Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ငပလီမှာ ပိတ်မိနေသည့်ခရီးသွားများ ဟိုတယ်ထောက်ခံစာပါမှသာ ‌ပြန်ခွင့်ရ
==========

ဓါတု 

မဇ္ဈိမ။  ။ရခိုင်ပြည်နယ် ၊သံတွဲမြို့မှ လေးမိုင်အကွာရှိ ငပလီကမ်းခြေတွင်ပိတ်မိနေသည့် ခရီးသွားများအနေဖြင့် လာရောက်တည်းခိုသည့် ဟိုတယ်ထောက်ခံစာပါမှသာလျင် နေရပ်သို့ပြန်ခွင့်ရရှိကြောင်း သိရသည်။
 
"လေကြောင်းကတော့ ဖွင့်ထားတော့ စစခြင်းရက်ထဲက လေယာဥ်တွေနဲ့ပြန်ကြတာတွေ ရှိတယ် ။ ဒါပေမယ့် ကားလိုင်းနဲ့ပြန်တဲ့သူကျတော့ ပိတ်မိနေတာပေါ့ ။ အခုတော့ ဟိုတယ်မှာဘယ်ရက်ကနေ သွားခဲ့တယ်ဆိုတဲ့ရက်စွဲနဲ့ ဒီခရီးသည်က ဒီမှာတည်းတာဟုတ်ပါတယ်၊ ဘာမှလုပ်ဖို့မဟုတ်ဘဲ ခရီးသွားသက်သက်ဆိုတဲ့ ဟိုတယ်ထောက်ခံစာပါရင်တော့ ကားလိုင်းနဲ့ပြန်လို့ရတယ်"ဟု ငပလီရှိ တည်းခိုခန်းတခုမှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းမှစ၍ ငပီကမ်းခြေမှဖြတ်သန်းသွားရသည့် တောင်ကုတ်မြို့နှင့်ဂွမြို့ရှိ စစ်ဆေးရေးကားဂိတ်များအား ထောက်ခံစာပါလျင် ပြန်ခွင့်ရရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ ပိတ်မိနေသည့် ခရီးသွားများအား ဟိုတယ်၊ မိုတယ်တည်းခိုခန်းတချို့မှ အခမဲ့တည်းခွင့်ပေးထားခြင်းများနှင့် တခြားစားရေးသောက်ရေးကိစ္စတချို့ ဖြေရှင်းပေးခြင်းများရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်မှကုန်းကြောင်း၊ ရေကြောင်းပိတ်ဆို့မှုများကြောင့် ငပလီကမ်းခြေတွင် ခရီးသွားထောင်ချီမှာ ယခု သုံးရက်တာကာလအထိ ပိတ်မိနေခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၆ ရက်အထိတိုက်ပွဲများပြင်းထန်၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သံတွဲမြို့
#AA
#တိုက်ပွဲ

ပုံအညွှန်း- ငပလီကမ်းခြေမြင်ကွင်း (photo- CJ)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁27👍13❤2
ပေါက်တောမြို့က ဓားစာခံ ၁၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ‌ပြော
===============

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အရပ်သား ဓားစာခံ ၁၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ညတွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ အဆိုပါ ဒေသခံများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အရပ်သားများအား ကယ်ထုတ်ရန် သွားရောက်တိုက်ခိုက်ချိန် ပေါက်တောမြို့တွင်း နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်များ အကျအဆုံးများခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အချို့လည်း ကျဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း AA က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း AA က ပုံနှင့်တကွ ထုတ်ပြန်သည်။ စစ်ကောင်စီဘက်ကမှု ယနေ့ပေါက်တော တိုက်ပွဲနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။ 

နှစ်ဘက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပေါက်တောမြို့ပေါ်သို့ ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ လက်ရှိအချိန်ထိ အဆက်မပြတ် ပစ်ခတ်နေကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး သတင်းရေးသားနေချိန် ည ၁၀ ခွဲအချိန်ထိ အချက် ၄၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ရင်းအနီး နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

“အမှတ် (၁၂) ရဲတပ်ရင်းကနေ ပစ်တာ၊ အချက် ၄၀ ကျော်ပြီ၊ (လက်နက်ကြီး သံကြောင့်) အိပ်နေတဲ့ကလေးတောင် လန့်နိုးသွားတယ်၊ သူတို့က ကျချင်တဲ့ နေရာမှကျ ပစ်တာ” ဟု ရဲတပ်ရင်းအနီး နေထိုင်သူက ပြောသည်။

လက်နက်ကြီးများ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲကြောင်းနှင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပေါက်တောမြို့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင်ရှိသော ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်း ပိုင်းက စတင်ပြီး ယာယီနှစ်ဘက်အပစ်ရပ်ထားရာ တနှစ်ခန့်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ရခိုင်တောင်းပိုင်းအထိပါ တိုက်ပွဲများ ကျယ်ပြန့်လာနေသည်ကို တွေ့ရသည်။

ထို့ပြင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် “Operation 1027” ကို ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ ပြုလုပ်နေကာ ဒါဇင်နှင့်ချီသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားကြသည်။

ပုံအညွှန်း- ယနေ့ ကယ်ထုတ်လာသော အရပ်သားများနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဉ် (Photos-AA)

စာတည်း။ ။ နောင်နောင်

#ပေါက်တော
#အရပ်သားများကို ကယ်ထုတ်
#AA
#ရခိုင်
#Mizzima
👍27❤3😁1
​​ရခိုင်ပြည်နယ် မြို့အချို့ စက်သုံးဆီပြတ်လပ်၍ MPT ဆက်သွယ်ရေးလိုင်း ပြတ်တောက်
===============

ဓါတု

(မဇ္ဈိမ)။  ။ ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင်စက်သုံးဆီပြတ်လပ်မှုကြောင့် တယ်လီကွန်းတခုဖြစ်သော အမ်ပီတီ(MPT)ဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြည်နယ်အတွင်းရှိ အမ်းမြို့၊ တပ်တောင်မြို့၊မြေပုံမြို့၊ကမ်းထောင်းကြီးမြို့များရှိ ကျေးရွာအများစုတွင် စက်သုံးဆီဝယ်ယူ၍မရသဖြင့် ဆက်သွယ်ရေးတာဝါတိုင်များ၏ လက်ကျန်ဆီကုန်ခမ်းသွားသောကြောင့် အမ်ပီတီ(MPT) အော်ပရေတာလိုင်း ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

" အမ်းမြို့မှာ MPT လိုင်းမရတော့ဘူး၊ Mytel တလိုင်းပဲမိတယ်။ Atom က ဒီဘက်သိပ်မသုံးပေမယ့် တပ်တောင်မြို့ဘက်မှာတော့ လိုင်းပြတ်သွားတာရှိတယ်။ ဒီတာဝါတိုင်ထဲမှာရှိတဲ့ စက်သုံးဆီကုန်ရင်တော့ ပြတ်တောက်သွားနိုင်သလို တခြားရွာတွေမှာရှိတဲ့ တာဝါတိုင်တွေလည်း ဆီကုန်ရင် MPT အပါအဝင် တခြားတိုင်တွေ ပြတ်သွားနိုင်ချေရှိတယ်။ အခုလည်းစက်သုံးဆီတွေ ဝယ်မရတော့ပါဘူး"ဟု ၎င်းကပြောသည်။ 

စစ်ကောင်စီဘက်မှ ကုန်းလမ်း၊ ရေလမ်းကြောင်းပိတ်ဆို့ထားမှု၊ တမြို့နယ်နှင့်တမြို့နယ် ဖြတ်သန်းသွားလာမှုနှင့် သယ်ယူပို့ဆောင်မှုများအဝင်အထွက်ပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီပြတ်လပ်သွားခြင်းဖြစ်ကြောင်းဒေသခံများက ဆိုသည်။

 လက်ရှိအခြေအနေအရ သံတွဲမြို့နှင့်စစ်တွေမြို့ပေါ်ရှိ ဆိုင်အချို့တွင်သာစက်သုံးဆီအနည်းငယ် ဝယ်ယူနိုင်သော်လည်း အကန့်အသတ်ဖြင့်သာရောင်းချနေ၍ သံတွဲမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပါမှသာလျင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သံတွဲမြို့ခံများ၏အဆိုအရ သိရသည်။

အမ်းမြို့နှင့်မြေပုံမြို့အပြင်မင်းပြားနှင့်မြောက်ဦးမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ရောင်းချသည့်စက်သုံးဆီဆိုင်များ ပိတ်သွားသောကြောင့် ပရီမီယမ်ဒီဇယ်ဆီ၊ 92/95 အောက်တိန်း၊ ဓာတ်ဆီ၊ ရေနံဆီများဝယ်ယူ၍မရတော့ကြောင်း သိရသည်။

"ဆီပြတ်သွားတာဟုတ်ပါတယ်၊ ဓာတ်ဆီဆိုင်တွေမှာဆိုပိုဆိုးပေါ့။ ဆီမရှိတော့လို့ ဆိုင်ကယ်တွန်းသွားရတဲ့သူတွေတောင် ရှိတယ်။ ဝယ်လို့ရတုန်းက ဓာတ်ဆီတလီတာ ၆,၀၀၀ ထိစျေးတက်သွားတာပါ"ဟု မြောက်ဦးမြို့ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှစ၍အဘက်ဘက်မှပိတ်ဆို့ထားသည့်အပြင် နေရာတချို့ မြို့တွင်းစစ်ဆေးရေးဂိတ်များတွင် စက်သုံးဆီသယ်ယူခွင့်အပါအဝင် စျေးဝယ်ခွင့်၊ နာရေးကိစ္စ၊ကိုယ်ဝန်ဆောင်များ မီးဖွားခွင့်၊ ဆေးကုသမှုယူရန် ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားကြောင်း ဒေသခံများကဆိုသည်။

စစ်ရေးအရှိန်မြင့်တက်နေသည့် မောင်တော၊ ပေါက်တော၊ ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ဓာတ်ပုံ-စစ်တွေမြို့က တာဝါတိုင်ကို တွေ့ရစဉ် (ပုံဟောင်း)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရခိုင်ပြည်နယ်
#MPT
#AA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2❤1
​​ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် အိမ်ခြေအချို့ မီးလောင်
========================

ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ယနေ့ နိုဝင်ဘာလ ၂၃ ရက် နေ့လယ် ၁၁ နာရီ ၂၀ မိနစ်က ပစ်ခတ်ရာ အိမ်ခြေအချို့မီးလောင်မှုဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း ယင်းမြို့နှင့်နီးစပ်သည့်​ဒေသခံများထံက သိရသည်။

" လက်နက်ကြီးကြောင့် ကမ်းနားကရပ်ကွက်တခု မီးလောင်တာ မီးခိုးတွေထွက်နေတာတွေ့ရတယ်။ စစ်ကောင်စီက စစ်တွေမြို့သုံးနေရာကနေ ပေါက်တောဘက်ကို အလှည့်ကျပစ်နေတယ်။ မြို့ထဲပိတ်မိနေသူတွေ ရှိသေးတယ်"ဟု ပေါက်မြို့အနီးရှိ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်တွေမြို့ရေတပ်၊ စစ်တွေရဲတပ်ရင်း နှင့် စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ဘက်မှ အချိန်ဇယားခွဲထား၍ အလှည့်ကျပစ်ခတ်နေသည်ကို တွေ့ရကြောင်း စစ်တွေမြို့ခံများ၏အဆိုအရ သိရသည်။

အဆိုပါ ပေါက်တောမြို့တွင် မီးလောင်နေသည့်နေအိမ်များအား မြို့နှင့်အနီးနားတွင်နေထိုင်သည့် ဒေသခံများက ခပ်လှမ်းလှမ်းတွင် မြင်တွေ့ရကြောင်းသိရသည်။

ပေါက်တောမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ခပ်စိပ်စိပ်ဆက်တိုက်ပစ်ခတ်နေသည့်အပြင် မြို့အတွင်းပိတ်မိနေသူများမှာ ခန့်မှန်းလူဦးရေ ၁၀၀ မှ ၂၀၀ ဝန်းကျင် ကျန်ရှိနေသေး၍ ယင်းဒေသခံများအနက် ပြေးလွှားရန်ခက်ခဲနေသည်မှာ သက်ကြီးရွယ်အိုအများစုဖြစ်ကြောင်း ပေါက်တောမြို့လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူကပြောသည်။

"နေအိမ်မီးလောင်နေတာဟုတ်တယ်။ စစ်ကောင်စီက ဓားစာခံဖမ်းထားတာတွေကို ရက္ခိုင့်တပ်တော်ကနေပြီး ကယ်ထုတ်ပေးလို့ အဆင်ပြေတာတွေရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအထဲ လူငယ်လူရွယ်တွေလောက်ပဲ ပြေးနိုင်တော့ အဘိုးအဘွားအများစုက မသွားလာနိုင်တာရှိတယ်။ ကျွန်တော်တို့ဝင်ဖို့ခဏခဏကြိုးစားပေမယ့် အဆင်မပြေဘူး"ဟု ၎င်းကဆိုသည်။

မီးလောင်သည့် နေအိမ်အရေအတွက်နှင့် လူထိခိုက်မှုစာရင်းအား မသိရသေးပေ။

လက်ရှိအခြေအနေအရ ပေါက်တောမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် အဆိုပါမြို့ရှိဒေသခံများကို ချိတ်ဆက်၍မရသေးကြောင်း ပုဏ္ဏားကျွန်းမြို့နှင့် အမ်းမြို့ရှိ ဆွေမျိုးနီးစပ်သည့် ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသော လူပေါင်း ၁၈၀ ကျော်အနက် ၁၀၀ နီးပါးကို နိုဝင်ဘာ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ထုတ်ပြန်ထားသည်။

ကယ်ထုတ်ရန် ကျန်ရှိနေသေးသည့် အရပ်သားများအား ထပ်မံကယ်ထုတ်ရန်ရှိကြောင်း AA မှ ထုတ်ပြန်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ပေါက်တောမြို့
#AA
#ဓားစာခံ
ဓာတ်ပုံ- CJ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬8🔥2

🤬9👍2😢2❤1🔥1
Is the Arakan Army on track for victory in Myanmar’s Rakhine?
#AA -----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=cd9A-PYU8FM
👍2😁1
စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာပိတ်မိနေသူများလွတ်မြောက်နယ်မြေမှာလာခိုလှုံဖို့ AA စစ်ဦးစီးချုပ် ပြော
စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ ပိတ်မိနေသူများ လွတ်မြောက်နယ်မြေမှာ လာခိုလှုံဖို့ AA စစ်ဦးစီးချုပ် ပြောWatch more detail - https://youtu.be/HfE4vHIo9HU#AA#စစ်ကောင်စီ#VideoNews #shorts #reels-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=S89LJpV42m8
https://www.youtube.com/watch?v=dXpvilnfw8Y
အလောင်းတွေကို ထုပ်ပိုးထားတဲ့ သေဆုံးသူတွေက AA နဲ့ချင်းတွေ မဟုတ်
👍8🖕1