Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူ့ဘက်သား ရင်တွင်းစကား
==============

ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်က​နေ နားဆင်ရမှာကတော့ ( CDM - တပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့ ) နဂါးနီစစ်ကြောင်း မှ 'ကိုလင်းနိုင်ဌေး' ပြောပြတဲ့ သူ့ရဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ​တွေ ခံယူချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ ဒီ Video ကို ရဲဘော်ဗိုလ်ချုပ်၊ ရဲဘော်ဖဒရ ( သတင်းနှင့်ပြန်ကြားရေးဌာန စစ်ဒေသခွဲ အမှတ် ၃ ) က ရိုက်ကူး​ပေးထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

https://youtu.be/YcTyV2K0oQw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🥱2😁1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန်

Watch more detail -https://youtu.be/Nf-hTuc_mxY

#PoliticalNews #reels #shorts #MizzimaTV
🤬5👍3🔥1😁1🍌1
​​မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး
======================

၀၀၈၊မန္တလေး
မဇ္ဈိမ။ ။မန္တလေးတိုင်း၊ မြစ်ငယ်မြို့ရှိ မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး အသတ်ခံရမှုနှင့်ပတ်သက်သည်ဆိုကာ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုသည် စဥ့်ကိုင်မြို့နယ်၊ပလိပ်မြို့ရှိ ၎င်း၏ ဆေးခန်း၌ ပြီးခဲ့သည့် မေ ၁၅ရက်ညနေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သားများဖြစ်သော ကိုဝေဖြိုးအောင်၊ကိုကျော်စွာဝင်း၊ကိုမင်းထွန်းဇော်အပါအဝင် အသက် ၁၈နှစ်မှ အသက်၂၅ နှစ်ဝန်းကျင်အရွယ်အမျိုးသား ၁၂ဦးကို ဇွန်လ ၁၇ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

" ဘယ်ဖမ်းသွားတယ်ဆိုတာ မသိဘူး။စစ်ကားသုံးစီးနဲ့လာဖမ်းသွားတယ်"ဟု ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

သရက်ခြံ နှစ်ခြံမှ စုစုပေါင်း လုပ်သား ၁၂ဦးဖမ်းဆီးခံရခြင်းဟု သိရသည်။ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက စဥ့်ကိုင်မြို့နယ်ရဲစခန်းကို သွားရောက်မေးမြန်းရာ ရဲတပ်ဖွဲ့က ထိုဖြစ်စဥ်ရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်ဟုဆိုသည်။

" ဖမ်းသွားတယ်ပဲ သူ့အလုပ်ရှင်ကပြောလို့ သိရတာ။ဘာမှ အဆက်အသွယ်မရသေးဘူး။ခြံရှင်အနေနဲ့က အမှန်ကို ပြောဖို့လိုတယ်"ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ကပြောသည်။
ဒေါက်တာတင်ချိုချိုက်ို အသတ်ခံရမှုသည် ယခုဖမ်းဆီးခံထားရသော လူငယ်၁၂ဦးနှင့် မသက်ဆိုင်ကြောင်း သရက်ခြံပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

၎င်းက "အခုကိစ္စက ကလေးတွေ ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘာမှ မပြောရဲဘူး။ဒါကိုတော့ နာလည်ပေးကြပါ။သူတို့အတွက် လုပ်သင့်တာတွေ လုပ်ပေးမှာပါ "ဟု ပြောသည်။
မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုက်ိုသည် စစ်ကောင်စီအုပ်စုနှင့် ပုဂ္ဂိုလ်ရေးရင်းနီးပြီး CDM ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်သူဖြစ်ကြောင်း မြို့ခံအချို့ကပြောခဲ့ဖူးသည်။
ယခုအခါ စစ်ကောင်စီတပ်သည် စဥ့်ကိုင်၊ပလိပ်၊ကျောက်ဆည်မြို့ အနီးပတ်ဝန်းကျင်ရှိ သရက်ခြံများကို ညစဥ်နီးပါးဝင်ရောက် စစ်ဆေးနေကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မန္တလေးတိုင်း
#မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး
#သရက်ခြံလုပ်သားများ
#ဖမ်းဆီးခံရ

ဓာတ်ပုံ - ဒေါက်တာတင်ချိုချိုကို၏ ဆေးခန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬8🔥4❤2😁1
ဇွန်လ (၁၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:03 - ရန်ကုန်မှာ We Miss U ဘန်နာချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

02:27 - ပန်းသပိတ်လှုပ်ရှားမယ့်သူတွေ လုံခြုံရေးသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေးတဲ့ သတင်း

03:43 - ကန့်ကွက်မှုတွေကြားမှာပဲ ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမယ့်သတင်းနဲ့

11:21 - ယူကရိန်းစစ်ပွဲကို ရပ်တန့်ပစ်ဖို့ ပူတင်ကို တောင်အာဖရိကနိုင်ငံသမ္မတ ရာမာဖိုဆာပြောကြားတဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/JjANbQ0z6gU

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
မိုးဗြဲတိုက်ပွဲမှာ PDF ၃၂ ယောက် ကျတယ်ဆိုတဲ့ သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid0Zf6GTJnxTkw1NCacn3UjGgEdszbqbjk4rRUGAyE1nRedkfXG7krkBygSuKnUmVYUl

#Misinformation_Buster #Shorts #Fake_News #Reels #PDF #မိုးဗြဲ #ကျဆုံး
😁9👍5
​​ဖိလစ်ပိုင် သင်္ဘောမီးလောင်မှု လူ ၁၂၀ ဦးစလုံးကို ကယ်တင်နိုင်ခဲ့
=====================

ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၂၀ ဦး ပါရှိသည့် ကူးတို့သင်္ဘောတစ်စင်း ဇွန်လ ၁၈ ရက်က ပင်လယ်ပြင်တွင်း မီးလောင်မှု ဖြစ်ပွားရာ သင်္ဘောပေါ်ပါသူ အားလုံးကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

သင်္ဘောအရာရှိနှင့် အမှုထမ်း ၅၅ ဦး နှင့် ခရီးသည် ၆၅ ဦးကို တင်ဆောင်လာသော M/V Esperanza Star သင်္ဘောသည် နိုင်ငံတောင်ပိုင်း ဆစ်ကွေဂျာ ကျွန်းမှ အနီးအနား ဘိုဟောလ် ကျွန်းသို့ ဦးတည် ခုတ်မောင်းစဉ် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

အခြားသင်္ဘောတစ်စင်းပေါ်မှ ကမ်းခြေစောင့် မီးသတ်သမားများက ရေပိုက် အသုံးပြုပြီး မီးကို ငြှိမ်းသတ်ပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။
👍14❤2🔥2💩1
​​ဂျပန်နှင့် အိန္ဒိယက စစ်ကောင်စီကိုအားပေးနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဝေဖန်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ကမ္ဘာ့အင်အားကြီးဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများ သည် အာဏာသိမ်းစစ်တပ်နှင့်ပတ်သက်၍ မသိကျိုးကျွန်ပြုခြင်းများနှင့် အကြောင်းအမျိုးမျိုးပြကာ စစ် အစိုးရအား ဆက်လက်အားပေးနေခြင်းကို စိတ်မကောင်းဖွယ်ရာတွေ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(ခ) Kim Aris က ဝေဖန်ပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ဆုတောင်း တွင် ကိုထိန်လင်း(ခ) Kim Aris က ထိုသို့ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယနိုင်ငံမှ မြန်မာစစ်အစိုးရသို့ လက်နက် ထောက်ပံ့မှု အနည်းဆုံးလေးကြိမ်ရှိခဲ့ကြောင်း India For Myanmar အဖွဲ့၏ အချက်အလက်များအရ သိရပြီး ယခုနှစ်တွင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့လည်း အိန္ဒိယသံ အမတ်ကြီး တက်ရောက်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့်လည်း ၎င်းငွေကြေးပံ့ပိုးပေးထားသည့် ရထားလမ်းစီမံကိန်းများကို စစ်အုပ်စု နှင့် ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဂျပန်နိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပိတ် ဆို့အရေးယူမှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများကို စစ်သင်တန်းပေးခြင်း ကဲ့သို့ အားပေးထောက်ခံမှုများပင်ရှိခဲ့ကြောင်း Justic For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုထိန်လင်း(ခ) Kim Aris က ၎င်းအနေဖြင့် ငယ်စဉ်က ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့တွင်နေထိုင်ခဲ့ပြီး အဆိုပါ အချိန်များကို အမှတ်တရရှိနေသော်လည်း လက်ရှိ အဆိုပါနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် များသည် မြန်မာပြည်သူများ၏ သဘောထားကို ထင်ဟပ်ခြင်း မရှိကြောင်း ဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ဒေသတွင်းတည်ငြိမ်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးတို့အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားသော အစိုးရတစ်ရပ် မရှိမဖြစ်လိုအပ်သည်ကို မြင်မည်ဟု မျှော်လင့်ကြောင်းလည်း ထောက် ပြ ပြောဆိုသည်။

“ဒီမိုကရေစီအစိုးရ ပြန်လည်ထူထောင်ပြီးသည့်တိုင် အတိတ်တွင် ခွဲခြားဆက်ဆံမှုနှင့် မလိုမုန်းထားမှုများ ကြောင့် ဖြစ်ပေါ်ခဲ့သော နာကျင်မှုများကို ပြန်လည်ကုစားရန် ရှည်လျားသော လမ်းခရီးရှည်ရှိမည်” ဟု ကိုထိန်လင်း(ခ) Kim Aris က ပြောသည်။

၎င်းအနေဖြင့် မိခင်ဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးချိန်မှ စတင်ကာ အဆက်အသွယ်တစုံတရာမရရှိခဲ့ကြောင်းနှင့် ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်ရှိ မြန်မာသံရုံး တို့မှတဆင့် တိုက်ရိုက်တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှုတစုံတရာမရရှိခဲ့ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်းမှုကြောင့် ပြုစုစောင့် ရှောက်ရန် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ထဲထဲဝင်ဝင် ပါဝင်လာရာ မိသားစုနှင့် ဝေးကွာခဲ့သည်။ ထိုစဉ်က ကိုထိန်လင်း(ခ) Kim Aris မှာ အသက် ၁၁ နှစ်အရွယ် ခန့်သာ ရှိသေးသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်
#သားငယ်
#Kim Aris
#ဂျပန်အိန္ဒိယ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28😁3👏1😢1
စစ်ဘေးရှောင်များအတွက် ပရဟိတ အခမဲ့ဆေးခန်းဖွင့်လှစ် (ရုပ်၊သံ)
====================

မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ အနီးအနား ပတ်ဝန်းကျင်က ရွာပေါင်း ၃၀ ကျော်အတွက် ပရဟိတ အခမဲ့ဆေးခန်းကို ဇွန်လ ၁၈ ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပရဟိတ အခမဲ့ဆေးခန်းအတွက် ကူညီခဲ့တဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမ ကိုပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊အရာတော်မြို့နယ်၊ရွှေဘိုမြို့နယ် တစ်ဝိုက်က ကျေးရွာနေပြည်သူတွေနဲ့ စစ်းဘေးရှောင်တွေပါ လာရောက်ပြသနိုင်ပြီး တပတ်ကို (၆)ရက်ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။

မြွေကိုက်ခံ ပိုးထိလူနာတွေ အနေနဲ့ ဆေးခန်းကို အချိန်မရွေးဆက်သွယ်နိုင်ပြီး မြွေဆိပ်ဖြေဆေးသွားရောက်ထိုးပေးဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။

https://youtu.be/CO8mIsW-Siw

တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden

#Mizzima
#အခမဲ့ဆေးခန်း
#ဒီပဲယင်းမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12😁2👍1
Media is too big
VIEW IN TELEGRAM
သာဇင်ကျွေးရွာက နေအိမ်အလုံး ၆၀၀ ကျော် ကိုPDFတွေက မီးရှို့သွားတယ်ဆိုတဲ့ သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid0WdbFiraEQtvqU5YR3GUttHhdJ6qw2S6BD2L7qH5bQtrKyBn9WUQuREK8UoWJupQcl

#Misinformation_Buster #Fake_News #Shorts #Reels #PDF #သာဇင် #ဆားတောင် #စစ်တပ်
👍8😁4🔥1
ပဲခူးရိုးမထဲက PDF တပ်ဖွဲ့ဝင်အချို့၏ ပန်းသပိတ်ပုံရိပ်
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပန်းသပိတ်ကို ပဲခူးရိုးမအတွင်း ပြုလုပ်ခဲ့ကြသည်။

တပ်စခန်းအနီးရှိ ပန်းများကိုခူးယူ၍ ပန်းသပိတ်တွင်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

“လွမ်းအတိတ်ကို ပန်းသပိတ်နှင့်ကြိုမယ်၊ အမေစုကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ အမေစုနဲ့ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်" ဟု Phoenix DF အဖွဲ့က ပြောသည်။

အကျဉ်းကျခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၎င်း၏မွေးနေ့များကို ဖမ်းဆီးချုပ်နှောင်ခံရင်းဖြတ်သန်းနေရပြီး ယခုနှစ်တွင်လည်း နေပြည်တော်အချုပ်ထောင်အတွင်းပင် ၇၈ နှစ်ပြည့်မွေးနေ့ကို ကျော်ဖြတ်နေရခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
#၇၈နှစ်ပြည့်
#ပန်းသပိတ်
#Mizzima
❤15🥰9😁3👍1
ရန်ကုန်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားများမှ ဗုံး ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
👍16❤3😁3
ရန်ကုန်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားများမှ ဗုံး ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားအဖွဲ့ များပူးပေါင်း၍ ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုအား Anonymous Fighters Force (AFF) ၊ Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) အဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်းကို ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်၌ ဗုံးများဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၉ နာရီနောက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုပြုလုပ်သော ရဲဘော်များအနေဖြင့် ပစ်မှတ်နေရာများမှ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်စဉ်၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် Freeland Attack Force-FLA အဖွဲ့ တာဝန်ခံအား မဇ္ဈိမကဆက်သွယ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေကြားပေးနိုင်‌မည် မဟုတ်ကြောင်း သတင်းရင်းမြစ်ထံမှ ပြန်လည်သိရှိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်မြို့
#ဖောက်ခွဲတိုက်ခိုက်မှု
#မြို့ပြပြောက်ကျားတပ်ဖွဲ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏5❤3😁3
This media is not supported in your browser
VIEW IN TELEGRAM
အီတလီမီးရထားစီမံကိန်းကြောင့် ပြင်သစ်ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

https://www.facebook.com/reel/279637504432812

#InternationalNews #reels #shorts #Mizzima
👏2👍1🔥1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နဲ့ဆော်ဒီအာရေးဗီးယားတို့ ရင်ကြားစေ့ရေးဆီ ဆက်လက်ချီတက်နေ

https://www.facebook.com/reel/593847979558631

#InternationalNews #Mizzima #reels #shorts
😁4