန်ထိ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေပါသလဲ၊ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Myingyan Black Tiger (MBT) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ Mizzima ရဲ့ weekly interview အစီအစဉ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။ 

https://youtu.be/7fWfDWb3PX8

တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ

#Weeklyinterviews
#MBT
#Mizzima
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1
"စစ်ကောင်စီ အကျပ်တည်းဖြစ်နေချိန် ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေး တိုက်ပွဲ အလံကို အမြင့်ဆုံးလွှင့်ထူကြဖို့ လိုအပ်" 
=================

မောင်ခက်နွေ

(မဇ္ဈိမ)။  ။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီ အကျပ်တည်း ဖြစ်နေချိန်မှာ ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေးတိုက်ပွဲအလံကို အမြင့်ဆုံး လွှင့်ထူကြဖို့ လိုအပ်တယ်လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မဇ္ဈိမရဲ့ Weekly Interview မှာ ပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ “ဖက်စစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ ဘဏ္ဍာတည်ဆောက်” ဆိုတဲ့ ဘဏ္ဍာရေးတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာတေဇာဆန်းကို မဇ္ဈိမ သတင်းထောက် မောင်ခက်နွေက ဆက်သွယ်မေးမြန်း ထားပါတယ်။ 

တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/ozrVXQY9UY0

#weeklyinterviews
#ဘဏ္ဍာရေးတိုက်ပွဲ
#Mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2❤1
"ကုလသမဂ္ဂဟာ ရိုဟင်ဂျာအရေးကို ပိုပြီး ကြိုးစား အားထုတ်စေချင်တယ်" ရိုသင်းသင်းလှိုင် (မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု) 
=================

မောင်ခက်နွေ
(မဇ္ဈိမ)။  ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။ 

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့ သဘောထား အစစ်အမှန်က ဘာတွေပါလဲ၊ ရိုဟင်ဂျာအရေး ကုလသမဂ္ဂက ကိုင်တွယ်နေတာ ထိရောက်ရဲ့လားဆိုတာကို မြန်မာမွတ်စလင်တော်လှန်ရေး အင်အားစုရဲ့ အဖွဲ့ဝင်ရေးရာတာဝန်ခံ တစ်ဦးလည်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မရိုသင်းသင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/2JJGagY_tN8?si=XmElXx2TIhlcRBkx

#weeklyinterviews
#mizzimatv
#rohingya
#ကုလသမဂ္ဂ 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
==================

မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ် လက်နက် တပ်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADRPA)ရဲ့ ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက် တိုးတက်လာပါသလဲ၊ LPDF တွေနဲ့ ‘ပကဖ’ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်း တိုက်ပွဲ၀င်နေတာ ဘယ်လို အခြေအနေရှိနေပြီလဲ ဆိုတာ ကိုလင်းနွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/tY7dj0q1K-E?si=r2SUZAdVfGlHefkk

#weeklyinterviews
#mizzimatv
#ADRPA
#အညာဒေသ
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2🥰1
"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး”
======================

"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး” ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း)

မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား အရေးကို မဖြေရှင်းဘူးဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ဘယ်လိုနည်းနဲ့မှ သွားလို့မရဘူးလို့ ဦးမြအေးကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်တဲ့ ဦးမြအေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/bHjPrVOIi0Q?si=oLgOGNi3DTC263D6

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🤮1
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်
=========================

"အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ကာ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်“ မဝေဝေလှိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)
အဖွဲ့အစည်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ အလေ့အထတွေ ပပျောက်အောင်လုပ်ဆောင်ပြီး ကျူးလွန်တဲ့ ပြစ်မှု ၊ ပြစ်ဒဏ်အရ အရေးယူ အပြစ်ပေးတာမျိုးတွေကို လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်က ပြောပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU ) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဖြစ်တဲ့ မဝေဝေလှိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

https://youtu.be/i8_x0c3vDnU?si=pilM1p-BhAYspXJd

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
#women
#BWU
#မြန်မာ့အမျိုးသမီးသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1🤮1
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်သွယ်မေးမြန်းချက်
======================

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

https://youtu.be/OKR79OINslU?si=Df_wJRGxBIko9Fvv

မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
#TNLA
#တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍6🔥2😁1
"ဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုက်ညီတဲ့အခင်းအကျင်းကိုဖန်တီးပြီးမှရွေးကောက်ပွဲလုပ်လို့ရလိမ့်မယ်”
ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း) မြန်မာနိုင်ငံဟာ ဖက်ဒရယ် ...
https://www.youtube.com/watch?v=sHIyWepV6i8
👍14