Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၂) အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်
========================

ကိုဇာနည်
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ အထူးမွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဇူလိုင်လ ၂၂ ရက်မှ သြဂုတ်လ ၁၂ ရက်နေ့အထိ အခက်အခဲများကြားမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း မိုးဗြဲ PDF က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သင်တန်းအတွင်း ရဲဘော်များကိုယ်ခံပညာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ကို အဓိကထား ပို့ချ လေ့ကျင့်စေကာ အခက်အခဲများကြောင့် သင်တန်းကာလ ၂၀ ရက်သာ သတ်မှတ်ပြီး ရဲဘော် ၃၂ ဦးဖြင့်သာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အမှတ် (၁၀၀၁) MBPDF ရဲ့ အဓိကစစ်ရေးလှုပ်ရှားနေရတဲ့ မိုးဗြဲမြို့အတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲဖော်ဆောင်မှု မပြုလုပ်သေးပေမဲ့ မစ်ရှင်အသေးစားတွေနဲ့ စကစတပ်ကို တိုက်ခိုက်နေ ပါတယ်။ နောက်ထပ် အထူးမွမ်းမံသင်တန်းပြုလုပ်နိုင်ရေးနဲ့ လိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်း အချို့ ဖြည့်တင်းနိုင်ရေးအတွက် အကူအညီများစွာလိုအပ်နေပါသေးတယ်” ဟု မိုးဗြဲ PDF ထောက်ပို့ တာဝန်ရှိသူတဦးကပြောသည်။

မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အဓိက လိုအပ်လျှက်ရှိသော လက်နက်၊ ခဲယမ်းများနှင့် စစ်ရေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစုဆောင်းနိုင်ရန် အလှူရှင်များ၏ ကူညီမှုရရှိမှသာ ဝယ်ယူနိုင်မည်ဖြစ် သည့်အတွက် ပြည်တွင်းပြည်ပမှအလှူရှင်များအား အမှတ် (၁၀၀၁)၊ MBPDF ကို ထောက်ပံ့ကူညီပေး ကြပို့ မေတ္တာရပ်ခံကြောင်းဆိုထားသည်။

ရှမ်း-ကယားနယ်စပ်လမ်းမတလျောက်တွင် ပြီးခဲ့သည့်ဇူလိုင်လက စစ်ကောင်စီတပ်နှင့် ဒေသခံ ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲမြို့အတွင်း နေရာအနှံ့တွင် စစ်ကောင်စီတပ်မှ နေရာထားပြီး ဒေသခံပြည်သူများ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကိုစခန်းချနေရာယူထားသည့်အတွက် ဒေသခံပြည်သူများ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#မိုးဗြဲPDF
#အထူးမွမ်းမံသင်တန်း
#Hard news
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3😁2
​​Non CDM များကို ပြည်သူ့စစ်လုပ်ခိုင်းခြင်းသည် အိမ်ကြက်ချင်းအိုးမဲသုတ်ကာခွပ်ခိုင်းခြင်းဟု ဒေသခံများ ပြော
===================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်နေသည့် Non-CDM များကို ပြည်သူ့စစ်လုပ် ခိုင်းခြင်းသည် အိမ်ကြက်ချင်း အိုးမဲသုတ်ကာခွပ်ခိုင်းခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ အရန်အင်အား ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် သြဂုတ် လ ၁၇ ရက်နေ့နောက်ဆုံးထားပြီး ဌာနဆိုင်ရာ စာရင်းပြုစုပေးပို့ရန် စစ်ကောင်စီ၏ ညွှန်ကြားစာထွက် ပေါ်လာသည့်အပေါ် ဒေသခံများက အထက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုခြင်း ဖြစ်သည်။

“ အမှန်တကယ်တော့ သူတို့မှာ အင်အားမရှိတော့လို့ပါ။ Non တွေကို ပြည်သူ့စစ်လုပ်ခိုင်းတဲ့အပြင် အခု လိုစာထုတ်ပြီး အင်အားဖြည့်ဖို့လုပ်နေတာက ရုပ်ပျက်လွန်းတယ်။ အိုးမဲသုတ်ပြီး အိမ်ကြက်ချင်းခွပ်ခိုင်း တဲ့သဘောပဲ။ စစ်ကောင်စီက အလုံးစုံပျက်စီးရေးကို သေချာပေါက် ဦးတည်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ညွှန်ကြားစာတွင် “အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သူစစ်မဟာဗျူဟာ ဖော်ဆောင်ရန်အတွက် တပ်မတော်၏ အရန်အင်အားများအား ပြည်သူ့စစ်တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အားအခြေအနေပေါ်မူတည်၍ တာ၀န်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်မည့် အစီအစဥ်များကို ရေးဆွဲတင်ပြရမည်” ဟု ဖော်ပြထားသည်။

ထို့ပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ပြည်နယ်ရုံးများ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရှိ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဝန်ထမ်း စာရင်းကို ပြုစုပြီး ဩဂုတ်လ ၁၇ ရက်နေ့အရောက်တင်ပြရန် ညွှန်ကြားစာတွင် ရေးသားထား သည်။
လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က ပင်းတယမြို့နယ်ရဲစခန်းတွင် လူဦးရေ ၂၀ ၀န်းကျင်ကို အချုပ်သားပုံစံစောင့်ကြည့်ကာ ပြည်သူ့စစ်သင်တန်း ပုံမှန်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

“စစ်ကောင်စီအနေနဲ့ သူတို့ရည်ရွယ်သလို ဖြစ်မလာတာ အာဏာသိမ်းစကတည်းကပါပဲ။ အခုလည်း Non CDM တွေကို မတရားအမိန့်ချပြီး စကစရဲ့အရန်အင်အား ပြည်သူ့စစ်လုပ်ဆောင်နေတာက သူတို့ရဲ့ Standard Army စစ်အင်အား ၄၀၀,၀၀၀ ဟာ စာရွက်ပေါ်ကစာရင်းပဲရှိတာ အသေအချာပါပဲ” ဟု ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)၏ တာ၀န်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front(DPLF) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

ယင်းသို့ကြေညာပြီးသည့်နောက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန် ရေးတပ်ဖွဲ့များ လှုပ်ရှားနိုင်သည့်နေရာများကို ပျူစောထီးအင်အား ၈၀ အပါအ၀င် အင်အား ၁၀၀ ၀န်းကျင် ဖြင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပုံအညွှန်း - ပြည်သူ့စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ။ (ပုံ - အဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#ပြည်သူ့စစ်
#Non_CDM
#Hard news
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3🔥3
​​လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးဖြင့် ဗုံးကြဲ
=====================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ခတ်တောင်စခန်းကုန်းကို ယနေ့ ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က အတည်ပြုပြောကြားသည်။

“နေ့လယ် ၁နာရီ ၂၅မိနစ်လောက်မှာ ပထမဆုံးတလုံး ကြဲတယ်၊ နောက် ငါးမိနစ်မှာ ဒုတိယအလုံး၊ ၁၀မိနစ်လောက်မှာ တတိယအလုံးကြဲတယ်၊ လာကြဲတာက သုံးစီး၊ တိုက်လေယာဉ်လို့ပဲ ခန့်မှန်းလို့ပဲရမယ်၊ အမျိုးအစားမသိသေးဘူး၊ အရင်လို လေယာဉ်သံ အရင်ကြားပြီးမှ ဗုံးကြဲတာမဟုတ်ဘူး၊ ဗုံးကြဲပြီးမှ လေယာဉ်သံကြားတာ” ဟု မဇ္ဈိမသတင်းထောက်က ပြောသည်။

လက်ခတ်တောင်ပေါ်ရှိ စခန်းများကို ဗုံး သုံးလုံးဖြင့် စစ်ကောက်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်း(၁)နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလိုင်လ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်ခံလိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းယူရန် ၁၀ကြိမ်ကျော် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်အကျဆုံးများကာ တပ်ဆုတ်ခွာခဲ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ် တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများနှင့် ဗိုလ်ချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့မှ မြေပြင်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရုံမက လေကြောင်းတိုက်ခိုက်မှုကိုပါ ပြုလုပ်ခဲ့သော်လည် သေဆုံးအထိအခိုက်များကာ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

အဆိုပါနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး၊ ဗိုလ်မှူးတဦး အပါအဝင် ၁၅ဦးသေဆုံး ၂၁ဦးဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#BGF
#ကရင်ပြည်နယ်
#မြဝတီမြို့
#Hardnews
#Ethnic

ပုံစာ - ကော်ဘရာစစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤5👏3🤬1😢1
မော်လမြိုင်-သိမ်ဇရပ် လမ်းဟောင်းပိုင်းတွင် KNLA၊ PDF ပူးပေါင်းအဖွဲ့ á€œá€™á€şá€¸á€…စ်ဆ္းမသု ဆောင်ရွက်
==================

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အဝင် မော်လမြိုင်-သိမ်ဇရပ် လမ်းဟောင်းပိုင်း၌ KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပထမဆုံးအကြိမ် လမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိမ်ဇရပ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ထံမှ သတင်းရရှိသည်။

လမ်းစစ်ဆေးမှုတွင် ပြည်သူများမှ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ကြပြီး နောင်တွင်လည်း မကြာခဏ စစ်ဆေးမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF တပ်ရင်း(၃၇၀၂) မှ ရဲဘော်ဒဿက ပြောသည်။

“ဒီလမ်းတော့ ပထမဆုံးအကြိမ်ပေါ့နော်။ နောက်လည်း မကြာမကြာ ကျနော်တို့ လုံခြုံရေးယူသွားပါမယ်။ သူတို့(ပြည်သူ)ကတော့ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ တော်တော်များများကလည်း ကျနော်တို့ ခုလိုစစ်ဆေးတာကို ဝမ်းသာကြိုဆိုကြတယ်” ဟု ဆိုသည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ လမ်းစစ်ဆေးနေစဉ် စစ်ကောင်စီတပ်မှ လာရောက်ရန် ပြင်ဆင်ခဲ့သော်လည်း ရဲစခန်းအထိသာ ရောက်ပြီး စစ်ဆေးမှုပြီးသည့်အချိန်တွင် စစ်ကောင်စီ၏ သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀) မှ လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့ပြီး ကျောက်ပုံကြီးကွင်းဂိတ်နား၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

“ဟိုက်ဂျက် နှစ်စီးနဲ့ စစ်သားတွေလာတယ်။ ဒါပေမယ့် ကျနော်တို့ စစ်နေတဲ့ သိမ်ဇရပ် မြို့ပြင်ဂိတ်အထိ သူတို့ မရောက်ဘူး။ မြို့ထဲက ရဲစခန်းနားထိပဲရောက်တယ်။ စစ်ဆေးမှုအပြီးတော့ လက်နက်ကြီး လေးလုံး ပစ်တယ်” ဟု ရဲဘော်ဒဿက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ တွင် လမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းမရှိတော့သော်လည်း အမတ(၃၁၀) မှ နံနက် ၉နာရီ ၄၅ မိနစ် အချိန်၌ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ပြီး ဂဝံမိုင်းကျင်းဝန်းကျင်နှင့် ချစ်စိန် ကျောက်မိုင်းဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်ရှိ လမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့် လမ်းပိုင်းသည် တောင်ပိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲအတွင်း ပါဝင်ပြီး စစ်ရေးအရှိန် မြှင့်တင်မည်ဖြစ်သောကြောင့် အမှတ်(၂) စစ်ဒေသခွဲအတွင်းရှိ သတ်မှတ်လမ်းပိုင်းများတွင် နေ့အချိန် ခရီးသွားလာပါက ကားမှန်ချသွားလာရန်နှင့် လမ်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၁ ရက်နေ့တွင် အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးမှ ထုတ်ပြန်ထားသည်။ 

အလားတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသည့် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးအား KNLA၊ PDF ပူးပေါင်းတပ်မှ လမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ထိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ သွားလာရန်ပင် မဝံ့ရဲကြတော့ကြောင်း တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ဓါတ်ပုံ-ပေးပို့
ပုံစာ- ဩဂုတ်လ ၁၈ ရက်နေ့ သိမ်ဇရပ်မြို့အဝင်၌ KNLA၊ PDF ပူးပေါင်းတပ်တို့ လမ်းစစ်ဆေးမှု ဆောင်ရွက်နေစဉ်

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျိုက်ထိုမြို့နယ် 
#သိမ်ဇရပ်မြို့
#KNLA
#PDF 
#Hardnews 
#Ethnic 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4😁2
​​လက်နက်ကိုင်အဖွဲ့များ ဇိုမီးဒေသမှ ထွက်ခွာရန် စစ်ကောင်စီနှင့်ပူးပေါင်းထားသည့် ZRA မှ သတိပေး
====================

(မဇ္ဈိမ) ။ ။ စစ်ကောင်စီတပ်နှင့်ပူးပေါင်းထားသည့် Zomi Revolution Army( ZRA )အရှေ့ပိုင်းတိုင်း၏ ခွင့်ပြုချက်မရရှိဘဲ လာရောက်အခြေချသည့် လက်နက်ကိုင်အဖွဲ့များကို ဇိုမီးဒေသအတွင်းမှ ထွက်ခွာသွားကြရန် ZRAအဖွဲ့မှ သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အနီးအခြေချထားသည့် CDF Tonzang တပ်ရင်း(၃)စခန်းကို မဏီပူရ်အခြေစိုက် Zomi Revolution Army (ZRA) အဖွဲ့နှင့် စစ်ကောင်စီတပ်ပူးပေါင်းပြီး ယမန်နေ့ ဩဂုတ် ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့ သတိပေးစာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယမန်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနှင့်အတူ Zomi Revolution Army (ZRA) အဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF Tonzang တပ်ရင်း( ၃)ရှိ စခန်းထဲက ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ် အခြေစိုက် ZRA သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေကြသည့် ချင်းလက်နက်ကိုင် (CNF/A, CDFs) တပ်ဖွဲ့ဝင်များအပေါ် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့ကလည်း ဟားခါး-ကလေးလမ်းပေါ်ရှိ တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း Zomi Revolution Army (ZRA) မှ စစ်ကောင်စီတပ်ဘက်မှ ၀င်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ် ဧပြီလ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ချင်းအမျိူးသားတပ်ဦး (CNF)ဗဟိုဌာနချုပ် ဝိတိုရိယစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ - Chinland Joint Defense Committee (CDJC) ၏ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ ချင်းပြည်နယ်အတွင်း Zomi Revolution Organization/Zomi Revolution Army (Eastern Command) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် Zomi Revolution Army (Eastern Command) (ZRA)အရှေ့တိုင်းအနေဖြင့် တီးတိန်၊ တွန်းဇန်မြို့နယ်များကို ၎င်းတို့၏ ဇိုမီးဒေသဟုသတ်မှတ်ပြီး ၎င်းနယ်မြေအတွင်းအခြေချနေသည့်ဒေသခံကာကွယ်ရေးတပ်များနှင့် CANတပ်များကို စစ်ကောင်စီတပ်နှင့်အတူပူးပေါင်းတိုက်ခိုက်နေကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မဏီပူပြည်နယ်
#ZRA
#CDJC
#CNF
#Hardnews
#Ethnic

ပုံ/ Zomi Revolution Army အဖွဲ့များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬7🔥2
​​စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကျောင်းဆရာနှင့် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသား ၃ ဦးသေဆုံး
=====================

မဇ္ဈိမ
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတဦးနှင့် ဆယ်ကျော်သက်ကျောင်းသူ ကျောင်းသား သုံးဦးသေဆုံးခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်၊ နံနက် ၆ နာရီ ၃ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာနှင့်ကျောင်းသူကျောင်းသား လေးဦး သေဆုံးကာ
ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က ဆိုသည်။

သေဆုံးသူ လေးဦးမှာ ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ ၁၄ နှစ်အရွယ် ကျောင်းသားစောအယ်မူလား၊ ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ ၁၃ နှစ်အရွယ်ကျောင်းသား စောဘိုကြီးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးတွင် ကိုးနှစ်အရွယ် ကျောင်းသား တဦးနှင့် ၂၄ နှစ်အရွယ် ကျောင်းဆရာမတဦးလည်း ပါဝင်သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီတွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ခလယ်ထာနှင့် တာခဲဒဲကျေးရွာတွင် သုံးကြိမ်နှင့်ဂယ်ယူဒဲကျေးရွာတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိတိ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း မူတြော်ခရိုင်က ဆိုသည်။

အလားတူ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စုအတွင်းရှိရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆန်၊ စက်သေနတ်အကြီးစားဖြင့် လာရောက်ကြဲချ၊ ပစ်ခတ်ခဲ့သည်။

သေသူးခီးရွာအားဗုံးဆံ သုံးလုံးကြဲချကာ အကြီးစားစက်သေနတ် (အော်လီဂန်း)ဖြင့်ပါ ပစ်ခတ်ရာ ၄၅ နှစ်အရွယ် စောရှီးမူးအား ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ လေးလုံးပျက်စီးခဲ့ကြောင်း၊ ကော်ရော်ဘာထာတွင်မူ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ အိမ်ခြေ ခြောက်လုံးနှင့် ဘုရားကျေင်းတကျောင်း၊ ဝတ်ပြုဆုတောင်းရာနေရာတနေရာနှင့် စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေကြောင်းတိုက်ခိုက်မှု
#ကျောင်းဆရာ
#ဆယ်ကျော်သက်
#မူတြော်ခရိုင်
#Hardnews
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😢4👍3🔥1
#Myanmar #ethnic leaders offer prayers for Daw Aung San #SuuKyi's release on her 80th #birthday: https://eng.mizzima.com/2025/06/21/23615
❤9👍4