ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြား
=============
ရွှေနွယ်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်။ ထီးချိုင့်မြို့အား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပြုလုပ်လျက်ရှိသောကြောင့် ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသတွင်းသတင်းရင်း မြစ်များထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နံနက် ၁၀ နာရီ ၉ မိနစ်၌ တကြိမ်၊ ၁၂ နာရီ ၃၀ မိနစ်နှင့် ၁ နာရီ ၅ မိနစ်တို့တွင် တကြိမ်စီဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း Tigyaing Revolution-TR မှ ထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့ပေါ်၌ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။
“တမြို့လုံးတော့ ရစရာမရှိတော့ဘူး။ နေ့လည်ပိုင်းရတဲ့သတင်းအရ မြို့လယ်ခေါင်နဲ့ ရွှေစည်းခုံကို လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ သိရတယ်။ အထကကျောင်းကြီးနဲ့ အမှတ် (၁)၊ (၃) ၊(၄) မူလတန်းနဲ့ အလယ် တန်းကျောင်းကတော့ မနေ့တည်းကပျက်သွားပြီ” ဟု ထီးချိုင့်−ပြည်သူ့ကာကွယ်ရေး ပြန်ကြားရေးမှ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မဇ္ဈိမကိုပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ထိ ထီးချိုင့်မြို့အား စစ်ကောင်စီ မှ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်းပြုလုပ်ထားပြီးဖြစ်ကြောင်း Tigyaing Revolution-TR ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် တိုက်လေယာဉ်သုံးစီးဖြင့် နေရာခွဲကာ တပြိုက်နက် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက် အတိအကျကိုမူ မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် မြို့ခံများမှာ ရှောင်တိမ်းကြပြီးဖြစ်သော်လည်း မြို့အတွင်း၌ အရပ်သားအချို့ကျန်နေသေး ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ထီးချိုင့်မြို့ရှိ MPT တာဝါတိုင် ထိခိုက်ပျက်စီးခဲ့သည့် အတွက် ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။
“တခြားမြို့နဲ့မတူတဲ့အချက်က ထီးချိုင့်မြို့ထဲမှာ တောင်ကုန်းတွေပေါတယ်။ မြို့က ဗျူဟာကျတဲ့နေရာမှာ ရှိနေပါတယ်။ နှစ်ဖက်လုံးအတွက် အရေးကြီးဆုံးနေရာဖြစ်နေတော့ လွယ်လွယ် မကျသေးတာပါ။ သတင်းအမှားတွေအပေါ် အာရုံမစိုက်ကြပါနဲ့။ မကြာခင် အောင်သပြေနဲ့ကြိုဖို့ စောင့်နေပေးပါ။ မရမခြင်း ကြိုးစားကြမှာပါ။ တချို့က သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပါ။ မကြာတော့ပါဘူး။ သတင်းအမှန်ကိုရရှိတာနဲ့ အမြန်ဆုံးတင်ပေးပါမယ်။ လက်ခုပ်တီးဖို့ ပြင်ထားကြပါခင်ဗျာ” ဟု မြေပြင်တွင် တိုက်ပွဲဝင်လျက်ရှိသည့် Tigyaing Revolution-TR မှ ယမန်နေ့က ထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF) တို့ပါဝင်ကြောင်း သိရသည်။
ထီးချိုင့်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကောလင်းမြို့ကိုမူ နိုဝင်ဘာလ ၆ ရက်နေ့က အောင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။စောဖေ
#ထီးချိုင့်မြို့
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8👍7👏2
သပိတ်ကျင်းတွင် အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး
================
MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TBK တောဆင်ရိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီး ကိုးလုံးကြဲချတိုက်ခိုက်ပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TBK တောဆင်ရိုင်းတပ်ဖွဲ့မှ တာဝန်ရှိ သူတဦးက ပြောသည်။
“စစ်ကောင်စီဘက်ကသေဆုံးမှုကိုတော့ မျက်မြင်တွေ့သူတွေရှိခဲ့ပြီး နာရေးကားနှစ်စီးနဲ့ သယ်သွားတာ ကြောင့်ပါ။ ရုံးကိုဝင်မစီးနိုင်ခဲ့တာဟာ အချိန်ကြောင့်ပါ။ မနက်မိုးလင်းခါနီးဖြစ်နေတော့ ထွက်လမ်းတွေမှာ အခက်အခဲရှိတာကြောင့်ပါ” ဟု ၎င်းကပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံး၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရုံးရှေ့တွင်ဂိတ်ချ၍ ငွေကြေး ကောက်ခံခြင်းများပြုလုပ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယခုတိုက်ခိုက်မှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီဖော်ဆောင်သည့် စစ်ဆင် ရေးတခုဖြစ်ကြောင်း TBK တောဆင်ရိုင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“စစ်ကောင်စီအပါအဝင် လက်အောက်ခံတွေ အလင်းဝင်ပါ၊ လက်နက်ချပါ။ ၁၀၂၇ နဲ့အတူ တလှိုင်းပြီး တလှိုင်း ထပ်လာပါမယ်။ နောက်ပြီး အိမ်ပြန်ချိန်နီးပြီဖြစ်တာကြောင့် ပြည်သူတွေပိုပြီး အားစိုက်ရုန်းပေး ကြပါ။ ကူကြပါ။ လုံခြုံရေးအတွက် အမြဲသတိရှိကြဖို့ ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။
ယခုတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ ၊ ဗိုလ်ကင်းတပ်ဖွဲ့ ၊ သပိတ်ကျင်းမြို့နယ်(ပကဖ)တောဆင်ရိုင်းတပ်ဖွဲ့ နှင့် Northern Tiger Group (NTG) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#သပိတ်ကျင်းမြို့နယ်

👍12👏1🥴1
အရှိန်မြှင့်နေသည့် စစ်ရေးကို အောင်သပြေဖြင့် သပိတ်တပ်ပေါင်းစု ကြိုဆို
==============
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်အတွင်းရှိ သပိတ်စစ်ကြောင်းများ စုပေါင်း၍ စစ်ရေးအရှိန်မြှင့်နေသည့် ညီနောင်သုံးဖော်နှင့် မဟာမိတ်အဖွဲ့များအား အောင်သပြေပန်းများဖြင့် ကြိုဆို ချီတက်မှုကို ယနေ့ နိုဝင်ဘာလ ၁၂ရက်တွင် ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းများဖြစ်သော လူငယ့်အားမာန်သပိတ်စစ်ကြောင်း ၊ ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ၊ အမျိုးသမီးမဟာမိတ် အင်အားစု(WAB) နှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လူတစုကောင်းစားရေးအတွက် အသက်ပေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များအနေဖြင့် ဖက်ဆစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုဝင်ကြရန်နှင့် နွေးထွေး စွာကြိုဆိုနေကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများသည် စစ်အာဏာရှင်ကို နေ့စဥ်ရက်ဆက် ဆန့်ကျင်ချီတက်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း- အောင်သပြေသပိတ် ဆင်နွှဲနေသည့် သပိတ်တပ်ပေါင်းစု (ဓာတ်ပုံ- ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အောင်သပြေ
#သပိတ်

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍11❤5😁1
အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၆ဦးထံမှ ဘိန်းဖြူ ၂ကီလိုကျော်နှင့် ရူပီးငွေများဖမ်းမိ
==============
ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယ - မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ဇိုးခွါးထာလ်ရွာအနီးတွင် မြန်မာနိုင်ငံသားခြောက်ဦးထံမှ ဘိန်းဖြူ ၂၆၁၅ ဂရမ်နှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေ သိန်း ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသအခြေစိုက် Bengvarna အွန်းလိုင်းမီဒီယာက နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဖော်ပြသည်။
မီဇိုရမ်ပြည်နယ်၊ ဇိုးခွါးထားလ်ရွာ၌ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင်နေထိုင်သူ မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ ၂၅၇၇ ဂရမ် နိုင်ငံတကာဈေးကွက်တန်ဘိုး ရူပီး ၁၈၀,၃၉၀,၀၀၀ (ကျပ်သိန်းတထောင့်ရှစ်ရာကျော်)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။
အလားတူ အခြားမြန်မာနိုင်ငံသား နှစ်ဦးထံမှ ဘိန်းဖြူ ၃၈ဂရမ် တန်ဖိုး ရူပီး ၂,၆၆၀,၀၀၀ တို့ကို အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်နှင့် မီဇိုရဲတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသားသုံးဦးထံမှ တရားမဝင် ပိုင်ဆိုင်သည့် ရူပီးငွေစက္ကူ ၁၂,၁၅၈,၃၅၀ ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေး၊ ငွေစက္ကူများနှင့်အတူ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို တရားဥပဒေအရဆက်လက်အရေးယူနိုင်ရန် ကျန်ဖိုင်းခရိုင်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ငွေစက္ကူများကို ရူပီး၂၀၀,၀၀၀ အထက် သယ်ဆောင်သွားလာ ခွင့်မရှိဘဲ အရောင်းအဝယ်အတွက် ငွေသားများကို အခွန်ကင်းရှင်းကြောင်း သက်သေပြရန်လို အပ်သည်ဟု သိရသည်။
“အခုတလော မူးယစ်ဆေးတွေက မိတာ များများလာတယ် ။တချို့ဟာတွေက စစ်ဘေးရှောင်ဆိုတဲ့သူတွေဆီကလည်း မိတာရှိတယ် ။ ဒေသခံတချို့တွေကတော့ စစ်ဘေးရှောင်တွေကို အမြင်စောင်းပြီး စေတနာပျက်ကုန်ကြတာတွေလည်းရှိနေပြီ” ဟု နယ်စပ်ဒေသတွင်နေထိုင်သူ မြန်မာနိုင်ငံသား တဦးက မဇ္စျိမကိုပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိနေခြင်းအပေါ် မြန်မာနိုင်ငံသား စစ်ဘေးရှောင်စခန်းများတွင် ယခင်အချိန်များထက် ဒေသခံများ၏လှူဒါန်းမှု နည်းပါးလာနေကြောင်း ဆိုသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် ၊ CDM ဝန်ထမ်း နှင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀၀ ခန့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၌ စစ်ဘေးရှောင်နေကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
ပုံအညွှန်း -မူးယစ်ဆေးဝါးနှင့် ငွေစက္ကူများကို ဖမ်းဆီးရမိစဥ်။(ဓါတ်ပုံ - Bengvarna)
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#မူးယစ်ဆေး

👍8❤2👏1
မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကိုစိုး၍ စစ်ကောင်စီက မြဝတီတွင် စစ်အင်အားတိုးချဲ့
==============
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ အင်အားတိုးချဲ့မှုများ ပြုလုပ်နေပြီး မြို့ပေါ်တွင်ပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
KNU ၊ PDF များက ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးမှတဆင့် မြဝတီမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ မည်ဟူသောယူဆချက်ကြောင့် သင်္ကန်းညီနောင်မြို့သစ်နှင့် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများအား စစ်ကောင်စီက BGF အသွင်ယူကာ လက်နက်၊ ခဲယမ်း၊ စစ်အင်အား တိုးချဲ့ဖြည့်တင်းနေ ခြင်းဖြစ်သည်။
“သင်္ကန်းညီနောင်ဗျူဟာနဲ့ ရဲစခန်း၊ သင်္ကန်းညီနောင်ကုန်သွယ်ရေးဇုန်ထဲကတပ်၊ ပြီးတော့ မြဝတီ ရပ် ကွက်(၄)က အစိုးရရုံးတွေနဲ့ ရဲစခန်းပေါ့။ အဲ့ဒီနေရာတွေကို စစ်ကောင်စီကအင်အားတိုးတာပေါ့၊ ဒါတောင် သူတို့က သူတို့ဝတ်စုံ မဝတ်ရဲဘူး။ BGF ဝတ်စုံတွေနဲ့ပဲ အင်အားဖြည့်ကြတာ။ အဓိကကတော့ ဒီဘက်က သွားသိမ်းမယ်ထင်လို့ပေါ့။ ဒါပေမယ့် ပွဲဖြစ်တာတော့ မရှိသေးဘူး” ဟု စစ်ကောင်စီနှင့်နီးစပ်သည့် မြဝတီ ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်နှင့် မြဝတီမြို့ပေါ် ရပ်ကွက်လမ်းဆုံများတွင် လည်း စစ်ကောင်စီနှင့် BGF က ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အမှတ်(၁)တံတားနားမှာ ရဲတွေရော၊ စကစတွေရော၊ BGF တွေရော တော်တော်ခြေရှုပ်နေတယ်။ အဲဒီ နေရာတင်မကဘူး မြို့ထဲက လမ်းဆုံတွေရောပေါ့။ အင်အား ၃၀ လောက်နဲ့စောင့်တယ်။ စကစတပ်က သုံးပွင့်နဲ့ တကောင်စီတော့ အမြဲပါတယ်။ အကြီးပိုင်းတယောက်နဲ့ စကစနဲ့ BGF တွေနဲ့ပေါင်းစစ်တာပေါ့။ စစ်တာက ဘယ်အဖွဲ့အစည်းကလဲ၊ ဘယ်ကနေလာလဲ၊ Tool Box ဖွင့်ပြ၊ နောက်ဖုံးဖွင့်ပြ အဲ့ဒီလိုတွေလုပ် တယ်။ ကော့ကရိတ်ဘက်ကနေလာတဲ့သူတွေကိုဆို မင်းတို့ အာရှလမ်းပေါ်မှာ ဘယ်သူတွေကိုတွေ့ခဲ့လဲ PDF တွေတွေ့လား အဲဒီလိုတွေမေးတယ်၊ မင်္သကာရင်တော့လည်း အရစ်ခံရတာပေါ့” ဟု မြဝတီမြို့ပေါ် တွင် နေထိုင်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
မြဝတီမြို့ခံတဦးကလည်း စစ်ကောင်စီတပ်၏ စစ်အင်အားတိုးချဲ့ထားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားလာ မည်ကို စိုးရိမ်နေရကြောင်း ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့အထိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ် စခန်း၊ ရဲစခန်းများ၊ အစိုးရရုံးများသည် တော်လှန်ရေးအင်အားစုများ၏ မြေပြင်မှတိုက်ခိုက်ခြင်းသာမက ဒရုန်းဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရပြီး သိမ်းပိုက်၊ ဖျက်ဆီးခံရသည့် ရုံးအဆောက်အဦးများ၊ စခန်းများလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင်လည်း ကရင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ် ခွကျေးရွာ တံတားထိပ်ရှိ စစ်ကောင်စီဂိတ်၊ ချောင်းနှစ်ခွရဲစခန်း၊ တပ်စခန်းတို့အား တော်လှန်ရေးအင်အား စုပူးပေါင်းတပ်ဖွဲ့များက မြေမြင်မှလည်းကောင်း၊ ဒရုန်းဖြင့်လည်းကောင်း တိုက်ခိုက်နေသည်မှာ သုံးရက် ရှိပြီဖြစ်သည်။
ပုံအညွှန်း- အာရှလမ်းမကြီးပေါ်ရှိ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့မြင်ကွင်း
စာတည်း။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်အင်အားတို့ချဲ့

😁15👍7👏2
ရေစကြိုမြို့က စစ်ကောင်စီတပ် တပ်စွဲထားရာ နေရာ ၂ ခုကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
===============
MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာနေရာများဖြစ်သည့် နံ့သာဟေဝန်ပန်းခြံ ၊ မြို့မရဲစခန်းနေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းတွင် အဆိုပါနေရာများအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းများပါ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။
“ဒီတိုက်ခိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီလှုပ်ရှားမှုပါပဲ။ ဒါပေမဲ့ ကျတော်တို့က အညာဒေသ ဖြစ်တဲ့အခါကျတော့ မြို့ကြီးတခုလုံး သိမ်းဖို့ဆိုတာကျတော့ ခဲယမ်းလက်နက်ချိန်ရတာ တွက်ရတာတွေရှိတော့ အဆင်မပြေသေးဘူးပေါ့ဗျာ ။ သို့ပေမယ့်လည်း မြို့သိမ်းတိုက်ပွဲတွေအတွက် ပထမဆုံး လှမ်းလိုက်တဲ့ ခြေလှမ်းလို့တော့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။
နံ့သာဟေဝန် ပန်းခြံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အား ဝေဟင်မှ အီနာဂါဗုံးများဖြင့် ကြဲချတိုက်ခိုက် ပြီးနောက် အချိန်လေးနာရီနီးပါးကြာသည်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရေစကြို ပကဖထံမှ သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိခဲ့ပြီး ဘန်ကာတခုကိုလည်း ဖြိုချဖျက်ဆီးနိုင်ခဲ့ကာ တပ်စွဲထားသည့် နေရာအတွင်းသို့ ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့သော်လည်း ခဲယမ်းမလုံ လောက်မှုကြောင့် ပြန်လည်ဆုတ်ခွားခဲ့ရကြောင်း ရေစကြို ပကဖက အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ပြည်သူ့ဆေးရုံမှ ပန်းခြံသို့ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ရေစကြို ပကဖ အဖွဲ့ ထံမှ သိရသည်။
“တိုက်ခိုက်မှုအပြီးမှာ နံ့သာဟေဝန်ပန်းခြံက စစ်ကောင်စီတပ်တွေက စခန်းကို စွန့်သွားပြီး ရုံးပေါင်းစုံမှာ သွားပေါင်းလိုက်တယ်လို့ သိရတယ်” ဟု ရဲဘော်ဝေကြီးက ဆက်ပြောသည်။
အလားတူ မြို့မရဲစခန်းအား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အချိန်တနာရီခွဲ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကာ ရဲစခန်းအတွင်းမှ ထွက်ပြေးသွားကြသူများလည်းရှိကြောင်း ရေစကြို ပကဖက ထုတ်ပြန်ထားသည်။
ရဲစခန်းအတွင်းရှိ ဘန်ကာအချို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွားလာခဲ့ရကြောင်းလည်း သိရသည်။
ယင်းအပြင် ရေစကြိုမြို့နယ်အခြေစိုက် တပ်ရင်းများဖြစ်သည့် ခလရ (၂၅၆)၊(၂၅၇)၊(၂၅၈) တပ်ရင်း သုံးခုကိုလည်း ၆၀ မမ လက်နက်ကြီးများ ၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ရေစကြိုပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်ခုနှစ် ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖတာဝန်ရှိသူက ဆိုသည်။
ယခုတိုက်ခိုက်မှုများကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်း (၉) ၊ နွေဦးစစ်သည်(YSO) ၊ ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို တွေ့ ရစဉ်
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မြန်မာသတင်း
#မကွေးတိုင်း
#ရေစကြိုမြို့
#တိုက်ခိုက်မှု

👍16👏2😁2
(BREAKING NEWS)
စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ
==============
ပျက်ကျသွားသော စစ်ကောင်စီတပ် တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရှာဖွေတွေ့ရှိရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပေးပို့လာသည့် ဓာတ်ပုံများအရ သိရသည်။
တရုတ်နိုင်ငံထုတ် K-8 အပေါ့စား တိုက်လေယာဉ်သည် ယမန်နေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန်ဆင်းကွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ၁၁.၁၁ စစ်ဆင်ရေးအတွင်း ပွိုင့်ဖိုက် 0.5 ကျည်ဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်နှစ်စင်းအနက် တစင်းကိုထိမှန်သွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ကြေညာချိန်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်ချို့ယွင်းပျက်ကျသွားသည်ဟုသာပြောသည်။
အခင်းဖြစ်ပွားရာအနီးရောက်ရှိခဲ့သော မဇ္ဈိမသတင်းထောက်ကတော့ "ပေါက်ကွဲသံ" ကြားခဲ့ရသည်ဟုဆိုသည်။ လေသူရဲနှစ်ဦးလုံးခုန်ဆင်းခဲ့သော လေထီးများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများ စစ်အုပ်စုတော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရမိထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များက လွတ်မြောက်သွားသော လေယာဉ်မှူးများကို ရှာဖွေနေဆဲဖြစ်သည်။
ဓာတ်ပုံ- ဒေသခံတဦး
#စစ်ကောင်စီ
#K-8
#တိုက်လေယာဉ်
#ကရင်နီ
#KNU
#BREAKING NEWS
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ
==============
ပျက်ကျသွားသော စစ်ကောင်စီတပ် တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရှာဖွေတွေ့ရှိရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပေးပို့လာသည့် ဓာတ်ပုံများအရ သိရသည်။
တရုတ်နိုင်ငံထုတ် K-8 အပေါ့စား တိုက်လေယာဉ်သည် ယမန်နေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန်ဆင်းကွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ၁၁.၁၁ စစ်ဆင်ရေးအတွင်း ပွိုင့်ဖိုက် 0.5 ကျည်ဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်နှစ်စင်းအနက် တစင်းကိုထိမှန်သွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ကြေညာချိန်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်ချို့ယွင်းပျက်ကျသွားသည်ဟုသာပြောသည်။
အခင်းဖြစ်ပွားရာအနီးရောက်ရှိခဲ့သော မဇ္ဈိမသတင်းထောက်ကတော့ "ပေါက်ကွဲသံ" ကြားခဲ့ရသည်ဟုဆိုသည်။ လေသူရဲနှစ်ဦးလုံးခုန်ဆင်းခဲ့သော လေထီးများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများ စစ်အုပ်စုတော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရမိထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များက လွတ်မြောက်သွားသော လေယာဉ်မှူးများကို ရှာဖွေနေဆဲဖြစ်သည်။
ဓာတ်ပုံ- ဒေသခံတဦး
#စစ်ကောင်စီ
#K-8
#တိုက်လေယာဉ်
#ကရင်နီ
#KNU
#BREAKING NEWS
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤15👍10🔥1👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ နိုဝင်ဘာ၂၀၂၃)
==============
အမျိုးသားညီညွတ်ရေးအစိုးရ
၁၁၁၁ လေးလုံးအထိမ်းအမှတ်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ ပစ်ချလိုက်သည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများကို နေပြည်တော် PDFက သိမ်းဆည်းရရှိခဲ့ကြောင်း မျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ဒီနေ့မှာ ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက် ဘက်မှာ PDFများ နယ်မြေလုံခြုံရေး ဆောင်ရွက်စဥ် ရန်သူ့တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူ ၅ဦးသေဆုံး၊ လက်နက်များစွာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်သည်။
ယနေ့ကျရောက်သည့် ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့ အချိန်အခါ သမယမှာ ပြည်တွင်း၊ ပြည်ပက ဟိန္ဒူဘာသာဝင်များအားလုံးနှင့်အတူ တိုင်းရင်းသားညီနောင်များအားလုံး အမှောင်ကို ခွင်းအလင်းကို ဆောင်နိုင်ပါစေကြောင်း CRPH က ဆုတောင်းမေတ္တာ ပို့သလိုက် ထားသည်။
နိုင်ငံတကာ အစိုးရများအနေဖြင့် မကြာခင် ကျရှုံးတော့မည့် စစ်အုပ်စု၏အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို နိုဝင်ဘာလ ၁၁ ရက် မနက်အစော ၅ နာရီခန့်ကစပြီး စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနှင့်ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သပိတ်စီစဉ်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂)မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထား သည်။
ထီးချိုင့်မြို့ပေါ်တိုက်ပွဲ ခြောက်ရက်မြောက်နေ့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူမှုများသလို စစ်သုံ့ပန်အချို့ကို တော်လှန်ရေးအဖွဲ့များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။
ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးပေးနေမှု အားလုံးကို ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။
နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး အသက် သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁" အောင်သပြေ လူထုလှုပ်ရှားမှုတွင် ပြည်သူလူထု ထောင်နှင့်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံက သိရ သည်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ဘုရားသုံးဆူ လူထု အထွေထွေသပိတ်အင်အားစု လူငယ်များ ဦးဆောင်၍ နိုဝင်ဘာလ ၁၁ ရက်တွင် "၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု" သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့် အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။
ရန်ကုန်မြို့ တစ်နေရာတွင် ဗကသကျောင်းသားလူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်က ပြုလုပ်ခဲ့သည်။
အင်အားပြင်းသည့် ''မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်နိုင်ခဲ့ ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားကျေးရွာ၌ ဒေသခံပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ တပ်အား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

👍22❤5🔥1