Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၁.၇ သန်းခန့်ရှိလာ
မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးရှိလာခဲ့ပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F68DbYENLW0Y&h=AT3UQ8VzBhsf9FBs09miwFo9NHI4vhe_TEwXS5XsE9iB1dC8oA09ruo-a6nijoJ8D_tLdHpffiEW3QsI4Jf1WHip3cKN69bwh8uuAKYHMM5kqhCmAsQSH4moz4lUkumc&s=1
🔥4👍2
မုန်လိုင်ခက် စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး The Way Musical Film က ကျပ် သိန်း ၁၀၀လှူဒါန်း
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ရွာက စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး အတွက် The Way Musical Film အဖွဲ့က .....
https://ift.tt/q01Dc2h
👍8🔥1🤮1
မုန်လိုင်ခက် စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး The Way Musical Film က ကျပ် သိန်း ၁၀၀လှူဒါန်း
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ရွာက စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး အတွက် The Way Musical Film အဖွဲ့က .....
https://ift.tt/tMnLUv9
👍8🔥1
အောက်တိုဘာလ( ၁၃ )ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 00:57- စစ်တပ် အာဏာသိမ်းပြီးကတည်းက NCA ကိုပျက်ပြယ်သွားပြီလို့ လက်မှတ်ထိုးအဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIGWj8F0wZes&h=AT0G_iUzgG__TKXtmwIMG2f4QshD2QTgBm_DCUBqp36u_y5wkU6SViK659EMe5cp5AOXlwHE78AQtR3C8xH-df5X-pj9TyLXE0v81ZY9NuEcsZ1hz_F4hxO2flntuuQh&s=1
👍7🔥1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ
007(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် ...
https://www.youtube.com/watch?v=jdXYZRKZYsk
🔥4👍3
အောက်တိုဘာလ( ၁၃ )ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 00:57- စစ်တပ် အာဏာသိမ်းပြီးကတည်းက NCA ကိုပျက်ပြယ်သွားပြီလို့ လက်မှတ်ထိုးအဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIGWj8F0wZes&h=AT2lTzPGQxBx2I4b4lmazK9u7AvObdI28rFiOOBn6q1Y3dsf9wtEg_PGyhW7mD-1DDwe6nSCULNafLDO4TVksXk-zNg-syw9Zr0Dzn2noCqtrplKwXbV8DHrSNe08Yi0&s=1
👍4🔥1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြ
မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့တွင်းလမ်းမကြီး.....
https://ift.tt/wRc48WJ
👍5🔥1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြ
မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့တွင်းလမ်းမကြီး.....
https://ift.tt/38GTMAV
👍4😢4🔥1
​​မုန်လိုင်ခက် စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး The Way Musical Film က ကျပ် သိန်း ၁၀၀လှူဒါန်း
============

ကိုခင်မောင်

(မဇ္စျိမ)။        ။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ရွာက စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး အတွက် The Way Musical Film အဖွဲ့က ငွေကျပ် သိန်း၁၀၀လှူဒါန်းခဲ့ကြောင်း The Way ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာလ ၁၁ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

“ဒီလို အရေးပေါ် လှူဒါန်းနိုင်တာဟာ The Way ကို အားပေးခဲ့ကြသူ တော်လှန်ပြည်သူတစ်ယောက်ချင်းစီရဲ့ ဖေးမမှုတွေကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်မယ့် လမ်းမှာ ဖြစ်လာဦးမယ့် အခက်အခဲတွေ အတွက်လည်း စုပေါင်းအားနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော်။ တို့တွေ လက်တွဲထားကြမယ်” ဟု The Way လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

The Way Musical Film မှ အလှူငွေကျပ် သိန်း ၁၀၀ ကို KIO ထိန်းချုပ်နယ်မြေရှိ စစ်ပြေးဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မတီ (IRRC) တာဝန်ရှိသူများထံသို့ လှူဒါန်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့မှလည်း အလှူငွေများလက်ခံရရှိထားကာ လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က မုန်လိုင်ခက် စစ်ရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်မပြည့်သေးသော ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ထို့ကြောင့် The Way Musical Filmက အရေးပေါ် လိုအပ်ချက်များတွင် အသုံးပြုနိုင်ရေးအတွက်လှူဒါန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နိုင်ငံတကာအသိအမှတ်ပြုခြင်းခံရသော THE WAY ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တို့ အပါအဝင် နိုင်ငံအသီးသီးတွင် ပြသလျက်ရှိရာ မြန်မာပြည်ဖွားတိုင်းရင်းသားများက တခဲနက်ကြည့်ရှု့အားပေးခဲ့ကြပြီး ထိုမှရရှိလာသော ရန်ပုံငွေများအား တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပုံအညွှန်း။ ။ မုန်လိုင်ခက်စစ်ရှောင်စခန်းပစ်ခတ်ခံရမှုတွင် သေဆုံးသူများ

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#The Way 
#မုန်လိုင်ခက်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮1
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
🔥4
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
===============

၀၀၈

(မဇ္ဈိမ)။   ။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းအောက်တိုဘာ ၉ရက်က တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပေးခဲ့ခြင်းကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးသူကို အောက်တိုဘာ ၁၂ရက်၊ ညနေ ၅နာရီကျော်တွင် စစ်​ကောင်စီတပ်ဖွဲ့က နေအိမ်ကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

"အဖမ်းခံရတာ ဟုတ်တယ်။"ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက အတည်ပြုပြောသည်။

ဆရာမသည် အထက(ပလစ)ကျောင်းမှ ၂၀၂၁ ခုနှစ်ကတည်းက CDMပြုလုပ်ခဲ့ပြီး နေအိမ်တွင် ဟော့ပေါ့ရောင်းချနေသူဖြစ်ရာ သတင်းဌာနတခုအောက်တွင် မှတ်ချက်ဝင်ရေးခဲ့၍ စစ်လော်ဘီများက ဖမ်းဆီးရန် တိုင်ကြားခြင်းကြောင့် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"ယုတ်မာတာကတော့ ကမ်းကုန်ပဲ။ မမိုး(ဆရာမ)ဆီကို ဟော့ပေါ့လှမ်းမှာပြီး အိမ်ကိုလာဖမ်းတာပဲ။ သူယုံချက်နဲ့သူ ရပ်တည်နေတာပါ။ ဒါကို အခုလို အဖမ်းခံရတော့ စိတ်မကောင်းဘူး။"ဟု ဆရာမနှင့် ရင်းနှီးသူတဦးကဆိုသည်။

စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို လူမှုကွန်ရက် စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူ မတ္တရာမြို့နယ်မှ ကိုထွန်းနိုင်နှင့် စဥ့်ကူးမြို့နယ်မှ မမေငယ် ဆိုသူတို့ အောက်တိုဘာ ၁၁ရက်နေ့က ဖမ်းဆီးခံခဲ့ရ​သေးကြောင်း သိရသည်။

ပုံစာ -ဖမ်းဆီးခံထားရသည့် CDM ဆရာမ ဒေါ်မိုးမိုးသူ

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုန်လိုင်ခက်ရွာ 
#စစ်ရှောင်စခန်း
#CDM

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍3🔥1