သင်္ကြန်ကာလအတွင်း စစ်ကောင်စီက PDFများကို အထင်လွဲစေရန် ဖောက်ခွဲမှုလုပ်နိုင်သည့်အတွက် သတိရှိကြရန် ပေါင်းတည်PDFပြော
=========================
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့တွင် စစ်ကောင်စီက သင်္ကြန်ကာလအတွင်း လူစည်ကားစေရန် အတင်းအကျပ်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန် ပေါင်းတည်PDFမှ ထုတ်ပြန်ထားသည်။
သင်္ကြန်ကာလအတွင်း စစ်ကောင်စီမှ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ကို အများပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် အများပြည်သူ လူစည်ကားရာနေရာများကို ဖောက်ခွဲမှုပြုလုပ်နိုင်ခြင်းကြောင့် ပြည်သူများ သတိထားရှောင်ရှားစေချင်ကြောင်း ပေါင်းတည်PDFအဖွဲ့မှ ပြောသည်။
“ကျနော်တို့က မေတ္တာရပ်ခံထားတာပေါ့ဗျာ ဒါပေမယ့် ဘောမ(စစ်ကောင်စီထောက်ခံသူ)တွေကတော့လုပ်မှာပဲလေ ပြီးတော့ စစ်ကောင်စီက PDFတွေ ပုံဖျက်ဖို့လုပ်မှာပဲ ဖောက်ခွဲမှုတွေလုပ်ပြီး PDFလုပ်တာပါလို့ပြောမှာပဲ PDFဆိုတာကတော့ ပြည်သူအများစုထိခိုက်မယ့်အလုပ်မျိုးတွေလုပ်မှာတော့ မဟုတ်ဘူး ဒါပေမယ့်ပြည်သူတွေသတိရှိဖို့လိုတယ် ပြည်သူတွေပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ အုပ်ချုပ်ခွင့်မရကြောင်းသက်သေပြကြပါလို့ပဲ ပြောချင်ပါတယ်”ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် လာမည့်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပြည်သူများမှ ပျော်ရွှင်စွာဆင်နွဲနေသည့်ပုံစံဖြင့် တော်လှန်ရေးပုံရိပ်ကိုထိခိုက်နိုင်အောင် မြန်မာနိုင်ငံအနှံ့အပြားတွင် အတင်းအကျပ် ဖိအားပေးစီစဉ်လျှက် ရှိသည်။
မြန်မာနိုင်ငံတွင် NLDအစိုးရလက်ထက်တွင် COVID-19 ကူးစက်မှုကြောင့် ၂၀၂၀ခုနှစ်တွင် အတာ သင်္ကြန် ပွဲတော်ကို ပြုလုပ်ခွင့်ပိတ်ပင်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် အာဏာသိမ်းခံရသည့်အတွက် ပြည်သူများမှ မပြုလုပ်ခဲ့ကြပေ။
#Mizzima
#ပဲခူးတိုင်း
#ပေါင်းတည်
#PDF
#သင်္ကြန်ကာလ
#ဖောက်ခွဲမှု
#COVID_19
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

👍9
COVID-19 ကာကွယ်ဆေး လက်မှတ် မပါသူများ ဆေးထိုးပြီးမှ မြောင်းမြမြို့တွင်း ဝင်ခွင့်ရ
======================
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ကွယ်လွယ် စစ်ဆေးရေးဂိတ်တွင် သင်္ကြန်ပိတ်ရက် နေရပ်ပြန် ပြည်သူများကို စစ်ကောင်စီတပ်က စစ်ဆေးနေရာ COVID-19 ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် မပါရှိပါက ချက်ခြင်း ဆေးထိုးပေးပြီး မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုကြောင်း နေရပ်ပြန်များထံမှ သိရသည်။
စစ်ကောင်စီတပ်က မှတ်ပုံတင်နှင့် ကာကွယ်ဆေး လက်မှတ် စစ်ဆေးနေပြီး ဆေးလက်မှတ် မပါသူများအား မြို့အဝင်ဂိတ်၌ ကာကွယ်ဆေး ထိုးပေးနေခြင်း ဖြစ်သည်။
“မှတ်ပုံတင် အရင်တောင်းပြီး စစ်တယ်၊ ပစ္စည်းတွေကို ရှာတယ်၊ ကိုဗစ် ဆေးထိုးပြီး မပြီး မေးပြီး ထောက်ခံစာ တောင်းတယ်၊ မပါလာရင် အခုချက်ခြင်း ထိုးရမယ်ဆိုလို့ ထိုးခဲ့ရတယ်၊ ညီမက ဆေးတစ်ကြိမ် ထိုးပြီးပြီ၊ ရုရှားဆေးဆိုလား တစ်ကြိမ်ပဲ ထိုးရတဲ့ဟာကို ထိုးထားတာ၊ ထောက်ခံစာက စာရွက် အကြီးကြီးဆိုတော့ လက်ကိုင်အိတ်ထဲ ထည့်ထားရင်း ပြဲသွားတာ၊ ရှင်းပြတာကို မရဘူး အတင်းထိုးခိုင်းတယ်၊ ဆေးတွေက တည့် မတည့် မသိဘဲ ထိုးရမယ်ဆိုလို့ ထိုးလိုက်ရတယ်၊ မဟုတ်ရင် မြို့ထဲ အဝင်မခံလို့” ဟု ရန်ကုန်မြို့မှ မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာသို့ နေရပ်ပြန်သည့် အမျိုးသမီးက ပြောသည်။
ဧရာဝတီတိုင်း အတွင်းသို့ သင်္ကြန်ပိတ်ရက်တွင် နေရပ် ပြန်သူ များပြားနေပြီး ရန်ကုန်-ပုသိမ် ကားလမ်း တစ်လျှောက်၌ လမ်းပိတ်ဆို့မှုများ နာရီနဲ့ချီ ဖြစ်ပေါ်နေကြောင်း သိရသည်။
#Mizzima
#မြောင်းမြမြို့
#COVID_19
#မှတ်ပုံတင်

မတူပီမြို့နယ်တွင် COVID-19 ကာကွယ်ဆေးအကြောင်းပြ၍ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနေ
========================
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က COVID-19 ကာကွယ်ဆေးလိုက်လံထိုးပေးနေသည်ဟု အကြောင်းပြပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံထံမှသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ကျေးရွာ များထဲတွင် ဝင်ရောက်၍ COVID-19 ကာကွယ်ဆေး မထိုးမနေရလိုက်လံထိုးပေးနေကြောင်းလည်း သိရသည်။
''ပြီးခဲ့တဲ့လက မင်းတပ်ကနေ တက်လာတဲ့စစ်ကြောင်းက အခုမင်းတပ်ကို ပြန်မဆင်းဘဲ အဲဒီစစ်ယာဉ်တန်းတွေနဲ့ အတူ စစ်ဆေးမှူးတွေလိုက်ပါပြီး ကိုဗစ်(COVID-19)ကာကွယ်ဆေးကို အရှိန်မြင့်လုပ်ဆောင်နေတယ်ဆိုပြီး ပြောပေမယ့် တကယ်တန်းကျတော့ တစ်ရွာဝင် တစ်ရွာထွက်စစ်ကြောင်းထိုးနေတာနဲ့ တူတူပါပဲ''ဟု မတူပီဒေသခံတစ်ဦးကပြောသည်။
ယင်းအပြင် မတူပီမြို့ပေါ်ရှိ ရှစ်လမ်းဆုံနှင့် စန်ဘောင်လမ်းဆုံတို့တွင်လည်း လမ်းသွားများကို COVID-19 ကာကွယ်ဆေး ထိုးမထိုးစစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။
''အခုရွာတွေဖက်ကို စစ်ယာဉ်တန်းတွေနှင့်တက်လာကြတဲ့ စစ်ကြောင်းကပြောတော့ ကိုဗစ်(COVID-19)ကာကွယ်ဆေးထိုးပေးဖို့ ရွာသူရွာသားတွေမကြောက်ကြပါနဲ့ဆိုပြီး ပါစ္စတာတွေကနေတစ်ဆင့်ပြောခိုင်းတယ်၊ ပြီးတော့လည်း သူတို့ပဲရွာတွေထဲက ဆိုလာပြားတွေခိုးယူကြတယ်။အခု( ဒုမ်း)ဘက်ခြမ်းကိုရောက်နေတဲ့စစ်ကြောင်းဆိုရင် အဝတ်စားအသုံးဆောင်တွေ ယူသွားတဲ့အပြင် ရွာက ဆိုင်ကယ် ကိုးစီး ၊ဆိုလာ ၊မီးစက်တွေ အကုန်ကားပေါ်တင်သွားကြတယ်''ဟု ဒုမ်းဘက်ခြမ်းကရွာသားတစ်ဦးကပြောသည်။
#Mizzima
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#COVID-19
#စစ်ကြောင်းထိုး

👍5
ဒေါက်တာမော်မော်ဦး ကို ထောင်ဒဏ် ၃ နှစ်ချ
------------
အာဏာသိမ်း စစ်ကောင်စီက ဖမ်းပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့သော ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦး ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူများမှ တစ်ဆင့် ကြားသိရသည်။
COVID-19 ဒုတိယလှိုင်း ကာလ ကုသမှုများ ပြုလုပ်ရာတွင် စီမံခန့်ခွဲမှု ကျွမ်းကျင်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့သူလည်း ဖြစ်ပြီး မီဒီယာ သတင်းထုတ်ပြန်မှု ကောင်းသူ မြန်မာ အရေးပေါ် ဆေးပညာအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမော်မော်ဦး ကို ယမန်နှစ် ဧပြီလ ၁၂ ရက်နေ့က တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့သည်။
ဒေါက်တာမော်မော်ဦး ကို လွှတ်ပေးရန် နိုင်ငံတကာ အရေးပေါ် ဆရာဝန်များ အဖွဲ့ချုပ်က တောင်းဆို ခဲ့သေးသည်။
အလားတူပင် ကိုဗစ် ကာကွယ်ဆေးထိုး လုပ်ငန်း လုပ်ဆောင်ခဲ့သော ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ကိုလည်း မကြာသေးခင်က အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။
တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းများ၏ ငွေလက်ကျန် စာရင်း မရှင်းဘဲ အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့က ဒေါက်တာထားထားလင်းကို ဖမ်းဆီးကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲခဲ့သည်။
#Mizzima
#ဒေါက်တာမော်မော်ဦး
#COVID_19
#ထောင်ဒဏ်

🤬11❤2👍2👎1
MOU စနစ်ဖြင့် ဒုတိယအသုတ် မြန်မာ အလုပ်သမား ၃၀၀ ကျော် ထိုင်းသို့ဝင်ရောက်
====================
ကိုရွှေမြိတ်
COVID-19 ကူးစက် ရောဂါကြောင့် နှစ်နှစ်နီးပါး ပိတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် MOU စနစ်ဖြင့် မြန်မာ အလုပ်သမား ၃၀၁ ဦးသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဒုတိယ အသုတ် အဖြစ် ထိုင်းသို့ ဝင်ရောက် လာကြောင်း Myanmar Labour Attache Office က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၂၈၈ ဦးသည် ပထမ အသုတ်အဖြစ် မေလ ၁၀ ရက်နေ့က ဝင်ရောက် ခဲ့ပြီး ယခု ဒုတိယ အသုတ် ဝင်ရောက်ခြင်း ဖြစ်ကြောင်း မဲဆောက် အခြေစိုက် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
#Mizzima
#ထိုင်း-မြန်မာ
#MOU စနစ်
#မဲဆောက်-မြဝတီ
#COVID-19
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6
ကလေးတက္ကသိုလ်တွင် ကျောင်းတက်ရန် စာရင်းသွင်းသူ နည်းပါး
=================
စစ်ကိုင်းတိုင်း ကလေးမြို့တွင် Covid-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပိတ်ထားရသည့် ကလေးတက္ကသိုလ် (Kalay University) ကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး၀န်ကြီးဌာနက ယနေ့ မေလ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံမှု လက်ခံခဲ့ရာ ယနေ့ ကလေး တက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းသွင်းသူ ပထမနှစ် ၆၀ ဦး၊ ဒုတိယနှစ် ၇၂ ဦး၊ တတိယနှစ် ၄၈ ဦးရှိပြီး ဂုဏ်ထူးတန်းနှင့် မဟာတန်းများ အတွက် စာရင်းပေးသူ ၇၈ ရှိကြောင်း သိရသည်။
“ကျွန်မ သင်ယူခဲ့တဲ့ အတန်းပညာနဲ့ ပြုစုခဲ့တဲ့ Thesis (သုတေသနစာတမ်း) တွေအားလုံးက စစ်ကောင်စီ အုပ်ချုပ်ပြီး နောက်ပိုင်း သင်ယူခဲ့တာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် စီမံခန့်ခွဲမှု အောက်မှာပဲ သင်ယူခဲ့တာပါ။ ဒါကြောင့် ကျောင်းပြီးတဲ့ထိ ဆက်တက်ပြီး ဘွဲ့ယူမယ်၊ ရတဲ့ဘွဲ့နဲ့ အလုပ်တွေ လျှောက်မယ်။ နောက်ဆုံး ဘယ်သူမှ ဒီဘွဲ့ကို အသိအမှတ် မပြုရင်တောင် အတွေ့အကြုံကနေ ရှာထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ် “ ဟု နောက်ဆုံးနှစ် တက်မည့် ကျောင်းသူတစ်ဦးက ပြောသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနက် ကလေးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်ရန် စာရင်းပေးသွင်းသူ ၁၀၄ ဦးရှိကြောင်း ဆိုသည်။
“စစ်အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် ကျောင်းတက်မယ့် အရွယ် လူငယ်တွေက လက်နက်ကိုင်တွေ ဖြစ်လာ ရပါတယ်။ စစ်ကောင်စီက ကျောင်းဖွင့်တော့ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေကို အကြောင်းမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကို နိုင်ငံ့ အစိုးရအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းမအပ်ဘဲ နေကြပါတယ်” ဟု တတိယနှစ် ကျောင်းသား တစ်ဦးက ဆိုသည်။
ကလေးတက္ကသိုလ်တွင် ကျောင်းအပ်နှံသူ စုစုပေါင်း ၃၆၂ ဦး ရှိသည့်အနက် ယနေ့ ကျောင်းစတင် တက်ရောက်သူ ၂၂ ဦးသာရှိကြောင်း အမှန်တကယ် ကျောင်းတက်ရမည့် ကျောင်းသား ၉၁၇၅ ဦးရှိကြောင်း သိရသည်။
#Mizzima
#ကလေးမြို့
#ကလေးတက္ကသိုလ်
#Covid-19
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
=================
စစ်ကိုင်းတိုင်း ကလေးမြို့တွင် Covid-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပိတ်ထားရသည့် ကလေးတက္ကသိုလ် (Kalay University) ကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး၀န်ကြီးဌာနက ယနေ့ မေလ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံမှု လက်ခံခဲ့ရာ ယနေ့ ကလေး တက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းသွင်းသူ ပထမနှစ် ၆၀ ဦး၊ ဒုတိယနှစ် ၇၂ ဦး၊ တတိယနှစ် ၄၈ ဦးရှိပြီး ဂုဏ်ထူးတန်းနှင့် မဟာတန်းများ အတွက် စာရင်းပေးသူ ၇၈ ရှိကြောင်း သိရသည်။
“ကျွန်မ သင်ယူခဲ့တဲ့ အတန်းပညာနဲ့ ပြုစုခဲ့တဲ့ Thesis (သုတေသနစာတမ်း) တွေအားလုံးက စစ်ကောင်စီ အုပ်ချုပ်ပြီး နောက်ပိုင်း သင်ယူခဲ့တာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် စီမံခန့်ခွဲမှု အောက်မှာပဲ သင်ယူခဲ့တာပါ။ ဒါကြောင့် ကျောင်းပြီးတဲ့ထိ ဆက်တက်ပြီး ဘွဲ့ယူမယ်၊ ရတဲ့ဘွဲ့နဲ့ အလုပ်တွေ လျှောက်မယ်။ နောက်ဆုံး ဘယ်သူမှ ဒီဘွဲ့ကို အသိအမှတ် မပြုရင်တောင် အတွေ့အကြုံကနေ ရှာထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ် “ ဟု နောက်ဆုံးနှစ် တက်မည့် ကျောင်းသူတစ်ဦးက ပြောသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနက် ကလေးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်ရန် စာရင်းပေးသွင်းသူ ၁၀၄ ဦးရှိကြောင်း ဆိုသည်။
“စစ်အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် ကျောင်းတက်မယ့် အရွယ် လူငယ်တွေက လက်နက်ကိုင်တွေ ဖြစ်လာ ရပါတယ်။ စစ်ကောင်စီက ကျောင်းဖွင့်တော့ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေကို အကြောင်းမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကို နိုင်ငံ့ အစိုးရအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းမအပ်ဘဲ နေကြပါတယ်” ဟု တတိယနှစ် ကျောင်းသား တစ်ဦးက ဆိုသည်။
ကလေးတက္ကသိုလ်တွင် ကျောင်းအပ်နှံသူ စုစုပေါင်း ၃၆၂ ဦး ရှိသည့်အနက် ယနေ့ ကျောင်းစတင် တက်ရောက်သူ ၂၂ ဦးသာရှိကြောင်း အမှန်တကယ် ကျောင်းတက်ရမည့် ကျောင်းသား ၉၁၇၅ ဦးရှိကြောင်း သိရသည်။
#Mizzima
#ကလေးမြို့
#ကလေးတက္ကသိုလ်
#Covid-19
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍6😁2
China slams 'unacceptable' Covid rules on nationals abroad, warns of 'counter measures'
================
#China Tuesday condemned fresh #Covid test requirements by around a dozen countries on passengers travelling abroad from its territory, warning it could take "counter measures" in response.
"Some countries have taken entry restrictions targeting only Chinese travellers. This lacks scientific basis and some practices are unacceptable," foreign ministry spokesperson Mao Ning told a regular briefing, warning China could "take counter measures based on the principle of reciprocity".
https://youtu.be/tm6jNnXjeDU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Youtube
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
😁2🤮1
Elation at Beijing airport as China ends quarantine for overseas travellers
=========================
Friends and family embrace one another at Beijing airport's international arrival hall, as #China lifts #quarantine requirements for inbound travellers, ending almost three years of self-imposed isolation even as the country battles a surge in #Covid cases.
https://youtu.be/dlCeSXj9BTY

👍3🔥2👏1
တာချီလိတ်- မယ်ဆိုင် အမှတ်(၁)တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေ
မေဘယ်လ်သူ
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ COVID-19 ကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တံတားပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး တာချီလိတ်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး တံတားပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
"မနေ့က ဇန်နဝါရီ ၁၈ ရက်ကတည်းက တံတားကပြန်ဖွင့်မယ်ဆိုပြီး ပြောနေကြပေမယ့် မဖွင့်သေးပါဘူး။ တံတားပြန်ဖွင့်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာတော့ ကြာပါပြီ" ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတားကို ဇန်နဝါရီ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ ကြေညာထားသော်လည်း မြန်မာပြည်ဘက်အခြမ်းမှ ပြန်ဖွင့်မည့်ရက်ကို အတိအကျ မသိရသေးကြောင်း ၎င်းကဆိုသည်။
ယင်းတံတားကို COVID-19 ဖြစ်ပွားမှု ပြင်းထန်ချိန် ၂၀၂၀ ခုနှစ် မတ်လ ၂၂ရက်က စတင်ပိတ်ခဲ့ခြင်းဖြစ်ကာ သုံးနှစ်နီးပါး ပိတ်ထားဆဲဖြစ်သည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကလည်း ကိုဗစ်ကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#COVID-19
#တာချီလိတ်
#မယ်ဆိုင်
#ရှမ်းပြည်နယ်

👍8👎1🔥1
ယနေ့ ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၌ ပြစ်ဒဏ်ကျခံပြီး မြန်မာ နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော အချုပ်လွတ် အကျဉ်းသား နေရပ်ပြန်များအနက် အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၁ ဦးအား ကော့သောင်းမြို့၊ မြို့မဆိပ်ခံတံတားသို့ ပို့ဆောင်ပေး ခဲ့ခြင်း ဖြစ်သည်။
COVID-19 ရောဂါတွေ့ရှိသူ ကိုးဦးအား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဖြင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်မှ အချုပ်လွှတ်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကော့ သောင်းမြို့သို့ သုံးကြိမ်ပြန်ပို့ပေးထားပြီး စုစုပေါင်း ၉၇၃ ဦးရှိနေပြီဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ပရဟိတအဖွဲ့များထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#ရနောင်းမြို့
#ရွှေ့ပြောင်းလုပ်သား
#COVID-19
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
COVID-19 ရောဂါတွေ့ရှိသူ ကိုးဦးအား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဖြင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်မှ အချုပ်လွှတ်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကော့ သောင်းမြို့သို့ သုံးကြိမ်ပြန်ပို့ပေးထားပြီး စုစုပေါင်း ၉၇၃ ဦးရှိနေပြီဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ပရဟိတအဖွဲ့များထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#ရနောင်းမြို့
#ရွှေ့ပြောင်းလုပ်သား
#COVID-19
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
https://www.youtube.com/watch?v=Vz1QHNZFCOU
Top Hong Kong scientist sounds alarm on next pandemic

YouTube

#HongKong microbiologist Yuen Kwok-yung has battled some of the world's worst threats, including the #SARS virus he helped isolate and identify. The scientist warns that another #pandemic is not only inevitable but it could exact damage far worse than #Covid…
👍4
https://www.youtube.com/watch?v=SnDoxaz15kg
#Covid infections among #Olympic athletes: #WHO urges governments to 'strengthen approach'

The WHO says it is "not surprising" that athletes have been infected during the Paris Olympic Games amid a new global rise in cases. "Governments need to be strengthening their approach to using Covid vaccines, especially ahead of the winter months in the…
https://www.youtube.com/watch?v=PvHuAVdBptY
Five years after the start of the #Covid-19 #pandemic, where are we now?

Five years after the start of the Covid-19 pandemic, where are we now? Death toll, treatments, origins: here's what we know about the virus.
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။…

👍3
https://www.youtube.com/watch?v=kaRoo9WPfvU
A look back at the first wave of #Covid-19 lockdowns, five years on

Five years ago, the world fell silent as country after country began announcing lockdown measures to curb the rapidly spreading Covid-19 virus. By April 2020, half of the world’s population was under stay-at-home orders, leaving cities around the world eerily…
A look back at the first wave of #Covid-19 lockdowns, five years on
Five years ago, the world fell silent as country after country began announcing lockdown measures to curb the rapidly spreading Covid-19 virus. By April 2020...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DkaRoo9WPfvU&h=AT3WOhVZuCxfGjt5UmtkyH7FdOq4-Iqhy8Kr_Mo9Ej7KmI5lXWjaGQ1TuzSnl-abT0WJ754lQzze7gIfoxsIj4iGjJw9wmYrzrsMeJOwJTv6ZlxvzIHbriQiFlAUDnwR&s=1

👍1
https://www.youtube.com/watch?v=ZQ9lxFiRmTU
ပုံအဟောင်းတွေနဲ့ ထိုင်းနိုင်ငံလမ်းမတွေမှာ ကိုဗစ်ကြောင့်လူသေဆုံးတဲ့ သတင်းအမှား

ပုံအဟောင်းတွေနဲ့ ထိုင်းနိုင်ငံလမ်းမတွေမှာ ကိုဗစ်ကြောင့်လူသေဆုံးတဲ့ သတင်းအမှား#Misinformation_Buster #Fake_News #Mizzima_Media #မဇ္ဈိမမီဒီယာ #Old_Photo #Covid...
👍7❤2🍌2
https://www.youtube.com/watch?v=6U45kKXQ64I
စင်္ကာပူနိုင်ငံက ကိုဗစ် ၁၉ အလောင်းကို ပထမဆုံးခွဲစိတ်ဖူးတဲ့ နိုင်ငံ မဟုတ်ပါ

#Misinformation_Buster #Fake_News #Mizzima_Media #မဇ္ဈိမမီဒီယာ #COVID_19 #စင်္ကာပူ #reels #shorts -----------------------------------------လွတ်လပ်တဲ့ မီဒီယာအ...
👍7