Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​သင်္ကြန်ကာလ၌ ရန်ကုန်မြို့အတွင်း စစ်ကောင်စီအထိနာစေရန် “Operation Padauk” ကမ်ပိန်း စတင်
=================

ဂျာမုန်း

ယခုနှစ်သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်၌ အာဏာသိမ်းစစ်ကောင်စီတပ်အား အထိနာစေမည့် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ညီညွတ်သောညီနောင် မဟာမိတ်များအင်အားစု (United Alliances- UAs)နှင့် ရန်ကုန်မြေအောက်ရဲဘော်မဟာမိတ်အင်အားစုများပူးပေါင်းကာ “Operation Padauk” အမည်ရှိ ရံပုံငွေကောက်ခံသည့်ကမ်ပိန်း ပြုလုပ်လျက် ရှိသည်။

ယနေ့ ဧပြီလ ၈ ရက်၊ ညနေ ၄ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ မြို့တော်ဝန်မဏ္ဍပ်အနီးဖြစ်ပွားခဲ့သည့်ဖောက်ခွဲတိုက်ခိုက်မှုမှာ ရန်ကုန်မြေအောက်ရဲဘော်မဟာမိတ် အင်အားစုအဖွဲ့ဝင်ဖြစ်သည့် Dark Shadow (YGN) မှ “Operation Padauk” ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ခွဲတာက မိုင်းနှစ်လုံးခွဲတာ၊ တစ်လုံးက ပြည်သူတွေ ထိခိုက်မှာစိုးလို့ ပြည်သူကို ညှာလိုက်တယ်။ သူတို့ (စစ်ကောင်စီတပ်)တွေကို အလုပ်ပေးတဲ့အနေနဲ့ ခွဲလိုက်တယ်။ ပြည်သူတွေရှင်းတဲ့အထိစောင့်ပြီးမှ ဒီ ကောင်တွေ ထောက်ပို့ကားဘေးနားရှိတဲ့အချိန် ခွဲချလိုက်တယ်။ အထိအခိုက်ရှိနိုင်တယ် သေတာတော့ မရှိနိုင်ဘူး။ ဒီကောင်တွေ ထွက်ပြေးတာမှ ခွေးပြေးပြေးရတာ စည်ပင်တွေပါ ပါတယ်။ ခွေးစာကို ကောင်း ကောင်းရှယ်ကျွေးထားတာ”ဟု Dark Shadow (YGN) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“Operation Padauk ” ရံပုံငွေကောက်ခံသည့်ကမ်ပိန်းအား ဧပြီလ ၇ ရက်မှ ၁၀ ရက်နေ့ အထိ လေးရက် တာပြုလုပ်သွားမည်ဖြစ်ကာ ကျပ်သိန်း ၁၂၀ ထိရရန်မျှော်မှန်းထားကြောင်း သိရသည်။
“ အဓိက အော်ပရေးရှင်းပိတောက်အတွက် မြေအောက်မဟာမိတ်တွေက သူတို့နည်း သူတို့ဟန်နဲ့ စီစဉ် ထားတာပေါ့။ ကျွန်တော်တို့က ငွေကြေးဆိုင်ရာထောက်ပံ့မှုပြုရတယ်ပေါ့။ ကျွန်တော်တို့ အကြွေးတွေနဲ့ပဲ ချထားတယ်ပေါ့ဗျာ” ဟု UAs ပြောရေးဆိုခွင့်ရှိသူ Doss က ပြောသည်။

အဆိုပါကမ်ပိန်း၌ နွေဦးတော်လှန်ရေးတွင် တက်ကြွလှုပ်ရှားနေသော ထောက်ပို့အဖွဲ့များဖြစ်သည့် ANTS ၊ To Comrades ၊ Solider Cat ၊ Wings of Urban Revolution ၊ Vitamins For Spring Revolution ၊ Dogs Fighter အစရှိသည့်အဖွဲ့များအပါအဝင် စုစုပေါင်း ၁၇ ဖွဲ့ပူးပေါင်းကာ ရန်ပုံငွေ ကောက်ခံထောက်ပံ့ရေး များပြုလုပ်လျက်ရှိသည်။

“ ကျွန်တော်တို့က သင်္ကြန်အတွက်လုပ်ဖို့ဆိုပြီး လုပ်နေကြတာပေါ့၊ တစ်ဖွဲ့ချင်းအလိုက်။ အဲဒါနဲ့ TC (To Comrades) ကမျိုးလင်းကနေ ဒီလိုဒီလိုလုပ်ဖို့ရှိမယ်။ ငါတို့ကနေ Host လုပ်မလားဆိုပြီး ပြောလာတာနဲ့ မဟာမိတ်အင်အားစုနှစ်ရပ် မီတင်ထိုင်ကြတာပဲ။ အဲ့မှာ ကျနော်တို့မဟာမိတ်တွေက ငွေကြေးဆိုင်ရာ ထောက်ပံ့မယ်၊ မြေအောက်မဟာမိတ်တွေက မြေပြင်လှုပ်ရှားမှုတွေ လုပ်ကြမယ်ပေါ့။ ဒီရက်အတွင်း ရသလောက်ရှာရမှာ။ မပြည့်လည်း ဟိုရောင်းဒီပေါင်လုပ်ရမှာပဲ” ဟု ANTS အဖွဲ့ အမှုဆောင်ဒါရိုက်တာ မိုးတိမ်က ပြောသည်။

“Operation Padauk ” ရံပုံငွေရှာဖွေရေးအစီအစဉ်၏ရည်ရွယ်ချက်မှာ မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်၊ အုပ်ချုပ် ရေးပစ်မှတ်များကို ချေမှုန်းနိုင်ရန်၊ မြေအောက်ရဲဘော်များအားပံ့ပိုးကူညီနိုင်ရန်၊ လက်နက်အင်အား ဖြည့် တင်းနိုင်ရန်ဖြစ်ကြောင်း ညီညွတ်သောညီနောင်မဟာမိတ်များအင်အားစု-UAs က အသိပေးကြေညာထား သည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များ၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် သည့် Bar၊ Club၊ ပျော်ပွဲရွှင်ပွဲများသို့မသွားရန်လည်း UAsမှ ဧပြီလ ၆ ရက်က ကြိုတင်အသိပေးပြောဆို ထားပြီးဖြစ်သည်။

Photo- မိုးတိမ် (ANTS)

#Operation Padauk
#သင်္ကြန်ကာလ
#မြေအောက်မဟာမိတ်
#PhotoNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤5
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
===============

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ရှိ ခြေမြန်တပ်ရင်း(၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ မိသားစုဝင်များ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့် အထူး(၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ၌ အခြေစိုက်သည့် ခမရ(၁၂၉) မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ ၎င်းတို့၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်ဖွဲ့ဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း ညီနောင်မဟာမိတ်တို့က အခမဲ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့သွားလိုရာနေရာ အသီးသီးကိုလည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတဦးအဖြစ် အမြဲတမ်းမှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

“ဟုတ်ပါတယ်ဗျ။ လောလောဆယ်တော့ အများဆုံး(အလင်းဝင်လာသူဦးရေ) လို့ ပြောလို့ ရပါတယ်ဗျ” ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA )၏ ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်တွင် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခုနစ်ရင်းရှိပြီး ထို့အနက်မှ ကွမ်းလုံမြို့ရှိ အမှတ်(၁၂၇)နှင့် အမှတ်(၃၁၂)၊ ပါစင်ကျော်ရွာရှိ အမှတ် (၁၂၈) တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ နောက်တဖန် အမှတ်(၁၂၉)မှ လက်နက်ချလာသည့်အတွက် ကုန်းကြမ်းမြို့ရှိ အမှတ်(၁၂၅)၊ လောက်ကိုင်ရှိ အမှတ်(၂၃၉) နှင့် အမှတ်(၃၂၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

" တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အချိန်ရောက်ပြီ။ ခမရ (၁၂၉) တပ်ရင်းတခုလုံး လက်နက်ချ အလင်းဝင်သွားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ တပ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ စစ်တပ်အတွင်းမှာ ဒီကိစ္စကို ရသလောက် သတင်းဖုံးဖို့ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ဖုံးထားဖုံးထား စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲနေပြီဆိုတာ အထင်အရှားပါပဲ" ဟု CDM ဗိုလ်ကြီးညီသုတမှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခမရ(၁၂၉) 
#လောက်ကိုင် 
#ဒကစ 
#Operation-1027 
#MNDAA 
#AA 
#TNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤5👏3😁2🥴1
အီရန်အပေါ် ပစ်မှတ်ထားသည့် 'Operation Epic Fury' စစ်ဆင်ရေးအတွင်း အမေရိကန်စစ်သား သုံးဦး သေဆုံးပြီး အခြားစစ်သားငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က မတ်လ ၁ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အမေရိကန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံတွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အဓိက တိုက်ခိုက်ရေး စစ်ဆင်ရေးများ ဆက်ရှိနေကြောင်းလည်း ယင်းကြေညာချက်တွင် အတည်ပြုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83492

#Operation_Epic_Fury
#အမေရိကန်စစ်သား
#စစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10😢1