"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။
https://www.youtube.com/watch?v=sloJVRbdixA

YouTube
"ရှမ်းမြောက်တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်" ဒေါက်တာလှကျော်ဇော
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့ တွေပါ တစုတစည်း တိုက်ခိုက်တာကြောင့် နွေဦး တော်လှန်ရေးရဲ့ အောင်မြင်မှုတခုလည်းဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
အခုတပတ်…
အခုတပတ်…
👍32🔥1😁1
ပိတ်မိနေသည့် ရာနှင့်ချီ ယာဉ်တန်းအား ဖြတ်သန်းခွင့်ပြုရန် ကြိုးပမ်းနေဟု MNDAA ပြော
=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ပါစင်ကျော်ကျေးရွာတွင် ပိတ်မိနေသည့် လောက်ကိုင်မှတဆင့် နေရပ်ပြန်ကြသူတို့၏ ရာနှင့်ချီသည့် ယာဉ်တန်းအား ဖြတ်သန်းသွားလာခွင့်ရစေရန် ကြိုးပမ်းပေးနေကြောင်း MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောသည်။
လောက်ကိုင်မြို့တွင် တင်းမာနေသောစစ်ရေးအခြေအနေများကြောင့် လုပ်ငန်းများရပ်ဆိုင်းထားသည့်အတွက် အခက်အခဲကြုံတွေ့၍ နေရပ်ပြန်ကြသူများနှင့် စစ်ရှောင်ရန် လောက်ကိုင်မှထွက်ခွာလာကြသူများသည် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာတွင် ပိတ်မိနေကြခြင်းဖြစ်သည်။
၎င်းတို့သည် နိုဝင်ဘာ ၄ ရက်နေ့ကပင် လောက်ကိုင်မြို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် ထွက်ခွာလာကြသူများဖြစ်ပြီး ပါစင်ကျော်အနီးတွင် ဆက်လက် ဖြတ်ကျော်ထွက်ခွာခွင့် မရရှိသည့်အတွက် ပိတ်မိနေကြခြင်းဖြစ်သည်။
ထိုသို့ပိတ်မိနေသူများ ဆက်လက်ထွက်ခွာခွင့်ရရှိနိုင်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) မှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လီကျာဝင်းက မဇ္ဈိမကိုပြောသည်။
"စစ်ကောင်စီနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေက အရပ်သားတွေကို ပြန်မရအောင်လမ်းတွေကို တူးဖော်ဖျက်ထားတာတွေရှိတယ်။ ကျွန်တော်တို့ MNDAA အနေနဲ့လည်း ဒီသတင်းကိုရရှိထားတာနဲ့ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့ပြီး ဒီလူတွေဖြတ်သန်းသွားလာလို့ရအောင် တသုတ်ပြီး တသုတ် စီစဉ်နေပါတယ်နော်" ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းမှပြောသည်။
ပါစင်ကျော်ရွာသည် လောက်ကိုင်မြို့နှင့် လေးမိုင်ခန့်ကွာဝေးပြီး ပိတ်မိနေသူများသည် ရှေ့ဆက်တိုးခွင့်မရသည့်အပြင် လောက်ကိုင်မြို့သို့ ပြန်ဝင်ရောက်သည့်လမ်းတွင်လည်း စစ်ကောင်စီတပ်မှ လမ်းဖြတ်တောက်ထားပြီး ပြန်လှည့်သူများအား ဖမ်းဆီးနေသည်ဟု ပိတ်မိနေသူတဦးကပြောသည်။
"ရှေ့ကိုလည်းသွားလို့မရဘူး၊ နောက်ကိုလည်းပြန်ဆုတ်လို့မရဘူးအခု။ နောက်ပြန်လှည့်ရင်လည်း ဖမ်းတယ်ဗျ။ ရှေ့မှာလည်း မဟာမိတ်ပူးပေါင်းတပ်က သစ်ပင်တွေလှဲပြီးတော့ ပိတ်ထားတယ်။ ကားတွေနဲ့ကာပြီး လမ်းပိတ်ထားတယ်” ဟု ပိတ်မိနေသည့် နေရပ်ပြန်တဦးက ပြောသည်။
လက်ရှိတွင် ပါစင်ကျော်ရွာ၌ ပိတ်မိနေသည့် ယာဉ်အစီးရေမှာ ကားနှင့်ဆိုင်ကယ် စုစုပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၁,၀၀၀ ခန့်ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
ပိတ်မိနေသူများသည် ဘေးပတ်လည်ရှိ ကြံခင်းများအား လမ်းဖောက်၍ သွားလာရန်ကြိုးပမ်းသော်လည်း ကြံခင်းပတ်လည်သို့ပါ စစ်ကောင်စီတပ်မှ ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုသည်။
" ချင်းရွှေဟော်ကနေ နမ့်တစ်၊ တန့်ယန်း၊ လားရှိုးဘက်ဆင်းကြဖို့ပါ။ အခု လမ်းမှာပိတ်မိနေတော့ အစားအသောက်ပြတ်တယ်။ ရေလည်းငတ်နေကြတယ်” ဟု ပိတ်မိနေသူမှ ယနေ့ ညနေပိုင်းတွင် မဇ္ဈိမကိုပြောသည်။
ထို့ပြင် ပိတ်မိနေသူအချို့မှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ပွဲရှောင်ပြည်သူများမှ အသနားခံစာဟူ၍ "စားစရာပြတ်လပ်နေ၍ အိပ်စရာနေရာလည်းမရှိတာ။ ယနေ့ ၇ ရက်နေ့ဆို သုံးရက်တိတိရှိနေပြီမို့ အစာရေစာပြတ်လပ်၍ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်လာ၍ ထိုဒုက္ခသည်တွေကို နှစ်ဘက်အဖွဲ့စည်းများအနေနဲ့ ဘယ်လို လမ်းကြောင်းများ ဖွင့်ပေးမလဲဆိုတာ စဥ်းစားပေးကြပါရန် မေတ္တာဖြင့်တိုက်တွန်းအပ်ပါသည်။ အထဲမှာ ကလေးသူငယ်တွေလည်း အများကြီးပါနေပါတယ်” ဟု ရေးသားမျှဝေထားကြသည်ကိုတွေ့ရသည်။
ထို့ပြင် လောက်ကိုင်မှ ထွက်ခွာလာရန် ကြိုးပမ်းနေကြသူများအနေဖြင့်လည်း လမ်းခရီးတွင် အခက်အခဲများစွာကြုံတွေ့နေရသဖြင့် ထွက်ခွာမလာကြသေးရန် ပိတ်မိနေသူများမှ အသိပေးစကားဆိုသည်။
လက်တလောတွင် လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိသည့်အတွက် ပိတ်မိနေသူများအနေဖြင့် တရုတ်ဖုန်းကတ်မှတဆင့်သာ အင်တာနက်အသုံးပြုနေရပြီး ဆက်သွယ်ရေးအခက်အခဲလည်း ကြုံတွေ့နေကြရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လောက်ကိုင်မြို့
#MNDAA
ပုံအညွန်း − ပါစင်ကျော်ကျေးရွာတွင်ပိတ်မိနေကြသူများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17😁1
မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်မမှူး သေဆုံးသွားကြောင်း MNDAA ထုတ်ပြန်
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့တွင် နိုဝင်ဘာ ၆ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်မမှူးတဦး သေဆုံးသွားကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) က နိုဝင်ဘာလ ၇ ရက်၊ ယနေ့တွင် ထုတ်ပြန်သည်။
ဒရုန်းဖြင့် တိုက်ခိုက်စဉ် ဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်ကို ထိပေါက်ကွဲကာ စစ်တက္ကသိုလ် အပတ်စဉ် (၄၁) ကျောင်းဆင်းတပ်မမှူး သေဆုံးသွားခြင်းဖြစ်ကြောင်း MNDAA ဆိုသည်။
သို့သော်လည်း သေဆုံးသွားသော တပ်မမှူး၏ အမည်ကို MNDAA က ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ပြည်သူ့ဘက်ကို ကူးပြောင်းလာသည့် CDM ဗိုလ်ကြီး ထက်မြတ်ကတော့ သေဆုံးသူသည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
"CDM အရာရှိတယောက်ဆီကို အတွင်းက သတင်းပေးတာပါ၊ ဗိုလ်မှူးကြီးဆိုတော့ (တပ်မမှူးဖြစ်လာတာ) မကြာသေးဘူးပြောရမှာခင်ဗျ၊ ပုံမှန်က တပ်မမှူးဆိုရင် ဗိုလ်မှူးချုပ်ပါ" ဟု CDM ဗိုလ်ကြီးထက်မြတ်က ပြောသည်။
တိုက်ခိုက်ခံရသည့် တရုတ်−မြန်မာ နယ်စပ်က မုံးကိုးဗျူဟာကုန်းကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကို အတည်ပြု ပြောသည်။
ယနေ့ မုံးကိုးနယ်စပ်ဂိတ်တွင် MNDAA ၏ အလံကို လွှင့်ထူထားပြီး ခုနစ်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်အလံလွှင့်ထူနိုင်ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
#မုံးကိုး
#MNDAA
#တပ်မမှူး
#Mizzima
Photo- MNDAA

👍20❤3🔥1
မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်စနိုင်ရန် MNDAA ကြိုးပမ်း
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရား ပြန် လည်ပတ်နိုင်ရန် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။
“မုံးကိုးမြို့ကိုတော့ ထိန်းနိုင်လိုက်ပြီဗျ” ဟု MNDAA ပြောခွင့်ရ လီကျားဝင်းကလည်း မဇ္ဈိမကို အတည်ပြု သည်။
မုံးကိုးမြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့အတွင်းရှိ ပြည်သူ့စစ်များ အားလုံးထွက်ပြေးသွားသဖြင့် မြို့တခုလုံးကိုရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ဗျူဟာကုန်းများကို MNDAA ၊ AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ က နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ပန်လုံဗျူဟာကုန်းနှင့် မုံကိုးဗျူဟာစခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
မုံးကိုးဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ EE-9 အမျိုးအစား သံချပ်ကားတစီး ထပ်မံရရှိ ခဲ့ပြီး စစ်ကောင်စီထံမှသံချပ်ကားခုနစ်စီးရရှိထားကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်း ထံမှ သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ်(၄၁)ကျောင်းဆင်း တပ်မမှူးတဦးလည်း မုံးကိုးတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ထားသည်။ အဆိုပါတပ်မမှူးသည် မိတ္ထီလာမြို့အခြေစိုက် တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ်-ဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ကြောင်း သိရသည်။
စစ်ဆင်ရေးစသည့်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၁၃ ရက်အတွင်း စစ်ကောင်စီ၏တပ်စခန်း စုစုပေါင်း ၁၂၅ ခုကို MNDAA နှင့် AA ဦးဆောင်သည့်အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း တိုက်ပွဲသတင်းထုတ် ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) နှင့် သိန္နီမြို့တို့ကို MNDAA မှ ထိန်းချုပ်ထားပြီး လက်ရှိတွင်မုံးကိုးမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပုံအညွှန်း-နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်တွေ့ရသည့် မုံကိုးနယ်စပ်ဂိတ်ရှိ MNDAA တပ်သားများ (The Kokang)
စာတည်း။ ။စောဖေ
#မြန်မာသတင်း

❤16👍3👏1🥴1
နောင်ချိုမြို့အနီး စစ်ကောင်စီသံချပ်ကာကားကို TNLA၊ MDY PDF ဖျက်ဆီး
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ သံချပ်ကာကား တစီးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( MDY PDF )တို့မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း TNLA မှ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နောင်ချိုမြို့နယ်မှ တိုက်ပွဲဖြစ်ပွားနေသည့် အုမ္မခါးကျေးရွာအနီးသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ သံချပ်ကာကား သုံးစီးအနက် တစီးကို TNLA နှင့် MDY PDF တို့မှ နိုဝင်ဘာ ၈ ရက်နေ့ ည ၉နာရီ ခွဲအချိန်ခန့်တွင် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်စီးသည် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“ သံချပ်ကာ သုံးစီးထဲက တစီးကတော့ ပျက်စီးပြီး ရပ်သွားတယ်လို့ သိရပါတယ်ဗျ” ဟု MDY PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မဇ္ဈိမကို ပြောသည်။
ပျက်စီးသွားသည့် စစ်ကောင်စီ၏ သံချပ်ကာကားကို ပူးပေါင်းတပ်မှ ရရှိထားပြီး လတ်တလောတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသဖြင့် ပြန်လည်ပြင်ဆင်ပြီး အသုံးပြုရန် မဖြစ်နိုင်သေးကြောင်း TNLA ထံမှ သိရသည်။
“သုံးစီးလာတာ ရှေ့ဆုံးတစီးကို စတင်တိုက်ခိုက်လို့ ပျက်စီးသွားတယ် နှစ်စီးကတော့ ပြန်ဆုတ်သွားတယ်။ သူတို့ကတော့ (ပျက်ဆီးသွားသည့် သံချပ်ကာကားကို) ဘယ်ပြန်သယ်သွားနိုင်မတုန်း။ ရှိတဲ့နှစ်စီးတောင် ကမန်းကတန်း ပြန်ပြေးရတာ” ဟု TNLA တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသည့် သံချပ်ကာကားနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို အုမ္မခါးကျေးရွာအနီးတွင် TNLA နှင့် MDY PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတွင်ပါဝင်သည့် သံချပ်ကာကားတစီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဒဏ်ရာရစစ်သုံ့ပန်းနှစ်ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း MDY PDF ထံမှ သိရသည်။
နောင်ချိုမြို့နယ်၊ အုမ္မတီး၊ အုမ္မခါး လမ်းပိုင်းတွင် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ယင်းလမ်းပိုင်းအနီးတဝိုက်ရှိ ရေဝင်၊ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်း၊ ရွှေညောင်ပင်၊သုံးဆယ်၊ ဆမ်ဆယ် စသည့် ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံထံမှ သိရသည်။
“တိုက်ပွဲသံက နေ့တိုင်းကြားတယ်။ လေယာဉ်လည်း လာတယ်။ စစ်ရှောင်နေကြတဲ့ သူတွေတော့ ပြန်မရောက်ကြသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် MNDAA မှ သံချပ်ကာကား ခုနစ်စီး ကို သိမ်းဆည်းရရှိထားပြီး ညီနောင်သုံးဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်း ၁၂၅ ခုကို သိမ်းဆည်းရရှိထားကြောင်း နိုဝင်ဘာ ၈ ရက်နေ့ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#MNDAA
#နောင်ချိုမြို့နယ်
ဓါတ်ပုံ-PSLF/TNLA

👍12❤2😁2🥱1
ကွမ်းလုံမြို့ကို ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားကြောင်း MNDAA ပြော
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး မြို့အပြင်ဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ပြောခွင့်ရ လီကျားဝင်းက မဇ္ဈိမကို အတည်ပြုသည်။
“ဟုတ်ကဲ့ မြို့ကိုတော့ ကျနော်တို့ သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ ဘေးတဝိုက်မှာရှိတဲ့ စစ်ကောင်စီနဲ့တော့ တိုက်ပွဲ ဆက်ဖြစ်နေပါသေးတယ်ဗျ။ စစ်ကောင်စီကတော့ ကွမ်းလုံမြို့မှာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဘေးတဝိုက်မှာတော့ ရှိသေးတယ်” ဟု MNDAA ပြောခွင့်ရ လီကျားဝင်း ခေါ် ဦးကျော်နိုင်က မဇ္ဈိမကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုပြောသည်။
စစ်ဆင်ရေး စတင်သည့်နေ့မှ စတင်ကာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ကွမ်းလုံမြို့ထိန်းချုပ်ထားပြီဖြစ်ကြောင်းနှင့် ကွမ်းလုံမြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ကြိုးပမ်းလျက်ရှိပြီး ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ်အခြေစိုက် ခလရ(၁၄၃) မှ ဒု-တပ်ရင်းမှူး တဦး နှင့် တပ်ခွဲမှူး နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၁ ဦးနှင့် ကွမ်းလုံမြို့နယ်၊ ဟဲ့ဟော်ကျေးရွာ အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦး လက်နက်ချ အလင်းဝင်လာကြောင်း MNDAA က အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကွမ်းလုံမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ခန့် ရှိပြီဖြစ်ပြီး လက်ရှိတွင် ကွမ်းလုံမြို့တွင်း သံလွင်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်သားများကို မတွေ့ရတော့ကြောင်း ဒေသခံတဦးက ပြောသည်။
“မြို့ထဲမှာတော့ သူတို့ရှိတယ်(မဟာမိတ်တပ်များ)။ တပ်(စစ်ကောင်စီ)ထဲက အဖွဲ့တွေကတော့ ဒီဘက် သံလွင်အရှေ့ဘက်ခြမ်းကိုတော့ မတွေ့ရဘူး။ ကျနော်တို့ကလည်း ဝေးဝေးကနေရတယ်။ ကွမ်းလုံမှာ ဘုန်းကြီးကျောင်းမှာ မှီခိုနေတဲ့ အဖွဲ့တွေကအစ ရွှေ့နေရတာ။ ကျနော်ကတော့ မနေ့က (နိုဝင်ဘာ ၈) ပဲရွှေ့တာ။ အရင်ကတော့ အိမ်မှာနေတာပဲ။ အဆင်မပြေဘူးလေ လက်နက်ကြီးကျတာနဲ့ ဘာနဲ့ဆိုတော့ မထူးဘူးဆိုပြီး ထွက်လာလိုက်တာ” ဟု တန့်ယန်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ကွမ်းလုံမြို့သည် ညီနောင်သုံးဖွဲ့မှ စစ်ဆင်ရေး ၁၀၂၇ စတင်သည့်နေ့တွင် သိမ်းပိုက်ရရှိထားသည့် ချင်းရွှေဟော်မြို့နှင့် ၂၀ ကီလိုမီတာခန့်သာ ကွာဝေးသည့် မြို့ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ မြို့တို့ကို MNDAA ဦးဆောင်သည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ကွမ်းလုံမြို့သည့် ငါးခုမြောက် MNDAA သိမ်းပိုက်နိုင်သည့် မြို့ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#MNDAA
#ကွမ်းလုံမြို့
ပုံအညွှန်း- ကွမ်းလုံမြို့ကို ညီနောင် သုံးဖွဲ့နှင့် မဟာမိတ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း အဖွဲ့ဝင်နှစ်ဦး အမှတ်တရ ဓာတ်ပုံရိုက်နေစဥ် (ဓာတ်ပုံ- BPLA)

👍28❤11🥴2💩1💯1
ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ထုတ်ပြန်
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မှ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန် သည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ် ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ခဲ့ပြီး မြို့ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ယာဉ်ထိန်းရဲနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဟွမ်ချောက်ပေါက်ပေါက် တောင်ကုန်းစခန်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူဟာ ကုန်းနှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်မူ မြို့ကိုအလုံးစုံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်က ဆိုသည်။
လက်ရှိတွင် ကွမ်းလုံမြို့နှင့်အတူ ကွမ်းလုံ- နန်ဟူ - ချင်းရွှေဟော်-တုန်ရှမ်းဒေ သတာတုံအထိ တကြော လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသရှိ စစ်ကောင်စီလက်အောက်ခံများအားလုံးကိုလည်း ရှင်းလင်း နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကွမ်းလုံမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သံချပ်ကာယာဉ်တစီးနှင့်အတူ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
၁၉၇၀ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရက် ၄၀ ကြာကွမ်းလုံတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းများကို MNDAA မှ မသိမ်းယူနိုင်ခဲ့သော်လည်း ယနေ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့ချိန်မှ ၁၇ ရက်အတွင်း ကွမ်းလုံ မြို့အား စစ်ကောင်စီထံမှ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့တို့ကို MNDAA နှင့်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ပြီးဖြစ်သည်။
ကွမ်းလုံမြို့သည် သမိုင်းတွင် အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေဖြစ်ခဲ့ပြီး လက်ရှိတွင် ထိုမြို့နှင့်အတူ အထူးဒေသ (၁) ရှိမြို့နယ်များကိုထိန်းချုပ်သိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် အထူးဒေသ(၁) ၏ သမိုင်းဝင် အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ပြီဖြစ်ကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွမ်းလုံမြို့သည် MNDAA လက်အောက်သို့ ကျရောက်ပြီးဖြစ်သော်လည်း စစ်ကောင်စီင ယနေ့ညပိုင်းတွင် ကွမ်းလုံ၊ ကွက်ခိုင်၊ သန္နီ၊ မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တို့အား စစ်အုပ်ချုပ်ရေးအာဏာ စတင်ကျင့်သုံး ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Facebook
#ကွမ်းလုံမြို့ – Explore
explore #ကွမ်းလုံမြို့ at Facebook
👍20❤9😁2👏1
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
===============
ရွှေနွယ်၊ ဂျူချန်း
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ရှိ ခြေမြန်တပ်ရင်း(၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ မိသားစုဝင်များ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့် အထူး(၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ၌ အခြေစိုက်သည့် ခမရ(၁၂၉) မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ ၎င်းတို့၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။
ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်ဖွဲ့ဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း ညီနောင်မဟာမိတ်တို့က အခမဲ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့သွားလိုရာနေရာ အသီးသီးကိုလည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
"တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတဦးအဖြစ် အမြဲတမ်းမှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“ဟုတ်ပါတယ်ဗျ။ လောလောဆယ်တော့ အများဆုံး(အလင်းဝင်လာသူဦးရေ) လို့ ပြောလို့ ရပါတယ်ဗျ” ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA )၏ ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။
လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်တွင် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခုနစ်ရင်းရှိပြီး ထို့အနက်မှ ကွမ်းလုံမြို့ရှိ အမှတ်(၁၂၇)နှင့် အမှတ်(၃၁၂)၊ ပါစင်ကျော်ရွာရှိ အမှတ် (၁၂၈) တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ နောက်တဖန် အမှတ်(၁၂၉)မှ လက်နက်ချလာသည့်အတွက် ကုန်းကြမ်းမြို့ရှိ အမှတ်(၁၂၅)၊ လောက်ကိုင်ရှိ အမှတ်(၂၃၉) နှင့် အမှတ်(၃၂၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
" တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အချိန်ရောက်ပြီ။ ခမရ (၁၂၉) တပ်ရင်းတခုလုံး လက်နက်ချ အလင်းဝင်သွားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ တပ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ စစ်တပ်အတွင်းမှာ ဒီကိစ္စကို ရသလောက် သတင်းဖုံးဖို့ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ဖုံးထားဖုံးထား စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲနေပြီဆိုတာ အထင်အရှားပါပဲ" ဟု CDM ဗိုလ်ကြီးညီသုတမှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခမရ(၁၂၉)
#လောက်ကိုင်
#ဒကစ
#Operation-1027
#MNDAA
#AA
#TNLA

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍22❤5👏3😁2🥴1
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
==============
မောင်ခက်နွေ(မဇ္ဈိမ)
ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနိုင်ပြီး မြို့ကို ဝင်ရောက်သိမ်းယူရန် ပြင်ဆင်နေပြီဟု ကိုးကန့်တပ်မတော် (MNDAA)က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။
တရုတ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင်စည်းကမ်းနှင့် မြို့ဝင်စည်းကမ်းကို တစိုက်မတ်မတ်လိုက်နာပြီး ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရန်၊ ကျားဖြန့်ကုမ္ပဏီများက ဖမ်းဆီးထားသော ဓားစာခံများကိုကယ်ထုတ်ရန်၊ ကျားဖြန့်ကုမ္ပဏီနောက်ခံအင်အားများကို ပြင်းပြင်းထန်ထန်ချေမှုန်းရန်၊ လုပ်ငန်းရှင်များကိုသက်ဆိုင်ရာဌာနသို့အပ်နှင်းရန်၊ ထုတ်ပြန်ထားသော စစ်သုံ့ပန်းမူဝါဒကိုလိုက်နာရန်၊ ဒေသတွင်းရှိ တရားဝင်လုပ်ငန်းကုမ္ပဏီများကို တတ်နိုင်သမျှကာကွယ်ပေးရန် အသိပေးထားကြောင်းMNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြပေးသည်။
“လောက်ကိုင်ကိုဝန်းရံထားနိုင်တဲ့အခြေအနေမှာရှိနေပြီ။ ဝင်ဖို့လည်းအချိန်တန်ပြီ” ဟု လီကျားဝင်းက မဇ္ဈိမ ကို ပြောသည်။
လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက်၌ မြို့တွင်းလူအသွားအလာအလွန်နည်းနေပြီး အများစုသည် စစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြသည်ဟု မြို့ခံတဦးကပြောသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည် MNDAA၊TNLAနှင့် ၊AA တို့က စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈)ခြေမြန်တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ပါစင်ကျော်ကျေးရွာသည် ချင်းရွှေဟော်−လောက်ကိုင်လမ်းမပေါ်တွင်တည်ရှိပြီး လောက်ကိုင်မြို့နှင့်လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။
ယမန်နေ့ကလည်း လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၂၉)မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ဦးနှင့် မိသားစုဝင် ၁၃၄ဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု MNDAAက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)
စာတည်း - အေးချမ်း
#Mizzima
#လောက်ကိုင်မြို့
#သိမ်းယူရန်ပြင်ဆင်
#MNDAA
website link >>> https://www.mizzimaburmese.com/article/135601

👍23🔥1
လောက်ကိုင်မြို့အနီး စစ်ကောင်စီ၏ ခုတ်ထန်စခန်းအား MNDAA ထပ်မံသိမ်းယူ
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး၊ ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ ခုတ်ထန်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ဆင်ရေး ၁၀၂၇ ၏ ၂၁ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ အဆိုပါ ခုတ်ထန် စစ်ကောင်စီတပ်စခန်းအား MNDAA မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ခြောက်နာရီခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ခုတ်ထန်ကတော့ ပါစင်ကျော်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတခုဖြစ်တယ်။ စခန်းက နည်းနည်းကြီးတယ်။ ဒါပေမယ့် အဲ့ထဲမှာ ဘယ်တပ်ရင်းထိုင်နေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ချေမှုန်းနိုင်တာလည်းရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ အကုန်လုံးထွက်ပြေးကြတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ လီကျားဝင်းမှ မဇ္ဈိမကိုပြောသည်။
အဆိုပါ ခုတ်ထန်စခန်းသည် လောက်ကိုင်မြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး MNDAA မှ သိမ်းယူထားသည့် ပါစင်ကျော်ကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။
MNDAA သည် ချင်းရွှေဟော်မှ ပါစင်ကျော်ဒေသအထိ တကြောလုံးအား သိမ်းပိုက်ထားပြီးဖြစ်ကြောင်း လီကျားဝင်းမှ မဇ္ဈိမကိုအတည်ပြုဖြေကြားထားသည်။
ထို့ပြင် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်းလည်း MNDAA မှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။
ထို့နောက် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများပြတ်တောက်လျက်ရှိသောကြောင့် မြို့ခံများအခက်အခဲကြုံနေကြရကြောင်းလည်းသိရှိရသည်။
"လောက်ကိုင်တမြို့လုံးပျက်တာ၊ ပိုတောင်ဒုက္ခရောက်နေတယ်၊ ဒကစ ကနေ မြို့ပြင်ကို လှမ်းပစ်တာ ဒါတော့ နေတိုင်းပါပဲ၊ အရင်တိုင်းပါပဲ၊ တရက်ကို ၁၀ ခေါက်လောက်တော့ သူတို့ ပစ်သွားတာရှိတယ်။ ဒကစ က လောက်ကိုင်မြို့ထဲမှာ အကြီးဆုံး စခန်းပဲ။ လောက်ကိုင်က ရန်လုံကျိုင်ကြားမှာတော့ အစစ်အဆေးကြမ်းနေတယ်။ စစ်ကောင်စီတွေ ဖမ်းနေတာ" ဟု လတ်တလောလောက်ကိုင်မြို့အခြေအနေနှင့်ပတ်သက်၍ လောက်ကိုင်ဒေသခံတဦးမှ မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင်မြို့နှင့် အနီးကပ်ဆုံးနေရာသို့ MNDAA တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
လောက်ကိုင်မြို့ ပေါက်ပေါက်ကျိုင်ရပ်ကွက် ဗိုင်းဝိုင်းအနီးတွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)တည်ရှိပြီး အဆိုပါ ဒကစ၏လက်အောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ခုနစ်ခုရှိသည်။
အဆိုပါ တပ်ရင်း ခုနစ်ခုအနက် အမှတ် (၁၂၈)၊ အမှတ် (၃၂၂)၊ အမှတ် (၂၃၉) နှင့် အမှတ် (၁၂၉) တပ်ရင်းတို့သည် လောက်ကိုင်မြို့အနီးတဝိုက်တွင် တည်ရှိသည်။
ထိုတပ်ရင်း လေးခုအနက်မှ ပါစင်ကျော်ရှိ အမှတ် (၁၂၈) တပ်ရင်းအား MNDAA မှသိမ်းယူထားပြီး အမှတ် (၁၂၉) တပ်ရင်း တရင်းလုံးသည် MNDAA ထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီးဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#MNDAA
#လောက်ကိုင်မြို့
#ဒေသကွပ်ကဲမှုစစ်ဌာနချုပ်

Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
👍21😁2❤1👎1