မိကျောင်းမုန်တိုင်း အရှိန်ကြောင့် မိုးနှင့် လေပြင်း သတိပေး
ရောင်နီ
(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” အရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးရွာပြီးလေပြင်းလည်းတိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း“မိကျောင်း”ဟု မိုးဇလက ထုတ်ပြန်ထားသည်။
မိုးဇလ၏ ယနေ့ နံနက် ၇ နာရီအချိန် တိုင်းထွာချက်အရ အဆိုပါ မုန်တိုင်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းသည်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။
ဒီဇင်ဘာလ ပထမ၁၀ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာနိုင်ကြောင်း ဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM) က ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံကမ်းခြေကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဆင့်သို့ အားလျော့သွားနိုင်ကြောင်း ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဥ်သည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိသော်လည်း မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နေရာကွက်ကျားမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးထားသည်။
ဒီဇင်ဘာလ ၅ရက်နောက်ပိုင်းမှ စတင်ကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အအေးပိုလာပြီး မြူထူများ ကျဆင်းနိုင်ကြောင်း MOHADM ကထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#မိကျောင်းမုန်တိုင်း
#မိုးနှင့်လေပြင်း
#သတိပေး
ပုံအညွှန်း - ရန်ကုန်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြား လှုပ်ရှားသွားလာနေသည့် ပြည်သူတဦး။ (ပုံ-အဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7
အင်းတော်မြို့တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော် အလင်းဝင်
ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံကာ အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နောက်ဆုံးထားကာ ပြည်သူလူထုဘက်မှရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော Non-CDM ဝန်ထမ်း ၁၀၂ ဦးသည် အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။
“ကျွန်တော်တို့ စိစစ်ပြီးသားဦးရေက ၁၀၂ဦးရှိပါတယ်။ ပညာရေးဝန်ထမ်းတွေ၊ ထွေအုပ်ရုံးက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဌာနပေါင်းစုံက ဝန်ထမ်းတွေပါဝင်ပါတယ်ဗျ။ အဲဒီထဲမှာ ပညာရေးဝန်ထမ်းကတော့ လူဦးရေအများဆုံးပါ။ နောက်ထပ်လည်း CDM လုပ်ဖို့ ဆက်သွယ်လာတဲ့သူရှိပါတယ်။ “ ဟု အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။
အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ်လာသော Non CDM ဝန်ထမ်းများအား စစ်ကောင်စီတပ်နှင့် ထပ်ပြီး မပတ်သက်ရန် ခံဝန်လက်မှတ်ထိုးစေပြီး နေရပ်တွင် ပြန်နေခွင့်ပြုထားကြောင်း ၎င်းတာဝန်ရှိက ဆက်လက်ပြောပြသည်။
“တစ်ချို့ Non-CDM ဝန်ထမ်းကျတော့ မြို့သိမ်းတွေစပြီဆိုကတည်းက အထုပ်ပိုက်ပြီး ထွက်ပြေးလာကြတယ်။ တချို့ကျတော့ အလင်းဝင်ရန် ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက်မှာမှ ဝင်လာကြတယ်။ ထပ်ပြီး ဝင်ရောက်လာမယ့် သူများရှိရင်လည်း ကြိုဆိုပါတယ်။” ဟု အင်းတော်မြို့နယ် ပအဖမှ တာဝန်ရှိသူက ဆိုသည်။
အင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံး ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ဆဲဖြစ်သည့် ရုံးလုပ်ငန်းအားလုံးကို ရပ်တန့်ကာ ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်း ဝင်ရောက်ကြရန်၊ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၄ရက်တွင် သတိပေးထုတ်ပြန်ထားသည်။
အလင်းဝင်ရောက်ခြင်းမရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်းလည်း အဆိုသတိပေးချက်တွင် ဖော်ပြထားသည်။
အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ညွှန်ကြားချက်များနှင့်အညီ CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်းပြုခဲ့သည်ဟု အထောက်အထားခိုင်လုံသည့် Non-CDM ဝန်ထမ်းများကို စိစစ်ချိန်ဆ၍ အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ကြားကာလအတွင်း သတ်မှတ်ထားသည့် ကာလတို စာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အင်းတော်မြို့နယ်
#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#အမျိုးသားညီညွတ်ရေးအစိုးရ
#CDM

👍7❤1
နွားထိုးကြီး-မြင်းခြံလမ်းမတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
ဓါတု
မဇ္ဈိမ။ ။ မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊နွားထိုးကြီး-မြင်းခြံလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့် ကားနှစ်စီးပါ ယာဉ်တန်းအား ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။
နွားထိုးကြီးမြို့နယ် ၊ ရွာကြီးရွာနှင့် ညောင်ပင်ကျေးရွာအနီးရှိ အဆိုပါလမ်းမပေါ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က အင်အား ခုနစ်ဦးပါ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသော Double Cap ကားတစီးနှင့် 4/WD မှန်တင်ထားသည့် အိမ်စီးကားအနက်ရောင် တစီးတို့ဖြတ်သန်းလာချိန် သုံးလုံးပွိုင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၈)တာဝန်ခံက မဇ္စျိမကိုပြောသည်။
"တပ်တွင်းသတင်းပေး(ဖရဲသီး)ရဲ့ သတင်းအရ ရင်ခွဲရုံကို ငါးလောင်းရောက်လာတယ် ထိခိုက်စာရင်းတော့မသိဘူး ဖြစ်ဖြစ်ချင်းတကောင်ပြုတ်ကျပြီး သေသွားတယ် ကားမရပ်ဘဲမောင်းပြေးသွားတယ်။Double Cap ပဲထိတာ အိမ်စီးကားတော့မထိဘူး။အလောင်းတွေကိုတောင်မှ ညောင်ပင်ရွာအရှေ့ဘက်က သင်ပြွန်းလမ်းခွဲမှာ မြင်းခြံမြို့ထဲကလာတဲ့ကားကိုစောင့်ပြီးမှ အလောင်းပြန်လာကောက်တာ" ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဥ်ဖြစ်ပွားပြီးနောက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ကားနှစ်စီးဖြင့် ရောက်ရှိလာကာ အလောင်းပြန်လာကောက်ယူပြီးနောက် ညောင်ပင်အရှေ့ရွာရှိ သင်ပြွန်းလမ်းခွဲ၌ စစ်ကောင်စီတပ်သားအချို့ ကင်းပုန်းဝပ်လုံခြုံရေးယူထားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် မြင်းခြံခရိုင်တပ်ရင်း(၈)၊ မြင်းခြံခရိုင် တပ်ရင်း(၁)နှင့် မလှိုင်ပကဖတို့ ပါဝင်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#နွားထိုးကြီးမြို့နယ်
#မိုင်းဆွဲတိုက်ခိုက်

👍13😁1
တိုက်ပွဲဖြစ်သည့် နေရာအနီးက အရပ်သား ၃၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား
007
(မဇ္ဈိမ) ။ ။ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
“PDF တွေက တောထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာကို၊ စစ်သားတွေကလည်းပြန်ပစ်တာကနေ တနာရီ လောက်တိုက်ပွဲဖြစ်ကြတယ်၊ PDF တွေပြန်ဆုတ်သွားတော့ စစ်သားတွေက လမ်းပေါ်တွေ့သမျှ မဲမဲမြင်ရာအကုန်လိုက်ဖမ်းတော့တာပဲ၊ အဲဒီမှာ ခရီးသည်ရော ဒေသခံရော အားလုံးပေါင်း ၃၀ လောက်ပါသွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်း-မုံရွာကားလမ်းဘေးရှိ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ တနာရီကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်။
မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အားငါးဆယ်ခန့်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Black Eagle PDF(Black Eagle People Defence Force)အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးခံရသူများသည် PDF များဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများကတော့ ဖမ်းဆီးခံရသူများမှာ အရပ်သားဒေသခံများသာဖြစ်ကြောင်း ပြောဆိုသည်။
“ဖမ်းသွားခံရသူတွေ PDF မဟုတ်တာတော့ သေချာတယ်၊ PDF အယောက် ၃၀ ဖမ်းမိတယ်ဆိုတာ ဖြစ်နိုင်မလား၊ တွေ့ကရာလူလျှောက်ဖမ်းပြီး PDF ခေါင်းစဉ်တပ်တာ၊ (အဖမ်းခံရတဲ့အထဲ) အမျိးသမီးတွေပါ၊ မပါတော့ လောလောဆယ် ဘာမှအဆက်အသွယ်မရသေးလို့ မသိနိုင်သေးဘူး” ဟု ဒေသတွင်း တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီး၀န်းကျင်သို့ အသွားအလာ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
ညောင်ပင်၀န်းကျေးရွာသည် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အကြား ခရီးသည်တင်ယာဉ်များ တထောက်နားသည့် နေရာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုငွေကြေး တောင်းခံသည့် ဂိတ်စခန်းတခုဖြစ်လာကြောင်း ဒေသခံများက ပြောသည်။
ညောင်ပင်၀န်းကျေးရွာတွင် ယမန်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြင်းမူမြို့မှ စစ်ကိုင်းမြို့သို့ပြန်လာသော စစ်ကိုင်းမြို့ခံအသက်နှစ်ဆယ်၀န်းကျင် အမျိုးသားလေးဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။
ပုံအညွှန်း- Black Eagle PDF တပ်ဖွဲ့ဝင်များ
စာတည်း။ ။ နောင်နောင်
#ညောင်ပင်ဝန်း
#အညာ
#PDF
#Mizzima

😁3👍2🤬2
မုံရွာမြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF (Monywa) က ဒီဇင်ဘာလ ၅ရက် ယနေ့တွင်ထုတ်ပြန်သည်။
တောပုရွာမှ ပျူစောထီးများသည် ၎င်းရွာအနီးတွင် ကင်းပုန်းဝပ်နေကြစဥ် ဒီဇင်ဘာလ ၄ရက်ည ၇နာရီ ၃၀မိနစ် ခန့်တွင် နေရာသုံးနေရာမှ တာဝေးပစ် လက်လုပ် ၈၀မမ ငါးလုံး ၊ ၆၀မမ ၁၀လုံးတို့ဖြင့် တနာရီကြာပစ်ခတ်ခဲ့ ကြခြင်းဖြစ်သည်။
“ညပိုင်းအချိန်ဖြစ်တာရယ် ကျနော်တို့ပစ်တဲ့လက်လုပ်လက်နက်ကြီးတွေက အဝေး ကပစ်တာဆိုတော့ ထိခိုက်မှုရှိမရှိမသိရဘူးဗျ။ ဒါပေမဲ့ သူတို့ဖက်က ၆၀မမတွေနဲ့ ပြန်ပစ်တော့ သူတို့နေရာမှကျပြီးပေါက်တယ်ဆိုတာသိရတယ်” ဟု Area 71 PDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးများ သေဆုံးဒဏ်ရာရရှိမှုကို မသိရှိရကြောင်းနှင့် ၎င်းတို့ဘက်မှ ၆၀မမများဖြင့်ပြန်လည်ပစ်ခတ်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းသိရသည်။
၎င်းရွာမှ ပျူစောထီးများသည် အနီးနား ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး ရွှေ၊ေငွ နဲ့ ရိက္ခာများကို ယူဆောင်ကာ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်လေ့ရှိသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့ ၊ မုံရွာခရိုင်အမှတ်(၂၇) တပ်ရင်း တပ်ခွဲ(၁) Black Dragon ၊ မုံရွာခရိုင်အမှတ် (၂၇)တပ်ရင်း တပ်ခွဲ(၃) သိန်းငှက်တပ်ခွဲ ၊ Black Hero Local PDF နှင့် Youth Vigor Revlution Force ညီနောင်မဟာမိတ် များက ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာလ ၂ရက်နေ့က တောပုကျေးရွာမှ ပျူစောထီးများနှင့် စွမ်းရည်ထက်ဆီဆိုင် တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ဦးရေ၃၀ခန့်ပူးပေါင်း၍ ကြာပိုင်ကျေးရွာနေ ပြည်သူ ၁၀ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀၀ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပျူစောထီး
# မုံရွာ

👍12😁2❤1
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် မိသားစုနှင့်ထောင်ဝင်စာ တွေ့ခွင့်မပြု
ကိုရွှေမြိတ်
မဇ္ဈိမ။ ။ စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံ ထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့် မပြုခဲ့ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အား ထောင်ဝင်စာ တွေ့ဆုံခွင့်ပြုဖို့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင် မိခင်ဖြစ်သူက ထားဝယ်အကျဉ်းထောင် အဝင်၀တွင် သွားရောက်စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။
ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “ထောင်ဝင်စာတွေ့ခွင့်က ကန့်သတ်ချက်တွေများတော့ ရဲစခန်းထောက်ခံစာတို့ ကိုဗစ်လက်မှတ်တို့ အဲ့ဒါတွေ မပြည့်စုံလို့ တွေ့ခွင့်မရတာလား ဒါမဟုတ် အကြောင်းပြချက် မရှိဘဲ တွေ့ခွင့်မပေးတာလားဆိုတာ သေချာမသိရ ဖြစ်နေတယ်”ဟု ပြော သည်။
ထိုသို့ မိခင်ဖြစ်သူ ထောင်ဝင်စာလာတွေ့ဖို့ ရောက်ရှိလာချိန်တွင် ဦးမြင့်မောင်ကလည်း မိခင်နှင့် တွေ့ခွင့်ရဖို့အတွက် ထောင်ဘူးဝအထိ ထွက်လာ စောင့်ပြီးမှ အာဏာပိုင်များက ခွင့်မပြုတာကြောင့် မတွေ့ခဲ့ရဘူးလို့ ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
NLD အစိုးရလက်ထက်မှ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉၊ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်ကာ ဘာသာရေးကို အကြောင်းပြပြီး မဲဆွယ်စည်းရုံးသည်ဆိုသည့် ၁၃၀-က တို့နှင့် စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဝန်ကြီးချုပ်ဦးမြင့်မောင်
#NLD
#ထောင်ဒဏ်
ပုံစာ - တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်။

👍8🤬3😁1
ဒီဇင်ဘာလ ၅ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ...
https://www.youtube.com/watch?v=wslcn0N_n_w

YouTube
ဒီဇင်ဘာလ ၅ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတယ်လို့ NUG ယာယီသမ္မတ ပြောတဲ့သတင်း
02:30 − လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းဖို့ စစ်ကောင်စီခေါင်းဆောင်ပြောတဲ့သတင်း
04:05 − မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချ…

👍2
ထိုင်းနိုင်ငံတွင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အကြံပြုချက်များ
အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံမှာ အခြေချ၊
https://www.youtube.com/watch?v=hZ1bw2zhS_0

အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံမှာ အခြေချ၊ နေထိုင်လုပ်ကိုင်ကြရတဲ့အခါ
လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အခြေခံကျတဲ့ အကြံပြုချက်တွေကို ပြောပြပေးမယ်နော်။
#PSA
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်…

Two junta strongholds in Shwebo fall to coordinated BNRA attack
Two junta strongholds in Shwebo fall to coordinated BNRA attack ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=pFCLbngGzYk

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…

👏4😁1
၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော(ရုပ်/သံ)
မိုးသောက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုကို ...
https://www.youtube.com/watch?v=7YDN-GFImOE

မိုးသောက်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုကို ကာကွယ်သွားမယ်လို့ နေပြည်တော်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
တနိုင်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၉…

😁15👍2
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် မိသားစုနှင့်ထောင်ဝင်စာ တွေ့ခွင့်မပြု
စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံ ထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မော...
https://ift.tt/CNkF85u

👍1🥰1
ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဦးတည်လာနေ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားနိုင်
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်မှ ဦးတည်လာနေသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်.....
https://ift.tt/Ch3e8uX

👍9👏2
ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဦးတည်လာနေ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားနိုင်
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်မှ ဦးတည်လာနေသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်.....
https://ift.tt/KzD4jE5

👏2
ဒီဇင်ဘာလ( ၅ )ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft7BL3gxwCBs&h=AT282Cbhb5bE_cFqTGLv7BYycBNgKFxbrsfs8JzlgwDECEyYA2x1qNrlpI0_B6N-mIzLgSKv2qq3dYbnpgk-SxVJuor5gEae3qQiua2ijEOjouDHkWxNJne0qJAZaO3p&s=1

👍1
စစ်ကောင်စီရန်ကြောင့် နေ့စဉ်လူမှုဘဝအခက်ကြုံနေတဲ့ ညောင်ပင်ကြီးရွာ (ရုပ်/သံ)
KMN (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာဒေသခံတွေဟာ ...
https://www.youtube.com/watch?v=28-nf-QyG1M

KMN (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာဒေသခံတွေဟာ စစ်ကောင်စီရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ နေ့စဉ်လူမှုဘဝမှာလည်း လွန်ကဲတဲ့ ဖိအားပေးစစ်ဆေးမေးမြန်းတာတွေခံနေရတယ်လို့ သိရပါတယ်။
ညောင်ပင်ကြီးရွာရဲစခန်းကို…
ညောင်ပင်ကြီးရွာရဲစခန်းကို…
😁2😢1
ဒီဇင်ဘာလ( ၅ )ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ .
https://www.youtube.com/watch?v=t7BL3gxwCBs

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတယ်လို့ NUG ယာယီသမ္မတ ပြောဆိုလိုက်တဲ့
ခဲ့တဲ့သတင်းနဲ့အတူ ရန်ကုန် သုဝဏ္ဏရဲစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊…

ဒီဇင်ဘာလ ၅ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
https://www.youtube.com/watch?v=u1r33YLgUx0

- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ နောက်ဆုံးလက်ကျန် အထူးအယူခံအမှုတွေ ကြားနာတဲ့ သတင်း
- စစ်ကောင်စီအာဏာသိမ်းတာကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတယ်လို့ NUG ယာယီသမ္မတ ပြောတဲ့သတင်း
- စစ်ကောင်စီပါဝင်တဲ့…

👍7🤮1🍌1
"The Princess and the matchmaker"
သူ(မ)ကို မွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာကြောင့် ကျိန်စာသင့် မင်းသမီးရယ်လို့ အများက သတ်မှတ်ထားတဲ့ မင်းသမီးဆွန်ဝါ 🙍♀️
ဇာတာခွင်ဖတ်ပြီး ဟောကိန်းထုတ်ရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ဆောဒိုယွန်း ........
ကျိန်စာသင့် မင်းသမီးဆွန်ဝါနဲ့ လက်မဆက်ချင်လို့ ငြင်းပယ်ခဲ့ဖူးသူ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စုံစမ်းစစ်ဆေးရေးမှူး ယွန်းရှီယောင်း👱♂️
ဇာတ်လမ်းရဲ့အစ... တိုင်းပြည်မှာ မိုးခေါင်ရေရှားပါးမှုကို ရပ်တန့်ဖို့ နန်းတွင်း နက္ခတ္တဗေဒ ပညာရှင်တွေ လျှောက်တင်လာတာက...
နန်းတွင်းမှာ အဖိုဓါတ်နဲ့ အမဓါတ် မျှတသွားအောင် ဘုရင်ကြီးရဲ့ အဋ္ဌမမြောက် သမီးတော်လေး ဆွန်ဝါကို ထိမ်းမြားပေးဖို့ပါပဲ။ ကြံရာမရ ဖြစ်နေတဲ့ ဘုရင်ကြီးလည်း သမီးတော်အတွက် တော်ဝင်သတို့သား ရွေးချယ်ပွဲကြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါပြီ။
အဆင့်ဆင့် ရွေးချယ်အပြီးမှာတော့ အရွေးချယ်ခံ စကာတင် ၄ ဦး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ မင်းသမီးဆွန်ဝါကလည်း မင်္ဂလာပွဲအတွက် ဇာတာဖတ်ခွင့် ရထားသူ ဆောဒိုယွန်းဆီကနေ စကာတင်တွေရဲ့ ဇာတာခွင်ကို တစ်ဖက်လှည့်နဲ့ယူပြီး နန်းတော်အပြင်ကို ခိုးထွက်လာခဲ့ပါပြီ။ သူ(မ)ကို မင်းသမီးမှန်း မသိဘဲ အပျိုတော် မာနီလို့ ထင်နေတဲ့ ဆောဒိုယွန်းနဲ့ ၊ ဆောဒိုယွန်းကို ယွန်းရှီယောင်းလို့ ထင်နေတဲ့ သူ(မ)တို့ကြားက မထင်မှတ်တဲ့ တွေ့ဆုံမှုလေး။
သတို့သားလောင်းတွေကို လေ့လာဖို့လုပ်ရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်နေတဲ့ မင်းသမီးဆွန်ဝါကို ပစ်မထားရက်တဲ့ ဆောဒိုယွန်း... သူ ထင်နေသလို အပျိုတော် မာနီ မဟုတ်ဘဲ မင်းသမီးဆွန်ဝါမှန်း သိသွားချိန်မှာ ဘာတွေဆက်ဖြစ်မလဲ။ အရင်က ငြင်းပယ်ခဲ့ပေမဲ့ အခုအချိန်မှာ အကြံအစည်တစ်ခုနဲ့ မင်းသမီးကို လက်ဆက်ဖို့ ကြိုးစားလာတဲ့ စကာတင် ၄ ဦး စာရင်းဝင် စုံစမ်းစစ်ဆေးရေးမှူး ယွန်းရှီယောင်း... သူ့အကြံအစည်က ဘာများဖြစ်မလဲ။
စကာတင် ၄ ဦးကို တစ်ဦးချင်း လေ့လာအပြီးမှာ မင်းသမီးဆွန်ဝါနဲ့ လက်ဆက်ရမယ့် သတို့သားလောင်းက ဘယ်သူဖြစ်မလဲ၊ သူ(မ)ဘဝရဲ့ အချစ်စစ်က ဘယ်သူဖြစ်မလဲ။ သူမဟာ တကယ်ပဲ ကျိန်စာသင့်နေတဲ့ မင်းသမီးလေးလား ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါနော်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၅.၁၂.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍7🔥1😁1
ဒီဇင်ဘာလ( ၅ )ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft7BL3gxwCBs&h=AT2NVdLGoEwL7PgjxZ_Du2_NZeQyYCWfC1yhIXI5jf72a8HddKwih8u727VoysB0AaT9itkVqsz0krO-Pj3IJZdpnzOCsozhodkxZsB-53b_BdWcPKLlIHaiunz97Vhb&s=1

😁2
မန္တလေးမှာ ညဘက်အိမ်ပြန်လာသူ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ဆေးရုံရောက်နေဟုဆို
မန္တလေးမြို့တွင်၊ ညအချိန် ဆိုင်ကယ်ဖြင့်အိမ်ပြန်လာသည့်လူငယ်နှစ်ဦးကို စစ်တပ်စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့်လိ.....
https://ift.tt/5zmdiRQ

🔥2😁1😱1