Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အချုပ်ကျအမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င် ၈ ဦးက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆောပအဖထုတ်ပြန်ပြီးပြည်သူကို တောင်းပန်
===============

မဇ္စိုမ။ ။မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့်အချုပ်ကျခံနေရသည့်အမျိုးသမီးအား အချုပ် ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်သည် ဆောမြို့နယ်မှ တိုက်နယ်တခုတွင် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပြစ်မှုကျူးလွန်သူများအား တိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံက ဒဏ်ကြေးငွေဖြင့်ကျေအေးစေပြီးအရေးယူခြင်းမရှိသည်ကို ဒေသခံပြည်သူများက မြို့နယ့်အဆင့်သို့ တိုင်တန်းမှုကြောင့် ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဟုမဇ္ဈိမက စုံစမ်းသိရှိရသည်။ ထို့နောက်အဆိုပါ အမှုကို ‌ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်စစ်ဆေးဖော်ထုတ်ရာ ခုနစ်ဦးကို ဇွန်လ ၂၉ ရက်၌ဖမ်းမိခဲ့ပြီး ကျန်တဦးကို ဇူလိုင်လ ၃၁ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟုသိရသည်။

ကျူးလွန်သူများ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေဘဲ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ရက် ညတွင် ထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်ကို မဖြစ်ပွားအောင် မ‌ဆောင်ရွက်
နိုင်ခဲ့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်းနှင့် ကျူးလွန်သူများကို ဖမ်းဆီးအကျဥ်းချခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုကဲ့သို့ ဖြစ်စဥ်မျိုး နောက်ထပ်မဖြစ်အောင် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး " ပြည်သူ့ယုံကြည်မှုကိုထိခိုက်စေခဲ့သောဖြစ်စဥ်အတွက်လည်း ပြည်သူများအားအနူးအညွှတ်တောင်းပန်အပ်ပါသည်" ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့က လုံခြုံရေးတာဝန်ယူထားသည့် နေရာ၌ အမျိုးသမီးတဦးအား ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟုမြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women's Union) နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက မှတ်ချက်ပြုသည်။ ကျူးလွန်သူကို သေချာအပြစ်ပေးအရေးယူရန် လိုအပ်ပြီး ကိုင်တွယ်ထိန်းချုပ်မှုလျော့ရဲပါက ပဋိပက္ခဒေသမှ အမျိုးသမီးများအတွက် အလွန်အန္တရာယ်ကြီးမားသည်ဟု ၎င်းက ဆိုသည်။

" ပဋိပက္ခဖြစ်နေတဲ့ နေရာဒေသမှာဆိုရင် ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်။ အမျိုးသမီးတွေကို အကာအကွယ်မပြုဘဲ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရပ်ကို ရပ်ဖို့လိုတယ်"ဟု ဒေါ်နိုးနိုးထက်စံက ပြောသည်။

ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကလည်း၎င်းတို့ မြို့တွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ်အတွက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ခံရန်လိုအပ်သည်ဟုဆိုသည်။

" ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မူဝါဒတွေက ကျွန်တော်တို့ တပ်ရင်း၊တပ်ဖွဲ့တွေမှာလည်း ရှိပြီးသား။ သူတို့လုံခြုံရေးအဖွဲ့တွေမှာလည်း ရှိပြီးသားပါ။ ဒါတွေကို အလွဲသုံးနေတာမျိုးမလုပ်ဘဲ ပြတ်ပြတ်သားသားကိုင်တွယ်ဖို့လိုပါတယ်"ဟု အထက်ပါပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။

ကျူးလွန်ခံရသူအမျိုးသမီးကို ယခုအခါ ဆောမြို့နယ်သို့ ခေါ်ဆောင်ထားပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားသည်ဟု သိရသည်။ တိုက်နယ်တာဝန်ခံအား အရေးယူထားမှုရှိမရှိကို မေးမြန်းရန် ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သို့ ဆက်သွယ်ရန် ကြိုးစားရာ အဆက်အသွယ်မရသေးပေ။

ဆောမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အချုပ်ခန်းစောင့်ရဲဘော်များ၏ ကင်းပျက်ကွက်ခြင်းကြောင့် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မောင်းပြန် နှစ်လက်နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့မှ လက်လုပ်သေနတ် ခြောက်လက်၊ အိုင်ကွန် သုံးလုံး၊ ဆိုင်ကယ် ငါးစီး၊ ဖုန်း ၁၄ လုံး၊ ငွေကြေးအချို့နှင့် အဝတ်အစားများဆုံးရှုံးခဲ့ရသည်။

စာတည်း - မောင်ကြီး

#mizzima
#မကွေးတိုင်း
#ဆောမြို့နယ်
#ပြည်သူ့လုံခြုံရေးအဖွဲ့
#အဓမ္မပြုကျင့်မှု

Photo - ဆောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28😁3😢1🤨1
သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမိုးရွာသွန်းမှုအပြီး တရုတ်နိုင်ငံရဲ့ ဒေသအများအပြားရေနစ်မြုပ်
===================

https://youtu.be/MIXq_wK-74I

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏5🔥1
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေး
================

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာရေးအတွက် အဖွဲ့ဝင်နိုင်ငံများနဲ့အတူ စုပေါင်းဆောင်ရွက်သွားဖို့ အပြည့်အဝသံန္နိဋ္ဌာန်ချထားကြောင်း စစ်ကောင်စီခန့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ပြောပါတယ်။
ဗီယင်နာမြို့မှာ ဇူလိုင်လ ၃၁ ရက်မှာ စတင်ကျင်းပနေတဲ့ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံများရဲ့ (၁၁)ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပထမအကြိမ် ကြိုတင်ပြင်ဆင်ရေးကော်မတီအစည်းအဝေးအတွင်း ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ NPT စာချုပ်နဲ့အညီ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးမူဝါဒကို အစဉ်ကိုင်စွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းဆောင်ရွက်ချက်အဖြစ် အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်သဘောတူစာချုပ် (SEANWFZ) အကောင်အထည်ဖော်မှု ပိုမိုခိုင်မာစေရေးအတွက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကြိုးပမ်းလျက်ရှိကြောင်း ပြောပါတယ်။

NPT ရဲ့ အပိုဒ် (၇)နဲ့အညီ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များ ထူထောင်လိုတဲ့ အခြားဒေသများကိုလည်း ထောက်ခံကြောင်း ပြောပါတယ်။

 မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့လည်း သဘောတူထားပါတယ်။

 ဒီလိုတည်ဆောက်ဖို့နဲ့ပတ်သက်လို့ သင့်တော်တဲ့ နေရာရဖို့ နိုင်ငံရဲ့ နေရာတော်တော်များများမှာ လေ့လာဆန်းစစ်တာတွေလုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။ ဘယ်နေရာတွေမှာ စစ်ဆေးမှုလုပ်မလဲဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ IAEAရဲ့ မြန်မာနိုင်ငံသို့ နည်းပညာအကူအညီများပံ့ပိုးပေးနေမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအဖြစ် မြန်မာနိုင်ငံဟာ“နျူကလီးယားမတော်တဆမှု (သို့မဟုတ်) ဓာတ်ရောင်ခြည် ပြန့်ပွားမှု အရေးပေါ်အခြေအနေမှာ ကူညီထောက်ပံ့ရေးဆိုင်ရာကွန်ဗင်းရှင်း” ကို ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်မှာ စတင်ပါဝင်ခဲ့ကြောင်း ဦးမင်းသိမ်းက ပြောကြားခဲ့သည်။

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ 
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်အနေနဲ့ နျူကလီးယား စွမ်းအင်းကို ငြိမ်းချမ်းစွာအသုံးပြုရေးလို့ ဘယ်လိုပဲ ပြောဆိုနေပါစေ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နျူကလီယား လက်နက် ပိုင်ဆိုင်နိုင်ဖို့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ 

https://youtu.be/LStLCnCx4sU
 
#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7❤3👍3👎2👏1
Media is too big
VIEW IN TELEGRAM
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေး

Watch more detail - https://youtu.be/LStLCnCx4sU

#PoliticalNews
#reels
#shorts
#MizzimaTV
😁9❤5👏1🤬1
သြဂုတ်လ (၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:00 - စစ်ကောင်စီ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတချို့ နေရာပြောင်းရွှေ့ခံရတဲ့သတင်း

04:00 - နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေးတဲ့သတင်း

07:04 - စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာတဲ့သတင်း

09:55 - အကျပ်အတည်းကိုတာရှည်စေမယ့်စီရင်ချက်အဖြစ် ထိုင်းဝန်ကြီးချုပ်နေရာမဲခွဲဆုံးဖြတ်မှုကို ပါလီမန်ရွှေ့ဆိုင်းတဲ့သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/D5EAIwVKnx0

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
​​4.8.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

နတ်ဆိုး၏ ကလဲ့စား ( ညနေ- ၆ နာရီ)
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie -Beast(ည - ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
😁3
This media is not supported in your browser
VIEW IN TELEGRAM
Aug - 4 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍6😁1🍌1
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ
=====================

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ် အတွင်းမှာပဲ နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူဦးရေ နှစ်သောင်း နှစ်ထောင်ကျော်ထိ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံ့အရှေ့မြောက်နဲ့ အနောက်မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြားက တိုက်ပွဲတွေပြင်းထန်နေတယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ အဓိကဖော်ပြထားသလို ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက ကျေးရွာတွေက ဒေသခံ ၇၀၀ ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာတော့ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဩဂုတ်လ ၂ ရက်မှာ ဒေသခံတွေက ပြောထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ဖလံအိုရွာမှာလည်း ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်း ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ခုနစ်ဆယ်ခန့် စီးနင်းဝင်ရောက် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပခုက္ကူမြို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဒီနေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
ကယားပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ဒေသခံကိုးထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့TNLA ကြားတိုက်ပွဲတွေဖြစ်ပွားနေကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာဆိုရင် ရင်ဆိုင်ဖြစ်ပွားတဲ့တိုက်ပွဲတွေထက် လက်နက်ကြီးနဲ့ အထိုင်စခန်းတွေကနေ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ များလာနေသလို အိုးအိမ်စွန့်ခွာထွက်ပြေးသူ နှစ်ထောင်ခန့်အထိရှိတယ်လို့သိရပါတယ်။

ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်း ဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

https://youtu.be/gippN7r7d0E

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢4🔥1😁1
Media is too big
VIEW IN TELEGRAM
“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ဟာ အလှူငွေလိမ်လည်ကောက်ခံနေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် -https://www.mizzimaburmese.com/article/131468?fbclid=IwAR0Qdnhxx6smt0BO_0FzfcLK-2NpPOp8Arbwcie9Pd9Tv4UkHinOGngKa0U

#Misinformation_Buster #Fake_News #Shorts #Reels #လူလိမ် #ကျောက်ကြီး #ရွှေကျင် #မုန်း #စစ်ဘေးရှောင်
👍7😁3
စစ်ကောင်စီကိုလက်နက်ခဲယမ်းတရားမဝင်ထောက်ပံ့နေတဲ့ခရိုနီတွေကို အရေးယူပေးဖို့စင်္ကာပူအစိုးရကိုတောင်းဆို
====================

စင်္ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှတဆင့် စစ်ကောင်စီကို လက်နက်ခဲယမ်း၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို တရားမဝင် ထောက်ပံ့ပေးနေကြတဲ့ ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ အပါအဝင် စစ်ကောင်စီကိုကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီသူဌေးတွေကို အရေးယူဖို့ Justice For Myanmar (JFM) အဖွဲ့က စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ JFM အဖွဲ့ရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီအတွက် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ၊ နည်းပညာများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး လွှဲပြောင်း ပေးနေသည်များကို ပိတ်ဆို့အရေးယူပေးဖို့၊ စစ်ကောင်စီရဲ့ ဘဏ်များ အပါအဝင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့များကတဆင့် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်အတွင်း စစ်ကောင် စီ ဝင်ရောက်ခွင့်ကိုပိတ်ဆို့ပေးဖို့၊ အခုလို စစ်ကောင်စီအတွက်ပံ့ပိုးပေးနေသည့် စင်ကာပူ ကုမ္ပဏီများကို အများပြည်သူသိရှိစေနိုင်မယ့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ စတဲ့ အချက်များကို Justice For Myanmar က အဓိက တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အရက်ဘက် စစ်ဘက်မခွဲခြားဘဲ ကျေးရွာများအပေါ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာ၊ မတရားဖမ်း ဆီးညှဉ်းပန်းနှိပ်စက်မှုများတွင် အသုံးပြုနေသည့် လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် ရန်ပုံငွေများရ ယူနိုင်ဖို့ ကူညီပေးနေတာမှာ စင်ကာပူနိုင်ငံကကုမ္ပဏီတွေပဲဖြစ်ကြောင်း Justice For Myanmar က ဆို ထားပါတယ်။

ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်နေကြတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်ထောက်ပံ့ပေးတာဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်တာပဲလို့ JFM က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး စစ်ကောင်စီထံသို့ လက်နက်နှင့်ပစ္စည်းကိရိယာများကို ဆက်လက်ထောက်ပံ့ ပေးနေသည့် စင်ကာပူစီးပွားရေးလုပ်ငန်း ၁၃၈ ခုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောထားကြောင်းလည်း ဖော်ပြထားပါတယ်။

စင်ကာပူအစိုးရကတော့ သူတို့ဆီကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
 
https://youtu.be/UQyVnqbHZM4
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍21😁2
Media is too big
VIEW IN TELEGRAM
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ

Watch more detail - https://youtu.be/gippN7r7d0E

#PoliticalNews
#reels
#shorts
#MizzimaTV
😢5🔥1😁1
ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
👍5🤬4🔥1
ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )မှ ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ ကင်းချလေ့ရှိပြီး KNLA တပ်ဖွဲ့အား ခြုံခိုတိုက်ခိုက်လေ့ရှိသည့် နေရာဖြစ်သောကြောင့် KNLA ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဒေသခံမှပြောသည်။

"တံတားအနီးမှာ စစ်ကောင်စီဘက်ကနေ ခြုံခိုပြီး တိုက်ခိုက်တာတွေရှိတော့ တံတားကိုဖျက်ဆီးလိုက်ပုံပေါ်တယ်။ လက်ရှိမှာ နယ်မြေစိုးမိုးမှုအခြေအနေကတော့ မြင်ရသလောက် ၅၀/၅၀ ပါပဲ” ဟု ဒေသခံမှပြောသည်။

ထို့ပြင် အဆိုပါတံတားတွင် စစ်ကောင်စီတပ်ဘက်မှ ထောက်ပို့ယာဉ်များဖြတ်သန်းမှုလည်းရှိကြောင်း ဒေသခံ၏ပြောဆိုချက်အရသိရသည်။

အဆိုပါ တံတားဖျက်ဆီးမှုနှင့်ပတ်သက်၍ ဖြူးမြို့နယ်ရှိ KNLA တပ်ဖွဲ့ဝင်တစ်ဦးမှလည်း အတည်ပြုပြီး ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေများကိုမူ စစ်ရေးအခြေအနေများအရ ဖြေဆိုရန်ငြင်းဆိုသည်။

အဆိုပါ ကွန်းချောင်းတံတားသည် အရှည် ၁၆၀ ပေ ၊အကျယ် ၁၂ ပေရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဖြူးမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီမှထောက်ပို့အတွက်အသုံးပြုနေသော သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဖြူးမြို့နယ်
#KNLA
#ကွန်းချောင်းတံတား

ပုံစာ - မိုင်းခွဲဖျက်ဆီးခံရသည့် ကွန်းချောင်းတံတား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1🥴1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆို

Watch more detail - https://youtu.be/UQyVnqbHZM4

#PoliticalNews
#reels
#shorts
#MizzimaTV
👍13😁2
​​စစ်ကောင်စီတပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ဦးကျော်မိုးထွန်း ပြော
====================

002
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ နိုင်ငံကာ ပြစ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေး အန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ”ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ပြောသည်။

ဦးကျော်မိုးထွန်းက သြဂုတ်လ ၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂,၆၆၉ ချက် အပါအဝင် တိုက်တွန်းတောင်းဆို မှုများကို ချမှတ်ရန်
တိုက်တွန်းခဲ့သည်။

စစ်ကောင်စီက လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်သည်များကို ငြင်းဆန်မှု နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအား ချိုးဖောက်မှုတို့အပေါ် တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရန်လည်း လုံခြုံရေးကောင်စီက မလုပ်ဆောင်နိုင်သေးကြောင်း ၎င်းက ပြောသည်။

လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာပြည်သူတစ်ရပ်လုံး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေး ကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊ လက်ရှိအချိန်သည် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင် ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာစစ်တပ်က လူသားချင်းစာနာမှုအကူအညီများကို ငြင်းဆန်ကန့်သတ်ခြင်းများ ပြုလုပ်နေပြီး ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် မြန်မာပြည်သူများ ငတ်မွတ်ခေါင်းပါးမှုကို ခံစား နေရသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

၁၅.၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် ၁.၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရကြောင်း၊ WFP အချက်အလက်များအရ အသက်ငါးနှစ်အောက် ကလေးငယ် သုံးဦးလျှင် တစ်ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရ ကြောင်း၊ ခုနစ်ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေးကို သြဂုတ်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမေရိကန်က ကြီးမှူးစီစဉ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ မိန့်ခွန်းများ ပြောကြားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လုံခြုံရေးကောင်စီ

ကွန်းချောင်းတံတား
စာညွှန်း- ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် က ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်စဥ်
(ဓာတ်ပုံ -AungKhantZaw)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2❤1
ပခုက္ကူ ကျပ်ထိုးရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။ပခုက္ကူမြို့၊ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းမာပင်ခရိုင်ရင်း၂၇ (ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။
ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် ၁၈ဖွဲ့ထက်မနည်းက ဩဂုတ်လ ၁ ရက်နေ့ ညနေတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ တိုက်ပွဲကြာချိန်က ၁ နာရီကျော်လောက်ပဲကြာတယ်။ စခန်းကို သိမ်းနိုင်လောက်တဲ့ အခြေအနေအထိ ရောက်ခဲ့တယ်။ ကျည်အင်အားမလုံလောက်တာရယ်၊သူတို့ဘက်က စစ်ကူကလည်း လာနေလို့ ပြန်ဆုတ်ခဲ့တာ။ သူတို့ဘက်က ၁၀ ယောက်လောက်ကျတယ်။ တချို့ သေဆုံးအလာင်းတွေကို မျက်စိနဲ့ မြင်ခဲ့ရတယ်” ဟုဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်‌ကိုမှန်ကြီးက ပြောသည်။

ကျပ်ထိုးရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၄၀ ခန့် ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၏ စားသောက်ကုန်များကို အဓမ္မယူဆောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ များသည် စစ်ကြောင်းထိုးခြင်းမျိုး သိပ်မရှိဘဲ အထိုင်စခန်းများကို အခိုင်အမာပြင်ဆင်ထားပြီး ခံစစ်ပြင်ထားသည့်ပုံစံဟု ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းတိုက်ခိုက်မှုကို
ယင်းမာပင်ခရိုင်ရင်း၂၇(ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၃) ယင်းမာပင်ခရိုင်ရင်း၂၇တပ်ခွဲ၁၊ ရိုးမရာဇာ(နယ်စည်းမခြား)အပါအဝင် ဒေသတွင်းကာကွယ်ရေးအဖွဲ့ ၁၈ဖွဲ့ထက်မနည်းက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီခြားအတည်မပြုနိုင်သေးပေ။

စာတည်း - မောင်ကြီး

https://youtu.be/gsAolt5OVhY

#mizzima
#ပခုက္ကူမြို့
#ကျပ်ထိုးရဲစခန်း
#ယင်းမာပင်ခရိုင်ရင်း၂၇
#ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2
​​Beast
=========

ဒီဇာတ်ကားကတော့ 2022 ခုနှစ်အတွင်းထွက်ခဲ့တဲ့ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက် အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်...

တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ် ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...

အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာသိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ် ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး....

Mizzima + HDတွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 4.8.2023
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။5.8.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
#indiamovie #bollywood #indiareview
👍6🔥2
ဇူလိုင်လ (၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 - စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာတဲ့သတင်း

03:56 - ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း

06:03 - သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမိုးရွာသွန်းမှုအပြီး တရုတ်နိုင်ငံရဲ့ ဒေသအများအပြားရေနစ်မြုပ်တဲ့သတင်း

11:37 - စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆိုတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mcSLSVhyn8I

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🌭1
​​သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကား
=======================

ကီရာ
(မဇ္ဈိမ)။ ။ သပိတ်မှောက်ခံထားရသည့် စျေးဝယ်စင်တာ တစ်ခုဖြစ်သော မြန်မာပလာဇာသည် ယခုရက်ပိုင်းအတွင်း မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ အကြောင်းအရာရှင်းလင်းပွဲ( Press Show )၊ ပရိသတ်တွေ့ဆုံပွဲများ( Fan Meeting ) ဖြင့် ပြန်လည်စည်ကားလာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက် နေ့လယ် ၁နာရီမှ ၅နာရီအထိ MRTV4 မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ Press Show ၊ Fan Meetingကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် MRTV-4 ၌ထုတ်လွှင့်ပြသခဲ့သော ရောင်စုံခြယ်မြို့ကလေးနှင့် အဖြူရောင်သက္ကရာဇ် ဇာတ်လမ်းတွဲမှ အနုပညာရှင်များက Fan Meeting လုပ်ဆောင်ခဲ့ကြပြီး လတ်တလော ပြသနေသော အဆိပ်လိုအချစ်နှင့် ပန်းထောင်ခြောက်မှ အနုပညာရှင်များက Press Showအနေဖြင့် လာရောက်ခဲ့ကြကြောင်း သိရသည်။

ထိုနေ့က မြန်မာပလာဇာဝန်းအတွင်း လူများပြည့်ကျပ်လျက်ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ပြောသည်။
“ အဲ့နေ့က စနေနေ့လည်း ဖြစ်တော့ အဲ့ပွဲမှာ လူတော်တော်များတယ် ။ ပရိုမိုးရှင်းဧရိယာမှာကော ၊ အပေါ်ထပ်တွေမှာကော လူတွေကအပြည့်ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်၂၂ရက်နှင့် ဇူလိုင် ၂၃ရက်တွင်လည်း Mobile Legends ပွဲတစ်ခုဖြစ်သည့် MLBB Fan Match ကိုလည်း မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် ရုပ်သံဇာတ်လမ်းများက ပရိုမိုးရှင်းများ၊ ပရိသတ်တွေ့ဆုံခြင်းများကို မြန်မာပလာဇာတွင် ဆက်တိုက် လုပ်ဆောင်ခဲ့ကြပြီး စစ်တပ်ထောက်ခံသူများကလည်း ထိုသို့ပြန်လည်စည်ကားလာသည်အပေါ် ၎င်းတို့၏ လူမှုကွန်ရက်တွင် လှောင်ပြောင်ပြောဆိုနေကြသည်။

“ မြန်မာပလာဇာကို လူဘယ်လောက်ခြောက်ကပ်နေတယ်၊ ဘာညာပြောနေတဲ့ဟာတွေ လာကြည့်ကြပါဦး ။ နင်တို့ မျက်နှာတွေကို ကြည့်ပြီး ငါတို့က ရယ်ချင်လို့ပါ။ နင်တို့ရဲ့ သူရဲကောင်းတွေကသာ ဘယ်ချောင်ရောက်နေပြီလဲ။ ကြည့်လိုက်။ မြန်မာပလာဇာကတော့ အေးဆေးပဲနော် “ဟု စစ်တပ်ထောက်ခံသူတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ယခုလို ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်မာပလာဇာသည် ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် Free Car Parking အစီအစဉ်ကို ဩဂုတ်လအထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာမှတဆင့် ကြေညာထားခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ဆန္ဒပြလူငယ်များကို မြန်မာပလာဇာလုံခြုံရေး ဝန်ထမ်းများက ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၅ရက်တွင် ရိုက်နှက်ဖမ်းဆီးခဲ့၍ ပြည်သူလူထုက မြန်မာပလာဇာသို့ သွားရောက် စျေးဝယ်ခြင်းမပြုရန် သပိတ်မှောက်ထားကြခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာပလာဇာ
#ရုပ်ရှင်ဇာတ်လမ်းတွဲများ

စာအညွှန်း- မြန်မာပလာဇာ စျေးဝယ်စင်တာ အတွင်းပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💩14👍7🤣4😢2
This media is not supported in your browser
VIEW IN TELEGRAM
Aug - 4 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4🌭1🍌1