Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Yangon residents queue for water as power blackouts bite
=========================
Clutching pails, tubs and buckets, residents of #Myanmar's bustling commercial capital #Yangon queue for water, as rolling power outages aggravate the economic misery sparked by last year's military coup.

Last week the junta announced the country's already patchy power supply would be further reduced for seven days, blaming rising gas prices and attacks by anti-coup fighters on infrastructure.

https://youtu.be/upYgsL1acVM

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
“မြူမှောင်ဝေကင်းအနာဂတ်လင်းမှဒီအတာတန်ခူး ဒို့ပြန်ကြူးမယ်”
================

ယနေ့တွင် လူငယ်များက “မြူမှောင်ဝေကင်းအနာဂတ်လင်းမှ ဒီအတာတန်ခူး ဒို့ပြန်ကြူးမယ်” ဟူသောဘန်နာအားကိုင်ဆွဲကာ ပျောက်ကြားချီတက်ဆန္ဒပြခဲ့ကြသည်။ ပြည်သူများအနေဖြင့် တိုင်းပြည်အနာဂတ်မှောင်မိုက်နေချိန်တွင် ပြည်သူလူထုများအနေဖြင့် စစ်အုပ်စုမှ ဝါဒဖြန့်ချီရန် စီစဉ်ကျင်းပမည့် အတုယောင်သကြင်္န်အား ပူးပေါင်းဆင်နွှဲခြင်းမပြုရန်၊တိုက်တွန်းလိုက်သည်။

ထို့အတူ ရန်ကုန်မြို့မှတော်လှန်ရေးအင်အားစု များမှ“Revolution Is Not A Festival” “တော်လှန်ရေးသည်ပွဲတော်မဟုတ်” ဟူသောစာသားနှင့်အတူ စစ်ကောင်စီမှကျင်းပသော လူထုအားအခြေမပြုသည့် သကြင်္န်ပွဲအား ဝင်ရောက်ပါဝင်ဆင်နွှဲခြင်း မပြုကြပါရန် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကြေငြာထားသည်။ ထိုထုတ်ပြန်ချက်တွင်ပါရှိသည့်အတိုင်း ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်ကာ လူငယ်များတော်လှန်ရေးအာရုံထွေပြားစေမည့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များပြုလုပ်လျက်ရှိသော ခရိုနီအသိုင်းဝိုင်း၊ စီးပွားရေးသမားများ၊ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို ဝိုင်းဝန်းအားပေးအားမြှောက်ပြုလုပ်မည့် ရေပေါ်ဆီဘောမ အနုပညာရှင်များအားလည်း ဆန့်ကျင့်သပိတ်မှောက်ကြရန် ကျွန်ုပ်တို့အနေဖြင့် အထူးထပ်မံတိုက်တွန်းလိုက်ရသည်။

ယနေ့ပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ Kyimyintine Youths Strike Committee ၊ Revolution Force - RFနှင့် ရန်ကုန်မြို့မှတော်လှန်လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

https://youtu.be/1tIWS9VWcfk

#ပြည်သူ့အရေးတော်ပုံအောင်ရမည်
#Soft Strike Community
#Yangon Revolution Force - YRF
#ရန်ကုန်တော်လှန်ရေးအင်အားစု
#VideoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
❤8
Relatives wait in front of the Insein Prison for the release of prisoners in #Yangon on April 17, 2022. Photos: AFP
❤8👍1
​​ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက်ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်း
======================

ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက်ကျားတော်လှန်ရေးမဟာမိတ် အင်အားစု ၁၄ ဖွဲ့ ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေဒေါက်တိုင်များကို အမြစ်ပြတ်တွန်းလှန် ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး၊ ပြည်သူလူထုနှင့် CDM ဝန်ထမ်းများ၏ အသက်အိုး အိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် Yangon UG Association ( YUA ) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“စုပေါင်းအားနဲ့တိုက်ရင် အချိန်တိုအတွင်းထိရောက်တဲ့ အောင်မြင်မှုတွေရမယ်” ဟု YUG အဖွဲ့ ဖွဲ့စည်းမှု အပေါ် မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက သုံးသပ်ပြောသည်။

Yangon UG Association ( YUA ) အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် မြေအောက်ပြောက်ကျား တော်လှန်ရေးအင်အားစုများမှာ Wolf Warriors STF (WWSTF) ၊ God's Hand Forces (GHF) ၊ Thongwa Youth Force (TYF) ၊ Kyauktan PDF (K-PDF)၊ Thanlyin Dragon Force (TL Dragon)၊ Scorpion Forces Underground (SFU)၊ Bahan's Guerrilla Force (B-PDF)၊ Secret Underground Force (S.U.F - Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force & Supply Army (GZDF)၊ Burma Final Revolution Army Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO)နှင့် Thaketa's Urban Guerrilla Force (TUGF) တို့ဖြစ်သည်။

မြေအောက်ပြောက်ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမူန်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Yangon UG Association ( YUA ) ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေး မဟာမိတ် အဖွဲ့များက ပြောကြားထားသည်။

#Mizzima
#Yangon_UG_Association(YUA)
#မြေအောက်ပြောက်ကျားတော်လှန်ရေး
#မဟာမိတ်အင်အားစု
#ရန်ကုန်တိုင်း
=====================
 လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
 သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
 Follow the link : https://bit.ly/2VhJ12U
👍10❤2
မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း(၈၂)ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်၊ ၂ ဦး သေ ဆုံး
====================

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရင်း(၈၂)ကို မြို့ပြပြောက် ကျားပူးပေါင်းတပ်ဖွဲ့က ၄၀ မမ ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များဖြစ်ပြီး Area -21 ၏ မဟာမိတ်ညီနောင်များဖြစ်သည့် Yangon Federal Army -YFA နှင့် CGF- YGN တို့ ပူးပေါင်းကာ ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ (၈၂)တပ်ရင်းကို ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေ ပေါင်း ပြီး ၄၀ မမ ဗုံးသီးလောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ပြန် လည်ပစ်ခတ်မှုတောင် လုပ်နိုင်ပါဘူး။ အထဲကနေ မီးပိတ်ထားတာ တွေ့ရတယ်။ အထိအခိုက်များနိုင်ပါ တယ်" ဟု Yangon Federal Army မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

၄၀ မမ ဗုံးသီးလောင်ချာများဖြင့်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းပေး၏ပြောကြားချက်အရ သိရကြောင်း YFA တာဝန်ရှိသူကဆိုသည်။

မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ(၈၂)တပ်ရင်းကိုတိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ နန်းထိုက်အောင်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးမဟာမိတ် ရဲဘော်ညီအစ်ကိုများ အထိအခိုက်မရှိဘဲ ဘေးကင်းရာကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မေလ ၁၃ ရက် ညပိုင်းကလည်း ကမာရွတ်မြို့နယ် အင်းယားလမ်းနှင့် ပြည်လမ်းထောင့်ရှိ ယာဉ် ထိန်းရဲကင်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။

ရန်ကုန်မြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးအလွန်တင်းကြပ်စွာချထားကာ ထိန်းချုပ်နိုင်ရန်ကြိုးစားနေ သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ အားကောင်းနေဆဲဖြစ်သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်သတင်းပေးဒလန်များ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။

https://youtu.be/UKkOE4GXSuE

#Mizzima
#မင်္ဂလာဒုံမြို့နယ်
#တပ်ရင်း(၈၂)
#မြို့ပြပြောက်ကျားတပ်ဖွဲ့
#Yangon_Federal_Army
#CGF-YGN
#နန်းထိုက်အောင်စစ်ဆင်ရေး
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
❤8
​​YRF အဖွဲ့ဝင် လူငယ် ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၇၄ နှစ်စီ ချမှတ်
====================

ဝေဟင်စိုး
(မဇ္ဈိမ)။ ။ရန်ကုန်တော်လှန်ရေးအင်အား(Yangon Revolution Force)အဖွဲ့ဝင် ကိုစစ်ဇော်ကံနှင့် ကိုဗညားစိုးထက်တို့နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၇၄ နှစ်စီ ချမှတ်လိုက်သည်ဟု ယင်းအဖွဲ့၏ ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် YRF ၏ ထုတ်ပြန်ချက်၌ အဖွဲ့ဝင်မအိကျော်ဖြိုးကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည့်အပြင် အရပ်သားပြည်သူတစ်ဦးဖြစ်သူ ကိုစိုင်းစည်သူကို ထောင်ဒဏ် နှစ် ၄၀ အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြထား သည်။

၎င်းတို့လေးဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်၍ YRF အဖွဲ့ဝင်များကို မည်သည့်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသည်ဆိုသောအချက် များအပါအဝင် အခြားသိရှိလိုသောအချက်များအတွက် မဇ္ဈိမကဆက်သွယ်စုံစမ်းသော်လည်း မရရှိသေး ပေ။

“ဒီကိစ္စကတော့ တရားလွန်တယ်လို့ထင်တယ်၊ မဖြစ်သင့်ဘူးပေါ့နော်။ ချလိုက်တဲ့ထောင်ဒဏ်တွေက လူ့သက်တမ်းတစ်ခုစာနီးနီးရှိနေတာလေ။ ကျွန်မအ‌နေနဲ့ လူငယ်တစ်ယောက်ဖြစ်တာမို့ အသက်တွေ၊ ဘဝ တွေရင်းပြီး အခုလိုပေးဆပ်ထားတဲ့ သူငယ်ချင်းတွေအတွက် ရနိုင်သမျှနည်းနဲ့ စကစ(စစ်ကောင်စီ)ကို အဆုံးထိ ဆက်လက်တော်လှန်သွားပါမယ်လို့ပဲ ပြောချင်ပါတယ်”ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဉီးက မှတ်ချက်ပြုပြောသည်/

Yangon Revolution Force (YRF) က “သံတိုင်အနောက်တွင် ဆက်လက်တိုက်ပွဲဝင်နေသော မတရား အကျဉ်းကျခံရဲဘော်များအား အထူးလေးစားအသိမှတ်ပြုသတိရမိကြောင်းနှင့် မိမိတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက် သည်” ဟု ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ YRF
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#Yangon_Revolution_Force
#ထောင်ဒဏ်၇၄နှစ်
#စစ်အာဏာရှင်စနစ်
🤬13🔥2
A Hindu devotee (C) climbs up a blade ladder as others take photos and video with their mobile phones during the Sri Maha Muniswarar temple festival in #Yangon, #Myanmar, 19 March 2023. The annual festival of the #SriMahaMuniswarar temple is celebrated in the last month of the #Hindu calendar. EPA-EFE/NYEIN CHAN NAING
👍7🔥3
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ အမည်ကို အသုံးချပြီး ပေ့ချ်အတုနဲ့ ထုတ်ပြန်ချက်အတုတွေ ထုတ်ပြန်နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6591291454239037/

#Misinformation_Buster #Reels #Fake_News #Shorts #Dark_Shadow #Yangon #Mizzima
👍8👎1😁1
​​UEC ဒုညွှန်ချုပ်အား ရှင်းလင်းခဲ့သည့် YRF အဖွဲ့ဝင်များ ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန် မြေပြင်သပိတ်တော်လှန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းဌာနများနှင့် သတင်းစာများတွင် မေလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
ထိုထဲတွင် ဦးစိုင်းကျော်သူအား အမှန်တကယ် ပစ်ခတ်ရှင်းလင်းခဲ့သည့် For The Yangon မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင် သုံးဦးလည်းပါဝင်ပြီး စစ်ကောင်စီက ၎င်းတို့အား YRF အဖွဲ့ဝင်များဟုသာ ခေါင်းစဉ်တပ်၍ ထုတ်ပြန်သွားသည်ကို တွေ့ရသည်။
“For The Yangon ကရဲဘော် သုံးဦးဖမ်းဆီခံရတာဟုတ်ပါတယ်ဗျ။ စကစရဲ့ကြေညာချက်တွေမှာတော့ တွေ့ရာလူဖမ်းပြီး အမှုဆင်ထားတာမျိုးတွေပါ။ အဓိကက သူတို့ရဲ့ ဌာနအတွင်း ဖိအားတွေကို လိမ်ညာလှည့်ဖျားကောင်းရုံနဲ့ ပြည်သူတွေကို ဝါဒဖြန့်ကောင်းရုံသက်သက် ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်ပါပဲ ” ဟု For The Yangon အဖွဲ့တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။
ဖမ်းဆီးခံရသူများမှာ ဇင်မျိုးဦး(ခ) Flash (ခ) သားငယ် ၊ စိုးသူ (ခ) Red (ခ) ကောင်းဝေ ၊ မင်းဆက် (ခ) အောင်သူဟန် ၊ အာကာထက်ကျော် (ခ) အောင်သုခ ၊ ရဲကျော်ပိုင် (ခ) မောင်ကြီး ၊ ငြိမ်းမောင် (ခ) ငြိမ်းချမ်းအောင် ၊ ချစ်ကိုကို ၊ ကျော်လွင်ဦး ၊ ပန်းအေး (ခ) ကိုမျိုး နှင့်် လပြည့်အိမ် (ခ) ကိုရှိုင်း တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံရသူများနှင့်ဆက်လျဉ်း၍ Yangon Revolution Force (YRF) နှင့် For The Yangon အဖွဲ့တို့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက်က ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ကြောင်းကိုလည်း အတည်ပြုပြောကြားခြင်းမရှိပေ။
ဦးစိုင်းကျော်သူကို ရှင်းလင်းမှုဖြင့် YRF အဖွဲ့ဝင် ဆယ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးရမိထားသည့် ခေါင်းစဉ်အောက်တွင် For The Yangon အဖွဲ့ဝင်များပါဝင်နေခြင်းနှင့်ပတ်သက်၍ အဖွဲ့နှစ်ဖွဲ့၏ ပတ်သက်ဆက်နွယ်မှုကို မေးမြန်းရာ “ အဲ့ဒါကိုတော့ ပြောပြရခက်မယ်ဗျ။ သေချာတာကတော့ ရန်ကုန်အတွက် လုပ်နေကြတဲ့အဖွဲ့တွေပေါ့” ဟု For The Yangon အဖွဲ့တာဝန်ခံက ဆက်ပြောသည်။
ယခု ရက်ပိုင်းအတွင်း ရန်ကုန်၌ လူငယ် ၃၀ ဦးထက်မနည်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌက မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။ ထို့ပြင် ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ ဖမ်းဆီးရမိသည့်သတင်းများနှင့် အခြားသော ကိစ္စရပ်များတွင် အမှုဆင်ကာ စွပ်စွဲဖမ်းဆီးထားသည့် သတင်းများလည်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ယခုတွင်လည်း Yangon Revolution Force (YRF) အဖွဲ့ဝင် ဆယ်ဦးအား ဖမ်းဆီးရမိထားသည့်သတင်းနှင့်ပတ်သက်၍ YRF အဖွဲ့ခေါင်းဆောင်က “ကျနော်တိုအနေနဲ့တော့ မအံ့ဩတော့ပါဘူး။ စကစ အနေနဲ့ကလည်း ဖမ်းဆီးခံရတဲ့ ကေ့စ်တွေကို သူတိုအလုပ်လုပ်ပြချင်သယောင် ဇာတ်လမ်းဆင်ရေးသားနေကြတာတွေက အသားကျနေပါပြီ”ဟု မဇ္ဈိမ ကိုပြောသည်။
ဦးစိုင်းကျော်သူမှာ ဧပြီလ ၂၂ ရက်နေ့က For The Yangon အဖွဲ့၏ ရှင်းလင်းမှုဖြင့် သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများဟူ၍ အမျိုးသား ဆယ်ဦးကို YRF အဖွဲ့ဝင်များဟု ဆိုကာ ဖမ်းဆီးထားသည်။ ထို့အတူ မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် သာကေတမြို့နယ်ရှိ ကြယ်စင်လင်း စိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများဟုလည်း စွပ်စွဲကာ အမျိုးသား ရှစ်ဦးအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီအနေဖြင့် မေလ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#Yangon Revolution Force (YRF)
#ForTheYangon
#UECဒုညွှန်ချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😢4👏2😁1
Forwarded from Mizzima+ TV Channel
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်
တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့ သူရဲ့ ပုံဟာ ပုံအဟောင်းဖြစ်ZZ မဇ္ဈိမ ။ ။ ရန်ကုန်မှာ တို့ဆေးသုံးပြီး ကလေးဖမ်းတယ်ဆိုတဲ့သူကို ဖမ်းဆီးရမိခဲ့တဲ့ပုံတွေ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေပါတယ်။ "ဂျမဒါ မင်းဒင်" ဆိုတဲ့အကောင့်ကနေ မတ် ၁၁ ရက်နေ့က “ဟိုတနေ့ကလှည်းတန်းကတို့ဆေး ကောင်ပြန်လွတ်လာပါတယ်။ဒီမနက်ပဲ ၇ မိုင် မီးပွိုင့်က ဈေးရောင်းနေတဲ့ကလေးမလေးကို တို့ဆေးနဲ့ဖမ်းသွားပါတယ်။ ကံကောင်းတာက ၆မိုင်ခွဲအရောက်မှာကလေးမရဲ့ဦးလေးနဲ့တိုးပြီး ဟိုကောင်ထွက်ပြေးတာ အဲ့နားရပ်ကွက်ကအကိုတွေဝိုင်းဖမ်းလို့မိပါတယ်။” လို့ (မူရင်းအရေးအသားအတိုင်း) ဓာတ်ပုံ နှစ်ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့ပါတယ်။ ပုံထဲမှာတော့ လက်နောက်ပစ် ကြိုးချည်ထားပြီး လည်ပင်းကိုလည်း ကြိုးပတ်ထားတဲ့ သူတစ်ဦးကို ကားပေါ်မှာ ဆိုင်ကယ်တစီးနဲ့အတူ တွေ့ရတာပါ။ ဒီပို့ကို ပြန်လည်မျှဝေသူ ၁၈၀၀ ကျော်ရှိနေပါပြီ။ အခြားသော ဖေ့ဘုတ်အကောင့်တွေကနေလည်း ဒီပုံနဲ့ စာသားကို ပြန်လည်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတာတွေကြောင့် ဒီအကြောင်းအရာဟာ ယနေ့အထိ ပျံ့နှံ့နေတာတွေ ရှိနေပါတယ်။ မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေဟာ ဒီပို့စ်မှာပါဝင်တဲ့ပုံကို စစ်ဆေးကြည့်ခဲ့တဲ့အခါမှာ ၂၀၁၈ ခုနှစ်က ပုံအဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ၂၀၁၈ခုနှစ် မေလမှာ တောင်ကြီးမြို့နယ် ပေါမူရွာမှာ အိမ်တံခါးကို ဖျက်ပြီး ပစ္စည်းနဲ့ ကားခိုးယူတဲ့ သူခိုးကို ရွာသားတွေက ဝိုင်းဖမ်းမိပြီး ရဲလက်ထဲ အပ်လိုက်တဲ့ ဖြစ်စဉ်က တရားခံရဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီသတင်းကို သစ်ထူးလွင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားသလို themeltinpot4you ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာလဲ ဖော်ပြထားပါတယ်။ လင့် - https://ift.tt/U7o01Hu , https://ift.tt/0CYbA2y ဒါ့အပြင် အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တခုဖြစ်တဲ့ Boom Myanmar ကနေလည်း "တို့ဆေးသုံးပြီး ကလေးဖမ်းသူမိတယ်ဆိုတဲ့ သတင်းအမှား" ဆိုပြီး ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်းကို ဖော်ထုတ်ထားပါတယ်။ လင့် - https://ift.tt/p0FXVmJ ဒါ့ကြောင့် တို့ဆေးသုံးပြီးကလေးဖမ်းတဲ့ သူရဲ့ပုံဆိုတာ ၂၀၁၈ ခုနှစ်က တောင်ကြီးမြို့ကဖြစ်စဉ်မှာ အဖမ်းခံခဲ့ရတဲ့ တရားခံရဲ့ ပုံဖြစ်နေတာကြောင့် ဒီသတင်းဟာ အရင်ကပုံအဟောင်းကိုယူသုံးပြီးဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ တို့ဆေးကိစ္စဟာလဲ ပြည်သူလူထုကြားမှာ စိုးရိမ်စရာကိစ္စတစ်ခုလိုဖြစ်နေတာကို ဖေ့စ်ဘုတ်ပေါ်မှာ တကယ်ကြုံတွေ့ရသူတွေက ဖြန့်ဝေကြပေမယ့် ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဖမ်းထားတယ်လို့တော့ မတွေ့ရသေးပါဘူး။မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် " t.ly/AjFbz " သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ #Misinformation_Buster #Fake_News #Old_Photo#Yangonဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/N_M8qmWMU3A------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FN_M8qmWMU3A&h=AT36JHi1yXgfVVjaf1pmM0TQxWwoxmbImzX61t5yw4taBLZH9OyUwtcuw7fMloaiClSZEu7o-ut7m9cbr9CIvq39RiU9G_FRnsg5HrB3f72Q5Ct1SW99NsKkozTeUe2N&s=1
👍10
Suspect who set three people on fire in #Yangon’s #Dawbon Township remains at large:

https://eng.mizzima.com/2025/02/15/19215
👍6
Toxic Skies: High #Pollution Levels Plague #Yangon

Commuters make their way on a street through early morning fog and high levels of air pollution in Yangon on February 14, 2025. Photos by Sai Aung MAIN / AFP
👍3❤2
#Yangon PDF member dies in custody after arrest by another #PDF group in #Bago #Yoma: https://eng.mizzima.com/2025/03/01/19643
👍4
#Hepatitis A spreading rapidly in #Yangon, amid lack of awareness and #healthcare response: https://eng.mizzima.com/2025/03/01/19652
👍4
#Yangon’s #CID office attacked with remote-controlled #mine; police officer injured

https://eng.mizzima.com/2025/03/22/20343
❤3🥴1