မူဆယ်မြို့တွင် စစ်ကောင်စီ၏ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရ၊ ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံး
=========================
ဂျူချန်း (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်လမ်းခွဲ၊ ဟိုနား အ.ထ.က ကျောင်းအနီးတွင် ဇွန်လ ၂၂ ရက် ညနေ ၆ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်များ စီးနင်းလာသည့် လုံခြုံရေး ကင်းလှည့်ကား ပစ်ခတ်ခံရ၍ ပြည်သူ့စစ်တစ်ဦး သေဆုံးကာ တစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။
“ကင်းလှည့်နေတာကို လာပစ်တာ။ ပြည်သူ့စစ်နှစ်ယောက်ထိတယ်။ တစ်ယောက်တော့ သေသွားတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး လာရောက်ပစ်ခတ်သည့် အမည်မသိ လက်နက်ကိုင်အဖွဲ့တွင် ပါဝင်သူတစ်ဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“လာပစ်တဲ့အဖွဲ့ထဲကလည်း တယောက်သေတယ်။ ကျောင်းထဲဝင်ပြေးလို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ဘက်က လိုက်ပစ်တာပါ”ဟု ဒေသခံကပြောသည်။
အဆိုပါပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ မဇ္ဈိမက အတည်မပြုနိုင်သေးပေ။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အနီးရှိ နေအိမ်တစ်အိမ်မှ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၁ ရက် ည ၉နာရီအချိန်ခန့်ကလည်း မူဆယ်မြို့၊ ချယ်ရီလမ်းတွင် မိသားစုငါးဦး လိုက်ပါစီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် နံနက်ပိုင်းကလည်း မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ မင်းထိပ်ခေါင်(၃) လက်ဖက်ရည်ဆိုင်တွင် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့၏ လုံခြုံရေးတာဝန်ခံ ကိုလတ်ဆိုသူ ပစ်ခတ်ခံရ၍ နေရာတွင် သေဆုံးခဲ့ပြီး ပစ်ခတ်သူများအား ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။
https://youtu.be/yrZpR3oIebE
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ရှမ်းပြည်နယ်
#မူဆယ်မြို့
#စစ်ကောင်စီ
#ပစ်ခတ်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မူဆယ်မြို့တွင် စစ်ကောင်စီ၏ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရ၊ ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံး
ဂျူချန်း (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်လမ်းခွဲ၊ ဟိုနား အ.ထ.က ကျောင်းအနီးတွင် ဇွန်လ ၂၂ ရက် ညနေ ၆ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်များ စီးနင်းလာသည့် လုံခြုံရေး ကင်းလှည့်ကား ပစ်ခတ်ခံရ၍ ပြည်သူ့စစ်တစ်ဦး…
👍16🔥3👏2
Media is too big
VIEW IN TELEGRAM
အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြော
Watch more detail -
https://youtu.be/DfSSodJQwmI
#မြန်မာ့အရေး #အာဆီယံ #ပီတာ #VideoNews #shorts #Reels

👍10🥱2👏1
ဇွန်လ ၂၃ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=============================
-အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြောတဲ့သတင်း
-မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော တဲ့သတင်း
-ဆွီဒင်ကိုနေတိုးအဖွဲ့ဝင်ဖြစ်လာရေး လမ်းဖွင့်ပေးဖို့ အာဒိုဂန်ကို အိုလက်ဖ်ရှောတိုက်တွန်း တဲ့သတင်း
-မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/NIQSg5cnLi0
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

00:58-အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြောတဲ့သတင်း
03:55-မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော တဲ့သတင်း
05:27-ဆွီဒင်ကိုနေတိုးအဖွဲ့ဝင်ဖြစ်လာရေး လမ်းဖွင့်ပေးဖို့ အာဒိုဂန်ကို…

👍7🌭1🍌1
ယင်းမာပင်မြို့နယ်အတွင်း ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၁ဦးသေ ၇ ဦးဒဏ်ရာရ
======================
ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲများကို မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း Regional Friend Fighters (RFF) က ဇွန်လ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်အင်အား ၃၀ခန့်နှင့် ယင်းမာပင်ခရိုင် ရဲတပ်ရင်း (၂၈) မှ ရဲ ၂၀ခန့်သည် မုံရွာ - ပုသိမ်လမ်းတစ်လျောက် ဇွန်လ ၂၂ရက် နံနက် ၆နာရီ ၃၀မှ စ၍ ကင်းများချထားခဲ့ကြောင်း ဆိုသည်။
ယင်းကင်းအဖွဲ့များမှ ရဲများသည် နံနက် ၇နာရီ ၃၀မိနစ်အချိန်တွင် မြောက်ယမားတံတားမြောက်ဘက်ထိပ်သို့ ရောက်ရှိချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရဲတွေက မိုင်းကွင်းကိုကွင်းပြီး တောလမ်းကနေတက်လာတာ တံတားနားရောက်တော့ ရမ်းသန်းပစ်ပြီးတက်လာတာ ရဲတစ်ယောက်ကတော့ မိုင်းပေါ်တက်နေတာ ခွဲလိုက်တော့ လွှင့်ထွက်သွားတာ၊ ကျန်တဲ့ သုံးယောက်က ၁၀ ပေအတွင်းထဲမှာရှိနေတော့ ဘယ်သူမှမလွတ်နိုင်ဘူး” ဟု RFF က တာဝန်ရှိသူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။
ပထမအကြိမ်တွင် ပတ်လည်ကွဲ စလစ်အိုး သုံးလုံးမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရဲတစ်ဦး လွှင့်စင်သွားပြီး အနီးရှိကျန်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။
၎င်းနောက် အနီးနားသို့ ရဲများရောက်လာပြီး လှုပ်ရှားနေချိန် လေးလက်မ နှင့် ခြောက်လက်မ ပြောင်းတိုက် နှစ်လုံးတွဲဖြင့် ဒုတိယအကြိမ် ဖောက်ခွဲခဲ့ရာ ရဲသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းဆိုသည်။
နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ဒဏ်ရာအပြင်းထန်ရရှိသွား သော ရဲသုံးဦးအား မြန်မာ - ယန်စီပိုင် မိုင်းမြို့ ဆေးရုံသို့ ပို့ဆောင်ပြီး အခြားဒဏ်ရာရသည့် ရဲလေးဦးကို ရဲတပ်ရင်း အမှတ် (၂၈) ထဲသို့ ခေါ်ဆောင်သွားသည်ကို အတည်ပြု နိုင်ကြောင်း RFFထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ရဲစစ်ကြောင်းသည် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန် သွားရောက်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူကသုံးသပ်ပြောဆိုသည်။
ယင်းစစ်ကြောင်းကို ယင်းမာပင်မြို့နယ်အလွန် ဆားလင်းကြီးဘက်အခြမ်းတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်းကြားသိရပြီး အသေးစိတ်အခြေအနေကိုမူ မဇ္စျိမအနေဖြင့်မသိရှိရသေးပေ။
စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာကတည်းက အနီးရှိရွာများမှ ဒေသခံများ စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင်များမှလွဲ၍ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ယခု စစ်ကြောင်းထိုးလာသည့်အတွက် ကျေးစာကျ ၊ ဘိန်းနွယ်ချောင် ၊ ဂုဏ်တော ၊ ဒုန်းတောနှင့် ကံကုန်းကျေးရွာမှ ဒေသခံများတိမ်းရှောင်နေရကြောင်း ဆိုသည်။
ယင်းကျေးရွာများအပါအဝင် ဒေသတွင်းရှိကျေးရွာများမှာ ဝမ်ပေါင်သို့ ရိက္ခာပစ္စည်း တင်သွင်းသည့်အချိန် ၊ ကြေးနီးများသယ်ယူချိန်နှင့် ဝမ်ပေါင်မှ ဝန်ထမ်းတရုတ်များ ပြန်သည့်အချိန်များတွင် စစ်ကောင်စီတပ်သားများက ကျေးရွာများအတွင်း လက်နက်ကြီးငယ်များပစ်ဖောက်၍ ဝင်ရောက်တတ်သဖြင့် တစ်လလျှင် သုံးကြိမ်ခန့် စစ်ဘေးတိမ်းရှောင်ရလေ့ရှိကြောင်း RFF တာဝန်ရှိသူထံက သိရှိရသည်။
https://youtu.be/arfmHt5iOao
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီ
#စစ်ဘေးတိမ်းရှောင်
#RFF

အနောက်မြောက်တိုင်းစစ်ဌာနချုပ်…
အနောက်မြောက်တိုင်းစစ်ဌာနချုပ်…
👍12👏5❤1😁1🤣1
ပြည်ပတွင် ပညာသင်ယူရန် ကြိုးစားသည့် လူငယ် ပိုများလာ
===============
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်ပသို့ထွက်ခွာပြီးပညာသင်ကြားနိုင်ရန်အတွက် ကြိုးစားနေကြသည့် လူငယ်အများအပြားရှိလာသည်။
ယခင်ကာလများထက် ပြည်ပထွက်ပညာသင်ကြားရန် ကြိုးစားနေသည့်လူငယ် အရေအတွက်သည်ပိုများလာသည်ဟု လုံခြုံရေးအရအမည်မဖော်နိုင်သည့် နိုင်ငံခြားကျောင်းများတွင်တက်ရောက်နိုင်ရန် ပြင်ဆင်ပေးနေသည့်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
“ပိုများလာပါတယ်။ ရာခိုင်နှုန်းအရဆိုရင် ၈၀ရာခိုင်နှုန်းကျော်ကျော်လောက်ပိုများလာပါတယ် ။အရင်ထက် နှစ်ဆကျော်သုံးဆလောက်ပိုများလာပါတယ်။” ဟု ဆိုသည်။
ပြင်ဆင်နေသည့်လူငယ်များတွင် အထက်တန်းကျောင်းသားကျောင်းသူများနှင့်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများသည်အများဆုံးဖြစ်ကြောင်းသိရသည်။ ယခင်ကပညာတော်သင်ခွင့်အတွက် ပြင်ဆင်သည့် လူငယ်များရှိသော်လည်း လက်ရှိအချိန်၌ ပြည်ပတွင်ငွေကုန်ကြေးကျခံပြီး ကျောင်းသွားတက်နိုင်ရန် ကြိုးစားနေသူများပြားလာခြင်းဖြစ်သည်။
ငွေကြေးအခြေအနေများအပေါ်မူတည်ပြီး အနောက်ဥပရောပနိုင်ငံများ၊အာရှနိုင်ငံများရှိကျောင်းနှင့် တက္ကသိုလ်များကိုရွေးချယ်ကြကာ ပညာသင်ကြားမှုများဆက်လက်ရရှိနိုင်ရန် ပုံစံအမျိုးမျိုးဖြင့်ကြိုးစားနေသည်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရှိ ချင်းမိုင်တက္ကသိုလ်တွင် ပညာတော်သင်ဆုဖြင့် Master Of Public Policy ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးက ”ပထမတစ်ချက်ကတော့ ပညာရေးအရည်အသွေး၊ ဒုတိယအချက်က နေထိုင်စားသောက်မှုပုံစံကလည်း ပြည်တွင်းနဲ့အရမ်းကြီးမကွာဘူး။ မြန်မာတွေများတော့ ကိုယ့်အတွက်လုံခြုံမယ်လို့ယူဆလို့ရွေးတာပေါ့။ နောက်တစ်ခုက ပညာတော်သင်ဆုရလို့ပေါ့ မရရင် ကျနော်တို့လည်းစဉ်စားရမှာပေါ့လေ။” ဟု မဇ္ဈိမကိုပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိပညာရေးအခြေအနေများသည် အနာဂတ်တွင်အသိအမှတ်ပြုမှု အတွက် စိန်ခေါ်မှုရှိလာသည့်အတွက် ပြည်ပထွက်ပညာသင်ကြားရန် ရွေးချယ်မှုများပြားလာရခြင်းဖြစ်နိုင်ကြောင်း ပညာရေးအသိုင်းအဝိုင်းကသုံးသပ်သည်။
အင်္ဂလိပ်စာဘာသာရပ်သင်ဆရာမRemonaက “တိုတိုပြောရရင် ပြည်တွင်းကနေပေးတဲ့ ပညာရေးစနစ်မှာ စကစကပေးတဲ့ပညာရေးစနစ်ဟာလည်းပဲ ကျမတို့ တစ်ချိန်မှာ တိတိကျကျပြန်ပြီးအသုံးချလို့ရမယ်ဆိုတဲ့ အာမခံချက်လုံးဝမရှိဘူးဆိုတာတွေ့ရတယ်။ ဒါကြောင့်မို့လည်း လူငယ်အတော်များများဟာနိုင်ငံခြားမှာသွားပြီး ပညာသင်ဖို့ကိုဆုံးဖြတ်လာကြတယ်”ဟုသုံးသပ်သည်။
ပြည်ပပညာသင်ကြားခွင့်များကို ကြိုးစားနေကြသူများထဲတွင် ပြည်တွင်းမှလူငယ်များအပြင် တော်လှန်ရေးနယ်မြေများနှင့် နယ်စပ်ဒေသကိုရောက်ရှိနေသည့် စစ်ရှောင်ပညာသင်လူငယ်များပါဝင်သည်။
အထူးသဖြင့် အမေရိကန်နိုင်ငံအသိအမှတ်ပြုအရည်ချင်းစစ်စာမေးပွဲတစ်ခုဖြစ်သည့် GED( The General Educational Development Test)ကို ဖြေဆိုနိုင်ရန်ကြိုးစားနေကြသည့် အထက်တန်းအဆင့် လူငယ်များလည်းရှိနေသည်။
စစ်ရှောင်ကလေးများအပါအဝင် ကျောင်းသားကျောင်းသူများကို GEDစာမေးပွဲဖြေဆိုရန် အတွက်ပြင်ဆင်ပေးနေသည့် ဆရာဦးဂျော်နီက “ GEDသာအောင်ရင်တက္ကသိုလ် အတော်များများလက်ခံတယ်။ထိုင်းမှာရှိတဲ့ နိုင်ငံတကာတက္ကသိုလ်တွေဆိုရင် အကုန်လုံးနီးပါးဘာမှမတောင်းဘဲနဲ့ လက်ခံကြတယ်။ “ ဟုပြောသည်။
GEDပညာရေးကိုကြိုးစာနေကြသည့်လူငယ်များထဲတွင် စိတ်ပါဝင်စားသည့်ကျောင်းသားများပါဝင်သကဲ့သို့ ရွေးချယ်ရန်မရှိတော့သည့်အတွက် ကြိုးစားနေသူများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမအများအပြားသည် စစ်ကောင်စီ လက်အောက်သို့ရောက်ရှိသွားသည့် ပညာရေးကိုစွန့်ခွာခဲ့ကြသည်။ ထို့နောက် လူငယ်များသည် ပညာရေးအခွင့်အလမ်းများရရှိနိုင်ရန်အတွက် ပြည်ပထွက်ပညာသင်ကြားခြင်း၊ အွန်လိုင်းမှသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားခြင်းများပြုလုပ်ကာ ပုံမှန်တစ်နှစ်တစ်တန်း ပညာရေးထက်ပိုမိုသည့် ပညာရေးပုံစံများကို စိတ်ဝင်စားလာကြသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ပြည်ပ ပညာရေး
#လူငယ်
Photo- ပုံဟောင်း(စစ်ကောင်စီလက်အောက်စီစာသင်ကျောင်းတစ်ခု)

👍18😁2
This media is not supported in your browser
VIEW IN TELEGRAM
အဆိပ်အတောက်နဲ့အမုန်းစကားတွေကို ရှင်းလင်းဖို့ တွစ်တာကို ဩစတြေးလျအစိုးရက ၂၈ ရက် အချိန်ပေး
https://www.facebook.com/reel/588774216658001
#internationalnews #reels #shorts

👍4😁2
Business Round Up (23 June 2023)
================
- ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ် ၈ နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်
- ရန်ကုန်ရွှေဈေးဆက်မတက်ရန် ထိန်းထားပြီး ရွှေထုတ်ရောင်းရန် မရှိဟုဆို
- ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ ၅ခုတွင် ဆန်သိုလှောင်ထားမှုစာရင်း စတင်ကောက်မည်
- မြန်မာကုန်သည်တွေ ဈေးကစားမှုကြောင့် ပဲဈေးနှုန်းဆက်တိုက်မြင့်တက်လာမှာကို အိန္ဒိယစိုးရိမ်နေ
https://youtu.be/Eu75PoN3haw
#businessroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
- ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ် ၈ နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်
- ရန်ကုန်ရွှေဈေးဆက်မတက်ရန် ထိန်းထားပြီး ရွှေထုတ်ရောင်းရန် မရှိဟုဆို
- ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ ၅ခုတွင် ဆန်သိုလှောင်ထားမှုစာရင်း စတင်ကောက်မည်
- မြန်မာကုန်သည်တွေ ဈေးကစားမှုကြောင့် ပဲဈေးနှုန်းဆက်တိုက်မြင့်တက်လာမှာကို အိန္ဒိယစိုးရိမ်နေ
https://youtu.be/Eu75PoN3haw
#businessroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ် ၈ နှစ်ဆက် စံချိန်တင် မြင့်တက် | Business Round Up (23.6.2023)
- ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ် ၈ နှစ်ဆက်တိုက် စံချိန်တင် မြင့်တက်
- ရန်ကုန်ရွှေဈေးဆက်မတက်ရန် ထိန်းထားပြီး ရွှေထုတ်ရောင်းရန် မရှိဟုဆို
- ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ ၅ခုတွင် ဆန်သိုလှောင်ထားမှုစာရင်း စတင်ကောက်မည်
- မြန်မာကုန်သည်တွေ ဈေးကစားမှုကြောင့်…

👍11🔥2❤1
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို
========================
စစ်ကောင်စီ ဦးစီးနေတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB)၊ Blood Money Campaign သွေးစွန်း ငွေဖြတ်တောက်ရေး လှုပ်ရှားမှု၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့ ၃ ခုက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကြိုဆိုလိုက်ပြီး MOGE မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်ပိတ်ဆို့ရန် တောင်းဆိုထားကြပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး အင်အားစု ၃ ခုရဲ့ ကြေညာချက်ထဲမှာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေအပါအဝင် အခြားသောလုပ်ငန်းကြီးများနဲ့ ကဏ္ဍ အသီးသီးမှ ဝင်ငွေများဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှတစ်ဆင့် အကြမ်း ဖက် စစ်တပ်ထံသို့ စီးဝင်ပြီး ထိုဝင်ငွေများက အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်း ဖက်ခြင်းလုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီ ထောက် ပံ့ပေးနေကြောင်း ရေးသားထားပါတယ်။
https://youtu.be/nA03bF0THIg
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
စစ်ကောင်စီ ဦးစီးနေတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB)၊ Blood Money Campaign သွေးစွန်း ငွေဖြတ်တောက်ရေး လှုပ်ရှားမှု၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့ ၃ ခုက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကြိုဆိုလိုက်ပြီး MOGE မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်ပိတ်ဆို့ရန် တောင်းဆိုထားကြပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး အင်အားစု ၃ ခုရဲ့ ကြေညာချက်ထဲမှာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေအပါအဝင် အခြားသောလုပ်ငန်းကြီးများနဲ့ ကဏ္ဍ အသီးသီးမှ ဝင်ငွေများဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှတစ်ဆင့် အကြမ်း ဖက် စစ်တပ်ထံသို့ စီးဝင်ပြီး ထိုဝင်ငွေများက အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်း ဖက်ခြင်းလုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီ ထောက် ပံ့ပေးနေကြောင်း ရေးသားထားပါတယ်။
https://youtu.be/nA03bF0THIg
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို
စစ်ကောင်စီ ဦးစီးနေတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂၁ ရက်နေ့…
👍22😁2
ရေကြီးရေလျှံမှုဘေး သတိပြုရန် NUG ထုတ်ပြန်
================
ဂျူချန်း
(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းပြီး ကမ်းရိုးတန်းဒေသနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်၍ ရေကြီးရေလျှံမှုသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။
ဇွန်လ ၁၉ရက်မှ ဇွန်လ ၂၅ရက်အထိ ရာသီဥတုအခြေအနေကို MOHADM က ထုတ်ပြန်ထားရာ ရေကြီးရေလျှံမှုသတိပေးချက် ပါဝင်နေသည်။
မြန်မာကမ်းရိုးတန်းဒေသများတွင် ဇွန်လကုန်အထိ မုတ်သုံလေ ဆက်လက်အားကောင်းပြီး ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ မိုးဆက်လက်ကောင်းနေနိုင်သည်ဟု MOHADM ကသတိပေးထားသည်။
ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ မိုးကောင်းနေပြီးစစ်တွေမြို့၌ မိုးရွာနေသည်မှာ ငါးရက်ဆက်တိုက် ရှိပြီဟု ဒေသခံများကပြောသည်။
“ငါးရက်လောက်ရှိနေပြီ။ ရေကြီးတဲ့အထိတော့ မရှိသေးပါဘူး။ တနေ့ကတော့ သည်းပြီးရွာတယ်။ ဒီနေ့တော့ ဖွဲပြီးရွာနေတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၂၃ရက် ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့ တွင်လည်း ယခုရက်ပိုင်း မိုးများနေသည်ဟု သိရသည်။ မိုးရွာသွန်းမှုကြောင့် ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာ ဒေသရှိ နမ့်ပေါ်ချောင်းနှင့်နမ့်ခိုင်ချောင်းရေလျှံကာ မြေနိမ့်ပိုင်းများ ရေဝင်နေသည်ဟု ဒေသခံများကပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးဒေသတွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ယမန်နေ့ ဇွန်လ ၂၂ ရက်မှစတင်ကာ ဥရုချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဒေသအများအပြား မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ယနေ့တိုင်းတာချက်အရ ကချင်ပြည်နယ်၊ ချမ်းဘောမြို့တွင်၂၄နာရီအတွင်း မိုးရေချိန် ၄ဒဿမ၆၁လက်မ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ၃ဒဿမ ၀၃လက်မ ရွာခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ဒေသတစ်ခုတွင် ၂၄နာရီအတွင်း မိုးရေချိန် ၃လက်မရွာသွန်းပါက ပုံမှန်ထက် မိုးကောင်းသည့် အခြေအနေဖြစ်သည်။
မနက်ဖြန် ဇွန်လ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ဘင်္ဂလားပင်လယ်အော်
#မုတ်သုံလေအားကောင်း
#ရေကြီးရေလျှံမှု
#MOHADM
Photo- ဇွန်လ ၂၂ရက်ညနေက ဖားကန့်ဒေသ မြေနိမ့်ပိုင်းနေရာအချို့၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်

👍17😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကိုရှာဖွေဖို့ ရေငုပ်စက်ရုပ်တွေ တပ်ဆင်ထားတဲ့ ပြင်သစ်ရှာဖွေရေးသင်္ဘော ရောက်ရှိ
https://www.facebook.com/reel/655583662633953
#internationalnews #Mizzima #France #reels #shorts

👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို
Watch more detail -
https://youtu.be/nA03bF0THIg
#မြန်မာ့ရေနံ #သဘာဝဓာတ်ငွေ့လုပ်ငန်း #ပိတ်ဆို့အရေးယူ #VideoNews #shorts #Reels

👍16👏6😁3❤1
ဇွန်လ (၂၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:03 - မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့သတင်း
03:29 - မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရတဲ့သတင်း
04:40 - ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေတွေ စုဖွဲ့လေ့ကျင်မှုပြုလုပ်တဲ့သတင်း
06:38 - အဆိပ်အတောက်နဲ့အမုန်းစကားတွေကို ရှင်းလင်းဖို့ တွစ်တာကို ဩစတြေးလျအစိုးရက ၂၈ ရက် အချိန်ပေးတဲ့သတင်းတွေပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။
https://youtu.be/mqoxuWfaRdg
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
01:03 - မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့သတင်း
03:29 - မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရတဲ့သတင်း
04:40 - ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေတွေ စုဖွဲ့လေ့ကျင်မှုပြုလုပ်တဲ့သတင်း
06:38 - အဆိပ်အတောက်နဲ့အမုန်းစကားတွေကို ရှင်းလင်းဖို့ တွစ်တာကို ဩစတြေးလျအစိုးရက ၂၈ ရက် အချိန်ပေးတဲ့သတင်းတွေပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။
https://youtu.be/mqoxuWfaRdg
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03 - မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့သတင်း
03:29 - မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရတဲ့သတင်း
04:40 - ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေတွေ စုဖွဲ့လေ့ကျ…

👍10😁2❤1
မြန်မာ့အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင်နှင့် မိုဒီ ပြော
====================
“မြန်မာနိုင်ငံက ယိုယွင်းဆိုးဝါးလာသော အခြေအနေနှင့် ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဝါရှင်တန်သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိသည့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြာသပတေးနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
“မြန်မာနိုင်ငံက ယိုယွင်းဆိုးဝါးလာသော အခြေအနေနှင့် ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဝါရှင်တန်သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိသည့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြာသပတေးနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ၈၂၅ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၂၃ရက် တွင် ဆက်လက်ချီတက်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြခြင်း ဖြစ်သည်။
ကျဆုံးခဲ့သော အာဇာနည်များအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

❤10👍6🔥1😁1
၀က်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က ပစ်သတ်
🤬8❤3😢2🔥1😁1