Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကြို့ပင်ကောက်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ၁ ဦးကိုပစ်သတ်
==================

ရွှေနွယ်

(မဇ္ဈိမ) ။  ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ငါးဦးကိုဖမ်းဆီးကာ တစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။

ကြို့ပင်ကောက်မြို့နယ်အထွက်ရှိ စိုင်းဂေါင်းကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ပြည်သူလေး ဦးအားဖမ်းဆီးကာ ယင်းနေ့ညနေပိုင်း၌ပင် ကိုငယ်လေးဆိုသူအား ကြို့ပင်ကောက်မြို့ပေါ်တွင် ထပ်မံလာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

" ဖမ်းတာက PDF တွေလို့စွပ်စွဲပြီး ဖမ်းသွားတယ်လို့သိရပါတယ်။ ကိုကတုံးက ထွက်ပြေးလို့ဆိုပြီး ပစ်သတ် လိုက်တာပါ။ ကျန်တဲ့သူတွေကိုတော့ ရိုက်နှက်ခေါ်သွားတယ်။ ဆက်ပြီးလည်း ကြို့ပင်ကောက်မှာ ဖမ်းနေတုန်းပဲ” ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှ ပြောသည်။

သို့သော် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း အကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဓာတ်ပုံမှတ်တမ်း ကဲ့သို့သော သီးခြားအတည်ပြချက် ရယူနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသူများမှာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာနေ အသက် ၁၈ နှစ်အရွယ် မသက်သက်ဦးနှင့် ကိုမြမင်းထက်တို့ ဇနီးမောင်နှံ၊ ကြို့ပင်ကောက်မြို့ ပန်းတင်လမ်းနေ ကိုမောင်မင်းနှင့် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သူ ကိုကတုံးတို့ဖြစ်သည်။

အဆိုပါ ငါးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲကာဖမ်းဆီးသွားခြင်းဖြစ်၍ သာယာဝတီခရိုင် သတင်းပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် သတင်းမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

" လက်ရှိမှာ အုတ်ဖိုဘက်ကိုလည်း စစ်ကြောင်းတက်နေတယ်ကြားတယ်ဗျ။ သေချာတော့မသိဘူး။ တိုက်ပွဲက ပေါင်းတည်ဘက်မှာရော အုတ်ဖိုဘက်မှာရော ဒီလထဲဖြစ်နေတော့ သူတို့ဘက်က ပိုစစ်နေတဲ့သဘော ဖြစ်မယ်ဗျ ” ဟု ကြို့ပင်ကောက်ဒေသခံမှ ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မေလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးခံရသူ ၂၂,၂၀၃ ဦးရှိပြီး၊ ကျဆုံးခဲ့ရသော ပြည်သူစုစုပေါင်းမှာ ၃,၄၉၀ ဦးရှိပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

#ကြို့ပင်ကောက်
#ဖမ်းဆီး
#ဒေသခံ
#PDF

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3😁2
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာနဲ့တစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၇၁ သန်းကျော်ရှိခဲ့

#internationalnews #reels #shorts
🤬4🔥2👍1
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
😢8😁2👍1🤬1
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
=====================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာနှင့် ဖလံချိုင်ရွာတို့ကို စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(၃၆၁)နှင့် (၃၆၈) မှ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့နယ် သိုးဘိုးရွာမှ မေလ ၁၀ရက်နေ့တွင် ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်၊ သရက်ခေါင်ရွာတွင် တစ်ညအိပ်တပ်စွဲထားပြီး မေလ ၁၁ရက် နံနက် ၆နာရီအချိန်တွင် သရက်ခေါင်ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဆိုသည်။

သရက်ခေါင်းရွာသည် ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ကာ လူနေအိမ် ငါးလုံးနှင့် စာသင်ဆောင်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ဧပြီ ၂၉ ရက်နေ့က ပထမအကြိမ် မီးရှို့ခံရမှုတွင် စာသင်ဆောင် တစ်လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဖလံချိုင်ရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး မေလ ၁၁ရက်နံနက် ၈နာရီ ၁၅မိနစ်ခန့်တွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်မှ ဖလံချိုင်ရွာ မီးတင်ရှို့မှုကြောင့် ဒေသခံလူနေအိမ် မည်မျှမီးလောင်သွားသည်ကို အတည်မပြုနိုင်သေးပေ။
ထိုကဲ့သို့ရွာစဉ်အလိုက် မီးရှို့နေသော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း (၃၆၁) စစ်ကြောင်းသည် မေလ ၁၂ရက် နံနက် ၇နာရီ ၂၀မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းရွာအနီးသို့ ရောက်ရှိနေကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၇ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာရှိ လူနေအိမ် ၈၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁ ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ထောက်ရှာအိုင်ရွာသား ၁၁ဦးနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကန့်ဘလူခရိုင်အတွင်းရှိ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဧပြီလကုန်မှစ၍ ယနေ့အချိန်ထိ မနားတမ်းလှည့်ပတ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း တချို့တိုက်နယ်များတွင် စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားလျှင် ရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများရှိသကဲ့သို့ တချို့ပြည်သူများမှာ ကျေးရွာတွင်းသို့ ပြန်မဝင်ကြတော့ဘဲ နီးစပ်ရာတောများတွင် တဲထိုးနေထိုင်ကြရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေး၊ မီးဘေးအန္တရာယ်တင်မကဘဲ မြွေဆိုးအန္တရာယ်ပါ ရင်ဆိုင်နေကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူမြို့နယ်
#ကျေးရွာ
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😁2👍1
မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြား
==================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ဘူးလို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှားသမ္မတက ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို က ပြောသွားပါတယ်။

https://youtu.be/Q6-8zotiVCs

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥2
​​ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းလူမျိုးများအကြား အမုန်းတရားများ မဖြစ်စေရေး ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံရေးပါတီများကို တောင်းဆို
======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများ၏ စုဝေးလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲနှင့်ချိတ်ဆက်စွပ်စွဲမှုရှိနေသည့်အပေါ် တာဝန်ခံနိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများကို ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်(Migrant Working Group)က မေလ ၉ရက်နေ့က တောင်းဆိုထားသည်။

မေလ ၁ရက်နေ့ (အလုပ်သမားနေ့)က ထိုင်းလုပ်အားအလုပ်သမားခေါင်းဆောင်အဖွဲ့၊ ကယ်ရီအလုပ်သမားအဖွဲ့၊ ဆေးကုသရေးအသင်း၊ ဖန်တီးမှုအလုပ်သမားအဖွဲ့နှင့် ရွှေ့ပြောင်းလုပ်သားအဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ Ratchaprasongလမ်းဆုံမှ Pathumwan လမ်းဆုံးအထိ လူစုဝေးပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သည့် အရေးများဖြစ်သည့် လူမှုဖူလုံရေး၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်၊ စာရွက်စာတမ်းပြဿနာများ စသည့်တို့အပါအဝင် အချက်လေးချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ရွှေ့ပြောင်းအလုပ်သမား စုဝေးပြီးနောက်တွင် ထိုင်းနိုင်ငံရှိသတင်းမီဒီယာတစ်ခုမှ ထိုင်းအလုပ်သမားများအဖွဲ့မှာ ဘုရင်၊ နန်းတွင်း စနစ်ပပျောက်ရေးဆိုင်းဘုတ် ကိုင်ဆောင်ထားသည်ကို ရွှေ့ပြောင်းလုပ်သမားများမှ ကိုင်ဆောင်ခဲ့ကြောင်း မဟုတ်မမှန်ဖော်ပြခဲ့သည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့သည် ထိုင်းရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံကြောင်းလည်း ထည့်သွင်းစွပ်စွဲရေးသားခဲ့ကြောင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့သို့ဖော်ပြပြီးနောက် ထိုင်းခေတ္တအလုပ်သမားရေးဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် “ရွေ့ပြောင်းအလုပ်သမားများပုဒ်မ ၁၁၃ကိုဖောက်ဖျက်သောကြောင့် အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းမယ်” ဟု ရေးသားဖော်ပြခဲ့သည်။

မေလ ၃ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ နယ်အသီးသီးဆိုင်ရာဝန်ကြီးများထံ ရွေ့ပြောင်းအလုပ်သမားများ အဖွဲ့သည် ဘုရင်နန်းတွင်းစနစ်ကို ထိခိုက်စေသည့်အပြုအမူများ လုပ်ဆောင်ခဲ့ကြောင်း တိုင်စာထုတ်ပြန်ခဲ့သည်။

အဆိုပါစွပ်စွဲမှုများဖြင့်တိုင်ကြားမှုအပေါ်တွင် ထိုင်းအစိုးရမှ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အစိုးရအဖွဲ့အစည်းအေဂျင်စီများကို အသုံးပြု၍ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့နှင့်အလုပ်ရှင်အမည်ကို ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းအမှားများပေါ်မူတည်ပြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံအတွင်း မတည်ငြိမ်မှုကိုဖြစ်စေသည်ဟု အဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ ခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများသည် ခွဲခြားဆက်ဆံခြင်းအမုန်းတရားများဖန်တီးမှုမရှိဘဲ နှစ်ဖက်လုံးမှထင်မြင်ယူဆချက်များကိုအခြေခံပြီး သတင်းအချက်အလက်များတင်ဆက်ပေးခြင်းများကို လုပ်ဆောင်သည်ဟု အဖွဲ့ကထောက်ပြသည်။

နိုင်ငံရေးပြဿနာများနှင့် တိုးတက်ရေးအတွက် မူဝါဒများသတ်မှတ်သည့်နေရာတွင် အလုပ်သများအဖွဲ့အသီးသီးကို ပါဝင်ခွင့်ပြုလျှင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းဆီကို ဦးတည်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေ့ပြောင်းလုပ်သားများ
#ထိုင်းလူမျိုး
#ဒီမိုကရေစီ
#လူ့အဖွဲ့အစည်း
Photo- AFP(ထိုင်းရှိရွှေ့ပြောင်းလုပ်သားအချို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
​​သရက်ချောင်းမြို့တွင် မင်္ဂလာဆောင်ရန်စီစဉ်နေသူကို ဖမ်းဆီးငွေညှစ်ပြီး နေအိမ်ရှေ့တွင်ပစ်သတ် 
==================

ကိုရွှေမြိတ် (မဲဆောက်) 

(မဇ္ဈိမ) ။  ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနေ ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးေငွညှစ်ပြီး နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သတင်းပေးပို့သည်။

မင်္ဂလာဆောင်ရန်စီစဉ်နေသူ ညောင်ဇင်ရွာသား ကိုတင်ရှိန်ဆိုသူသည် ၎င်း၏မင်္ဂလာပွဲအတွက် ဇနီးလောင်းနှင့်အတူ ဓာတ်ပုံရိုက်ရန်မြို့ပေါ်သို့အသွား မေလ ၁၀ ရက်နေ့တွင် ရွာလမ်းမလမ်းတစ်နေရာ၌ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

၎င်း၏ဖုန်းအတွင်းမှ အချက်အလက်အချို့ကို စစ်ဆေးတွေ့ရှိကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကာ မေလ ၁၁ ရက်၊ ညနေပိုင်း၌ နေအိမ်သို့ပြန်လည်ပို့ဆောင်အပြီး အိမ်ရှေ့၌ပင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဟု ဒေသခံကပြောသည်။

“ စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်တယ်လို့ သိရတယ်။ သိန်း ၅၀ တောင်းတယ်။ အဲ့ဒါ အိမ်ကို ပြန်ပို့ပေးပြီး နေအိမ်အရှေ့ အရောက်မှာ စစ်တပ်က သေနတ်နဲ့ ပစ်သတ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သရက်ချောင်းမြို့ခံတစ်ဦးက ပြောသည်။

ထိုအတူ ယင်းနေ့၌ပင် အခြားရွာခံ အမျိုးသား/သမီး အယောက် ၅၀ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ဇင်ရွာအတွင်းသို့ မြေသည်ကားတစ်စီးနှင့် အိမ်စီးကားအပါဝင် ကား နှစ်စီးဖြင့် ရောက်ရှိလာကြောင်း ဆိုသည်။

“ ဖမ်းခံရတဲ့ ဒေသခံ အယောက် ၅၀ ဦးက ပြန်မလွတ်လာသေးဘူးလို့တော့ ကြားတယ်။ အဲ့ထဲမှာ လူငယ် အမျိုးသားတွေ ဖမ်းဆီးခံရချိန်မှာ ပြင်းထန် ရိုက်နှက်ခံထားရတယ်” ဟု အခြားညောင်ဇင်ရွာခံ တစ်ဦးကလည်း ပြောပြသည်။

သရက်ချောင်းမြို့နယ်အတွင်း လတ်တလောတိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံ ၁၀၀ ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးကာ ပြန်လည်လွတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မင်္ဂလာဆောင်
#ညောင်ဇင်ကျေးရွာ
#သရက်ချောင်း
#သေဆုံး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6😁2
မေလ (၁၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

- မန္တလေးတိုင်း NLD ဒု ဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာတဲ့ သတင်း

- အာဏာသိမ်းစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆိုတဲ့ သတင်း

- ယင်းမာပင်မှာ ဒေသခံကလေးငယ်နှစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ အကြောင်းနဲ့
 
- ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာနဲ့တစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၇၁ သန်းကျော်ရှိခဲ့သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/pxO2NdsrNT0

#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3
This media is not supported in your browser
VIEW IN TELEGRAM
မိုခါမုန်တိုင်းက လူပေါင်း ၂ သန်းကျော်ကို သက်ရောက်မှုများရှိလာနိုင်ဖွယ်ရှိနေ

#BusinessRoundUp #MizzimaTV # မိုခါမုန်တိုင်း #video #short #reels
🔥5😢1
Business Round Up (12 May 2023)
============

- မိုခါမုန်တိုင်းက လူပေါင်း ၂ သန်းကျော်ကို သက်ရောက်မှုများရှိလာနိုင်ဖွယ်ရှိနေ

- KNU နယ်မြေအတွင်း စစ်ရှောင်ပြည်သူ ၄ သိန်းကျော်အတွက် အကူအညီတွေလိုအပ်နေ

- ကျိုင်းတုံလေဆိပ်သို့ လာအို၊တရုတ်၊ထိုင်းနိုင်ငံတို့မှလေယာဉ်ခရီးစဉ်များ တိုက်ရိုက်ပျံသန်းဆင်း သက်နိုင်ရန်လုပ်ဆောင်နေ

- ယခုနှစ်အတွင်း ဝန်ထမ်းတွေကို လစာတိုးပေးနိုင်မှာ မဟုတ်ကြောင်း Microsoft ထုတ်ပြန်

- အိန္ဒိယဝန်ကြီးချုပ်က အမေရိကသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ရန်ရှိ

https://youtu.be/9VRdM9mImZk

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
အာဏာသိမ်းစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို
=================

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးချမှတ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့အတူ အယ်လ်ဂျီးယားနဲ့ ဘဲလာရုစ်နိုင်ငံ တို့ရဲ့လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးဒဏ်ခတ်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဥရောပပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/dUdpxd5m8FM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤2😁2
This media is not supported in your browser
VIEW IN TELEGRAM
ကိုဗစ်ကာလကန့်သတ်ချက်တွေဖြေလျှော့လိုက်တဲ့ နယ်စပ်ကို အမေရိကန်အင်အားတိုးမြှင့် စောင့်ကြပ်နေရ

#internationalnews #reels #shorts
😁4🔥1
ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ပြီး ဆားတောင်ရဲစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်
=====================

MTO(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် နယ်ကျွံလာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက လုပ်ဆောင်ခဲ့ကြကြောင်း ယင်းအဖွဲ့ များ၏ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၉ ရက်နေ့ တွင် ဆားတောင်ရဲစခန်းကို ဒရုန်းများဖြင့် ဗုံးသီး ခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ယူနီကွန်းအဖွဲ့ ၏ ဒရုန်းတစ်စီးမှာလည်း ဗုံးသီး ပြဿနာဖြစ်ပေါ်ကာ လေပေါ်တွင် ပေါက်ကွဲသွားသည့်အတွက် ဒရုန်းတစ်စီး ဆုံးရှုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

ဆားတောင်ရဲစခန်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့်ဒုက္ခပေးနေသည့် နေရာဖြစ်သည့်အတွက် ယင်းနေရာနှင့်ဝေးဝေး နေထိုင်ကြဖို့အတွက်ကိုလည်း ယူနီကွန်းအဖွဲ့ က ပြောဆိုထားသည်။

ယင်းအပြင် မေလ ၁၀ ရက်နေ့ မှာလည်း စစ်ကိုင်းမြို့နယ် အုန်းတော နှင့် ဆားတောင်အကြားတွင် အင်အား ၃၀ နီးပါး ပါဝင်သည့် ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား များအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်တာနော က ပြောသည်.

၎င်းက “ အုန်းတော နဲ့ ဆားတောင်ကြားမှာပျူစောထီး အင်အား ၃၀ လောက်က နယ်မြေကျူးကျော်လာတာ ကျတော်တို့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် ခန့်မှန်း ငါးယောက်လောက်ကတော့ ထိခိုက်မှုရှိမယ်၊ သေဆုံးမှုကတော့ မသိရဘူး “ ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း မိုင်း ရှစ်လုံးဖြင့် မိုင်းပွိုင့် နှစ်ပွိုင့် မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ကြောင်း ဗိုလ်တာနေက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့ နှင့်အတူဆားတောင်မိုးကြိုးအဖွဲ့တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/FPpazoqWJGk

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းမြို့နယ်
#ပျူစောထီး
#မိုင်းဆွဲ
#ဆားတောင်ရဲစခန်း
#ဒရုန်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2
​​အရပ်သားကို မီးမြှိုက်ကာစစ်ဆေးနှိပ်စက်သည်မှာ စစ်ကောင်စီလက်အောက်ခံတပ်မဟုတ်ပါ
=======================

ZZ
(မဇ္ဈိမ) ။ ။ စစ်ကောင်စီလက်အောက်ခံတပ်များက ပြည်သူကို ညှဉ်းပန်းနှိပ်စက်နေသည်ဟုဆိုကာ ဗီဒီယိုဖိုင်တစ်ဖိုင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းသည် စစ်ကောင်စီလက်အောက်ခံတပ်များမဟုတ်ဘဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ကျူးလွန်ခြင်းဖြစ်သည်။

"Lin Naing" အမည်ရှိ တွစ်တာအသုံးပြုသူတစ်ဦးက မေလ ၁၀ ရက်နေ့တွင် "စက်ကောင်စီလက်အောက်ခံတပ်တွေက ပြည်သူအပေါ်ကို ဒီလိုညင်းပန်းပါတယ် ထိုင်ကြည့်နေတဲ့ ကမ္ဘာကြီးထက် နိုင်ငံထဲမှာနေပြီး ကိုယ်နဲ့မဆိုင်သလို နေနေတဲ့ လူတွေက ပိုအပြစ်ရှိတယ်" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားထားပြီး ဗီဒီယိုဖိုင်တစ်ခုနှင့်အတူ ဖြန့်ဝေထားသည်။

ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၂၅,၀၀၀ကျော်ရှိနေပြီဖြစ်ပြီး ကြိုက်နှစ်သက်သူ ၃၀၀ ကျော်၊ Retweets (ပြန်လည်မျှဝေသူ) ၂၀၀ နီးပါးရှိခဲ့ပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာ နှိပ်စက်စစ်ဆေးနေသူများမှာ စစ်ကောင်စီလက်အောက်ခံတပ်မှမဟုတ်ကြောင်း တွေ့ရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ယူနီဖောင်းဝတ်ဆင်ထားကာ နှိပ်စက်စစ်ဆေးနေသူများသည် ရှမ်းစကားဖြင့် ပြောဆိုထားကြသည်။

ထို့ပြင် ထိုအကြောင်းနှင့်ပတ်သက်၍ နှိပ်စက်စစ်ဆေးနေသူများမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ရှိ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းကို သတင်းဌာနများတွင်လည်း အသီးသီးဖော်ပြခဲ့ကြသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က မိုင်းကိုင်နှင့် လဲချားဘက်တွင် SSPP စစ်ကြောင်းများကို RCSS က မကြာခဏ မိုင်းထောင်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများကြောင့် သံသယရှိသူများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း RFA သို့ ဖြေဆိုထားသည်။

RFA Burmese - https://bit.ly/3NZXwkL
၎င်းနှိပ်စက်စစ်ဆေးခံရသော အမျိုးသားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၏ သတင်းပေးဖြစ်သည်ဟုဖော်ပြထားပြီး ၎င်းအား ဆက်လက်ထိန်းသိမ်းထားကာ မီးပုံပေါ်တွင်နှိပ်စက်ခံရသော်လည်း ဒဏ်ရာမရရှိကြောင်း Myanmar Now သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Myanmar Now - https://bit.ly/44QHNL1
အလားတူပင် BBC မြန်မာပိုင်း၊ DeltaNews Agency နှင့် မဲခေါင်သတင်းများတွင်လည်း နှိပ်စက်စစ်ဆေးသူများသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)မှဖြစ်ကြောင်း ဆိုထားသည်။

BBC Burmese - https://bit.ly/3M1BnzY
DeltaNews Agency - https://bit.ly/41wENk7
Mekong News - https://bit.ly/3LSeajI
SSPP/SSA သည် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်ဆံမှု အနည်းငယ်ရှိသော်လည်း စစ်ရေးအရပူးပေါင်းမှုမရှိဘဲ ရှမ်းပြည်နယ် မိုင်းရှူးဒေသအတွင်းရှိ တပ်စခန်းများ နောက်ဆုတ်ရန် စစ်ကောင်စီတပ်မှသတိပေးချက်ကို လိုက်နာခြင်းမပြုဘဲ ဆက်လက်တပ်စွဲထားကြောင်း ISP Myanmar မှ ပြုစုထားသော အချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်အနေဖြင့် အာဏာသိမ်းပြီးနောက် ၎င်းတို့အားဆန့်ကျင်သည့် ပြည်သူများအပေါ် မကြာခဏ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်တတ်သည်မှန်သော်လည်း ယခုဖြစ်စဉ်မှာ ၎င်းတို့ကျူးလွန်ခြင်းမဟုတ်ဘဲ SSPP တပ်ဖွဲ့ဝင်များမှာ ကျူးလွန်ခဲ့သည့် ရုပ်သံဖိုင်မှတ်တမ်းသာဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံတပ်မှ အရပ်သားအား မီးမြှိုက်နှိပ်စက်နေသည်ဆိုသည့်ဗီဒီယိုဖိုင်မှာ အမှန်တကယ်ဖြစ်ခဲ့သည့်အကြောင်းအရာအားအခြေခံကာ အချက်အလက်မှားယွင်းဖော်ပြထားသည့် သတင်းအမှားတစ်ခုသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#SSPP/SSA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4❤1👏1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို

Watch more detail -
https://youtu.be/Q6-8zotiVCs

#PoliticalNews #အာဏာသိမ်းစစ်တပ် #EU #VideoNews #shorts #Reels
👍7😁2