ဒီးမော့ဆိုရှိ နေရာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
🤬3🔥2😢1

========================
001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ အရပ်သား စစ်ရှောင်များ နေထိုင်ရာ နေရာနှစ်ခု ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၆ နာရီခွဲအကျော်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကိုးလုံးခန့် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စခန်းရှိစာသင်ကျောင်းအနီးတွင် ရှိနေသည့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းနှင့် နေအိမ်တဲအချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့မတိုင်ခင် နံနက် ၄ နာရီအကျော်တွင်မူ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အရပ်သားများနေထိုင်သည့် ကျေးရွာတခုတွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းအခြေအနေနှင့် ပတ်သက်ပြီး DMO - Local PDF က “ဗုံးက ငါးလုံးလောက်ကြဲသွားတယ်။ ပေါင် ၅၀၀ လောက်ရှိမယ်။မနက်ပိုင်း လေးနာရီမခွဲခင်နောက်ပိုင်းမှာ တလုံးပြီးတလုံး လာကြဲတယ်။ ထိခိုက်တဲ့လူတော့မရှိဘူး။ စစ်ရှောင်အိမ်နှစ်လုံးတော့ ပျက်သွားတယ်”ဟု ဆိုသည်။
စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများမှာ အရပ်သား ပြည်သူများ ပုံမှန်နေထိုင်သည့် ကျေးရွာနှင့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားများသာ နေထိုင်သော နေရာများသာဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။
ယင်းနေရာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း KNDF ကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ နေရာလေးနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့မှုကြောင့် လူနေအိမ်နှစ်လုံးနှင့် ကျောင်းဆောင်တဆောင်ပျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#ဒီမောဆို
#လေယာဉ်ဖြင့် ဗုံးကြဲ
#စစ်ဘေးရှောင်
ပုံအညွှန်း- ဒီးမော့ဆိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း (ဓာတ်ပုံ- KNDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7😁3🤬1
Media is too big
VIEW IN TELEGRAM
တီမောနိုင်ငံ သံတမန်များနှင်ထုတ်မှု နောက်ဆက်တွဲ | Human Rights Barometer
Watch more detail - https://youtu.be/cIukIhS6neE
#reels
#shorts
#humanrightsbarometer

👍6😁5🤯1
သိသိသာသာ အရည်ပျော်ကျလာသည့် ချီလီနိုင်ငံမှ ရေခဲမြစ်များ
==========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3❤1
Media is too big
VIEW IN TELEGRAM
Aug - 31 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

🍌4🖕1
US says its firms could deem Chinese business environment 'too risky'
==========================
https://youtu.be/F1U5Mb-E-zY?si=1CIle7cy4qrFONYj

YouTube
US says its firms could deem Chinese business environment 'too risky'
Business in China could become "too risky" for US firms without changes to the regulatory environment, Commerce Secretary Gina Raimondo warns as she wrapped up a visit to the world's second-largest economy. Speaking on her fourth day in China and after several…
👍4🤮1
အရေးပါသည့် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့သည့် အိန္ဒိယနိုင်ငံထုတ် ဝေဟင်ပစ်ဒုံးကျည်
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
တီမောနိုင်ငံ သံတမန်များနှင်ထုတ်မှု နောက်ဆက်တွဲ | Human Rights Barometer - Episode 21
==========================
မြန်မာစစ်ကောင်စီသည် တီမောလက်စ်တေး၏ ထိပ်တန်းသံတမန်များကို နိုင်ငံတွင်းမှ နှင်ထုတ်မှုဖြစ်ပွားခဲ့သည်။ သံတမန်နှင်ထုတ်မှုမဖြစ်ပွားခင် နှစ်ရက်အလိုက အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာတို့ မြို့တော်ဒီလီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
https://youtu.be/cIukIhS6neE?si=QCpQmpKXNHli6poq
#ဦးအောင်မျိုးမင်း
#Human Rights Barometer
#တီမောလက်စ်တေ
#အရှေ့တီမော
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မြန်မာစစ်ကောင်စီသည် တီမောလက်စ်တေး၏ ထိပ်တန်းသံတမန်များကို နိုင်ငံတွင်းမှ နှင်ထုတ်မှုဖြစ်ပွားခဲ့သည်။ သံတမန်နှင်ထုတ်မှုမဖြစ်ပွားခင် နှစ်ရက်အလိုက အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တီမောနိုင်ငံသမ္မတ ဟိုဆေး ရ…
👍14😁2🔥1🍌1
A Barefoot Dream
===========
၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေး ရခဲ့တဲ့ နိုင်ငံငယ်လေး အရှေ့တီမောကို ရောက်လာခဲ့သူ ကိုရီးယား လူငယ်လက်ရွေးစင် ဘောလုံးသမားဟောင်း "ကင်မ်ဝန်ဂမ်"...
သူ့ရည်ရွယ်ချက်က စီးပွားရှာဖို ဆိုပေမဲ့ ဘောကန်ဖိနပ် တစ်ရံတောင် မဝယ်နိုင်တဲ့ ကလေးတွေရဲ့ ဆင်းရဲတဲ့ဘဝကို သူ တဖြည်းဖြည်း သနားလာခဲ့တယ်...
ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ချင်တဲ့ ရာမိုစ်တိုလို ပါရမီရှင် လူငယ်လေးတွေကို သူ နည်းစနစ်ကျကျ လေ့ကျင့်ပေးခဲ့တယ်...
ဒီလိုနဲ့ ဂျပန်မှာ ကျင်းပမယ့် နိုင်ငံတကာ လူငယ်ဖလား ဘောလုံးပြိုင်ပွဲကို ကိုရီးယားလူမျိုး နည်းပြကင်မ်ဝန်ဂမ် ဦးဆောင်တဲ့ အရှေ့တီမော လူငယ်အသင်း ပါဝင်ယှဉ်ပြိုင်ဖို ဖြစ်လာချိန်မှာတော့....
ကိုရီးယားလူမျိုး နည်းပြတစ်ဦးနဲ့ အရှေ့တီမော လူငယ်လေးတွေရဲ့ သမိုင်းထဲက ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ရုပ်ရှင်ချစ် ပရိသတ်ကြီးအတွက် ကြည့်ရှုရကျိုး နပ်စေမှာ သေချာပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၃၁.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍9🤮2
တောင်တရုတ်ပင်လယ်အား တိုးချဲ့ပိုင်နက်ပြုထားသည့် တရုတ်မြေပုံသစ်ကို ဖိလစ်ပိုင် ပယ်ချ
=======================
တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်တိုးချဲ့ကာ ပိုင်နက်ပြုထားသော တရုတ်၏ စံမြေပုံသစ်ကို ဖိလစ်ပိုင်က အသိအမှတ်မပြုကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။ “ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ဇုန်မှာ တရုတ်ရဲ့ ရည်ရွယ်ချက် ရှိရှိ အချုပ်အခြာ ပိုင်ဆိုင်ကြောင်း တရားဝင် ဖြစ်စေဖို့ ခုလို နောက်ဆုံး ကြိုးပမ်းမှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူး၊ အထူးသဖြင့် ၁၉၈၂ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂစာချုပ် (Unclo) နဲ့ မညီညွတ်ဘူး”ဟု ဖိလစ်ပိုင်က ကြာသပတေးနေ့ ထုတ်ပြန်ချက်၌ ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်တိုးချဲ့ကာ ပိုင်နက်ပြုထားသော တရုတ်၏ စံမြေပုံသစ်ကို ဖိလစ်ပိုင်က အသိအမှတ်မပြုကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။ “ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ဇုန်မှာ တရုတ်ရဲ့ ရည်ရွယ်ချက် ရှိရှိ အချုပ်အခြာ ပိုင်ဆိုင်ကြောင်း တရားဝင် ဖြစ်စေဖို့ ခုလို နောက်ဆုံး ကြိုးပမ်းမှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူး၊ အထူးသဖြင့် ၁၉၈၂ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂစာချုပ် (Unclo) နဲ့ မညီညွတ်ဘူး”ဟု ဖိလစ်ပိုင်က ကြာသပတေးနေ့ ထုတ်ပြန်ချက်၌ ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
"ခြားတော့ ခြားတာပဲ" (Trailer) | ဘာလိုလို့လဲ ဇာတ်လမ်းတို
================
လင်မယားလို့ဖြစ်လာပြီဆိုရင် အိမ်ထောင် တာဝန်တွေ ထမ်းကြရပါတယ်။
အခုခေတ် အိမ်ထောင်တွေမှာ မရှိမဖြစ်လိုလာတာက သားဆက်ခြား ကျန်းမာရေး အသိပါ။သိပြီးရင်တော့ သားဆက်ခြား လုပ်တဲ့အခါအမျိုးသားရဲ့ တာဝန်လား အမျိုးသမီးရဲ့ တာဝန်ဖြစ်ပါသလား။
ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
https://youtu.be/iBG5gZ5xY7U?si=rMQhELGOjv7XBn14

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် …

👍7🔥1
ကန့်ဘလူတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၆ ဦးကို သတ်ဖြတ်
======================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သား ခြောက် ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ် အတွင်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဇီးကုန်းတိုက်နယ် ရွာသစ်ရွာနှင့် ဆီဆုံရွာတို့ကိုစစ် ကြောင်းထိုးဝင်ရောက်ပြီး ဆီဆုံကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတဦးနှင့် ရွာသစ်ရွာမှ အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“အသတ်ခံရတဲ့သူတွေရဲ့ အလောင်းတွေပြန်ရတယ်လို့တော့ သိရတယ်။ ရွာသားတွေတော့ ရွာကိုပြန် မကပ်နိုင်သေးဘူး” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် ခမရ(၃၆၁)နှင့် ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ရွာသစ်ရွာ နှင့်ဆီဆုံကျေးရွာများ၌ ဩဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ အထိုင်ချတပ်စွဲပြီး အဖိုးတန်ပစ္စည်းများ၊ စား သောက်ကုန်များနှင့် ရေခဲသေတ္တာပါခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် ထားသည်။
ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် ယင်းစစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက် ခေါင်းကျေးရွာသို့ ဝင်ရောက်လာသည့်အတွက် ကျေးရွာ ၁၀ ရွာ ခန့်မှ လူဦးရေ ၂၀,၀၀၀ ကျော် ထွက်ပြေး ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“သရက်ခေါင်းမှာ သုံးယောက် သတ်ခံရတယ်ကြားတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင် သေးဘူး” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေ ပြီး အခြားကျေးရွာများ၌လည်း လူစုခွဲထားသည့်အတွက် ဒေသခံများ ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း

👍8🔥3
စစ်တွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုခါအလွန် ၃ လကြာမှ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်ဆောက်ခွင့်ရ
===================
မဇ္ဈိမ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အိမ်ပြန်ဆောက်ခွင့်ကို မိုခါအလွန် သုံးလလောက်ကြာမှ စစ်ကောင်စီက ခွင့်ပြုလာလို့ ပျက်စီးသွားတဲ့ နေအိမ်တွေကို NGO က တဖြည်းဖြည်း ပြန်တည်ဆောက်နေပြီလို့ ဒုက္ခသည်တွေက မဇ္ဈိကကို ပြောပါတယ်။
https://youtu.be/Y8dEbvHJL2U?si=Az2UZ9YeoHMW6-BU
#ရိုဟင်ဂျာ
#postmocha
#ရခိုင်
#Mizzima
#EP-9
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
မဇ္ဈိမ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အိမ်ပြန်ဆောက်ခွင့်ကို မိုခါအလွန် သုံးလလောက်ကြာမှ စစ်ကောင်စီက ခွင့်ပြုလာလို့ ပျက်စီးသွားတဲ့ နေအိမ်တွေကို NGO က တဖြည်းဖြည်း ပြန်တည်ဆောက်နေပြီလို့ ဒုက္ခသည်တွေက မဇ္ဈိကကို ပြောပါတယ်။
https://youtu.be/Y8dEbvHJL2U?si=Az2UZ9YeoHMW6-BU
#ရိုဟင်ဂျာ
#postmocha
#ရခိုင်
#Mizzima
#EP-9
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်တွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုခါအလွန် ၃ လကြာမှ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်ဆောက်ခွင့်ရ
မဇ္ဈိမ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အိမ်ပြန်ဆောက်ခွင့်ကို မိုခါအလွန် သုံးလလောက်ကြာမှ စစ်ကောင်စီက ခွင့်ပြုလာလို့ ပျက်စီးသွားတဲ့ နေအိမ်တွေကို NGO က တဖြည်းဖြည်း ပြန်တည်ဆောက်နေပြီလို့ ဒုက္ခသည်တွေက မဇ္ဈိကကို ပြောပါတယ်။
#ရိုဟင်ဂျာ…
#ရိုဟင်ဂျာ…
👍9🔥1
ဘေလီတံတားကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုဖြစ်
=======================
YT
(မဇ္ဈိမ)။ ။ မိုးဆက်တိုက်ရွာသွန်း၍ လမ်းမြေကျွံမှု ဖြစ်ပွားနေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဘေလီတံတားခင်းထားပြီးသော်လည်း တံတားကြံ့ခိုင်မှုအားနည်းခြင်း၊ တံတားကျဉ်းမြောင်းခြင်းကြောင့် နေ့စဉ်နှင့်အမျှ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း ယာဉ်မောင်းများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
" တခေါက်ကို နှစ်ရက်ကြာတယ်ဗျာ။ သွားလာရတာ အဆင်မပြေဘူး။ ခရီးမရောက်ဘူး။ လုပ်စားရတာတော့ တော်တော်ခက်တယ်" ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးရှိ လမ်းမြေကျွံသည့် နေရာအား ဘေလီတံတားဆောက်လုပ်ပြီးဖြစ်၍ ဩဂုတ်လ ၂၅ ရက်နေ့တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ပြန်လည်အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း စတင်အသုံးပြုသည့် ရက်မှစ၍ ဘေလီတံတား ကြံ့ခိုင်မှုအားနည်း၍ တံတားထိပ်ပိုင်းများတွင် မြေနိမ့်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘေလီတံတားထိပ်ပိုင်းနေရာများတွင် မြေနိမ့်ကျမှု၊ ဘေလီတံတား၏ အကျယ်အဝန်း ကျဉ်းမြောင်းမှုကြောင့် ယာဉ်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာနေရသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းတဦးထံက သိရသည်။
" အတက်အဆင်းကို တခါသွား အစီး ၂၀၊ အစီး ၃၀ လောက်စီပဲ ပေးဖြတ်သေးတော့ ယာဉ်တွေပိတ်ကုန်တာပေါ့။ တချို့ မစောင့်နိုင်တဲ့ကားတွေကတော့ ပြန်လှည့်ဆင်းပြီး လမ်းဟောင်းကနေ သွားကြတယ်၊ တက်လို့လည်း မရ ဆင်းလို့လည်းမရ လှည့်မရတဲ့ ကားတွေကတော့ လမ်းပိတ်ပေါ့" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးထံက သိရသည်။
မြဝတီ- ကော့ကရိတ် အာရှလမ်းသည် ထိုင်း- မြန်မာ ကုန်သွယ်ရေးအတွက် အဓိကထား အသုံးပြုသော လမ်းကြောင်းဖြစ်၍ အဆိုပါ လမ်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ယာဉ်မောင်းအချို့သည် မြဝတီ- ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား ဆက်လက်အသုံးပြုနေကြရကြောင်း သိရသည်။
အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မိုးဆက်တိုက်ရွာသွန်း၍ တောင်ကျရေတိုက်စားကာ လမ်းတလျှောက်တွင် လမ်းမြေကျွံမှု၊ တောင်မြေပြိုမှုများ ဖြစ်ပွားရာမှ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးအတွက်ဟုဆိုကာ ဘေလီတံတားအား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြဝတီ
#ကော့ကရိတ်
#ဒေါနတောင်
ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှု မြင်ကွင်း (ဓါတ်ပုံ- CJ၊ လူမှုကွန်ယက်)

👍11🔥1😢1
နယ်စပ်ဒေသတွေကိုဖြတ်ပြီး နိုင်ငံတကာအကူအညီတွေပေးနိုင်ဖို့လိုတယ်
===================
လင်းသူရိန်(မဇ္ဈိမ)။ ။ နိုင်ငံကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုနယ်စပ်ဒေသတွေကိုဖြတ်ပြီးပေးနိုင်မှသာ ပြည်သူတွေဆီကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေကအဖွဲ့အစည်းတွေအနေနဲ့လည်းတွန်းအားပေးဖို့လိုတယ်လို့ ဦးကျော်မိုးထွန်းက မဇ္ဈိမကိုပြောပါတယ်။
NUGအနေနနဲ့ မြန်မာစစ်ဘေးရှောင်တွေရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားနေဆဲဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ကိုယ်စားလှယ်တွေထားရှိပြီးတော့ စစ်ရှောင်တွေကို အကူအညီတွေပေးနိုင်ဖို့လုပ်ဆောင်ထားတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
တည်းဖြတ်/တင်ဆက်-လင်းသူရိန်
https://youtu.be/my_IIScFX5M?si=XRSSMfBHjDJHu1en
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
လင်းသူရိန်(မဇ္ဈိမ)။ ။ နိုင်ငံကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုနယ်စပ်ဒေသတွေကိုဖြတ်ပြီးပေးနိုင်မှသာ ပြည်သူတွေဆီကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေကအဖွဲ့အစည်းတွေအနေနဲ့လည်းတွန်းအားပေးဖို့လိုတယ်လို့ ဦးကျော်မိုးထွန်းက မဇ္ဈိမကိုပြောပါတယ်။
NUGအနေနနဲ့ မြန်မာစစ်ဘေးရှောင်တွေရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားနေဆဲဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ကိုယ်စားလှယ်တွေထားရှိပြီးတော့ စစ်ရှောင်တွေကို အကူအညီတွေပေးနိုင်ဖို့လုပ်ဆောင်ထားတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
တည်းဖြတ်/တင်ဆက်-လင်းသူရိန်
https://youtu.be/my_IIScFX5M?si=XRSSMfBHjDJHu1en
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
နယ်စပ်ဒေသတွေကိုဖြတ်ပြီး နိုင်ငံတကာအကူအညီတွေပေးနိုင်ဖို့လိုတယ်
လင်းသူရိန်(မဇ္ဈိမ)။ ။ နိုင်ငံကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုနယ်စပ်ဒေသတွေကိုဖြတ်ပြီးပေးနိုင်မှသာ ပြည်သူတွေဆီကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက…
👍7🤮2❤1
မူဆယ်တွင် တရုတ်နှင့် နယ်စပ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ဘေးရှောင် ၁,၂၀၀ခန့်ရှိလာ
🔥6👍2😁1😢1