DKBA ဗိုလ်စောစလုံးစခန်းရှိ ရုပ်ပွားတော် ၁ ဆူနှင့် ကျောက်စိမ်း ဆင်းတုတော် ၃ ဆူကို စစ်ကောင်စီတပ် ခိုးယူသွား
--------
မြဝတီခရိုင်၊ လေးကေ့ကော်ဒေသ ဖလူးလေးကျေးရွာရှိ DKBA ဗိုလ်စောစလုံး စခန်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်လေယာဉ်များဖြင့် ပစ်ခတ် သိမ်းယူစဉ်က စခန်းအတွင်းရှိ တည်ထား ကိုးကွယ်သည့် ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူနှင့် ကျောက်စိမ်းရုပ်ပွားတော် သုံးဆူကိုပါ ခိုးယူသွားခဲ့သည်။
“စေတီက သူတို့ဖျက်ဆီးလိုက်တာလား။ ပင့်သွားတာလာတော့ မသိဘူး။ စေတီတော့ မရှိတော့ဘူး။ မန်ကျည်းပင် ပတ်ချာလည်မှာ ရှိတဲ့ ကျောက်စိမ်း ဆင်းတုတော် သုံးဆူလည်း မရှိတော့ဘူး။ ပုရဝဏ်ကတော့ ရှိတော့ ရှိသေးတာပေါ့ ”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
ဘာသာရေး အထွဋ်အမြတ် ဖြစ်သည့် ဆင်တုတော်များကို စစ်ကောင်စီက ခိုးယူသွားခဲ့ခြင်း အပေါ် ဖလူးကျေးရွာ ဒေသခံများက များစွာ စိတ်မကောင်း ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ထိုးစစ် ဆင်ခဲ့ခြင်းကြောင့် ကျေးရွာသားများ ထွက်ပြေး နေရပြီး လူသူ မရှိသည့် ကျေးရွာ အတွင်းရှိ နေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ဖျက်ဆီး ခဲ့ခြင်းများ ပြုလုပ်လျက် ရှိသည်။
#DKBA
#ဗိုလ်စောစလုံးစခန်း
#ကျောက်စိမ်းဆင်းတုတော်
#စစ်ကောင်စီတပ်
#MizzimaTV

😱4👍1
DKBA မှ ဗိုလ်စလုံးဦးဆောင်သည့် တပ်ဖွဲ့အင်အား ၂၀၀ ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပူးပေါင်း
=========================
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်စလုံးဦးဆောင်သည့် တပ်ဖွဲ့အင်အား ၂၀၀ကျော် သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်နိုင်ရေးအတွက် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဗိုလ်စလုံးဦးဆောင်သည့်တပ်ဖွဲ့တွင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲရန်အတွက် ပြည်တွင်းမှ လွတ် မြောက်နယ်မြေသို့ရောက်ရှိလာသည့် လူငယ်များလည်းပါဝင်ပြီး စစ်ကောင်စီကိုပြတ်ပြတ်သားသား တိုက် ခိုက်ရန်အတွက် KNDOနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညီမတို့ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့စတင်ချိန်မှာ ဗိုလ်စလုံးက အရင်ဆုံးကူညီပေးတယ်။ သူ့ဆီမှာ ခိုလှုံ ပြီးတော့ DKBA အဖြစ်နဲ့ စစ်ပညာသင်ကြားတာပေါ့။ ဗိုလ်စလုံးက အကုန်ကူညီပေးရင်း သူ့ဆီကိုရောက် လာတဲ့ လူငယ်တွေကိုမြင်ရတော့ သူစိတ်မကောင်းတာနဲ့ ဒါက NCA အတိုင်း သွားလို့မရတော့ဘူး တကယ်တိုက်မှရမယ်ဆိုပြီးတော့ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တယ်။ ညီမတို့ဆိုရင် NUG က အသိအမှတ်ပြုတဲ့ ယူနတီစခန်းပေါ့ အဲဒီကနေမှ တခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆင်ဖြူ တပ်ရင်းဆိုပြီး စုစည်းတယ်။ အခုတော့ ဗိုလ်စလုံးက ပြတ်ပြတ်သားသားပူးပေါင်းလိုက်တာပါ ညီမတို့ကို KNDO က ကွန်မန်ဒိုတပ်ရင်းတစ်ခုအဖြစ်နဲ့ ဖွဲ့စည်းပေးသွားမယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါ တယ် ” ဟု ဗိုလ်စလုံးဦးဆောင်သည့်တပ်ဖွဲ့အတွင်း စစ်ပညာသင်ကြားကာ စစ်ကောင်စီကို တိုက်ခိုက် နေသည့် ဆင်ဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း ဗိုလ်စလုံးနှင့်တပ်ဖွဲ့ဝင်များကို ကြိုဆိုလက်ခံခဲ့ပြီး ဘက်တံဆိပ်များ အပ်နှံထားမှုလက်ခံရရှိပါက မကြာမီရက်ပိုင်းအတွင်း အခမ်းအနားဖြင့်လက်ခံကြိုဆိုပွဲ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်စလုံး၏ အခြေစိုက်စခန်းကို အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်ခံထားသည်ဟုဆိုကာ နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ပြီး ဗိုလ်စလုံးဘက်မှတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့ရသည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNDO စစ်ဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး KNU ကာကွယ် ရေးဌာနက ၂၀၂၁ ခုနှစ် မေလအတွင်းက စစ်ကောင်စီမှသူလျှိုဟုဆိုသူ ၂၅ ဦးကို ရှင်းလင်းခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ ရာထူးနှင့်တာဝန်များမှ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ထုတ်ပြန်ချက်အပေါ်ကို လက်မခံကြောင်းနှင့် လက်ရှိရာထူးတာဝန်များကို ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း တုံ့ပြန်ထားသည်။
#Mizzima
#DKBA
#ဗိုလ်စလုံး
#ဗိုလ်မှူးချုပ်စောနယ်ဒါးမြ
#KNDO

👍11
DKBAမှ နုတ်ထွက်လာသည့် ဗိုလ်စလုံးနှင့်အဖွဲ့ KNDO ကွန်မန်ဒိုအထူး တပ်ရင်းဖွဲ့စည်း၍ သစ္စာရေသောက်
=========================
ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ နုတ်ထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းခဲ့သည့် ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် KNDO၏ ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ယနေ့ မေလ ၅ရက် နံနက်ပိုင်းတွင် သစ္စာရေသောက်ပွဲ ကျင်းပလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“အခုတော်လှန်ရေးလုပ်တာမှာ သုံးခုလုပ်ရမယ်။ နံပါတ်တစ်အချက် ညီညွတ်မှုရှိရမယ်။ နံပါတ်နှစ်အချက် သတ္တိရှိရမယ်။ နံပါတ်သုံး ကျွန်တော်တို့ နိုင်ငံရေး ရည်မှန်းချက်ရှင်း ရမယ်။ ပွင့်လင်းရမယ်၊ နိုင်ငံရေးရည်မှန်းချက် မရှင်းရင် ခရီးပန်းလို့မရဘူး။ တော်လှန်ရေး လုပ်တာ သတ္တိရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှုမရှိဘူး။ အဲ့ဒါမှတ်ထားရမယ်။ ကျွန်တော်တို့ အောင်မြင်ရမယ်၊ မအောင်မြင်လို့ရှိရင် ကျွန်တော်တို့ ကတော့ အားလုံးကျွန်ဖြစ်သွားမယ်”ဟု ယနေ့ ကျင်းပသည့် သစ္စာရေသောက်ပွဲတွင် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြားခဲ့သည်။
KNDOနှင့် ပူးပေါင်းလာခဲ့သည့် ဗိုလ်စလုံးနဲ့အဖွဲ့ကို ဗိုလ်ချုပ်စောနယ်ဒါးမြက KNDO ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်း၍ တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး KNDO၏ တာဝန်ရှိသူတစ်ဦးက ဒုတပ်ရင်းမှူးအဖြစ် ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့တွင် စစ်အာဏာရှင်ကို မလိုလား၍ တိုင်းနှင့် ပြည်နယ်အချို့မှ လာရောက်စစ်ပညာသင်ကြားနေသည့် လူငယ်များစွာ ပါဝင်ခဲ့ပြီး အမျိုးညီညွတ်ရေးအစိုးရအဖွဲ့(NUG) ဦးဆောင်မှုနှင့် ဖွဲ့စည်းထားသည့် ဆင်ဖြူတပ်ရင်းလည်း ပါဝင်ကြောင်း သိရသည်။
#ဗိုလ်စလုံးနှင့်အဖွဲ့
#စစ်ကောင်စီ
#DKBAနုတ်ထွက်
#KNDOနှင့်ပူးပေါင်း
#သစ္စာရေသောက်
#KNDOအထူးကွန်မန်ဒိုတပ်ရင်း
#ဖွဲ့စည်း
#PhotoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤10👍3
“DKBA မှာနေရင် ရှေ့ကိုတိုက် နောက်က ကိုယ့်လူကြီးကို ကိုယ်ပြန်ကြောက် နေရတယ်”
KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်
==================
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောစလုံးသည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) ဗိုလ်မှူးချုပ် စောနယ်ဒါးမြထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက် ပူးပေါင်းခဲ့သည်။
ဗိုလ်မှူးစောစလုံး ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက မေလ ၅ ရက်နေ့တွင် ဂုဏ်ပြု ကြိုဆိုခဲ့ပြီး KNDO ကွန်မန်ဒို တပ်ရင်း အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ ဗိုလ်မှူး စောစလုံး ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) တွင် ရှိစဉ်ကလည်း စစ်ကောင်စီတပ်ကို KNLA ၊ KNDO ၊ PDF တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်က ဗိုလ်မှူးစောစလုံး အခြေစိုက်သည့် ဖလူးလေး စခန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး လေးရက်တိုင် သာလွန် အင်အားဖြင့် တိုက်ခိုက်ခဲ့ပြီး ငါးရက်မြောက် နေ့တွင် စစ်လေယာဉ်များ အသုံးပြု ပစ်ခတ်ကာ စခန်းကို သိမ်းယူ ဖျက်ဆီးခဲ့သည်။
KNDO ထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် ဗိုလ်မှူးစောစလုံးကို မဇ္ဈိမက တွေ့ဆုံ မေးမြန်းထားသည်။
https://youtu.be/m1AY-m-rWPs
ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#Mizzima
#KNDO
#DKBA
#ဗိုလ်စလုံး
#ဖလူးလေးစခန်း

YouTube
“DKBA မှာနေရင် ရှေ့ကိုတိုက် နောက်က ကိုယ့်လူကြီးကို ကိုယ်ပြန်ကြောက် နေရတယ်”
“DKBA မှာနေရင် ရှေ့ကိုတိုက် နောက်က ကိုယ့်လူကြီးကို ကိုယ်ပြန်ကြောက် နေရတယ်”
KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်
==================
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောစလုံးသည်…

👍7🥰3❤1
DKBAဗျူဟာမှူး နေအိမ်အပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ လေကြောင်းဖြင့်ဗုံးကြဲ
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာအတွင်းရှိ DKBA အမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ် အပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အဆောက်အဦအချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ၂၁ရက် နံနက် ၁ နာရီဝန်းကျင်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်လေဆိပ်မှ ဂျက်လေယာဉ် သုံးစီး၊ ပုသိမ်လေဆိပ်မှ ဂျက်လေယာဉ် တစ်စီး စုစုပေါင်း လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနက်ကြီးလာကြဲသွားတာပါ၊ အဆောက်အဦတော်တော်များများ ပျက်စီးသွားတယ် ။စက်လတ်(သေနတ်)နဲ့ပါပစ်တယ်လို့ပြောတယ် ။ ဘာလို့လာပစ်တာလဲလို့တော့မသိဘူး ။ DKBAက စစ်တပ်နဲ့ NCAလက်မှတ်ထိုးထားတာလေ ။အခုလိုလုပ်သွားတော့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲတော့မသိဘူး”ဟု ဒေသတွင်း သတင်းအရင်းအမြစ် တဦးထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေနေကို လက်တလော မသိရှိရသေးပေ။
ယင်းတိုက်ခိုက်မှုအခြေနေနှင့်ပတ်သက်ပြီး DKBAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောစံမင်းကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်ခဲ့ရာ အဆိုပါသတင်းကို လက်တလောအတည်ပြု၍ မရသေးကြောင်း ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး တိုင်းရင်သားလက်နက်ကိုင် ဌာနချုပ်များကို အလစ်အငိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ဘုရားသုံးဆူမြို့
#DKBA
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာအတွင်းရှိ DKBA အမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ် အပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အဆောက်အဦအချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ၂၁ရက် နံနက် ၁ နာရီဝန်းကျင်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်လေဆိပ်မှ ဂျက်လေယာဉ် သုံးစီး၊ ပုသိမ်လေဆိပ်မှ ဂျက်လေယာဉ် တစ်စီး စုစုပေါင်း လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနက်ကြီးလာကြဲသွားတာပါ၊ အဆောက်အဦတော်တော်များများ ပျက်စီးသွားတယ် ။စက်လတ်(သေနတ်)နဲ့ပါပစ်တယ်လို့ပြောတယ် ။ ဘာလို့လာပစ်တာလဲလို့တော့မသိဘူး ။ DKBAက စစ်တပ်နဲ့ NCAလက်မှတ်ထိုးထားတာလေ ။အခုလိုလုပ်သွားတော့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲတော့မသိဘူး”ဟု ဒေသတွင်း သတင်းအရင်းအမြစ် တဦးထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေနေကို လက်တလော မသိရှိရသေးပေ။
ယင်းတိုက်ခိုက်မှုအခြေနေနှင့်ပတ်သက်ပြီး DKBAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောစံမင်းကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်ခဲ့ရာ အဆိုပါသတင်းကို လက်တလောအတည်ပြု၍ မရသေးကြောင်း ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး တိုင်းရင်သားလက်နက်ကိုင် ဌာနချုပ်များကို အလစ်အငိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ဘုရားသုံးဆူမြို့
#DKBA
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍6😁6❤1
ထိပ်တန်းအရာရှိအိမ် လေကြောင်းတိုက်ခိုက်ခံရသည်မှာ စစ်ကောင်စီဘက်က သတင်းအမှားရရှိခြင်းဖြစ်နိုင်ဟု DKBAဆို
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ထိပ်တန်းအရာရှိ တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီဘက်က သတင်းအချက်အလက် မှားယွင်းရရှိသောကြောင့်သာ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း DKBAက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကရင်ပြည်နယ် ၊ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာတွင်ရှိသည့် DKBAအမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်း ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပေါ်တွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောစိန်ဝင်းက သတင်းအချက်အလက်အမှားကြောင့် သာဖြစ်နိုင်သည်ဟု မဇ္ဈိမသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့သတင်းအမှားရတယ်ထင်တယ်။ KNUတို့ DKBAတို့ BGF တို့ NUGတို့ တစ်ခုခုလုပ်ဖို့စုရုံးတယ်လို့ သတင်းမှား တစ်ယောက်ယောက်ပေးခဲ့လို့ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်မျိုး ဖြစ်ခဲ့တယ်လို့ကျနော်ယူဆတယ်။ ကျနော်တို့က ပြဿနာကိုမကြီးချင်ဘူးလေ။ ပြဿနာကိုငယ်ချင်တယ်။ ငယ်တဲ့ပြဿနာကိုပပျောက်ချင်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် နေအိမ်ပျက်စီးသွားခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း DKBAကအတည်ပြုသည်။ ထိုတိုက်ခိုက်မှုအတွက် ဇန်နဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင် DKBAထိပ်ပိုင်းခေါင်းဆောင်များသည် စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံရန်အတွက် အဆိုပြုထားခဲ့သော်လည်း “မအားသေး” ဟုအကြောင်းပြန်ခဲ့သည်ဟု DKBAထံမှသိရသည်။
တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် လေကြောင်းအသုံးပြုနေသည့် စစ်ကောင်စီသည် ၎င်းနှင့်စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေသည့် DKBA ၏ အဆင့်မြင့် အရာရှိတစ်ဦးနေအိမ်ကို လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယခုလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း စောစိန်ဝင်းက ဆိုသည်။
DKBAသည် ဘက်မလိုက်သည့် ကြားနေမူဝါဒကို စွဲကိုင်ထားပြီး ရှေ့ကခေါင်းဆောင်များ၏ ညွှန်ကြားချက်များအတိုင်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့်အပြင် ကရင်အမျိးသားအစည်းရုံး(KNU)နှင့်လည်း တစ်ခါတစ်ရံ တွေ့ဆုံမှုများ ပြုလုပ်လျက် ရှိနေသည်ဟုသိရသည်။
DKBA၏မူဝါဒကြောင့် ၎င်းတို့ထံမှခွဲထွက်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့များလည်းရှိနေသည်။
အဆိုပါအဖွဲ့များနှင့်ပတ်သက်ပြီး “ နဂိုထဲကကျနော်တို့စည်းကမ်းကို မလိုက်နာရင် ကျနော်တို့ထုတ်ပယ်ထားပြီးသားပဲလေ။ ဒါပေမယ့် ခက်တာကျနော်တို့ထုတ်ပေမယ့် သူတို့ဆီမှာ နဂိုပေးအပ်ထားတဲ့ ဘတ်တံဆိပ်တွေ ပါသွားတဲ့ အခင်းအကျင်းမျိုးမှာ SACအနေနဲ့ ဒီဖြစ်စဉ်မှာ အထင်မှားအမြင်မှားတွေ ရှိနိုင်ကောင်းရှိပါလိမ့်မယ်” ဟု စောစိန်ဝင်းက ပြောသည်။
နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပုံမှန်တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုမှ အဆင်မြင့်အရာရှိတစ်ဦး၏ နေအိမ်ကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုအပေါ် စစ်ကောင်စီကမည်သို့တုံ့ပြန်မည်နှင့် DKBAဘက်က မည်သို့သဘောထား များရှိလာမည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ဘုရားသုံးဆူမြို့နယ်
#DKBA
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု

😁18👍7🔥1💩1
#DKBA orders #Chinese nationals running online #scam centres in #Payathonzu to leave town
https://eng.mizzima.com/2025/02/12/19121

👍3
#DKBA escorted #Chinese nationals from online #scam centres in #Myanmar back to their country
https://eng.mizzima.com/2025/02/17/19270

👍5👎1
#Chinese-run online money #laundering continues in #DKBA-controlled areas of #Myanmar despite crackdown
https://eng.mizzima.com/2025/03/10/19931

https://www.youtube.com/watch?v=mn7okoG7cKs
ဇူလိုင်လ ၃၁ ရက်၊ ည ၇ နာရီ မဇ္ဈိမ သတင်းအစီအစဉ်

#7pmnews #themizzimaprimetime #DKBA#အာဆီယံ--------------------...
👍6