Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲ
=================

YT

(မဇ္ဈိမ)။  ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာသို့ တကြိမ်၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရေလဲအရှေ့ရွာ အညာစုပိုင်းဘက်သို့ တကြိမ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဒီနေ့နှစ်ကြိမ်တိုက်ခိုက်သွားတာမှာ ထိခိုက်မှုတွေကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ မနေ့ကလည်း သဲကုန်း ဘက်ကိုလာကြဲတာရှိတယ်” ဟု KNU တပ်မဟာ(၃) စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း သဲကုန်းရွာအနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ငနွားဆိတ်ကျေးရွာမှ အဖွားအိုတဦးနှင့် ကလေးငယ် တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောကြားသည်။

“မနေ့က ကျောက်ကြီးဘက်ကို လေယာဥ်နဲ့ လာကြဲသေးတယ်။ သဲကုန်းဘက်ကို အဓိကကြဲတာလို့တော့ သိရတယ်။ နှစ်ခါလာကြဲတာမှာ ငနွားဆိတ်ရွာကိုကျပြီး ကလေးတယောက်နဲ့ အဖွားတယောက်ထိသွား တယ်။ ဒဏ်ရာအခြေအနေ မသိရသေးဘူး။ ဘာတိုက်ပွဲမှဖြစ်တာလည်း မရှိဘူး”ဟု ကျောက်ကြီးသတင်း ရင်းမြစ်က မဇ္ဈိမကိုပြောသည်။

နှစ်ရက်ဆက်တိုက် လေကြောင်းမှတိုက်ခိုက်ခံရသည့် ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၃)နယ်မြေတွင်းတည်ရှိပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသော နယ်မြေဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် အဆိုပါနယ်မြေအတွင်းနေထိုင်သည့် ဒေသခံများ ၏ အခြေအနေများကို မဇ္ဈိမအနေဖြင့် အသေးစိတ် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဖွားအိုတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် ထံ မှ သိရသည်။

စာတည်း။ ။စောဖေ

#ကျောက်ကြီးမြို့နယ်
#KNUတပ်မဟာ(၃)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1🤬1
ကျောက်ကြီးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကဗုံးကြဲ ကလေးငယ်နှင့် အမျိုးသမီး ၃ဦး ထိခိုက်
=============

YT 

မဇ္ဈိမ။   ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ် တဦးနှင့် အမျိုးသမီး သုံးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတဦး​၏ ပြောကြားချက်အရ သိရသည်။ 

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့လည်း နတ်သံကွင်း ဘေးနားက ဘုရားကုန်းရယ် တောကြောင်ပေါက်ရယ်ကို လာကြဲတယ်ဗျာ။ ကျွန်တော်နဲ့ မဝေးဘူး တမိုင် ဝန်းကျင်ပဲ ဝေးတာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ သုံးကြိမ်တောင် ပတ်ကြဲသွားတယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့ ၂၃ ရက်နေ့အထိ သုံးရက်ဆက်တိုက် ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်၊ သဲကုန်း၊ ငနွားဆိတ်၊ ရေလဲ အရှေ့ရွာ စသည့် ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တောကြောင်ပေါက်ကျေးရွာ ရွာမပိုင်းနေ လက်လုပ်လက်စား အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တဦး စုစုပေါင်း အရပ်သား လေးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း၌ လည်း ငနွားဆိတ်ကျေးရွာမှ ကလေးငယ်နှစ်ဦး၊ အမျိုးသမီးတဦးအပါအဝင် ဒေသခံ လေးဦး ဒဏ်ရာရခဲ့ပြီး ကျွဲ၊ နွားသုံးကောင်လည်း ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ ရေလဲရွာမှ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း၊ မူကြိုကျောင်း ထိမှန်ပျက်စီးခဲ့ကာ ဒေသခံနေအိမ်တလုံးနှင့် ပစ္စည်းဂိုထောင်တလုံး မီးလောင်ထိမှန်ပျက်စီးမှုများရှိကြောင်း KNU ဗဟို​၏ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အရပ်သားများအပေါ် ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုအနေဖြင့် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် လူမှုဘဝ လုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင်နေရကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီး)​၏ နိုဝင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီး) အနေဖြင့် စစ်ကောင်စီတပ်​၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိုကဲ့သို့ ပြည်သူများ ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ကြီးမြို့
#KNU
#လေကြောင်းဗုံးကြဲ

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢7🤬2❤1🔥1
​​ကော့ကရိတ်မြို့ပြင်က စခန်း ၂ ခုကို KNU သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်ဖြစ်နေ
===============

YT 

(မဇ္ဈိမ) ။    ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို KNU ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး မြို့တွင်း မြို့ပြင်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စခန်းနေရာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KNU နှင့် ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့အနီးရှိ ကော့နွှဲ့စခန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် KNU ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပြီး သိမ်းပိုက်ထားသော နောက်ထပ်စခန်းတခုအမည်ကို မသိရသေးပေ။ 

"စခန်းက မြို့အပြင်ဘက်က နှစ်ခု သိမ်းထားပြီးပြီ၊ စခန်းတခုက ဝင်တဲ့အချိန် လက်နက်ချလိုက်တယ်၊ သိပ်မတိုက်လိုက်ရဘူး၊ နောက်တခုကတော့ တိုက်လိုက်ရတယ်၊ ဒါပေမယ့် အကုန်ရသွားပြီ စခန်းကတော့ နှစ်ခုရထားတယ်” ဟု ရှေ့တန်းရောက် KNU ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်၏ ကျန်စခန်းကို သိမ်းပိုက်ရန် KNU ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး စစ်ကောင်စီတပ် ဘက်ကလည်း စခန်းများ လက်မလွှတ်ရအောင် လေကြောင်းဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ယမန်နေ့ နံနက်အစောပိုင်းမှ စတင်၍ ကော့ကရိတ်မြို့နယ်အတွင်းရှိ လှိုင်ဝအမြှောက်တပ်၊ ခလရ (၉၇)၊ ကော့နွဲ့စခန်း အပါအဝင် ကော့ကရိတ် မြို့ပြင်၊ မြို့တွင်းရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ ရှိနေကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

"လေယာဉ်တွေနဲ့ ပစ်လို့ ရွာသားတွေ ထိခိုက်မှုရှိတယ်၊ လေယာဉ်လာတယ်၊ လေယာဉ်ပြီးတော့ စကစက အခုဒရုန်းတွေပါ သုံးနေတယ်" ဟု ဒေသခံတဦးက ပြောသည်။

နှစ်ရက်တာတိုက်ပွဲများအတွင်း ကော့နွဲ့စခန်း အပါအဝင်စစ်ကောင်စီတပ် စခန်းနှစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားချိန် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်းဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ ယနေ့ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမှတ် (၄) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်၊ အံဖကြီးကျေးရွာတို့မှ ကလေးငယ်တဦး၊ အမျိုးသမီးနှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ တိုက်ပွဲများအတွင်း KNU ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး ကော့ကရိတ်မြို့ပေါ်က စက်မှုလယ်ယာရုံး၊ စည်ပင်ရုံး အပါအဝင် ဌာနဆိုင်ရာရုံး အချို့ မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးနေရသော ဒေသခံများမှာသောင်းနှင့်ချီပြီး ရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများက ခန့်မှန်းထားကြသည်။

စာတည်း။  ။ နောင်နောင်

ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

#KNU
#‌ကော့ကရိတ်
#Mizzima
#ကရင်
👍25👏3❤1😁1
ဖြူးတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ၊ အမျိုးသမီးသေဆုံးပြီး ကလေး ဒဏ်ရာရ
===================

YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ် အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဒေသခံ ကလေးငယ်တဦး ဒဏ်ရာရပြီး အမျိုးသမီးတဦး သေဆုံးခဲ့ရကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်က စစ်ကောင်စီ​၏ တောင်ငူလေတပ်မှ ဂျက်တိုက်လေယာဉ်တစီးဖြင့် ဖြူးမြို့နယ်၊ ကိုင်းတဲစုရွာ၊ ကညင်ဒိုင်းရွာ၊ စက်ကုန်းရွာ၊ သပြေလှရွာနှင့် ငှက်ပျောတောရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခြင်းဖြစ်သည်။

" စက်ကုန်း၊ သပြေလှ အဲ့နားက ရွာတွေကို ပတ်ကြဲသွားတာ။ ရွာတွေကတော့ အခု ညောင်ပင်သာ၊ မြို့ပေါ် တက်ပြေးတာတို့နဲ့ပေါ့၊ အဲ့ဒီဘက်က လူတွေကတော့ အရင်မုန်းဘက်မှာ ဖြစ်တဲ့နောက်ပိုင်း အဲ့နားက ရွာတွေအကုန် ဗုံးကြဲထားတော့လေ မြို့ပေါ်တက်နေကြတာ။ လောလောဆယ်ကတော့ နည်းနည်းလေးငြိမ်သွားတော့ လေးငါးရက်ရှိသေးတယ် နည်းနည်း ပြန်ဆင်းနေကြတာ" ဟု ဖြူးမြို့ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲ၍ ကိုင်းတဲစုရွာမှ အသက် ရှစ်နှစ်အရွယ် မဂျူဂျူးလှိုင် လက်တွင် ဒဏ်ရာရခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းထွေးမှာ ဝမ်းဗိုက်ကိုထိမှန်၍ အသက်သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်ခန့်တွင် ဖြူးမြို့နယ် ကိုင်းတဲစုရွာသို့ Jet Fighter ဖြင့် လေးကြိမ်ပစ်ခတ်၊ ပြည်သူ နှစ်ဦး ထိခိုက်
တဦးသေ တဦး မစိုးရိမ်ရ" ဟု မဇ္ဈိမ​၏ ဖြူးမြို့နယ် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောဆိုသည်။
ဖ
ြူးမြို့နယ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် မုန်းမြို့နှင့် ၁၂ မိုင်ခန့်သာ ကွာဝေးပြီိး ယခုရက်ပိုင်းအတွင်း ဖြူးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

ဖြူးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်အတွင်း တည်ရှိသည့် မြို့ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖြူးမြို့နယ်
#KNU
#လေကြောင်း

ပုံအညွှန်း- လေကြောင်းတိုက်ခိုက်ခံရ၍ ဒဏ်ရာရ ကလေးငယ်နှင့် သေဆုံးသွားသည့် ဒေသခံအမျိုးသမီး (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2😁1🤬1
မိုလိုကျိုးစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ထုတ်ပြန်
==============

YT 

(မဇ္ဈိမ)။   ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်​၏ ပွိုင့် (၉၃၉) မိုလိုကျိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

အဆိုပါ စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ခြင်းဖြစ်သည်။ 

" မိုလိုကျိုးကို KNU က သိမ်းလိုက်ပြီ။ တော်တော်ထိတယ်တဲ့ စကစဘက်က။ စော်ထာက ကောင်တွေလည်း ပြန်ဆုတ်သွားပြီ" ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ​၏ အလောင်း ၇၀ ကို တွေ့ခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်း ရှိကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိကြောင်း KNU က ဖော်ပြထားသည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့က မိုလိုကျိုးစခန်းအား နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် ထိုးစစ်ဆင်ခဲ့ခြင်းရှိပြီး ထိုအချိန်မှစ၍ စခန်းအား ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။ 

 မိုလိုကျိုးစစ်ကောင်စီစခန်းသည် ကရင်နီပြည်နယ်နှင့် KNU တပ်မဟာ (၅) နယ်မြေအစပ်၊ သံလွင်မြစ်ကမ်းဘေး၊ ဖဲထာအနီးတွင် နှစ် ၃၀ ကြာ တပ်စွဲထားသည့် စစ်ကောင်စီ​စခန်း ဖြစ်ပြီး အဆိုပါ စခန်း​၏ အနီးတွင် စော်ထာစခန်းနှင့် သီမူထာ စခန်းတို့လည်း တည်ရှိကာ သိမူထာစခန်းကို KNLA က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားခဲ့သည်။ 

ပွိုင့် (၉၃၉) မိုလိုကျိုးစခန်းကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် အဆိုပါစခန်း​၏ တောင်ဘက်၊ သံလွင်မြစ်ကမ်းဘေးရှိ စော်ထာစခန်းမှ စစ်ကောင်စီတပ်သားများကလည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုလိုကျိုးစခန်း
#ကရင်နီပြည်နယ်
#KNU 
#KNLA

ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် စခန်းပုံ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28❤3😁2👎1
“ဘယ်မှာလဲ Standar Army” လို့ စစ်ကောင်စီကို KNU မေးခွန်းထုတ် (အင်တာဗျူး)
မဇ္ဈိမ/ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တနိုင်ငံလုံးမှာ တော်လှန်ရေးအရှိန် တကျော့ပြန် မြင့်တက်လာခဲ့ရာ တိုင်းရင်းသားလက်နက်၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှုံးပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲတွေမှာ အရေးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးနေရတဲ့ အဲဒီအခြေအနေတွေကို ရည်ညွှန်းပြီး “ဘယ်မှာလဲ Standar Army” လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက မေးခွန်းထုတ်လိုက်တာပါ။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြုံစဖူး အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံမှုတွေလည်း ပေါ်ပေါက်နေတာပါ။ KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဧပြီလ ၅ ရက်နေ့က သိမ်းပိုက်လိုက်တဲ့ သင်္ဃန်းညီနောင် ဗျူဟာသိမ်းတိုက်ပွဲမှာ ဗျူဟာမှူး အပါအဝင် စစ်သည်နဲ့ တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦး KNU ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ အဆက်မပြတ်ရှိခဲ့တဲ့ ကရင်ပြည်နယ်မှာအစုလိုက်အပြုံလိုက် အများဆုံး လက်နက်ချမှု ဖြစ်လာခဲ့ပါတယ်။ဒီစစ်သုံ့ပန်းတွေကို ဘယ်လိုထိန်းသိမ်းထားပါသလဲ၊ ကရင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့အပေါ် အမြင်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောနီးကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။တည်းဖြတ်- နောင်နောင်#သင်္ဃန်းညီနောင်#KNU#PDF#ထိုင်းမြန်မာနယ်စပ်#Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=TeP-EoV1ghk
👍4
မဲဆောက်ကို တိမ်းရှောင်လာသူတွေ ပြောပြတဲ့ မြဝတီအခြေအနေ
ကိုရွှေမြိတ်(မဇ္ဈိမ) ။ ။ မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီမြို့ခံတွေ အများအပြား မြဝတီ- မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကနေ မဲဆောက်မြို့ကို တိမ်းရှောင်လာနေကြပါတယ်။ သတင်း/ရိုက်ကူး/တင်ဆက်/တည်းဖြတ် - ကိုရွှေမြိတ်#မြဝတီ#မဲဆောက်#စစ်ရှောင်#KNU-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=AVkPUNETQyQ
👍13🔥1