မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံး မီးလောင်မှုဖြစ်
==================
ဂန္ဒမာ
မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ MPT Exchange ရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။
“အင်တာနက်ပေးတဲ့အခန်းလောင်တာ အပေါ်မျက်နှာကျက်ထဲကနေ လောင်ပြီးပြိုကျတာ၊ မီးက မျက်နှာ ကျက်မှာပဲ ရှိနေတာ။ မျက်နှာကျက်ထဲကဆိုတော့ ဝါယာရှော့ ဖြစ်နိုင်မယ်ထင်တယ်” ဟု MPT Exchange ရုံးမီးလောင်မှုသို့ သွားရောက်ကူညီပေးခဲ့သည့် ပရဟိတလူငယ်များပရဟိတအသင်းဥက္ကဋ္ဌက မဇ္ဈိမသို့ ပြောကြားသည်။
MPT Exchange ရုံး မီးလောင်မှုကြောင့် MPT ဖုန်းလိုင်းများပျက်တောက်မှုရှိသလို အင်တာနက်လိုင်းများ ကျဆင်းမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
“အိမ်နဲ့ viber ပြောနေတာ၊ လိုင်းမကောင်းဘူး ပြောနေရင်း ပြတ်သွားတယ်” ဟု မရမ်းကုန်းမြို့နယ်နေ ဒေသခံတစ်ဦးကပြောသည်။
MPT Exchange ရုံးမီးလောင်မှုနှင့်ပတ်သက်၍ MPT Call Center ၊ ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများမှာ လတ်တလောတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မူလအတိုင်း ဆက်သွယ်မှုပြန်လည်ရရှိစေရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကာ ဆက်သွယ်ရေးကွန်ရက် အခြေအနေများနှင့်ပတ်သက်ပြီး အပြောင်းအလဲ ရှိပါက အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ထုတ်ပြန်ထား သည်။
မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမှာ နံနက် ၁၀ နာရီ ၂၃ မိနစ်မှ စတင်မီးလောင်ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် များထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၇ မိနစ်တွင် မီးထိန်းပြီး ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မရမ်းကုန်း
#MPT_Exchange
#မီးလောင်မှု

👍7🔥5❤1
ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးရက်သတ်မှတ်မထားသေးသော် လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများရှိလာ
=================
ဂန္ဒမာ
မဇ္ဈိမ။။ ပြည်တွင်းရှိ မိုဘိုင်းဖုန်း အော်ပရေတာ လေးခုမှ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် နောက်ဆုံးရက်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ကတ်ပိတ်ဖျက်သိမ်းခံရသူများ ရှိလာကြောင်း သုံးစွဲသူများထံကတစ်ဆင့်သိရသည်။
“ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ထားရင် ပိတ်မယ်တို့ဘာတို့ ကြေညာတော့ ကိုယ့်ဖုန်းကတ်က စဝယ်ထဲက သူများနာမည်အချက်အလက်တွေနဲ့မှတ်ပုံတင်ပြီးသားကြီးဖြစ်နေလို့ ကိုယ်ကလည်းထပ်မတင်တော့တာ။ အစက အဝင်လား၊ အထွက်လားမသိဘူး အဲ့ဒါပဲပိတ်တာ။ နောက်ကျတော့ ကတ်ပါပိတ်သွားတယ်။ သုံးမရတော့ဘူး”ဟု အက်တမ်ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မမှန်ကန်ပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာအော်ပရေတာများမှ ဆင်းမ်ကတ်ကိုင်ဆောင်သူများထံ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက စာတိုများပေးပို့ကာ ဖိအားပေးခဲ့သည်။
တချို့ကိုမူ အော်ပရေတာမှ ဖုန်းဖြင့်ဆက်သွယ်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးခြင်းများလည်းရှိကြောင်း သိရသည်။
“ဇန်နဝါရီလထဲမှာက အော်ပရေတာကနေ စာပို့တယ်၊ ဖေဖော်ဝါရီ ပထမပတ်ကျတော့ ဖုန်းဆက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ထားလား လှမ်းတိုက်ပြီးစစ်ဆေးတယ်။ MPT ရုံးချုပ်က ဆက်တာပါလို့ပြောတယ်။ အဲ့လိုဆက်ပြီး သူနဲ့သက်ဆိုင်တဲ့ MPT Pay က ပိတ်ခံလိုက်ရတယ်” ဟူ၍ ဖြစ်သည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အချက်အလက် မပြည့်စုံပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှကြေညာထားသော်လည်း လက်ရှိအချိန်ထိ မိမိကိုယ်ပိုင် အချက်အလက်များဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ သုံးစွဲနေသူများလည်းရှိနေကြောင်း သိရသည်။
“ကျွန်တော် အခုသုံးတဲ့ ဆင်းမ်ကတ်ကတော့ ဝယ်ကတည်းကတင်ပြီးသားဗျ ၊ ဒါပေမယ့်မှတ်ပုံတင်ဖို့ ထပ်ပို့နေတာတွေရှိတယ်ဗျ၊ ကျွန်တော်ကတော့မတင်ဘူးဗျ၊ တင်လိုက်ရင် အချက်အလက်တွေကို အစပြန်ဖော်သလိုဖြစ်သွားလိမ့်မယ်ဗျ၊ အဓိကသူတို့လိုချင်တာက မှတ်ပုံတင်ပြီးသားဖြစ်စေ၊ မတင်ရသေးတာဖြစ်စေ၊ အချက်အလက်တွေကို ပြန်လိုက်ချင်တာဗျ၊ အဲ့တာကြောင့် ကျွန်တော်တော့မတင်ဘူးဗျ။” ဟု ပြောသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ထားသည့်ရက်ကို အော်ပရေတာများ၏ ဖေစ့်ဘွတ်ပေချ့်ထံစာပေးပို့၍ စုံစမ်းမေးမြန်းရာ”ဆင်းမ်းကတ်မှတ်ပုံတင်ခြင်းအတွက် လက်ရှိတွင်တော့ နောက်ဆုံးရက်သတ်မှတ်ထားခြင်း မရှိသေးပါ။ သို့သော် အမြန်ဆုံးမှတ်ပုံတင်ပေးပါခင်ဗျာ” အစရှိသဖြင့် MPT မှ ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို သုံးစွဲသူတို့၏ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် ပြန်လည် စာရင်းသွင်းစေသည့် အခြေအနေအား မဖြစ်မနေ အနေအထားသို့ ရောက်ရှိအောင် ဆောင်ရွက်နေခြင်းမှာ ဖုန်းဆင်းမ်ကတ်ဖြင့်ချိတ်ဆက်ကာ ဖွင့်လှစ်ထားရသော အွန်လိုင်းငွေလွှဲဝန်ဆောင်မှုအက်ပလီကေးရှင်းများအသုံးပြုနေမှုကို စောင့်ကြည့် ပိတ်ပင်လိုခြင်းနှင့် ဆင်းမ်ကတ်သုံးစွဲသူ၏ ပြည့်စုံမှန်ကန်သော အချက်အလက်များကို ရယူကာ တော်လှန်ရေးနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကို တွေ့ရှိပါက အလွယ်တကူ ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#ဆင်းမ်ကတ်
#မှတ်ပုံတင်ခြင်း
#MPT

👍17😁1💯1
ရခိုင်ပြည်နယ် မြို့အချို့ စက်သုံးဆီပြတ်လပ်၍ MPT ဆက်သွယ်ရေးလိုင်း ပြတ်တောက်
===============
ဓါတု
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင်စက်သုံးဆီပြတ်လပ်မှုကြောင့် တယ်လီကွန်းတခုဖြစ်သော အမ်ပီတီ(MPT)ဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပြည်နယ်အတွင်းရှိ အမ်းမြို့၊ တပ်တောင်မြို့၊မြေပုံမြို့၊ကမ်းထောင်းကြီးမြို့များရှိ ကျေးရွာအများစုတွင် စက်သုံးဆီဝယ်ယူ၍မရသဖြင့် ဆက်သွယ်ရေးတာဝါတိုင်များ၏ လက်ကျန်ဆီကုန်ခမ်းသွားသောကြောင့် အမ်ပီတီ(MPT) အော်ပရေတာလိုင်း ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။
" အမ်းမြို့မှာ MPT လိုင်းမရတော့ဘူး၊ Mytel တလိုင်းပဲမိတယ်။ Atom က ဒီဘက်သိပ်မသုံးပေမယ့် တပ်တောင်မြို့ဘက်မှာတော့ လိုင်းပြတ်သွားတာရှိတယ်။ ဒီတာဝါတိုင်ထဲမှာရှိတဲ့ စက်သုံးဆီကုန်ရင်တော့ ပြတ်တောက်သွားနိုင်သလို တခြားရွာတွေမှာရှိတဲ့ တာဝါတိုင်တွေလည်း ဆီကုန်ရင် MPT အပါအဝင် တခြားတိုင်တွေ ပြတ်သွားနိုင်ချေရှိတယ်။ အခုလည်းစက်သုံးဆီတွေ ဝယ်မရတော့ပါဘူး"ဟု ၎င်းကပြောသည်။
စစ်ကောင်စီဘက်မှ ကုန်းလမ်း၊ ရေလမ်းကြောင်းပိတ်ဆို့ထားမှု၊ တမြို့နယ်နှင့်တမြို့နယ် ဖြတ်သန်းသွားလာမှုနှင့် သယ်ယူပို့ဆောင်မှုများအဝင်အထွက်ပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီပြတ်လပ်သွားခြင်းဖြစ်ကြောင်းဒေသခံများက ဆိုသည်။
လက်ရှိအခြေအနေအရ သံတွဲမြို့နှင့်စစ်တွေမြို့ပေါ်ရှိ ဆိုင်အချို့တွင်သာစက်သုံးဆီအနည်းငယ် ဝယ်ယူနိုင်သော်လည်း အကန့်အသတ်ဖြင့်သာရောင်းချနေ၍ သံတွဲမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပါမှသာလျင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သံတွဲမြို့ခံများ၏အဆိုအရ သိရသည်။
အမ်းမြို့နှင့်မြေပုံမြို့အပြင်မင်းပြားနှင့်မြောက်ဦးမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ရောင်းချသည့်စက်သုံးဆီဆိုင်များ ပိတ်သွားသောကြောင့် ပရီမီယမ်ဒီဇယ်ဆီ၊ 92/95 အောက်တိန်း၊ ဓာတ်ဆီ၊ ရေနံဆီများဝယ်ယူ၍မရတော့ကြောင်း သိရသည်။
"ဆီပြတ်သွားတာဟုတ်ပါတယ်၊ ဓာတ်ဆီဆိုင်တွေမှာဆိုပိုဆိုးပေါ့။ ဆီမရှိတော့လို့ ဆိုင်ကယ်တွန်းသွားရတဲ့သူတွေတောင် ရှိတယ်။ ဝယ်လို့ရတုန်းက ဓာတ်ဆီတလီတာ ၆,၀၀၀ ထိစျေးတက်သွားတာပါ"ဟု မြောက်ဦးမြို့ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှစ၍အဘက်ဘက်မှပိတ်ဆို့ထားသည့်အပြင် နေရာတချို့ မြို့တွင်းစစ်ဆေးရေးဂိတ်များတွင် စက်သုံးဆီသယ်ယူခွင့်အပါအဝင် စျေးဝယ်ခွင့်၊ နာရေးကိစ္စ၊ကိုယ်ဝန်ဆောင်များ မီးဖွားခွင့်၊ ဆေးကုသမှုယူရန် ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားကြောင်း ဒေသခံများကဆိုသည်။
စစ်ရေးအရှိန်မြင့်တက်နေသည့် မောင်တော၊ ပေါက်တော၊ ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
ဓာတ်ပုံ-စစ်တွေမြို့က တာဝါတိုင်ကို တွေ့ရစဉ် (ပုံဟောင်း)
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရခိုင်ပြည်နယ်
#MPT
#AA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7🔥2❤1