ညောင်ခါးရှည်ရဲစခန်းအား တိုက်ခိုက်ခံရပြီး သေဆုံးသူရှိ
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းအား ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးကြောင်း ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေး စာမျက်နှာ Bago Region PDF က သတင်းထုတ်ပြန်ထားသည်။
“ဝင်ပစ်တဲ့အချိန်က ည ၇ နာရီ သူတို့တန်းစီနေတဲ့အချိန်ပါ။ ကင်းစောင့်နေတဲ့ ရဲအရာရှိတစ်ဦး သေပါတယ်။ ရာထူးအတိအကျကိုတော့ စုံစမ်းနေဆဲပါ။ အနည်းဆုံးတော့ တစ်ပွင့်အဆင့်ရှိသူပါ” ဟု ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များက လင့်စင်၊ ကတုတ်ကျင်းများထဲမှ ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာလာရပြီး ဘုရားကြီးအမြှောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကူတက်လာခဲ့သည်ဟု သိရသည်။
လက်ရှိတွင် သေဆုံးသူ ရဲတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းအား ညောင်ခါးရှည်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ဝေါမြို့နယ်ဒေသခံ ပြည်သူ အယောက် ၂၀ ခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံလူမှုကွန်ယက်သုံးစွဲသူများက မျှဝေထားသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ဝေါမြို့အထွက်တွင် စစ်သား၊ရဲနှင့် ပျူစောထီးတို့ နေရာယူထားသော စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံး ဦးသေဆုံးပြီး လေး ဦးဒဏ်ရာရခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
# ညောင်ခါးရှည်ရဲစခန်း
#Bago Region PDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁2
ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဗိုလ်မှူးနေလင်းဦး နှင့် အုပ်ချုပ်ရေးမှူး ဦးသူရ ပစ်သတ်ခံရ
================
YT
မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူး နေလင်းဦးနှင့် ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသူရတို့အား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း Bago Region PDF က ယမန်နေ့ ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ဆိုင်ကယ်စီးလာသော ဗိုလ်မှူး နေလင်းဦးနှင့် ၎င်း၏တပည့်ဖြစ်သူ ဦးသူရတို့အား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုအပြီးတွင် ၎င်းတို့အား ကျောက်တံခါးဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ဆေးရုံအရောက်တွင် နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
" သေတာက ဆေးရုံမှာမှ သေတာ။ မြို့ထဲကို သွားတဲ့လမ်းမှာ သေနတ်နဲ့ ပစ်လိုက်ကြတာလို့ ပြောတာပဲ" ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။
ထိုပစ်ခတ်မှုအပြီးတွင် ကျောက်တံခါးမြို့နယ်သို့ စစ်ကောင်စီတပ်သား ဦးရေ ၄၀ ခန့် ရောက်ရှိလာပြီး ဓူတင်ကုန်းတောရ ဘုန်းကြီးကျောင်းတိုက်အနီးမှ စစ်တောင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဝင်များနောက်သို့ စုံစမ်းထောက်လှမ်းရန် လိုက်လာသည့် စစ်ကောင်စီတပ်သားများကိုလည်း လမ်းခုလတ်တွင် ကြိုစောင့်နေသည့် တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" နှစ်ယောက်တည်း သေတာမဟုတ်ဘူး။ အဲ့ဒီနှစ်ယောက်ကို ရှင်းပြီး မျှားခေါ်သွားတာ၊ နောက်ကလိုက်တဲ့ တပ်အဖွဲ့တွေကို စောင့်နေတဲ့ အဖွဲ့က ဆော်တာ။ တပ်က ၁၀ ယောက်လောက် ထပ်ကျတယ်ကြားတယ်" ဟု တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် ဒေသခံက ဆိုသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံအား မဇ္ဈိမက ယနေ့ ဇွန်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီမှစကာ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်အထိဆက်သွယ်၍ မရသေးချေ။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်- ၁၀၁၅ မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင် အရပ်ဝတ်ဖြင့် သွားလာနေစဉ်အတွင်း
ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၃၅၀၁၊ တပ်ခွဲ-၆ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဗိုလ်မှူးနေလင်းဦး
#ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ
#Bago Region PDF
------------------------

Facebook
#mizzima – Explore
explore #mizzima at Facebook
❤12👍7👏1😁1🥴1
ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅)ဖေ့စ်ဘုတ် စာမျက်နှာအတုဖြင့် အလှူငွေလိမ်လည်ကောက်ခံ
=============================
JC
မဇ္ဈိမ။ ။ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅) ““Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့ဘုတ် စာမျက်နှာသည် အခြားကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား၏ဓာတ်ပုံဖြင့် အလှုငွေ လိမ်လည်ကောက်ခံလျက် ရှိသည်။
“Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် ကျားဖြူစစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်ပုံများဖြင့် အလှူငွေကောက်ခံနေသည်။ ထိုစာမျက်နှာသည် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ ပြီး ကြိုက်နှစ်သက်သူ ၁,၇၀၀ ကျော်နှင့် စောင့်ကြည့်သူ ၁,၈၀၀ ကျော်ရှိသည်။
ထိုစာမျက်နှာတွင် စက်တင်ဘာ ၆ ရက်နေ့၌ “အရေးပေါ် ရဲဘော်လေးအတွက် ဆေးဖိုးလေးလိုအပ်နေလို့ ပါ တတ်နိုင်သလောက် လှူပေးကြပါအုံးခင်ဗျာ။ အလှူရှင်များ ဘဏ်နံပါတ်လာတောင်းပေးပါခင်ဗျာ” ဟု ဆိုကာ ဒဏ်ရာရ ရဲဘော်တဦး၏ဓါတ်ပုံငါးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၂၅၃ ဦးရှိပြီး ပြန်လည်မျှဝေမှု ၁၁၆ ခုရှိသည်။
မဇ္ဈိမက အဆိုပါအကြောင်းအရာအားစစ်ဆေးခဲ့ရာတွင် ဒဏ်ရာရရဲဘော်မှာ ပဲခူးတိုင်းမှ မဟုတ်သကဲ့သို့ ထိုစာမျက်နှာသည်လည်း စာမျက်နှာအတုဖြစ်ကြောင်း တွေ့ရသည်။
“Bago Region PDF တပ်ခွဲ 5” စာမျက်နှာ၌ဖော်ပြထားသည့် ဒဏ်ရာရရဲဘော်၏ပုံသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှရဲဘော်ကောင်းကောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလက ဒဏ်ရာရခဲ့သည့်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
အဆိုပါဓါတ်ပုံကို ရဲဘော်ကောင်းကောင်းက ၎င်း၏လူမှုကွန်ရက်တွင် ဇွန်လ ၂၉ ရက်နေ့က တင်ထား သည်။
လင့် - t.ly/yvZlD
မဇ္ဈိမအနေဖြင့် ကာယကံရှင် ရဲဘော်ကောင်းကောင်းကို မေးမြန်းခဲ့ရာတွင်လည်း ၎င်းသည် ပဲခူး PDF မှ မဟုတ်ဘဲ ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလဆန်းက မွန်ပြည်နယ်၊ ရေးမြို့ နယ်၌ မတော်တဆမှုတခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ဒဏ်ရာအကြောင်းပြ ကာ အလှုခံခြင်းမရှိကြောင်း ပြောသည်။
“ကျွန်တော် ရေးမှာ (ဒဏ်ရာ)ရခဲ့တာပါဗျ။ ဘယ်မီဒီယာမှ မတင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် မှာပဲတင်တာပါ။ ဆေးရုံဆင်းမှတင်ဖြစ်တာပါဗျ။ ပုံပြပြီးအလှူလည်းမခံပါဘူး” ဟု ရဲဘော်ကောင်းကောင်း ကမဇ္ဈိမကိုပြောသည်။
ထို့ပြင် “Bago Region PDF တပ်ခွဲ 5” ဟူသော စာမျက်နှာသည် တရားဝင်စာမျက်နှာမဟုတ်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) တာဝန်ရှိသူတို့မှ မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။
“ကျွန်တော်တို့က Bago Region PDF ဆိုတာ ပဲခူးတိုင်းထဲက လှုပ်ရှားနေတဲ့အဖွဲ့တွေကို ဒီ region ထဲကပါလို့ပြောတဲ့သဘောပါ။ ဒါပေမယ့် Bago Region PDF ဆိုပြီး တပ်ရင်းနာမည်မျိုးတော့မဟုတ်ဘူး။ တပ်ရင်းတွေက တပ်ရင်းနံပတ်ဘယ်လောက် တပ်ခွဲဘယ်လောက်ဆိုတာမျိုးပေါ့နော်။ ဒီ Page အတုပေါ် လာတော့ ဒိုက်ဦးဘက်ကလို့ကြားတဲ့အတွက် ဒိုက်ဦးဘက်ကအဖွဲ့တွေကိုလည်း မေးကြည့်ပြီးပါပြီ၊ မဟုတ် ပါဘူး။ ဒါက အတုပါ” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တာဝန်ရှိသူကပြော သည်။
ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တောင်ငူခရိုင်၌ PDF တပ်ရင်း (၃၅၀၁)၊ (၃၅၀၂) ၊ ပဲခူးခရိုင် တွင် PDF တပ်ရင်း (၃၇၀၁)၊ (၃၇၀၂)၊ ပြည်ခရိုင်တွင် PDF တပ်ရင်း (၃၆၀၁)၊ (၃၆၀၂) နှင့် သာယာဝတီ ခရိုင်တွင် PDF တပ်ရင်း (၃၈၀၁)၊ (၃၈၀၂)ဆိုသော တပ်ရင်းရှစ်ရင်းဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ထို အထဲတွင် Bago Region PDF တပ်ခွဲ(၅)ဟူသော တပ်ရင်းအမည်မရှိကြောင်း ပဲခူးတိုင်းကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။
အလားတူ ယင်း “Bago Region PDF တပ်ခွဲ 5” စာမျက်နှာသည် ပြည်သူများအား လိမ်လည်အလှူခံနေ သည့် စာမျက်နှာအတုဖြစ်ကြောင်း NUG-MOD လက်အောက်ခံ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင် ဖော်ပြထားသည်။
လင့် - t.ly/M2bQS
ထို့ကြောင့် “Bago Region PDF တပ်ခွဲ 5” ဟူသော ဖေ့စ်ဘုတ်စာမျက်နှာသည် မြေပြင်တွင် အမှန် တကယ်မရှိဘဲ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်၏ ပုံများဖြင့် အလှူငွေလိမ်လည် ကောက်ခံနေသည့် စာမျက်နှာအတုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Bago_PDF
#Fake_Page

👍6🔥2😁2🤬1
This media is not supported in your browser
VIEW IN TELEGRAM
“Bago Region PDF တပ်ခွဲ 5” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်အတုနဲ့ အလှုငွေတွေ လိမ်လည်ကောက်ခံနေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #Bago #PDF #လူလိမ်
သတင်းအပြည့်အစုံဖတ်ရန် --https://www.facebook.com/MizzimaDaily/posts/pfbid02rw9EhAeSR2jogmbumkCK4ePjdAg73JzHrQp5gNEadyN6kwupZEqdVdJbFtzwmonDl

👍4😁1
#ArakanArmy captures junta camp in advance toward key military sites in #Bago Region
https://eng.mizzima.com/2025/01/31/18760

👍6😁1
#Myanmar #junta #bombs villages in #Bago after attack on military column, killing a civilian:
https://eng.mizzima.com/2025/02/23/19472

#Yangon PDF member dies in custody after arrest by another #PDF group in #Bago #Yoma: https://eng.mizzima.com/2025/03/01/19643
👍4