Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခု ရုတ်သိမ်းရန် KNDO ထုတ်ပြန်
==================
သထုံခရိုင်၊ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းနှစ်ခု သုံးရက်အတွင်း ထွက်ခွာ ရုတ်သိမ်းရန် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ယင်းစခန်း နှစ်ခုမှ ထွက်ခွာသွားရန်နှင့် ထွက်ခွာခြင်း မရှိပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံ အနှံ့အပြားရှိ တိုင်းရင်သား ပြည်သူလူထု အပေါ် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့် ကလေးသူငယ်များပါ မကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ် စည်းစိမ်များအား မထင်လျင် မထင်သလို မီးရှို့ဖျက်ဆီးခြင်း အစရှိသော လူသားမဆန်သည့် ကိစ္စရပ်များ ပြုမှု ဆက်ဆံလျက် ရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့ နယ်မြေအတွင်း လုံးဝ နေထိုင်ခွင့် မပြုနိုင်ကြောင်း ဖော်ပြသည်။
KNDO နှင့် ပူးပေါင်း ဆောင်ရွက်လိုပါက သတ်မှတ်ရက် မတိုင်မီ ဆက်သွယ်ရန်၊ ထွက်ခွာရန် လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင် ညှိနှိုင်းရန်နှင့် ထုတ်ပြန်ထားသည့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့်အား အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဆိုထားသည်။
လေးကေစခန်းနှင့် ဝင်းတာပန်စခန်းတွင် စစ်ကောင်စီတပ်နှင့် BGF တပ်တို့ ပူးပေါင်း တပ်စွဲထားပြီး စခန်းအနီးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။
KNDO ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။
#Mizzima
#ဘီးလင်းမြို့နယ်
#KNU
#KNDO
#BGF
#VideoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏5👍4
DKBA မှ ဗိုလ်စလုံးဦးဆောင်သည့် တပ်ဖွဲ့အင်အား ၂၀၀ ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပူးပေါင်း
=========================

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်စလုံးဦးဆောင်သည့် တပ်ဖွဲ့အင်အား ၂၀၀ကျော် သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်နိုင်ရေးအတွက် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။

ဗိုလ်စလုံးဦးဆောင်သည့်တပ်ဖွဲ့တွင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲရန်အတွက် ပြည်တွင်းမှ လွတ် မြောက်နယ်မြေသို့ရောက်ရှိလာသည့် လူငယ်များလည်းပါဝင်ပြီး စစ်ကောင်စီကိုပြတ်ပြတ်သားသား တိုက် ခိုက်ရန်အတွက် KNDOနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညီမတို့ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့စတင်ချိန်မှာ ဗိုလ်စလုံးက အရင်ဆုံးကူညီပေးတယ်။ သူ့ဆီမှာ ခိုလှုံ ပြီးတော့ DKBA အဖြစ်နဲ့ စစ်ပညာသင်ကြားတာပေါ့။ ဗိုလ်စလုံးက အကုန်ကူညီပေးရင်း သူ့ဆီကိုရောက် လာတဲ့ လူငယ်တွေကိုမြင်ရတော့ သူစိတ်မကောင်းတာနဲ့ ဒါက NCA အတိုင်း သွားလို့မရတော့ဘူး တကယ်တိုက်မှရမယ်ဆိုပြီးတော့ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တယ်။ ညီမတို့ဆိုရင် NUG က အသိအမှတ်ပြုတဲ့ ယူနတီစခန်းပေါ့ အဲဒီကနေမှ တခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆင်ဖြူ တပ်ရင်းဆိုပြီး စုစည်းတယ်။ အခုတော့ ဗိုလ်စလုံးက ပြတ်ပြတ်သားသားပူးပေါင်းလိုက်တာပါ ညီမတို့ကို KNDO က ကွန်မန်ဒိုတပ်ရင်းတစ်ခုအဖြစ်နဲ့ ဖွဲ့စည်းပေးသွားမယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါ တယ် ” ဟု ဗိုလ်စလုံးဦးဆောင်သည့်တပ်ဖွဲ့အတွင်း စစ်ပညာသင်ကြားကာ စစ်ကောင်စီကို တိုက်ခိုက် နေသည့် ဆင်ဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း ဗိုလ်စလုံးနှင့်တပ်ဖွဲ့ဝင်များကို ကြိုဆိုလက်ခံခဲ့ပြီး ဘက်တံဆိပ်များ အပ်နှံထားမှုလက်ခံရရှိပါက မကြာမီရက်ပိုင်းအတွင်း အခမ်းအနားဖြင့်လက်ခံကြိုဆိုပွဲ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်စလုံး၏ အခြေစိုက်စခန်းကို အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်ခံထားသည်ဟုဆိုကာ နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ပြီး ဗိုလ်စလုံးဘက်မှတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့ရသည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNDO စစ်ဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး KNU ကာကွယ် ရေးဌာနက ၂၀၂၁ ခုနှစ် မေလအတွင်းက စစ်ကောင်စီမှသူလျှိုဟုဆိုသူ ၂၅ ဦးကို ရှင်းလင်းခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ ရာထူးနှင့်တာဝန်များမှ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ချက်အပေါ်ကို လက်မခံကြောင်းနှင့် လက်ရှိရာထူးတာဝန်များကို ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း တုံ့ပြန်ထားသည်။

#Mizzima
#DKBA
#ဗိုလ်စလုံး
#ဗိုလ်မှူးချုပ်စောနယ်ဒါးမြ
#KNDO
👍11
​​DKBAမှ နုတ်ထွက်လာသည့် ဗိုလ်စလုံးနှင့်အဖွဲ့ KNDO ကွန်မန်ဒိုအထူး တပ်ရင်းဖွဲ့စည်း၍ သစ္စာရေသောက်
=========================

ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ နုတ်ထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းခဲ့သည့် ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် KNDO၏ ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ယနေ့ မေလ ၅ရက် နံနက်ပိုင်းတွင် သစ္စာရေသောက်ပွဲ ကျင်းပလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အခုတော်လှန်ရေးလုပ်တာမှာ သုံးခုလုပ်ရမယ်။ နံပါတ်တစ်အချက် ညီညွတ်မှုရှိရမယ်။ နံပါတ်နှစ်အချက် သတ္တိရှိရမယ်။ နံပါတ်သုံး ကျွန်တော်တို့ နိုင်ငံရေး ရည်မှန်းချက်ရှင်း ရမယ်။ ပွင့်လင်းရမယ်၊ နိုင်ငံရေးရည်မှန်းချက် မရှင်းရင် ခရီးပန်းလို့မရဘူး။ တော်လှန်ရေး လုပ်တာ သတ္တိရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှုမရှိဘူး။ အဲ့ဒါမှတ်ထားရမယ်။ ကျွန်တော်တို့ အောင်မြင်ရမယ်၊ မအောင်မြင်လို့ရှိရင် ကျွန်တော်တို့ ကတော့ အားလုံးကျွန်ဖြစ်သွားမယ်”ဟု ယနေ့ ကျင်းပသည့် သစ္စာရေသောက်ပွဲတွင် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြားခဲ့သည်။

KNDOနှင့် ပူးပေါင်းလာခဲ့သည့် ဗိုလ်စလုံးနဲ့အဖွဲ့ကို ဗိုလ်ချုပ်စောနယ်ဒါးမြက KNDO ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်း၍ တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး KNDO၏ တာဝန်ရှိသူတစ်ဦးက ဒုတပ်ရင်းမှူးအဖြစ် ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့တွင် စစ်အာဏာရှင်ကို မလိုလား၍ တိုင်းနှင့် ပြည်နယ်အချို့မှ လာရောက်စစ်ပညာသင်ကြားနေသည့် လူငယ်များစွာ ပါဝင်ခဲ့ပြီး အမျိုးညီညွတ်ရေးအစိုးရအဖွဲ့(NUG) ဦးဆောင်မှုနှင့် ဖွဲ့စည်းထားသည့် ဆင်ဖြူတပ်ရင်းလည်း ပါဝင်ကြောင်း သိရသည်။

#ဗိုလ်စလုံးနှင့်အဖွဲ့
#စစ်ကောင်စီ
#DKBAနုတ်ထွက်
#KNDOနှင့်ပူးပေါင်း
#သစ္စာရေသောက်
#KNDOအထူးကွန်မန်ဒိုတပ်ရင်း
#ဖွဲ့စည်း
#PhotoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍3
“DKBA မှာနေရင် ရှေ့ကိုတိုက် နောက်က ကိုယ့်လူကြီးကို ကိုယ်ပြန်ကြောက် နေရတယ်”

KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်
==================

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောစလုံးသည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) ဗိုလ်မှူးချုပ် စောနယ်ဒါးမြထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက် ပူးပေါင်းခဲ့သည်။

ဗိုလ်မှူးစောစလုံး ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက မေလ ၅ ရက်နေ့တွင် ဂုဏ်ပြု ကြိုဆိုခဲ့ပြီး KNDO ကွန်မန်ဒို တပ်ရင်း အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ ဗိုလ်မှူး စောစလုံး ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) တွင် ရှိစဉ်ကလည်း စစ်ကောင်စီတပ်ကို KNLA ၊ KNDO ၊ PDF တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က ဗိုလ်မှူးစောစလုံး အခြေစိုက်သည့် ဖလူးလေး စခန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး လေးရက်တိုင် သာလွန် အင်အားဖြင့် တိုက်ခိုက်ခဲ့ပြီး ငါးရက်မြောက် နေ့တွင် စစ်လေယာဉ်များ အသုံးပြု ပစ်ခတ်ကာ စခန်းကို သိမ်းယူ ဖျက်ဆီးခဲ့သည်။

KNDO ထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် ဗိုလ်မှူးစောစလုံးကို မဇ္ဈိမက တွေ့ဆုံ မေးမြန်းထားသည်။

https://youtu.be/m1AY-m-rWPs

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#Mizzima
#KNDO
#DKBA
#ဗိုလ်စလုံး
#ဖလူးလေးစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🥰3❤1
ထားဝယ်ခရိုင် မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် နှစ်ဖက် အကျအဆုံးရှိ
==================

ကိုရွှေမြိတ်
ထားဝယ်၊မေလ(၁၅)

ထားဝယ်ခရိုင် မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ နှစ်ဦးနှင့် PDF ဖက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ကျောက်မဲတောင်ရဲစခန်းကို KNDO ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပူးပေါင်း မဟာမိတ်အဖွဲ့များနှင့် အတူဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲကပြင်းထန်းတော့ စစ်ကောင်စီဘက်က စစ်သား တစ်ဦး၊ ရဲတစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာ ရသူတွေ လည်းရှိနိုင်တယ်။ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ နှစ်ဦး ကျဆုံးခဲ့တယ်” ဟု ပြောသည်။
တို
က်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်)မှ ရဲဘော်ဂျပန်နှင့် KNDO Special တပ်ရင်းမှဗိုလ်ဆယ်ပြားတို့ ကျဆုံးခဲ့ကြောင်း KNU KNLD KNDO Boe Eh Kwee Brigade 4 နှင့် ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဦး Facebook Page များက ဝမ်းနည်းကြောင်းဖော်ပြထားသည်။

https://youtu.be/HwNC3NuX1N0

#Mizzima
#ကျောက်မဲတောင်ရဲစခန်း
#ထားဝယ်ခရိုင်
#KNDO
#ဝင်ရောက်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
ကျောက်မဲတောင်တိုက်ပွဲတွင် ကျဆုံးသွားသည့် ဗိုလ်ဆယ်ပြားကို ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ
==================
ကိုရွှေမြိတ်
ထားဝယ်၊ မေလ၊ ၁၈
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကျောက်မဲတောင်တိုက်ပွဲတွင် မေလ ၁၄ ရက်နေ့က ကျဆုံးခဲ့ရ သည့် KNDO Special တပ်ရင်းမှ ဗိုလ်ဆယ်ပြားကို ဂုဏ်ပြုအလေးပြုခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင် ရေး ညသပိတ်ကို ယမန်နေ့ မေလ ၁၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး တပ်ခွဲ(၁)နှင့် နယ်မြေခံရပ်ရွာနေပြည်သူများပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/9y9PVc7XJ9w

#Mizzima
#တနင်္သာရီတိုင်း
#ထားဝယ်ခရိုင်
#ကျောက်မဲတောင်တိုက်ပွဲ
#KNDO Specialတပ်ရင်း
#ဗိုလ်ဆယ်ပြား
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ညသပိတ်
#VideoNews
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2
သေ့ဘောဘိုးစခန်းကုန်းကို သိမ်းယူနိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို Cobra စစ်ကြောင်းမှ ထုတ်ပြန်

https://youtu.be/zMTNd9ZG_sY

#Mizzima
#သေ့ဘောဘိုးစခန်းကုန်း
#ရုပ်သံမှတ်တမ်း
#Cobraစစ်ကြောင်း
#KNLA
#KNDO
#PDF
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤2
​​သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် အလောင်း ၅ လောင်းတွေ့ဟု KNU ထုတ်ပြန်
=====================
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ သေ့ဘော့ဘိုးအခြေစိုက်တပ်စခန်းအား သိမ်း ယူရာတွင် ဒုတပ်ရင်းမှူးနှင့်တပ်ခွဲမှူး အပါအဝင် စုစုပေါင်း အလောင်းငါးလောင်းတွေ့ရှိကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။
ယင်းစခန်းအား မေလ ၁၇ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး မေ ၁၈ ရက် နံနက် ၉ နာရီတွင် စခန်းသိမ်း တိုက်ပွဲ စတင်ဆင်နွှဲခဲ့ရာ ညနေ ၄ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စခန်းအားရှင်းလင်းရာတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်း အလောင်းငါးလောင်းတွေ့ရှိပြီး တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားသုံးဦး တို့ကို အရှင် ဖမ်းဆီးရမိခဲ့သည်။
တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သုံးဦး အသက်စွန့်ခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ၈၁ မမ တာဝေး စိန်ပြောင်း တစ်လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း တစ်လက်၊ MA -10 အမျိုးအစား RPG တစ်လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက်၊ MG -3 စက်လတ်တစ်လက်၊ MA - 2 လေးလက်၊ MA - 3 နှစ်လက်၊ MA - 5 တစ်လက်တို့ ရရှိခဲ့သည်ဟု KNU ကဆိုသည်။
ထို့အပြင် ၆၀ မမ ဗုံးသီး ၁၀ လုံး၊ ၈၁ မမ ၁၄ လုံး၊ RPG ဗုံးသီး ၄၆ လုံး၊ ယမ်းတောင့် ၁၆ တောင့်၊ တိုက်မိုင်း ငါးလုံး၊ ကျည်ကာအင်္ကျီ သုံးထည်၊ နင်းမိုင်းအကြီး သုံးလုံး၊ နင်းမိုင်းအသေး ငါးလုံး၊ အချက်ပြသေနတ် နှစ်လက်၊ ဒရုန်း တစ်စီး၊ မှန်ဘီလူးနှစ်လက်၊ ကျည်ကာဦးထုပ် လေးလုံး၊ ကျည်ဘောက် ၂၇ ခု၊ ဆက်သွယ် ရေးစက် TS-2000 တစ်လုံး၊ သံလိုက်အိမ်မြှောင် တစ်ခု၊ မြေပုံ တစ်ချပ်၊ မိုင်းရှာစက် တစ်ခု၊ လျို့ဝှက် စာရွက်စာတမ်း အစုံ၊ ဆက်သွယ်ရေးစက် ဘက်ထရီတစ်ခု၊ စက်လတ်ကျည်ခါးပတ်တွဲ တစ်ခု၊ ၅.၅၆ ကျည် ၃,၀၀၀ တောင့်ခန့်၊ ၇.၆၂ ကျည် ၄,၀၀၀ တောင့်ခန့်၊ အချက်ပြကျည် ၁၀ တောင့်၊ ဆက်သွယ်ရေးစက် TA သေးတစ်လုံး၊ ဂျန်မာစက် တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု ၃၅ ကြိမ် ပြုလုပ်ခဲ့သည်ဟု KNU ကဆိုသည်။
ယင်းစခန်းတွင် ခလရ (၃၂) နှင့် ခမရ (၅၅၉) တပ်တို့ရှိပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ မကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး ရွာသူရွာသားများအား လက်နက်ငယ်များဖြင့် ပစ်ခတ် ခြိမ်းခြောက်မှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိသည်ဟု KNU ကဆိုသည်။
စခန်းသိမ်း တိုက်ပွဲအား KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း (၂၇)၊ တပ်ခွဲ(၂)မှ ဒုခွဲမှူး Cobra စစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်ဒါ့ဘောနှင့် KNDO မှ ဗိုလ်အယ်စေးဝါး တို့ ဦးဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#Mizzima
#မြဝတီမြို့
#သေ့ဘော့ဘိုးစခန်း
#ဒုတပ်ရင်းမှူး
#တပ်ခွဲမှူး
#KNLA
#KNDO
👍12❤5
​​ထီးကပလယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အတွဲလိုက်ပစ်ဒုံးများ အသုံးပြုခုခံနေဟု KNDO ပြော

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ် မြေ ဒူးပလာယာခရိုင် မြဝတီမြို့တောင်ဖက်ရှိ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို KNDOနှင့် ပူးပေါင်း တပ်ဖွဲ့များမှတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပြန်လည် ခုခံနေရသည့်အပြင် ၁၂၂ မမ အတွဲလိုက်ပစ် ဒုံးများကိုပါ အသုံးပြုခုံခံနေရကြောင်းသိရသည်။
ထီးကပလယ်စခန်းကုန်းကို ဇန်နဝါရီလ ၃၁ ရက်(ကရင့်တော်လှန်ရေးနေ့)တွင် KNDO တပ်ရင်း(၈)နှင့် KNLA တပ်ရင်း(၁၀၃) ၊ KNDO တပ်ရင်း(၈)၏ ကွပ်ကဲမှုလက်အောက်ရှိ Federal Wings Drone တပ်ဖွဲ့တို့ မှ နံနက် ၄ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းနေ့တွင် စစ်ကောင်စီ ၏ ခလရ (၃၂)တပ် ရင်းမှတပ်ခွဲမှူး ဗိုလ်ကြီးဇော်ဝင်းနိုင်သေဆုံးခဲ့ပြီး ခမရ(၅၈၅) တပ်ရင်းမှ တပ်ခွဲမှူးဗိုလ်ကြီးဝေလင်းစိုး လည်း ရရှိခဲ့သည့်ဒဏ်ရာဖြင့် ဝေါ်လေဗျူဟာကုန်းတွင် သေဆုံးခဲ့ကြောင်း KNDO ထံမှ သိရသည်။
“၁၂၂ မမ မစ်ဆိုင်းတွေပစ်နေတာ နှစ်ရက်ရှိပြီ၊ အခုထိပစ်နေတာပါ။ မြေပြင်ကိုတော့ ကျနော်တို့ စိုးမိုးထား နိုင်ပါတယ်။ တိုက်ပွဲအခြေနေကတော့ အခုချိန်အထိ သူတို့က သာလွန်အင်အား၊ လက်နက်ကြီး၊ လေယာဉ် ပစ်ကူအင်အားနဲ့ ကျနော်တို့ကို တိုက်ခိုက်နေတာပေါ့။ အခုလက်ရှိ တိုက်ပွဲအခြေနေ သုံးသပ်ချက်ကတော့ ရန်သူကလည်း သူတို့စခန်းလက်မလွှတ်ရရေး၊ ကျနော်တို့ကလည်း ကျနော်တို့ မြေပေါ်မှာရှိတဲ့ ရန်သူတွေ ထွက်ခွာသွားရေးကို အဓိကဦးစားပေးပြီး လုပ်ဆောင်နေပါတယ်။ တချို့မီဒီယာတွေမှာ ဖော်ပြနေတဲ့ ထီးကပလယ် တိုက်ပွဲသတင်းတွေက မှားယွင်းနေတာတွေ ပါဝင်နေပါတယ်”ဟု KNDO တပ်ရင်း(၈)မှ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်မှ ထီးကပလယ်စခန်းကို ထိန်းချုပ်နိုင်ရန် အင်အားသုံးနေရပြီး အတွဲ လိုက်ပစ် ၁၂၂ မမ ဒုံးများကို ရဟတ်ယာဉ်ဖြင့် ဝေါ်လေဗျူဟာကုန်းသို့ ပို့ဆောင်တိုက်ခိုက်နေပြီး ပူးပေါင်း တပ်ဖွဲ့မှ ထိခိုက်မှုအနည်းအကျည်းရှိပြီး သေဆုံးမှုမရှိခဲ့ကာ ယနေ့အချိန်အထိ နှစ်ဖက်ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNDO ထံမှသိရသည်။
ထီးကပလယ်တိုက်ပွဲတွင် ဦးဆောင်ပါဝင်သူ KNDO တပ်ရင်း(၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြ ထူးသည် KNU ခေါင်းဆောင်ဗိုလ်ချုပ်မြ၏မျိုးဆက်ဖြစ်ကာ တပ်မဟာ(၅) သောလဲထစခန်းသိမ်းတိုက်ပွဲ တွင် လက်တစ်ဖက် ဆုံးရှုံးထားသူဖြစ်သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကော်သူးလေတပ်မတော်(KTLA)၊ KNLA ၊ KNDO၊ Federal Wings Drone အဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မှအင်အားဖြည့် ကူညီတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်း ၃၀ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဝေါ်လေဗျူဟာကုန်းမှစစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ပဏထကျေးရွာအနီးတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရွာသားတစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ= KNDO တပ်ရင်း(၈)တပ်ရင်းမှူးနှင့် Federal Wings Drone
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်အမျိုးသားအစည်းရုံး(KNU)
#တပ်မဟာ(၆)
#ထီးကပလယ်စခန်း
#KNDO
👍18❤2😁1
စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ် ၂၀ လုံး၊ ဈေးဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်သုံးစီးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ လေးဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒါ့အပြင် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်​၏ လူသားဒိုင်းကာများအဖြစ် အသုံးပြုခံနေရသော ဒေသခံပြည်သူများ ရှိနေကြောင်းသိရသည်။

" စစ်ကောင်စီဘက်မှ ကျေးရွာနေ ပြည်သူလူထုများကို ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း ရှိသော်လည်း ကေအဲန်ယူ-ခလယ်လွီထူခရိုင်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။" ဟု ဖော်ပြထားသည်။

စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျောက်ကြီးမြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ ရွှေကျင်မြို့နယ်မှ ကျေးရွာ ၂၇ ရွာ၊ စုစုပေါင်း ၃၉ ရွာမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး KNU မှ ၃၁ ရွာသာ အတည်ပြုနိုင်သေးပြီး ထို ၃၁ ရွာတွင် ဒေသခံပြည်သူ ၂၂,၁၁၈ ဦးရှိကြောင်းသိရသည်။

ရွှေကျင်မြို့နယ်တွင် စစ်ဘေးရှောင်နေရသော ကျေးရွာ ၂၇ ရွာရှိပြီး ထိုအနက် ၁၉ ရွာအား အတိအကျစာရင်းပြုနိုင်ခဲ့သော်လည်း ကျန်ရှစ်ရွာအား အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။
KNU မှ အတည်ပြုနိုင်ခဲ့သော ရွှေကျင်မြို့မှ စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၁၉ ရွာမှာ သက်ကယ်ကုန်း၊ အင်းဗလာ၊ သံဆိပ်မင်းလမ်း၊ သံဆိပ်ရွာမ၊ စက်စု၊ ပြည်တော်သာ၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်အိုင်၊ ပုဇွန်အိုင်၊ ဒေါင့်ကွေ့၊ ဝိုင်ကျွန်း၊ ဝိုင်ပျဉ်ရေ၊ ချောင်းကျိုး၊ ညောင်ပင်ကြီးရွာမ၊ ပျဉ်ရေ၊ စံဖဲ၊ ထမင်းရုံ၊ ကျောင်းစု၊ သိုက်တူးကုန်းတို့ဖြစ်ပြီး KNU အတည်မပြုနိုင်သေးသော ရွှေကျင်မြို့နယ်မှ စစ်ဘေးရှောင်ကျေးရွာ ရှစ်ရွာမှာ ရွှေခဲစု၊ ထမင်းရုံရွာသစ်၊ ရွှေဘိုသာ၊ ကုန်းတလာကြီး၊ မောင်ပြား၊ မီးလောင်ကုန်း၊ အင်းပုဝါ၊ အောက်မိုးခိုကျေးရွာတို့ဖြစ်ကြသည်။

ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင်နေရသော ကျေးရွာများမှာ လက်ကောက်ဝါ၊ ကျည်းပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဟင်္သာဝဲ၊ ပြည်တော်သာကျွန်းကြီး၊ လှေတန်းကျွန်းကြီး၊ ကျည်စု၊ ဝဲမူး၊ ထိုးဝါးစိုက်၊ ရွာကန့်လန့်၊ ရွှေသောင် စသည့်ကျေးရွာများဖြစ်သည်။
ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်သော စစ်ကောင်စီတပ်သားများနှင့် KNLA တပ်မဟာ (၃)၊ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)၊ Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများ​၏ အခြေခံလိုအပ်ချက်များ၊ လိုအပ်နေသော အကူအညီများအား ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်ရှိ တာဝန်ရှိသူများမှ တာဝန်ယူဖြေရှင်းပေးလျက်ရှိနေကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- ဖြူးမြို့နယ်နှင့် သတင်းပေါင်းစုံ

#mizzima
#စစ်ကြောင်းထိုး
#KNU
#KNDO
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏2❤1🔥1
​​ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄) တပ်ခွဲမှူး သေဆုံး
=================

သွင်ထူးဈာန်

ကော်သူးလေ(မဇ္ဈိမ)။   ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။

 ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 "စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။ 

ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။ 

အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

photo- ပုံအဟောင်း

#mizzima
#KNLA
#KNDO
#KNU
#ထီးကပလယ်ဗျူဟာစခန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁1