Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
တရုတ်လေဆိပ်မှာ ဝင်ခွင့်မရပဲစောင့်ဆိုင်းခံခဲ့ရတဲ့ အာဂျင်တီးနား ကစားသမားမက်ဆီ

Full Video Link --https://www.youtube.com/watch?v=P1TtZlnDnLM

#reels #shorts #celecity #Mizzima #Messi
😁4🔥2👍1
အင်တာမိုင်ယာမီနဲ့ မက်ဆီရဲ့ ပထမဆုံးဖလား
=============

(Photo News) ပုံမှန်မိနစ် ၉၀ မှာ ၁-၁ ဂိုးနဲ့ ပြီးဆုံးပြီးနောက် အင်တာမိုင်ယာမီဟာ ပင်နယ်တီအဆုံးအဖြတ်မှာ နက်ရှ်ဗလီကို ၁၀-၉ ဂိုးနဲ့ အနိုင်ယူခဲ့သလို လီယွန်နယ် မက်ဆီဟာ ဂိုးသွင်းယူခဲ့ပြီး မြောက်အမေရိကဘောလုံးပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ 2023 Leagues Cup ရဲ့ ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ရယူခဲ့ပါတယ်။

ဓာတ်ပုံ - EPA

Leagues Cup ဗိုလ်လုပွဲ ပွဲပြီးရလဒ်

နက်ရှ်ဗလီ ၁-၁ အင်တာမိုင်ယာမီ
ပီကာလက် ၅၇' | မက်ဆီ ၂၃'
ပယ်နယ်တီ (၁၀-၉) ဂိုးဖြင့် အင်တာမိုင်ယာမီနိုင်

#LeaguesCup
#InterMiamiCF
#nashville
#messi
#Mizzima
👍12🔥2❤1
​​လီယွန်နယ် မက်ဆီနဲ့ ပြိုင်ဆိုင်မှုက အခုအချိန် 'ပြီးဆုံးသွားပြီ'လို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော
=======================

By PKThawn
ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူနဲ့ လီယွန်နယ် မက်ဆီတို့ဟာ "ဘောလုံးသမိုင်းကြောင်းကို ပြောင်းလဲခဲ့ကြပေမယ့်" သူတို့ရဲ့ ပြိုင်ဆိုင်မှုက အခုတော့ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။

ထာဝရကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပြီး သူတို့ဟာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့အတူ စပိန်လာလီဂါမှာ တစ်ဦးနဲ့ တစ်ဦး ရင်ဆိုင်ရလေ့ရှိပါတယ်။
"ကျနော်တို့ဟာ တစ်ကမ္ဘာလုံးက လေးစားခံရပါတယ်၊ ဒါက အရေးကြီးဆုံး အရာပါပဲ"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

ဘလွန်းဒီအော် ၅ ကြိမ်ဆုရှင် ရော်နယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီဆုရဲ့ ဆန်ကာတင်စာရင်းကနေ ချန်ရစ်ခံခဲ့ရပြီး မက်ဆီဟာ ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ဖွယ်ရှိပါတယ်။
"သူက သူ့နည်းသူ့ဟန်နဲ့ လုပ်သလို ကျနော်လဲ အဲသလိုပါပဲ။ ကျနော် မြင်တဲ့အတိုင်းကတော့ သူ ကောင်းကောင်းလုပ်တယ်။ ဒါကို ဆက်လုပ်သွားမယ်၊ အမွေအနှစ်က ဆက်ရှိနေမှာပါ။"လို့ အခု အယ်လ်-နာဆာအသင်းအတွက် ဆော်ဒီအာရေးဗီးယားမှာ ကစားနေတဲ့ အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုက ပြောပါတယ်။

အမုန်းတရားက သူတို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ အင်္ဂါရပ်တစ်ခုလားလို့ မေးတဲ့အခါမှာ သူက “ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကြိုက်တဲ့သူတွေက မက်ဆီကို မုန်းနေစရာ မလိုပါဘူး။ ဒီလိုပြိုင်ဆိုင်မှုမျိုးလို့ ကျနော် မမြင်ပါဘူး။

"ပြိုင်ဆိုင်မှုတော့ ပြီးဆုံးသွားပါပြီ။ ဒီလိုပြိုင်ဆိုင်မှုက ကောင်းမွန်ခဲ့တယ်၊ ပရိသတ်က သဘောကျခဲ့တယ်။ ကျနော်တို့ဟာ ဘောလုံးစင်မြင့်ထက်မှာ ၁၅ နှစ်ကြာ မျှဝေခဲ့ပြီး နောက်ဆုံးမှာတော့ အဆုံးသတ်ခဲ့ပါပြီ။ သူငယ်ချင်းတွေလို့ ပြောနေတာမဟုတ်ရပါဘူး၊ ဒါပေမယ့် ကျနော်တို့က ပရော်ဖက်ရှင်နယ် လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားကြတယ်"လို့ ပြောပါတယ်။

သူတို့ကြားမှာ နှစ်ယောက်သား စံချိန်ချိုးခဲ့တာတွေဟာ ပြိုင်ပွဲကနေ ရရှိတဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆုတံဆိပ် အများအပြားကို ရရှိခဲ့တာပါပဲ။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အတွက် ၄၃၈ ပွဲကစား ၄၅၁ ဂိုးနဲ့ ကလပ်ရဲ့ ထာဝရစံချိန်တင်ဂိုးသွင်းသူဖြစ်ပြီး ဘာနေဗျူးမှာ ၉ နှစ်တာကာလအတွင်း ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါ ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၂ ကြိမ်အပါအဝင် ကလပ်အသင်းနဲ့အတူ ဆုဖလား ၁၆ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုအချိန် အမေရိကန်က အင်တာမိုင်ယာမီမှာ ကစားနေတဲ့ မက်ဆီဟာ ပွဲပေါင်း ၇၈၁ ပွဲကစားကာ ၆၇၄ ဂိုး သွင်းယူပြီး ဘာစီလိုနာအသင်းရဲ့ ဂိုးအများဆုံးသွင်းတဲ့ စံချိန်ကို ရရှိထားပါတယ်။
အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ စပိန်ဖလား ၇ ကြိမ်အပါအဝင် ကလပ်အသင်းနဲ့အတူ ဆုဖလား ၃၅ လုံး ရရှိခဲ့ပါတယ်။

နိုင်ငံတကာဇာတ်ခုံမှာတော့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုဟာလည်း ပေါ်တူဂီအသင်းနဲ့အတူ ဥရောပချန်ပီယံရှစ်နဲ့ နေရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ကွင်းထဲမှာ ၃၆ ကြိမ်တွေ့ဆုံဖူးပြီး နောက်ဆုံးတွေ့ဆုံမှုမှာ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က မက်ဆီက ပဲရစ်စိန့်ဂျာမိန်းအတွက် ကစားပေးတဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ရော်နယ်လ်ဒိုရဲ့ Riyadh Season XI ကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

(BBC)
Photo: EPA

#ronaldo #messi #မက်ဆီ #ရော်နယ်လ်ဒို
👍12🔥1
​​'ကျနော်တို့တွေ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ' - ၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း မက်ဆီ မသေချာ
================

By PKThawn

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူဟာ အသက် ၃၉ နှစ်ရှိချိန် ၂၀၂၆ မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ မသေချာကြောင်း ပြောပါတယ်။

“ကျနော် အဲဒီနေရာကို ရောက်နိုင်ပါ့မလား မသိပါဘူး”လို့ သူက ကြာသပတေးနေ့က YouTube မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ အာဂျင်တီးနား မီဒီယာရဲ့ နာမည်ကြီး ဂေးလ် ဂါရာဒို့စ်ကို ပြောကြားခဲ့ပါတယ်။ "အဲဒီအကြောင်း မစဉ်းစားသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဝေးကြီးလိုသေးလို့ပါ။"

လက်ရှိအချိန်မှာတော့ မက်ဆီက သူဟာ ၂၀၂၄ အမေရိကန်အိမ်ရှင်ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကို အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

“ကိုပါအမေရိကဖလားပြီးမှ ကျနော်တို့တွေ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ကျနော် ဘယ်လိုခံစားရလဲ ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ ၃ နှစ် လိုပါသေးတယ်”လို့ သူက ပြောပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကာတာမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရရှိအောင် အာဂျင်တီးနားအသင်ဂကို ဦးဆောင်ခဲ့ပါတယ်။

အင်တာဗျူးမှာ သူဟာ ကာတာမှာ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြောက်ခဲ့ပြီးနောက် သူ့ရဲ့ အရင်ပြင်သစ်ကလပ် ပဲရစ်စိန့်-ဂျာမိန်းမှာ လုံလောက်တဲ့ "အသိအမှတ်ပြုမှု" မရရှိခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကလပ်ကနေ "အသိအမှတ်ပြုခြင်းမခံရ"တဲ့ အာဂျင်တီးနားအသင်းဖော်တွေထဲမှ သူ တစ်ဦးတည်းသာဖြစ်ခဲ့ကြောင်း သူက အခိုင်အမာဆိုခဲ့ပါတယ်။

"ဒါဟာ ကျနော် မျှော်လင့်ထားခဲ့သလိုမဟုတ်ပေမယ့် အကြောင်းပြချက်တခုခုကြောင့် ဖြစ်တတ်ပါတယ်လို့ ကျနော် အမြဲပြောနေကြပါ။"လို့ မက်ဆီက သူ့ရဲ့ ပဲရစ်မှာရှိတဲ့ နှစ်တွေအကြောင်း ပြောဆိုခဲ့ပြီး "အဲဒီမှာ အဆင်မပြေခဲ့ဘူး"လို့ ထပ်ပြီးပြောဆိုသွားပါတယ်။

ဘလွန်းဒီအော် (၇)ကြိမ်ရရှိခဲ့သူဟာ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာ အင်တာမိုင်ယာမီအတွက် ကစားပေးဖို့ ဖလော်ရီဒါကို မပြောင်းရွှေ့ခင် သူဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်ခဲ့ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

(AFP)

Photo: EPA

#messi #worldcup #WorldCup2026 #argentina #မက်ဆီ #ကမ္ဘာ့ဖလား
👍12🔥1
၈ ကြိမ်မြောက် ဘလွန်းဒီအော်ကို ရယူပြီးနောက် နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ 'သံသယမရှိ'တဲ့ လီယွန်နယ်မက်ဆီ
===============

By PKThawn

လီယွန်နယ်မက်ဆီကတော့ ဘလွန်းဒီအော် (Ballon d'Or)ဆုတွေအတွက် သူ့ရဲ့စံချိန်မှတ်တမ်းကို တိုးမြှင့်ပြီးနောက် အင်တာမိုင်ယာမီဟာ နောက်ထပ်ဆုဖလားတွေ ရရှိမယ်ဆိုတာ သံသယမရှိပါဘူးလို့ သူက ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမားဟာ သူ့နိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးပြီးနောက် ပြီးခဲ့တဲ့လမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရှစ်ကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ဇူလိုင်လမှာ မိုင်ယာမီသို့ ပြောင်းရွှေ့ဖို့ PSG အသင်းမှ ထွက်ခွာခဲ့ပြီး MLS ကလပ်ဟာ သြဂုတ်လမှာ ၎င်းတို့ရဲ့ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

“ကျနော်တို့ဟာ ပျော်ရွင်နေပြီး ဆုဖလားတွေ ဆက်လက် ရယူသွားမှာဖြစ်ပါတယ်။"လို့ မက်ဆီက ပြောပါတယ်။

"ကျနော် ဒီနေရာကို ရောက်လာခဲ့ပြီးတဲ့ လတွေတိုင်းမှာ ခင်ဗျားတို့တွေ ကျနော်တို့ကို လိုက်ပါအားပေးခဲ့တဲ့သလို ကျနော်တို့အနဲ့အတူ ဆက်ရှိနေပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

မက်ဆီဟာ ၂၀၂၃ US ရာသီပိတ်သိမ်းမယ့် နယူးယော့ခ်စီးတီးနဲ့ ခြေစမ်းပွဲအဖြစ် မိုင်ယာမီမှာ သူ့ရဲ့ ပထမဆုံးပွဲပြန်မကစားခင် ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ခြေစမ်းပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ သူ့ရဲ့အသင်းကိုတော့ ကူညီမပေးနိုင်ခဲ့ပါဘူး။

ကလပ်အသင်းဟာ DRV PNK ကွင်းမှာ အထူးအခမ်းအနားတရပ်ကျင်းပကာ ပွဲကို 'Noche d'Or'လို့ နာမည်ပေးခြင်းဖြင့် မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။

“ဒီလိုလှပတဲ့ဂုဏ်ပြုမှုအတွက် ဒီမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်”လို့ မက်ဆီက ပြီးခဲ့တဲ့လက ပါရီမှာ ရယူခဲ့တဲ့ ဆုကို ကိုင်မြှောက်ပြီးနောက် ပြောပါတယ်။ “ကျနော် ဒီကို ရောက်လာတာ ဘာမှ မကြာသေးပါဘူး။ ဒါပေမယ့် အချိန်အကြာကြီးလိုပါပဲ။

“ဒီကာလအတွင်းမှာ ကျနော်နဲ့ ကျနော်မိသားစုအပေါ် အရေးတယူဆက်ခံမှုအတွက် ဒီမှာရှိတဲ့သူတွေသာမက မြို့ထဲမှာရှိတဲ့ မိုင်ယာမီက လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။

"သူတို့က ကျနော့်ကို ချစ်ခင်မှုအများကြီး ပြခဲ့တယ်၊ အိမ်မှာ ရှိနေတဲ့ ခံစားချက်မျိုး ကျနော့်ကို ပေးပါတယ်။"

"ကျနော်တို့တွေအတူ ပျော်ရွင်ရမယ်ဆိုတာ သံသယမရှိခဲ့ပါဘူး၊ နောက်နှစ်မှာ ပိုကောင်းလာမယ်ဆိုတာကို ဒီနေ့မှာ ကျနော် နည်းနည်းမှ သံသယ မရှိပါဘူး"လို့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်ထားတဲ့ မက်ဆီက ပြောပါတယ်။

မိုင်ယာမီအသင်းဟာ ၂၀၂၃ ရာသီအတွင်း မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဘူးစကွက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကိုလည်း ခေါ်ယူခဲ့ပြီး ၂၀၂၄ ရာသီမတိုင်ခင် ရောက်ရှိလာမယ့် တခြား ဘာကာကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; AFP, BBC
Photos: EPA

#messi #lionelmessi #BallondOr #InterMiami #မက်ဆီ #အင်တာမိုင်ယာမီ #ဘလွန်းဒီအော် #Mizzima
👍3
​​၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေကို လေလံပွဲမှာ ဒေါ်လာ ၁၀ သန်းအထက် ရရှိမည်ဟု ခန့်မှန်း
===============

By PKThawn

အာဂျင်တီးနားတို့ အောင်ပွဲခံခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လီယွန်နယ် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ ခြောက်ထည်ကို ဒီဇင်ဘာလမှာ လေလံတင်ရောင်းချမယ်လို့ Sotheby's က တနင်္လာနေ့မှာ ကြေညာခဲ့ပြီး ၎င်းတို့ရဲ့တန်ဖိုးက ဒေါ်လာ ၁၀ သန်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဘောလုံးကြယ်ပွင့်ဟာ အဆိုပါအင်္ကျီတွေကို ဆော်ဒီအာရေးဗီးယား၊ မက္ကဆီကိုအသင်းတိုနဲ့ အုပ်စုအဆင့်ပွဲစဉ်တွေအပြင် ဩစတြေးလျ၊ နယ်သာလန်နှင့် ခရိုအေးရှားအသင်းတို့နဲ့ ကစားခဲ့တဲ့ နောက်ပိုင်းပွဲတွေနဲ့ ပြင်သစ်နဲ့ ဗိုလ်လုပွဲတို့မှာလည်း ဝတ်ဆင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ကာတာမှာ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲက အရင် ကမ္ဘာ့ဖလား လေးကြိမ်မှာ ချန်ပီယံဆု မရယူနိုင်ခဲ့သူ မက်ဆီအတွက် ပြီးပြည့်စုံတဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။

တကယ်ပဲ ဂျာစီတွေဟာ ဒေါ်လာ ၁၀ သန်းအထက် ရရှိမယ်ဆိုရင် လေလံတင်ရောင်းချခဲ့သမျှ တန်ဖိုးအကြီးဆုံး အားကစားအမှတ်တရ ပစ္စည်းများအစု ဖြစ်လာနိုင်တယ်လို့ Sotheby's က ပြောပါတယ်။

လေလံပွဲမှာ ရောင်းချဖူးသမျှ တန်ဖိုးအကြီးဆုံး သီးခြားဂျာစီကတော့ ၁၉၉၈ ခုနှစ်က Chicago Bulls နဲ့အတူ ဘတ်စကက်ဘော ဂန္တဝင် မိုက်ကယ်ဂျော်ဒန်ရဲ့ NBA ဖိုင်နယ်ပွဲစဉ်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီတထည်ဖြစ်ပါတယ်။

၎င်းကို ပြီးခဲ့နှစ်က ဒေါ်လာ ၁၀.၁ သန်းဖြင့် ရောင်းချခဲ့တာပါ။

အားကစားဆိုင်ရာ အမှတ်တရပစ္စည်းစုတွေ ရောင်းချတဲ့ လေလံတင်ပွဲတွေကို စီစဉ်ကြီးကြပ်ရာမှာ လေလံကုမ္ပဏီတွေဟာ မကြာသေးမီနှစ်များအတွင်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပြီး ကြီးထွားလာနေတဲ့ ဈေးကွက်တခုလို့ သူတို့က ယူဆခဲ့ကြပါတယ်။

အားကစားသမားတွေ အမှတ်တရ ပစ္စည်းအစုတွေကို စီမံခန့်ခွဲရာမှာ ကူညီပေးတဲ့ အမေရိကန် startup နည်းပညာကုမ္ပဏီ AC Momento မှ အဆိုပါအင်္ကျီတွေကို လေလံတင်ရာမှာ ပါဝင်လာတာဖြစ်ပါတယ်။

လေ့လံတင်ရောင်းချရာက ရရှိလာတဲ့ ငွေကြေးတချို့ကို UNICAS ပရောဂျက်အတွက် လှူဒါန်းမှာဖြစ်ပါတယ်။ ပရောဂျက်ဟာ ရှားပါး ရောဂါရ ကလေးတွေကို ကူညီတဲ့ ဘာစီလိုနာကလေးဆေးရုံတခုနဲ့ ဆက်စပ်တဲ့ အစပျိုးမှုတခုဖြစ်ပါတယ်။

အဆိုပါဂျာစီတွေကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ လေလံတင်ရောင်းချချိန်မှာ အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့အတွက် အခမဲ့ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။

(AFP)

Photo: AFP

#မက်ဆီ #messi #messijersey #WorldCup2022 #လေလံ #auction #ဂျာစီ #Mizzima
👍8😁1
​​ဆော်ဒီမြေမှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာနဲ့ ယှဉ်ပြိုင်မယ့် မက်ဆီရဲ့ အင်တာမိုင်ယာမီ
================

By PKThawn

လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရီယာ့ဒ်ရာသီဖလား (Riyadh Season Cup)ပြိုင်ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကက အိုင်ကွန်ကစားသမားနှစ်ဦးရဲ့ နောက်ဆုံးတွေ့ဆုံပွဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်ကလပ်နဲ့ ပူးပေါင်းခဲ့ပြီး အမေရိကန်နဲ့ မက္ကဆီကိုကလပ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ Leagues Cup ပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးခဲ့သူ ဘလွန်းဒီအော် (၈)ကြိမ်ဆုရှင် မက်ဆီဟာ ဘလွန်းဒီအော် (၅)ကြိမ်ရ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံရဖို့ မျှော်လင့်ရပါတယ်။

အသက် ၃၆ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ပြီးခဲ့တဲ့နှစ်ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး အသက် ၃၈ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက်အဖြစ် ကာလရှည်ရပ်တည်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ရီယာ့ဒ်ရာသီဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီကို ဧည့်သည်နိုင်ငံတကာကလပ်အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဆော်ဒီပရိုလိဂ်အသင်းတွေဖြစ်တဲ့ အယ်လ်-ဟီလာလ်နဲ့ အယ်လ်-နာဆာတို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Kingdom Arena ကွင်းမှာ ပြိုင်ပွဲကျင်းပမယ့် ပွဲရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

မိုင်ယာမီအသင်းဟာ မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒီ အယ်လ်ဘာနဲ့ ဆာဂျီယို ဘူးစကွက်စ်တို့လည်း ခေါ်ယူထားခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ လာလီဂါချန်ပီယံ (၅)ကြိမ်စီရရှိခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ ထင်ရှားတဲ့ ကစားသမားဟောင်း ဆာဒီယို မာနေးနဲ့ အင်တာမီလန် အသင်းခေါင်းဆောင်ဟောင်း မာဆယ်လို ဘရိုဇိုဗစ်တို့ကလည်း ချန်ပီယံလိဂ် (၅)ကြိမ်ဆွတ်ခူးထားတဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာအသင်းမှာ ပူးပေါင်းခဲ့ပါတယ်။

အယ်လ်-ဟီလာလ်အသင်းဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဘရာဇီးလ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ နေမာကို ခေါ်ယူထားပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အယ်လ်-နာဆာသို့ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရီယာ့ဒ် All-Star XI အသင်းနဲ့အတူ ဆော်ဒီအာရေဗီးယားမှာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲကို ကစားခဲ့ပါတယ်။

(AFP)

Photo: X/@Turki_alalshikh

#မက်ဆီ #ရော်နယ်လ်ဒို #messi #ronaldo #cristianoronaldo #RiyadhSeasonCup #alnassr #InterMiami
👍14🔥2
​​ဆော်ဒီမှာ ကစားဖို့ မည်သည့်သဘောတူညီချက်ကိုမျှ မရှိကြောင်း အင်တာမိုင်ယာမီ ပြော
======================

By PKThawn
အင်တာမိုင်ယာမီဟာ ဆော်ဒီကလပ်နှစ်သင်းနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အင်္ဂါနေ့အစောပိုင်းက ကြေညာခဲ့တဲ့ ပွဲစီစဉ်သူရဲ့ ပြောဆိုချက်ကို မေဂျာလိဂ်ကလပ်က ငြင်းဆိုထားပြီး လာမယ့် ဖေဖော်ဝါရီလမှာ ဆော်ဒီအာရေဗျမှာ ယှဉ်ပြိုင်ဖို့ သဘောတူညီထားခြင်းမရှိကြောင်း ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာ ရီယာ့ဒ်ရာသီဖလားပြိုင်ပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာတို့ကြား ပွဲစဉ်အပါအဝင် အယ်လ်-ဟီလာလ်နဲ့အတူ တခြားအသင်းတသင်းတို့နဲ့ ယှဉ်ပြိုင်ကစားကြမယ်လို့ ကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ အမေရိကန်ကလပ်အသင်းက မည်သည့်ရာသီကြိုခရီးစဉ်အစီအစဉ်တခုကိုမျှ အတည်ပြုမထားကြောင်း ငြင်းဆိုခဲ့ပါတယ်။

"အင်တာမိုင်ယာမီ CF ဟာ ရီယာ့ဒ် ရာသီဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စီစဉ်ထားကြောင်း ဆိုတဲ့ ကြေညာချက်တစောင်ကို ဒီကနေ့အစောပိုင်းက ထွတ်ပေါ်ခဲ့တယ်။ ၎င်းဟာ မှားယွင်းတဲ့ ဖော်ပြချက်ပါ။" အင်တာမိုင်ယာမီရဲ့ ထုတ်ပြန်ချက်က ပြောပါတယ်။
"အသင်းပိုင်ရှင် ဂျော့ချ်မက်စ်ရဲ့ ပြောဆိုချက်တွေ ထုတ်ပြန်ချက်မှာ ပါရှိတယ်။ မတ်စ်က ရာသီကြို ခရီးစဉ်နဲ့ ပတ်သတ်ပြီး လူသိရှင်ကြား ဒါမှမဟုတ် သီးသန့် မှတ်ချက်တွေ မပေးထားပါဘူး။"

ဘလွန်းဒီအော် ၈ ကြိမ်ဆုရှင် မက်ဆီဟာ ဇူလိုင်လက အင်တာမိုင်ယာမီနဲ့ ပူးပေါင်းခဲ့ပြီး အမေရိကန်၊ မက္ကဆီကိုကလပ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ လိဂ်ဖလား (Leagues Cup)ပြိုင်ပွဲမှာ အသင်းနဲ့အတူ ချန်ပီယံဆုရရှိခဲ့ပါတယ်။ သူဟာ အင်တာမိုင်ယာမီကို ကမ္ဘာ့တဝှမ်းမှ ပြိုင်ပွဲရပ်တွေအတွက် အလိုရှိတဲ့ အသင်းဖြစ်လာစေခဲ့ပါတယ်။
"တရုတ်နိုင်ငံမှာ မထင်မှတ်ထားတဲ့ အခြေအနေတွေ"ကြောင့် တရုတ်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေကို ရပ်ဆိုင်းလိုက်ကြောင်း အင်တာမိုင်ယာမီက အခုလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ပြန်လည်တွေ့ဆုံပွဲဟာ စိတ်လှုပ်ရှားစရာဖြစ်တာမှန်ပေမယ့် ဖြစ်လာနိုင်စရာမရှိကောင်း အင်တာမိုင်ယာမီရဲ့ ထုတ်ပြန်ချက်မှာ အခုနောက်ဆုံးအခြေအနေကို ဆိုထားပါတယ်။
"အင်တာမိုင်ယာမီဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တခုဖြစ်လာဖို့ အစကတည်းက စိတ်ကူးရှိထားပါတယ်။ ဒီလိုဖြစ်လာအောင် ကျနော်တို့ရဲ့ ၂၀၂၄ ရာသီကြိုအစီစဉ်ကို ဆုံးဖြတ်ဖို့ ပြောဆိုတာတွေ ရှိနေပါတယ်"လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

"အင်တာမိုင်ယာမီရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်မှာ လိုက်ပါလာမယ့် ကျနော်တို့ရဲ့ ကစားသမားတွေကို လာမယ့် ရက်သတ္တပတ်တွေမှာ ကြေညာဖို့ မျှော်လင့်ပါတယ်။"

အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းကို မနှစ်က ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အယ်လ်-နာဆာသို့ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရီယာ့ဒ် All-Star XI အသင်းနဲ့အတူ ဆော်ဒီအာရေဗီးယားမှာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲကို ကစားခဲ့ပါတယ်။

(AFP)

#messi #ronaldo #InterMiami #Mizzima #အင်တာမိုင်ယာမီ #ရော်နယ်လ်ဒို #မက်ဆီ #RiyadhSeasonCup
👍1🔥1